သင်ရွေးချယ်လိုက်တဲ့ ပုံကပြောပြပေးမယ့် သင့်ရဲ့အနာဂတ် ငွေရေးကြေးရေးအခြေအနေများအကြောင်း
နံပါတ် ၁
သင့်အနေနဲ့ ငွေကြေး အလျှံအပယ်ရဖို့ အခွင့်အရေးရှိနေပါတယ်။ ဖြစ်နိုင်တာက သင့်ပတ်ဝန်းကျင်က လူတစ်ဦးက ငွေးကြေးအလျှံအပယ်ဝင်နိုင်တဲ့ ရင်းနှီးမြုပ်နှံမှုတစ်ခုကို သင်နဲ့အတူလက်တွဲလုပ်ဖို့ စိတ်ဆန္ဒရှိနေတာမျိုးပါ။ ဒီလိုအခြေအနေမျိုး ကြုံလာတဲ့အခါ သင့်အနေနဲ့ လက်လွှတ်မခံဖို့ အကြံပေးချင်ပါတယ်။ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှကို ဒီရင်းနှီးမြုပ်နှံမှုထဲမှာ ပုံအပ်ထားပါ။ သေချာပေါက် အောင်မြင်မှုရရှိပြီး ငွေကြေးအမြောက်အများ ရနိုင်ပါတယ်။ သင်ဟာ တဇွတ်ထိုးလုပ်တတ်တဲ့ အကျင့်ရှိတဲ့အတွက် သင့်ကိုအကြံပေးချင်တာက စိတ်ရှည်ရှည်နဲ့ အေးအေးဆေးဆေးလုပ်ဆောင်ဖို့ပါ။ အခက်အခဲတစ်ချို့ကို ကြုံရနိုင်ပေမယ့် တစ်ဝက်တစ်ပျက်မထားခဲ့ဘဲ ပြီးဆုံးအောင် အဆုံးထိလုပ်ဆောင်ပါ။ သေချာပေါက် အကျိုးရလဒ်တွေကို ခံစားရမှာပါ။
နံပါတ် ၂
သင့်ဆီကို ငွေကြေးအမြောက်အများရရှိမယ့် ကောင်းမွန်တဲ့အလုပ်ကမ်းလှမ်းမှုမျိုး ရောက်လာတတ်ပါတယ်။ သင်ဟာ လက်တလောအခြေအနေမှာ အလုပ်မရှိသေးဘူးဆိုရင်တော့ အခုချိန်မှာ သင်အချိန်အကြာကြီး မျှော်လင့်ထားရတဲ့ အလုပ်တစ်ခုကို ကမ်းလှမ်းခံရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးကမ်းလှမ်းခံရရင် သင့်အနေနဲ့ အကောင်းဆုံးကြိုးစားဖို့အကြံပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်ကနေ သင့်အနေနဲ့ ကြီးမားတဲ့အကျိုးရလဒ်တွေ ရနိုင်မှာမို့လို့ပါ။ ဒါ့အပြင် သင့်အနေနဲ့ တစ်စုံတစ်ခုကို ရောင်းဖို့ ဒါမှမဟုတ် ဝယ်ဖို့ ရှိနေရင်လည်း အခုအခြေမှာ လုပ်ဆောင်ဖို့အကြံပေးချင်ပါတယ်။ သင့်အနေနဲ့ နောင်တရတာမျိုး မရှိဘဲ ပေးလိုက်ရတာနဲ့ တန်တဲ့အကျိုးရလဒ်ကို ခံစားရမှာပါ။
နံပါတ် ၃
မျှော်လင့်ပဲ သင့်မိသားစုထဲက တစ်ယောက်ယောက်က စီးပွားတတ်ပြီး ငွေရေးကြေးရေး ကောင်းမွန်တဲ့အခြေအနေမျိုးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ သင့်အနေနဲ့ အကျိုးမရှိပဲ ငွေကုန်ကြေးကျ များနေတာမျိုးကို သတိထားမိလာပါလိမ့်မယ်။ ဥပမာပြောရရင် မဝယ်သင့်တာကို ဝယ်လိုက်မိတာမျိုး၊ မရင်းနှီးသင့်တာကို ရင်းနှီးလိုက်တာမျိုး စတာမျိုးတွေပါ။ ဒါကြောင့် ဒီတားရော့ကတ်လေးက အကြံပေးထားတာကတော့ သင့်အနေနဲ့ ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး သေချာစီစဉ်သုံးစွဲတာမျိုး လုပ်သင့်ပါတယ်။ ဒီလိုစီစစ်သုံးစွဲနိုင်မယ်ဆိုရင် သင့်အနေနဲ့ အရင်ကထက် ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ အများကြီး ခံစားလာရမှာပါ။ နောက်တစ်ခုက သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို ပိုက်ဆံချေးထားတာမျိုးရှိရင် ပြန်ရဖို့ အခွင့်အရေးရှိလာတတ်ပါတယ်။
lotaya
သင္ေ႐ြးခ်ယ္လိုက္တဲ့ ပုံကေျပာျပေပးမယ့္ သင့္ရဲ႕အနာဂတ္ ေငြေရးေၾကးေရးအေျခအေနမ်ားအေၾကာင္း
နံပါတ္ ၁
သင့္အေနနဲ႔ ေငြေၾကး အလွ်ံအပယ္ရဖို႔ အခြင့္အေရးရွိေနပါတယ္။ ျဖစ္ႏိုင္တာက သင့္ပတ္ဝန္းက်င္က လူတစ္ဦးက ေငြးေၾကးအလွ်ံအပယ္ဝင္ႏိုင္တဲ့ ရင္းႏွီးျမဳပ္ႏွံမႈတစ္ခုကို သင္နဲ႔အတူလက္တြဲလုပ္ဖို႔ စိတ္ဆႏၵရွိေနတာမ်ိဳးပါ။ ဒီလိုအေျခအေနမ်ိဳး ႀကဳံလာတဲ့အခါ သင့္အေနနဲ႔ လက္လႊတ္မခံဖို႔ အႀကံေပးခ်င္ပါတယ္။ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ်ကို ဒီရင္းႏွီးျမဳပ္ႏွံမႈထဲမွာ ပုံအပ္ထားပါ။ ေသခ်ာေပါက္ ေအာင္ျမင္မႈရရွိၿပီး ေငြေၾကးအေျမာက္အမ်ား ရႏိုင္ပါတယ္။ သင္ဟာ တဇြတ္ထိုးလုပ္တတ္တဲ့ အက်င့္ရွိတဲ့အတြက္ သင့္ကိုအႀကံေပးခ်င္တာက စိတ္ရွည္ရွည္နဲ႔ ေအးေအးေဆးေဆးလုပ္ေဆာင္ဖို႔ပါ။ အခက္အခဲတစ္ခ်ိဳ႕ကို ႀကဳံရႏိုင္ေပမယ့္ တစ္ဝက္တစ္ပ်က္မထားခဲ့ဘဲ ၿပီးဆုံးေအာင္ အဆုံးထိလုပ္ေဆာင္ပါ။ ေသခ်ာေပါက္ အက်ိဳးရလဒ္ေတြကို ခံစားရမွာပါ။
နံပါတ္ ၂
သင့္ဆီကို ေငြေၾကးအေျမာက္အမ်ားရရွိမယ့္ ေကာင္းမြန္တဲ့အလုပ္ကမ္းလွမ္းမႈမ်ိဳး ေရာက္လာတတ္ပါတယ္။ သင္ဟာ လက္တေလာအေျခအေနမွာ အလုပ္မရွိေသးဘူးဆိုရင္ေတာ့ အခုခ်ိန္မွာ သင္အခ်ိန္အၾကာႀကီး ေမွ်ာ္လင့္ထားရတဲ့ အလုပ္တစ္ခုကို ကမ္းလွမ္းခံရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒီလိုမ်ိဳးကမ္းလွမ္းခံရရင္ သင့္အေနနဲ႔ အေကာင္းဆုံးႀကိဳးစားဖို႔အႀကံေပးခ်င္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒီအလုပ္ကေန သင့္အေနနဲ႔ ႀကီးမားတဲ့အက်ိဳးရလဒ္ေတြ ရႏိုင္မွာမို႔လို႔ပါ။ ဒါ့အျပင္ သင့္အေနနဲ႔ တစ္စုံတစ္ခုကို ေရာင္းဖို႔ ဒါမွမဟုတ္ ဝယ္ဖို႔ ရွိေနရင္လည္း အခုအေျခမွာ လုပ္ေဆာင္ဖို႔အႀကံေပးခ်င္ပါတယ္။ သင့္အေနနဲ႔ ေနာင္တရတာမ်ိဳး မရွိဘဲ ေပးလိုက္ရတာနဲ႔ တန္တဲ့အက်ိဳးရလဒ္ကို ခံစားရမွာပါ။
နံပါတ္ ၃
ေမွ်ာ္လင့္ပဲ သင့္မိသားစုထဲက တစ္ေယာက္ေယာက္က စီးပြားတတ္ၿပီး ေငြေရးေၾကးေရး ေကာင္းမြန္တဲ့အေျခအေနမ်ိဳးကို ပိုင္ဆိုင္ရပါလိမ့္မယ္။ သင့္အေနနဲ႔ အက်ိဳးမရွိပဲ ေငြကုန္ေၾကးက် မ်ားေနတာမ်ိဳးကို သတိထားမိလာပါလိမ့္မယ္။ ဥပမာေျပာရရင္ မဝယ္သင့္တာကို ဝယ္လိုက္မိတာမ်ိဳး၊ မရင္းႏွီးသင့္တာကို ရင္းႏွီးလိုက္တာမ်ိဳး စတာမ်ိဳးေတြပါ။ ဒါေၾကာင့္ ဒီတားေရာ့ကတ္ေလးက အႀကံေပးထားတာကေတာ့ သင့္အေနနဲ႔ ေငြေရးေၾကးေရးနဲ႔ ပတ္သတ္ၿပီး ေသခ်ာစီစဥ္သုံးစြဲတာမ်ိဳး လုပ္သင့္ပါတယ္။ ဒီလိုစီစစ္သုံးစြဲႏိုင္မယ္ဆိုရင္ သင့္အေနနဲ႔ အရင္ကထက္ ေကာင္းမြန္တဲ့ အက်ိဳးရလဒ္ေတြ အမ်ားႀကီး ခံစားလာရမွာပါ။ ေနာက္တစ္ခုက သင့္အေနနဲ႔ တစ္စုံတစ္ေယာက္ကို ပိုက္ဆံေခ်းထားတာမ်ိဳးရွိရင္ ျပန္ရဖို႔ အခြင့္အေရးရွိလာတတ္ပါတယ္။
lotaya
Be the first to comment