ကျိုးပြတ်နေသည့် ကံကြမ္မာလမ်းကြောင်း နှင့် ဘဝတစ်ဆစ်ချိုး ပြောင်းလဲခြင်းများ
ကံလမ်းကြောင်းဆိုတာကတော့ လက်ကောက်ဝတ်အပေါ်လောက်ကစတင်ပြီး လက်ခလယ်အောက် (စနေဂြိုဟ်ခုံ) ထိ တက်နေတဲ့လမ်းကြောင်းကို ကံလမ်းကြောင်းလို့ခေါ်ပါတယ်။ဒီလမ်းကြောင်းဟာ လက္ခဏာရှင်အတွက် ကံကောင်းခြင်း၊မကောင်းခြင်းတစ်ခုတည်းကို ပြနေတာတော့မဟုတ်ပါဘူး။လူတစ်ယောက်အတွက် အသက်မွေးမှု့ဆိုင်ရာ ကိစ္စရပ်များကိုလည်း ပြသတဲ့လမ်းကြောင်းဖြစ်တယ်။ ဒီလမ်းကြောင်း ကျိုးပြတ်ခြင်းနဲ့ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို တင်ပြလိုပါတယ်။ ကံလမ်းကြောင်း ကျိုးပြတ်တာကို တွေ့တာနဲ့ ဒီလူကံလုံးဝညံ့သွားပြီ ဘာမှလုပ်မရတော့ဘူးလို့ မဆိုလိုပါဘူး။ ဘဝတစ်ဆစ်ချိုးအပြောင်းအလဲများ၊ထင်မထားသည့်အပြောင်းအလဲများကို ပြသခြင်းလည်း ဖြစ်သောကြောင့် ကံလမ်းကြောင်းကျိုးပြတ်ခြင်းသည် အပြောင်းအလဲတစ်ခုကို ပြသခြင်းဖြစ်ပေသည်။
ကံလမ်းကြောင်းကျိုးပြတ်ခြင်းပုံစံအမျိုးမျိုးရှိတတ်တယ်၊ ကံလမ်းကြောင်းဟာ တစ်နေရာရာမှာတိတိရိရိပြတ်နေပြီး နောက်ထက်ကံလမ်းတစ်ကြောင်းလည်း ထပ်မရှိတောဘူး၊ အခြားဘေးမှ အကူကံလမ်းကြောင်းလည်း မပါရှိဘူး ၊အောင်မြင်ရေးလမ်းကြောင်းလည်း မရှိဘူးဆိုရင်တော့ လက္ခဏာရှင်၏ဘဝအတွက် ခက်ခဲသောဘဝတစ်ခုသို့ ပြောင်းလဲသွားစေနိုင်ပါတယ်။ အဆင်ပြေနေရာမှ ရုတ်တရက် ကံဆိုးသည့်အဖြစ်အပျက်များ၊ မိမိလုံးဝမမျှော်လင့် မထင်ထားသည့်အကြောင်းအရာတို့ဖြစ်ပေါ်ပြီး အဆိုးဆုံးအခြေအနေများကို ရင်ဆိုင်ရနိုင်ပေသည်။ ထိုအချိန်မျိုးတွင် မတော်တဆဖြစ်မှု့ကြောင့် ကိုယ်အင်္ဂါအစိတ်အပိုင်းတစ်ခုခု စွန့်လွတ်ရခြင်း၊ခွဲစိတ်ကုသရခြင်း၊နာတာရှည်ဖြစ်ခြင်း၊ မရည်ရွယ်ဘဲ ရာဇဝတ်မှု့ဖြင့် ထောင်ချခံရခြင်း၊ချောက်တွန်းခံရခြင်း၊စွတ်စွဲခံရခြင်း၊မိမိချမ်းသာသည့်ဥစ္စာတို့ ရန်သူမျိုးငါးပါးကြောင့် ကုန်ဆုံးရခြင်း၊ မချစ်မနှစ်သက်သူ၏ ဒုက္ခပေးခြင်းကို ခံရခြင်းတို့ ဖြစ်နေတတ်သည်။ တိတိရိရိပြတ်နေခြင်းကြောင့် မိမိဖြစ်ချင်သည်အကြောင်းအရာနှင့် ဆန့်ကျင်ဘက်များ ဖြစ်ပေါ်နေသည့်သဘောကိုပြသည်။ အသက်လမ်းကြောင်း နှင့် ဦးခေါင်းလမ်းကြောင်းတို့လည်း ထိုအသက်အရွယ်တွင် တိတိရိရိပြတ်နေခြင်းက အသက်သေဆုံးခြင်းကိုပင်ဖြစ်စေနိုင်သည်။.
အချို့သောကံလမ်းကြောင်းတို့သည် ပြတ်နေသော်လည်း အထက်တွင် ကံလမ်းကြောင်း ပြန်လည်ပေါ်ပေါက်ပြီး ဆက်လက်တက်သွားသည်ကိုတွေ့ရတတ်သည်။ ထို့သို့ပြတ်နေသည့်အပိုင်းနှင့်ပါတ်သက်ပြီး ကောက်ချက်ချရန် အကြောင်းများရှိပေသည်။ လက်ပုံစံနှင့် အခြေားသော လမ်းကြောင်းများ၊ဂြိုဟ်ခုံများကို လေ့လာပြီး ကောက်ချက်ချရ လိမ့်မည်။ ကံလမ်းကြောင်းတက်လာပြီး ပြတ်နေပါက ပြတ်နေသည့်အချိန်အသက်ပိုင်းတွင် မိမိလုပ်လာသမျှ ကိစ္စတို့ အဆင်မပြေဖြစ်ပြီး ရပ်ဆိုင်းနေရတတ်သည်။ သို့သော်လည်း ကံလမ်းကြောင်းအပြတ်မှကျော်လွန်သောအခါ ထိုအလုပ်ကို ပြန်လည်ဆက်လက်လုပ်ကိုင်အောင်မြင်ခြင်းကို ရရှိတတ်သည်ဟုသော ရိုးရှင်းသည့်ဟောချက်ရှိပေသည်။ သို့သော် လက်တွေ့တွင် ထိုဟောချက်လောက်မရိုးရှင်းပေ။ ကံကြမ္မာလမ်းကြောင်း ပြတ်ပြီး ပြန်လည်ဖြစ်ပေါ်သော ကံလမ်းကြောင်းသည် နောက်ထပ်လမ်းကြောင်းအသစ်တစ်ခုဖြစ်နေတတ်သည်။ ထိုအခါ ယခင်မူလက လုပ်ကိုင်ခဲ့သော လုပ်ငန်းများအားလုံး တစ်ခန်းရပ်ခဲ့ပြီး နောက်ထပ် လုပ်ငန်းသစ်ဖြင့် ဘဝကို ဆက်လက်မောင်းနှင့်ခြင်းကိုလည်း ပြသည်။ ဘဝအပြောင်းအလဲ ကြီးကြီးမားမားဖြစ်ခြင်းကို ပြလေသည်။ ထို့ကြောင့် ကံလမ်းကြောင်း ပြတ်ခြင်းကို လေ့လာသည့်အခါ လမ်းကြောင်းတစ်ခုတည်တွင် အပြတ်ဖြစ်ပေါ်တာလား၊ ဒါမှမဟုတ် နောက်တစ်ခုထပ်ဖြစ်ပေါ်တာလားဆိုတာ သေချာစီစစ်သင့်ပေသည်။နောက်လုပ်ငန်း(သို့) ပြန်လည်ဦးမော့လာသည့်လုပ်ငန်းဘဝအခြေအနေသည် ယခင်ထက်ကောင်းမလား၊ ဆိုးမလားဆိုတာ သုံးသပ်ရပါလိမ့်မည်။
ကံလမ်းကြောင်း ကျိုးပြတ်နေသော်လည်း နောက်ထပ်ကံလမ်းကြောင်းတစ်ခုသည် ကျိုးပြတ်နေသော လမ်းကြောင်း၏ ဘေးမှာနေပြီး ထပ်လျှက်အနေအထားဖြင့် ဆက်လက်တက်ရောက်သွားသည်ကိုလည်း တွေ့ရတတ်သည်။ ထို့အခြေအနေမျိုးတွင် ပထမလုပ်ဆောင်လာသော ၊ဖြစ်တည်နေသော လုပ်ငန်း၊ဘဝအခြေအနေများကိုမရပ်ဆိုင်းဘဲ နောက်လုပ်ငန်းကို လုပ်ဆောင်ပြီးမှ နောက်ဆုံးပထမလုပ်ငန်းကို ရပ်ဆိုင်းပြီး ဒုတိယလုပ်ငန်းကို ဆက်လုပ်သွားသည် ဆိုသော ရိုးရှင်းသည့် ဟောချက်ရှိပေသည်။ သို့သော်လည်း လက်တွေ့တွင် ထိုကဲ့သို့ မရိုးရှင်းလှပေ။အသေးစိတ်အနေဖြင့် ပထမလုပ်ငန်းနှင့် ပထမဘဝအခြေအနေသည် ကျဆုံးပျက်စီးနေသည့်အချိန်တွင် နောက်ဘဝအခြေအနေတစ်ခုကို ခုံကူးနေတာလား၊ ပထမလုပ်ငန်းက အောင်မြင်နေချိန်မှာဘဲ ဒုတိယလုပ်ငန်းကို လုပ်ဆောင်နေတာလား ဆိုသည့်အချက်အပါအဝင် ဘဝတစ်ဆစ်ချိုး၏ ညင်သာစွာပြောင်းလည်းခြင်းကို ဖော်ပြခြင်းဖြစ်ပေသည်။ မူလလုပ်ငန်း၊မူလဘဝနှင့် နောက်လုပ်ငန်း၊နောက်ဘဝအခြေအနေ အကောင်းအဆိုးကို ချိန်ဆရပေလိမ့်မည်။
ကံလမ်းကြောင်း အပြတ်ကလေးများသည် တစ်ဆက်တစ်စပ်တည်းရှိသည့် လုပ်ငန်းတစ်ခု ၊ဘဝတစ်ခုအတွက် ပြတ်တော့သည့်နေရာတွင် အခက်အခဲအပြောင်းအလည်ကြုံတွေ့ရသည်ကို ပြသကဲ့သို့ လုပ်ငန်းနှင့် လူနေမှု့ဘဝအခြေအနေတစ်ခုလုံးပြောင်းသွားစေသည့် ဘဝပြောင်းမည့်အခြေအနေကိုလည်း ပြနေတတ်သည်။ ထို့ကြောင့် အပြတ်တွေကိုလေ့လာသည့်အခါ ပြတ်နေသည့် လမ်းကြောင်းတစ်ခုနှင့်တစ်ခု ဆက်စပ်သလား၊မဆက်စပ်ဘဲ သီးခြားနောက်လမ်းကြောင်းတစ်ခု ဖြစ်နေသလား၊ ဆိုသည့်အချက်များမှာ အလွန်အရေးကြီးသော အချက်များဖြစ်လာရပေသည်။ ထိုအချက်များပေါ်အခြေခံပြီး ဟောချက်ကို ပြုနိုင်မှ အကောင်းဆုံးသောဟောချက်ကို ပြောပြနိုင်မည်ဖြစ်ပါကြောင်း တင်ပြရပေသည်။
ဆရာကင်္ကသူ
က်ိဳးျပတ္ေနသည့္ ကံၾကမၼာလမ္းေၾကာင္း ႏွင့္ ဘဝတစ္ဆစ္ခ်ိဳး ေျပာင္းလဲျခင္းမ်ား
ကံလမ္းေၾကာင္းဆိုတာကေတာ့ လက္ေကာက္ဝတ္အေပၚေလာက္ကစတင္ၿပီး လက္ခလယ္ေအာက္ (စေနၿဂိဳဟ္ခုံ) ထိ တက္ေနတဲ့လမ္းေၾကာင္းကို ကံလမ္းေၾကာင္းလို႔ေခၚပါတယ္။ဒီလမ္းေၾကာင္းဟာ လကၡဏာရွင္အတြက္ ကံေကာင္းျခင္း၊မေကာင္းျခင္းတစ္ခုတည္းကို ျပေနတာေတာ့မဟုတ္ပါဘူး။လူတစ္ေယာက္အတြက္ အသက္ေမြးမႈ႕ဆိုင္ရာ ကိစၥရပ္မ်ားကိုလည္း ျပသတဲ့လမ္းေၾကာင္းျဖစ္တယ္။ ဒီလမ္းေၾကာင္း က်ိဳးျပတ္ျခင္းနဲ႔ဆိုင္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကို တင္ျပလိုပါတယ္။ ကံလမ္းေၾကာင္း က်ိဳးျပတ္တာကို ေတြ႕တာနဲ႔ ဒီလူကံလုံးဝညံ့သြားၿပီ ဘာမွလုပ္မရေတာ့ဘူးလို႔ မဆိုလိုပါဘူး။ ဘဝတစ္ဆစ္ခ်ိဳးအေျပာင္းအလဲမ်ား၊ထင္မထားသည့္အေျပာင္းအလဲမ်ားကို ျပသျခင္းလည္း ျဖစ္ေသာေၾကာင့္ ကံလမ္းေၾကာင္းက်ိဳးျပတ္ျခင္းသည္ အေျပာင္းအလဲတစ္ခုကို ျပသျခင္းျဖစ္ေပသည္။
ကံလမ္းေၾကာင္းက်ိဳးျပတ္ျခင္းပုံစံအမ်ိဳးမ်ိဳးရွိတတ္တယ္၊ ကံလမ္းေၾကာင္းဟာ တစ္ေနရာရာမွာတိတိရိရိျပတ္ေနၿပီး ေနာက္ထက္ကံလမ္းတစ္ေၾကာင္းလည္း ထပ္မရွိေတာဘူး၊ အျခားေဘးမွ အကူကံလမ္းေၾကာင္းလည္း မပါရွိဘူး ၊ေအာင္ျမင္ေရးလမ္းေၾကာင္းလည္း မရွိဘူးဆိုရင္ေတာ့ လကၡဏာရွင္၏ဘဝအတြက္ ခက္ခဲေသာဘဝတစ္ခုသို႔ ေျပာင္းလဲသြားေစႏိုင္ပါတယ္။ အဆင္ေျပေနရာမွ ႐ုတ္တရက္ ကံဆိုးသည့္အျဖစ္အပ်က္မ်ား၊ မိမိလုံးဝမေမွ်ာ္လင့္ မထင္ထားသည့္အေၾကာင္းအရာတို႔ျဖစ္ေပၚၿပီး အဆိုးဆုံးအေျခအေနမ်ားကို ရင္ဆိုင္ရႏိုင္ေပသည္။ ထိုအခ်ိန္မ်ိဳးတြင္ မေတာ္တဆျဖစ္မႈ႕ေၾကာင့္ ကိုယ္အဂၤါအစိတ္အပိုင္းတစ္ခုခု စြန႔္လြတ္ရျခင္း၊ခြဲစိတ္ကုသရျခင္း၊နာတာရွည္ျဖစ္ျခင္း၊ မရည္႐ြယ္ဘဲ ရာဇဝတ္မႈ႕ျဖင့္ ေထာင္ခ်ခံရျခင္း၊ေခ်ာက္တြန္းခံရျခင္း၊စြတ္စြဲခံရျခင္း၊မိမိခ်မ္းသာသည့္ဥစၥာတို႔ ရန္သူမ်ိဳးငါးပါးေၾကာင့္ ကုန္ဆုံးရျခင္း၊ မခ်စ္မႏွစ္သက္သူ၏ ဒုကၡေပးျခင္းကို ခံရျခင္းတို႔ ျဖစ္ေနတတ္သည္။ တိတိရိရိျပတ္ေနျခင္းေၾကာင့္ မိမိျဖစ္ခ်င္သည္အေၾကာင္းအရာႏွင့္ ဆန႔္က်င္ဘက္မ်ား ျဖစ္ေပၚေနသည့္သေဘာကိုျပသည္။ အသက္လမ္းေၾကာင္း ႏွင့္ ဦးေခါင္းလမ္းေၾကာင္းတို႔လည္း ထိုအသက္အ႐ြယ္တြင္ တိတိရိရိျပတ္ေနျခင္းက အသက္ေသဆုံးျခင္းကိုပင္ျဖစ္ေစႏိုင္သည္။
အခ်ိဳ႕ေသာကံလမ္းေၾကာင္းတို႔သည္ ျပတ္ေနေသာ္လည္း အထက္တြင္ ကံလမ္းေၾကာင္း ျပန္လည္ေပၚေပါက္ၿပီး ဆက္လက္တက္သြားသည္ကိုေတြ႕ရတတ္သည္။ ထို႔သို႔ျပတ္ေနသည့္အပိုင္းႏွင့္ပါတ္သက္ၿပီး ေကာက္ခ်က္ခ်ရန္ အေၾကာင္းမ်ားရွိေပသည္။ လက္ပုံစံႏွင့္ အေျခားေသာ လမ္းေၾကာင္းမ်ား၊ၿဂိဳဟ္ခုံမ်ားကို ေလ့လာၿပီး ေကာက္ခ်က္ခ်ရ လိမ့္မည္။ ကံလမ္းေၾကာင္းတက္လာၿပီး ျပတ္ေနပါက ျပတ္ေနသည့္အခ်ိန္အသက္ပိုင္းတြင္ မိမိလုပ္လာသမွ် ကိစၥတို႔ အဆင္မေျပျဖစ္ၿပီး ရပ္ဆိုင္းေနရတတ္သည္။ သို႔ေသာ္လည္း ကံလမ္းေၾကာင္းအျပတ္မွေက်ာ္လြန္ေသာအခါ ထိုအလုပ္ကို ျပန္လည္ဆက္လက္လုပ္ကိုင္ေအာင္ျမင္ျခင္းကို ရရွိတတ္သည္ဟုေသာ ႐ိုးရွင္းသည့္ေဟာခ်က္ရွိေပသည္။ သို႔ေသာ္ လက္ေတြ႕တြင္ ထိုေဟာခ်က္ေလာက္မ႐ိုးရွင္းေပ။ ကံၾကမၼာလမ္းေၾကာင္း ျပတ္ၿပီး ျပန္လည္ျဖစ္ေပၚေသာ ကံလမ္းေၾကာင္းသည္ ေနာက္ထပ္လမ္းေၾကာင္းအသစ္တစ္ခုျဖစ္ေနတတ္သည္။ ထိုအခါ ယခင္မူလက လုပ္ကိုင္ခဲ့ေသာ လုပ္ငန္းမ်ားအားလုံး တစ္ခန္းရပ္ခဲ့ၿပီး ေနာက္ထပ္ လုပ္ငန္းသစ္ျဖင့္ ဘဝကို ဆက္လက္ေမာင္းႏွင့္ျခင္းကိုလည္း ျပသည္။ ဘဝအေျပာင္းအလဲ ႀကီးႀကီးမားမားျဖစ္ျခင္းကို ျပေလသည္။ ထို႔ေၾကာင့္ ကံလမ္းေၾကာင္း ျပတ္ျခင္းကို ေလ့လာသည့္အခါ လမ္းေၾကာင္းတစ္ခုတည္တြင္ အျပတ္ျဖစ္ေပၚတာလား၊ ဒါမွမဟုတ္ ေနာက္တစ္ခုထပ္ျဖစ္ေပၚတာလားဆိုတာ ေသခ်ာစီစစ္သင့္ေပသည္။ေနာက္လုပ္ငန္း(သို႔) ျပန္လည္ဦးေမာ့လာသည့္လုပ္ငန္းဘဝအေျခအေနသည္ ယခင္ထက္ေကာင္းမလား၊ ဆိုးမလားဆိုတာ သုံးသပ္ရပါလိမ့္မည္။
ကံလမ္းေၾကာင္း က်ိဳးျပတ္ေနေသာ္လည္း ေနာက္ထပ္ကံလမ္းေၾကာင္းတစ္ခုသည္ က်ိဳးျပတ္ေနေသာ လမ္းေၾကာင္း၏ ေဘးမွာေနၿပီး ထပ္လွ်က္အေနအထားျဖင့္ ဆက္လက္တက္ေရာက္သြားသည္ကိုလည္း ေတြ႕ရတတ္သည္။ ထို႔အေျခအေနမ်ိဳးတြင္ ပထမလုပ္ေဆာင္လာေသာ ၊ျဖစ္တည္ေနေသာ လုပ္ငန္း၊ဘဝအေျခအေနမ်ားကိုမရပ္ဆိုင္းဘဲ ေနာက္လုပ္ငန္းကို လုပ္ေဆာင္ၿပီးမွ ေနာက္ဆုံးပထမလုပ္ငန္းကို ရပ္ဆိုင္းၿပီး ဒုတိယလုပ္ငန္းကို ဆက္လုပ္သြားသည္ ဆိုေသာ ႐ိုးရွင္းသည့္ ေဟာခ်က္ရွိေပသည္။ သို႔ေသာ္လည္း လက္ေတြ႕တြင္ ထိုကဲ့သို႔ မ႐ိုးရွင္းလွေပ။အေသးစိတ္အေနျဖင့္ ပထမလုပ္ငန္းႏွင့္ ပထမဘဝအေျခအေနသည္ က်ဆုံးပ်က္စီးေနသည့္အခ်ိန္တြင္ ေနာက္ဘဝအေျခအေနတစ္ခုကို ခုံကူးေနတာလား၊ ပထမလုပ္ငန္းက ေအာင္ျမင္ေနခ်ိန္မွာဘဲ ဒုတိယလုပ္ငန္းကို လုပ္ေဆာင္ေနတာလား ဆိုသည့္အခ်က္အပါအဝင္ ဘဝတစ္ဆစ္ခ်ိဳး၏ ညင္သာစြာေျပာင္းလည္းျခင္းကို ေဖာ္ျပျခင္းျဖစ္ေပသည္။ မူလလုပ္ငန္း၊မူလဘဝႏွင့္ ေနာက္လုပ္ငန္း၊ေနာက္ဘဝအေျခအေန အေကာင္းအဆိုးကို ခ်ိန္ဆရေပလိမ့္မည္။
ကံလမ္းေၾကာင္း အျပတ္ကေလးမ်ားသည္ တစ္ဆက္တစ္စပ္တည္းရွိသည့္ လုပ္ငန္းတစ္ခု ၊ဘဝတစ္ခုအတြက္ ျပတ္ေတာ့သည့္ေနရာတြင္ အခက္အခဲအေျပာင္းအလည္ႀကဳံေတြ႕ရသည္ကို ျပသကဲ့သို႔ လုပ္ငန္းႏွင့္ လူေနမႈ႕ဘဝအေျခအေနတစ္ခုလုံးေျပာင္းသြားေစသည့္ ဘဝေျပာင္းမည့္အေျခအေနကိုလည္း ျပေနတတ္သည္။ ထို႔ေၾကာင့္ အျပတ္ေတြကိုေလ့လာသည့္အခါ ျပတ္ေနသည့္ လမ္းေၾကာင္းတစ္ခုႏွင့္တစ္ခု ဆက္စပ္သလား၊မဆက္စပ္ဘဲ သီးျခားေနာက္လမ္းေၾကာင္းတစ္ခု ျဖစ္ေနသလား၊ ဆိုသည့္အခ်က္မ်ားမွာ အလြန္အေရးႀကီးေသာ အခ်က္မ်ားျဖစ္လာရေပသည္။ ထိုအခ်က္မ်ားေပၚအေျခခံၿပီး ေဟာခ်က္ကို ျပဳႏိုင္မွ အေကာင္းဆုံးေသာေဟာခ်က္ကို ေျပာျပႏိုင္မည္ျဖစ္ပါေၾကာင္း တင္ျပရေပသည္။
ဆရာကကၤသူ
Be the first to comment