Facebook Comments Box
သင်ရွေးချယ်လိုက်တဲ့နာရီကပြောပြမယ့် အနာဂတ်မှာ သင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုများ

သင်ရွေးချယ်လိုက်တဲ့နာရီကပြောပြမယ့် အနာဂတ်မှာ သင်ကြုံတွေ့ရမယ့် စိန်ခေါ်မှုများ

(1) တိုင်ကပ်နာရီ
တိုင်ကပ်နာရီကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်သတိမထားမိပေမယ့် သင့်ဘဝမှာ ပြောင်းလဲမူတွေ စတင်ဖြစ်ပေါ်နေပြီပဲ ဖြစ်ပါတယ်။ စိန်ခေါ်မှုအသစ်တွေဟာ သင့်အတွက် စောင့်ဆိုင်းနေပြီး ဒီစိန်ခေါ်မှုတွေကို အောင်မြင်ကျော်လွှားနိုင်ဖို့ သင်ဟာလုပ်ဆောင်နေရင်းမှာပဲ အခွင့်အလမ်းအသစ်တွေနဲ့ အတွေးသစ်အမြင်သစ်တွေကို ရရှိလာမှာပဲဖြစ်ပါတယ်။..

(2) သဲနာရီ
သဲနာရီကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာလက်တလောစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဦးမှာမဟုတ်သေးပါဘူး။ ဘာလို့လဲဆိုတော့ သင်ဟာဆုံးဖြတ်ချက်တွေကို အလျင်စလိုမလုပ်သေးတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အခုချိန်ဟာ သင့်ဘဝကို တိုးတက်စေဖို့ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရမယ့်အချိန်လည်းဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာစိန်ခေါ်မှုတွေကို ကြောက်လန့်နေတဲ့အတွက် ဂရုတစိုက်ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်နေရပါတယ်။ သင်ဘာလိုချင်လဲဆိုတာကို သေချာသိပြီး ဆုံးဖြတ်ချက်တွေကို ဂရုတစိုက်လုပ်ဆောင်မယ်ဆိုရင်တော့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာမဟုတ်ပါဘူး။..

(3) ရှေးနာရီ
ရှေးနာရီကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ သင်ဟာ မကြာခင်မှာသင့်ဘဝကို ပြောင်းလဲပေးမယ့်လူတစ်ယောက်နဲ့ ဆုံတွေ့ပါလိမ့်မယ်။ သင်ဟာသူနဲ့သိပေမယ့်လည်း အရမ်းရင်းနှီးတဲ့ဆက်ဆံရေးမျိုးတော့မရှိပါဘူး။ သူဟာ သင့်ဘဝထဲကို ဝင်ရောက်လာမယ်ဆိုရင်တော့ သင့်ဘဝဟာစောက်ထိုးမိုးမျှော်တွေ ဖြစ်ကုန်မှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ ဘယ်လိုကိစ္စတွေပဲဖြစ်လာဖြစ်လာ ဒီအရာတွေက သင့်ကိုအထောက်အကူမပြုတဲ့အပြင် စိတ်ထိခိုက်စေမှာလည်း မဟုတ်ပါဘူး။

(4) လက်ပတ်နာရီ
လက်ပတ်နာရီကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ မကြာခင် သင့်ဘဝမှာ စိတ်ဆင်းရဲစရာကောင်းတဲ့အဖြစ်အပျက်ကြီး ဖြစ်ပေါ်မှာဖြစ်ပြီး အတိုက်အခိုက်တွေလည်း ရှိလာပါလိမ့်မယ်။ အနာဂတ်မှာ ဖြစ်ပေါ်လာမယ့်ကိစ္စရပ်ကြီးက သင့်ကို တစ်မျိုးတစ်ဖုံပြောင်းလဲပေးသွားမှာပါ။

(5) ဒစ်ဂျစ်တယ်နာရီ
ဒစ်ဂျစ်တယ်နာရီကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ လာမယ့်နှစ်တွေမှာ သင်ဟာတည်ငြိမ်တဲ့ဘဝကို တည်ဆောက်နိုင်မှာပါ။ ဘဝအတွက် အရေးပါတဲ့အရာတွေဟာလည်း နှစ်နှစ်အကြာမှာ ဖြစ်ပါလိမ့်မယ်။ ဒါ့အပြင် ဘဝမှာ သင်ဘာလိုလဲဆိုတာကို ကောင်းစွာသိရှိစေမယ့်အပြင် သင်ဟာဘယ်လိုလူမျိုးလဲဆိုတာကိုပါ သိရှိနိုင်မှာပါ။.

credit


(1) တိုင်ကပ်နာရီ

(2) သဲနာရီ

(3) ရှေးနာရီ

(4) လက်ပတ်နာရီ

(5) ဒစ်ဂျစ်တယ်နာရီ

credit

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box