ငွေကြေးချမ်းသာခြင်း၊ အဆင်ပြေခြင်း၊ ကုန်သွယ်ခြင်းနှင့်ဆိုင်သော လမ်းကြောင်း
ကျွန်ုပ်တို့လူ့အသိုင်းအဝိုင်းတည်ဆောက်ရာတွင် ငွေကြေးတန်ဖိုးသည်လည်း အရေးကြီးလှပေသည်။ ငွေကြေးရှာဖွေရလွယ်ကူသူ၊ ချမ်းသာသူ၊ငယ်စဉ်ကပင် ငွေကြေးအဆင်ပြေသူ၊ အသက်ကြီးမှအဆင်ပြေသူ၊ ငွေရှာရလွယ်ကူသူ၊ခက်ခဲသူ၊ ငွေကြေးအတွက် ပင်ပန်းရသူ ၊ငွေကြေးနှင့်ပါတ်သက်ပြီး သောကရောက်ရသူ စသဖြင့် ငွေကြေးဆိုင်ရာနှင့် ငွေကြေးရရှိရန် လုပ်ဆောင်ရသော လုပ်ငန်းများ၊ရှာဖွေရသည့်ပုံစံများ မတူညီကြပေ။ သို့သော်လည်း ငွေကြေးအတွက် လုပ်ကိုင်နေကြရသည်က လူအများစုဖြစ်ပေသည်။ ထိုငွေကြေးနှင့်ပါတ်သက်ပြီး အဆင်ပြေခြင်း၊ပင်ပန်းခြင်း၊သောကရောက်ရခြင်း၊လွယ်ကူခြင်း၊ခက်ခဲခြင်းတို့ရှိ/မရှိဆိုသည့်ကိစ္စကို လက္ခဏာတွင် ငွေကြေးဆိုင်ရာလမ်းကြောင်း (Money Line) ကိုလေ့လာခြင်းဖြင့် သိရှိနိုင်ပေသည်။
(ပုံ-၁)
ငွေကြေးလမ်းကြောင်း (Money Line) ကို ဗုဒ္ဓဟူးဂြိုဟ်ခုံ (လက်သန်းအောက်အသားစိုင်) တွင် ထောင်လျှက်ရှိသော လမ်းကြောင်းငယ်အဖြစ်တွေ့ရတတ်သည်။ အချို့က ကုန်သွယ်ရေးလမ်းကြောင်းဟုလည်း ခေါ်ကြသလို တီထွင်ကြံဆခြင်းနှင့် တွက်ချက်မှု့အားကောင်းစေသည့် လမ်းကြောင်းအဖြစ်လည်း ခေါ်ကြပေသည်။ ထိုလမ်းကြောင်း လေးသည် ထင်ရှားမည်၊အဖျက်မှတ်များမရှိ ရှင်းလင်းပြီး တောက်ပနေမည်ဆိုပါက ထိုလက္ခဏာရှင်သည် ညဏ်ကောင်းမည်၊ အတွက်အချက်ကောင်းမည်၊ကုန်သွယ်စီးပွားလုပ်ရာတွင် ပြေလည်အောင်ပြောဆို ရောင်းချတတ်မည့်သူဖြစ်သည်။ ရင်းနှီးမြုတ်နှံရာတွင်လည်း အကျိုးအမြတ်ရရှိမည့်သူဖြစ်သည်။ထိုလမ်းကြောင်းကောင်းသူသည် လက်ထဲငွေမပြတ်ဘဲ ရှိနေမည်ဖြစ်သည်။ ဖြောင့်မှတ်မှန်ကန်စွာ လုပ်ကိုင်ပါက အကောင်းဆုံးအောင်မြင်ပြီး ချမ်းသာမည်သာ ဖြစ်သည်။ (ပုံ-၁)
(ပုံ-၂)
အကယ်၍ ထိုငွေကြေးလမ်းကြောင်းလေသည် လှိုင်းထနေပါက လုပ်ငန်းလုပ်ဆောင်ခြင်းနှင့် ငွေကြေး ကိစ္စများဆောင်ရွက်ရာတွင် တည်ငြိမ်ခြင်းမရှိသည်ကိုပြသည်။စီးပွားရေးနှင့် လုပ်ငန်းများတွင် အခက်အခဲရှိခြင်း၊ ငွေကြေးကိစ္စများတွင် ပေးရန်-ရရန်စာရင်းများရှုပ်ထွေးပြီး သောကရောက်ရခြင်း အကြွေတင်နေတတ်ခြင်း၊ ကုန်သွယ်စီးပွား လုပ်ရာတွင် စပ်တူလုပ်ကိုင်သူများနှင့် သဘောထားကွဲလွဲခြင်း၊ငွေကြေးအခက်အခဲများကို ရင်ဆိုင်ရပြီး ပူပင်သောက ရောက်ရခြင်းနှင့် လုပ်ငန်းလုပ်ရာတွင် စာကားမတည်ခြင်းတို့ဖြစ်တတ်ပေသည်။ထိုသို့တွန့်နေသော လမ်းကြောင်းပါရှိသူသည် အခြားမည်သူတစ်ဦးတစ်ယောက်၏ အကူအညီကိုမျှမယူဘဲ မိမိကိုယ်ပိုင်အစွမ်းအစဖြင့်သာ လုပ်ငန်းများကို ဆောင်ရွက်သင့်သည်။ အကူအညီရယူလိုက်ပါက သောကရောက်တတ်ပေသည်။ (ပုံ-၂)
(ပုံ-၃)
ပြတ်တောင်းပြတ်တောင်း ငွေကြေးလမ်းကြောင်းပိုင်ဆိုင်သူသည် ငွေကြေးပြတ်တောင်းပြတ်တောင်ဖြစ်နေ တတ်သည်မှာ ယုံမှာဖွယ်မရှိပေ။ထိုလမ်းကြောင်းပြတ်တောင်းပြတ်တောင်းဖြစ်နေသော်လည်း အဖျက်မှတ်မရှိခြင်းနှင့် မတွန့်နေပါက လမ်းကြောင်းပေါ်သည့်အချိန်များတွင် ငွေကြေးအဆင်ပြေပြီး ပြတ်သည့်နေရာတွင် လုံးဝအဆင်မပြေခြင်း တို့ဖြစ်နေတတ်သည်။ ပြတ်တောက်နေသည့်လမ်းကြောင်းတိုများအား အခြားဥပါဒ်လမ်းကဖြတ်နေခြင်း၊ တွန့်နေခြင်း များရှိပါက ဘဝတွင် ငွေကြေးနှင့်ပါတ်သက်ပြီး အလွန်သောကရောက်ရသူဖြစ်မည်၊ ကုန်သွယ်စီးပွား လုပ်ရတွင်လည်း အဆင်မပြေဖြစ်နေပြီး အကြွေးများနှင့် ချာချာလည်နေတတ်သဖြင့် အထူးသတိပြု လုပ်ငန်းများ လုပ်ဆောင်ရတတ်သည်။ ငွေကြေးကြောင့် ရုံး၊စခန်းတို့အထိ တက်ရောက်ဖြေရှင်းရတတ်သဖြင့် အခြားသော ကံလမ်းကြောင်း ၊ဦးခေါင်းလမ်းကြောင်းတို့ဖြင့် တွဲဘက် ကြည့်သင်ပေသည်။ (ပုံ-၃)
အထက်ပါလမ်းကြောင်းကို ကြည့်ရာတွင် လက်ပုံစံ၊လက်ရေစာ၊ဂြိုဟ်ခုံများ၊အခြားသော လမ်းကြောင်းကြီးများ၊စသဖြင့် လက္ခဏာကြည့်ရာတွင် အခြေခံရမည့် အချက်များကို အသေးစိတ်ကြည့်ပြီးမှ ပေါင်းစပ်ဟောချက်ထုတ်ခြင်းဖြင့် အကောင်းဆုံးနှင့် အမှန်ဆုံးသော အချက်ကို ရရှိမည်ဖြစ်ပေသည်။ လက္ခဏာပေါ်တွင် ပါရှိသော ထူးခြားအမှတ်အသားများနှင့် ငွေကြေးလမ်းကြောင်းတို့ကို တွဲဘက် သုံးသပ်ခြင်းဖြင့် လက္ခဏာရှင်၏ဘဝတွင် ငွေဝင်နိုင်မှု့၊စီးပွားဖြစ်နိုင်ခြင်း၊ငွေကြေးကိစ္စပြသနာများနှင့် ချမ်းသာနိုင်ခြင်းတို့ကို အသေးစိတ်သုံးသပ်နိုင်ပါကြောင်း တင်ပြရပါသည်။
ကင်္ကသူ
ေငြေၾကးခ်မ္းသာျခင္း၊ အဆင္ေျပျခင္း၊ ကုန္သြယ္ျခင္းႏွင့္ဆိုင္ေသာ လမ္းေၾကာင္း
ကြၽႏ္ုပ္တို႔လူ႔အသိုင္းအဝိုင္းတည္ေဆာက္ရာတြင္ ေငြေၾကးတန္ဖိုးသည္လည္း အေရးႀကီးလွေပသည္။ ေငြေၾကးရွာေဖြရလြယ္ကူသူ၊ ခ်မ္းသာသူ၊ငယ္စဥ္ကပင္ ေငြေၾကးအဆင္ေျပသူ၊ အသက္ႀကီးမွအဆင္ေျပသူ၊ ေငြရွာရလြယ္ကူသူ၊ခက္ခဲသူ၊ ေငြေၾကးအတြက္ ပင္ပန္းရသူ ၊ေငြေၾကးႏွင့္ပါတ္သက္ၿပီး ေသာကေရာက္ရသူ စသျဖင့္ ေငြေၾကးဆိုင္ရာႏွင့္ ေငြေၾကးရရွိရန္ လုပ္ေဆာင္ရေသာ လုပ္ငန္းမ်ား၊ရွာေဖြရသည့္ပုံစံမ်ား မတူညီၾကေပ။ သို႔ေသာ္လည္း ေငြေၾကးအတြက္ လုပ္ကိုင္ေနၾကရသည္က လူအမ်ားစုျဖစ္ေပသည္။ ထိုေငြေၾကးႏွင့္ပါတ္သက္ၿပီး အဆင္ေျပျခင္း၊ပင္ပန္းျခင္း၊ေသာကေရာက္ရျခင္း၊လြယ္ကူျခင္း၊ခက္ခဲျခင္းတို႔ရွိ/မရွိဆိုသည့္ကိစၥကို လကၡဏာတြင္ ေငြေၾကးဆိုင္ရာလမ္းေၾကာင္း (Money Line) ကိုေလ့လာျခင္းျဖင့္ သိရွိႏိုင္ေပသည္။
(ပုံ-၁)
ေငြေၾကးလမ္းေၾကာင္း (Money Line) ကို ဗုဒၶဟူးၿဂိဳဟ္ခုံ (လက္သန္းေအာက္အသားစိုင္) တြင္ ေထာင္လွ်က္ရွိေသာ လမ္းေၾကာင္းငယ္အျဖစ္ေတြ႕ရတတ္သည္။ အခ်ိဳ႕က ကုန္သြယ္ေရးလမ္းေၾကာင္းဟုလည္း ေခၚၾကသလို တီထြင္ႀကံဆျခင္းႏွင့္ တြက္ခ်က္မႈ႕အားေကာင္းေစသည့္ လမ္းေၾကာင္းအျဖစ္လည္း ေခၚၾကေပသည္။ ထိုလမ္းေၾကာင္း ေလးသည္ ထင္ရွားမည္၊အဖ်က္မွတ္မ်ားမရွိ ရွင္းလင္းၿပီး ေတာက္ပေနမည္ဆိုပါက ထိုလကၡဏာရွင္သည္ ညဏ္ေကာင္းမည္၊ အတြက္အခ်က္ေကာင္းမည္၊ကုန္သြယ္စီးပြားလုပ္ရာတြင္ ေျပလည္ေအာင္ေျပာဆို ေရာင္းခ်တတ္မည့္သူျဖစ္သည္။ ရင္းႏွီးျမဳတ္ႏွံရာတြင္လည္း အက်ိဳးအျမတ္ရရွိမည့္သူျဖစ္သည္။ထိုလမ္းေၾကာင္းေကာင္းသူသည္ လက္ထဲေငြမျပတ္ဘဲ ရွိေနမည္ျဖစ္သည္။ ေျဖာင့္မွတ္မွန္ကန္စြာ လုပ္ကိုင္ပါက အေကာင္းဆုံးေအာင္ျမင္ၿပီး ခ်မ္းသာမည္သာ ျဖစ္သည္။ (ပုံ-၁)
(ပုံ-၂)
အကယ္၍ ထိုေငြေၾကးလမ္းေၾကာင္းေလသည္ လႈိင္းထေနပါက လုပ္ငန္းလုပ္ေဆာင္ျခင္းႏွင့္ ေငြေၾကး ကိစၥမ်ားေဆာင္႐ြက္ရာတြင္ တည္ၿငိမ္ျခင္းမရွိသည္ကိုျပသည္။စီးပြားေရးႏွင့္ လုပ္ငန္းမ်ားတြင္ အခက္အခဲရွိျခင္း၊ ေငြေၾကးကိစၥမ်ားတြင္ ေပးရန္-ရရန္စာရင္းမ်ားရႈပ္ေထြးၿပီး ေသာကေရာက္ရျခင္း အေႂကြတင္ေနတတ္ျခင္း၊ ကုန္သြယ္စီးပြား လုပ္ရာတြင္ စပ္တူလုပ္ကိုင္သူမ်ားႏွင့္ သေဘာထားကြဲလြဲျခင္း၊ေငြေၾကးအခက္အခဲမ်ားကို ရင္ဆိုင္ရၿပီး ပူပင္ေသာက ေရာက္ရျခင္းႏွင့္ လုပ္ငန္းလုပ္ရာတြင္ စာကားမတည္ျခင္းတို႔ျဖစ္တတ္ေပသည္။ထိုသို႔တြန႔္ေနေသာ လမ္းေၾကာင္းပါရွိသူသည္ အျခားမည္သူတစ္ဦးတစ္ေယာက္၏ အကူအညီကိုမွ်မယူဘဲ မိမိကိုယ္ပိုင္အစြမ္းအစျဖင့္သာ လုပ္ငန္းမ်ားကို ေဆာင္႐ြက္သင့္သည္။ အကူအညီရယူလိုက္ပါက ေသာကေရာက္တတ္ေပသည္။ (ပုံ-၂)
(ပုံ-၃)
ျပတ္ေတာင္းျပတ္ေတာင္း ေငြေၾကးလမ္းေၾကာင္းပိုင္ဆိုင္သူသည္ ေငြေၾကးျပတ္ေတာင္းျပတ္ေတာင္ျဖစ္ေန တတ္သည္မွာ ယုံမွာဖြယ္မရွိေပ။ထိုလမ္းေၾကာင္းျပတ္ေတာင္းျပတ္ေတာင္းျဖစ္ေနေသာ္လည္း အဖ်က္မွတ္မရွိျခင္းႏွင့္ မတြန႔္ေနပါက လမ္းေၾကာင္းေပၚသည့္အခ်ိန္မ်ားတြင္ ေငြေၾကးအဆင္ေျပၿပီး ျပတ္သည့္ေနရာတြင္ လုံးဝအဆင္မေျပျခင္း တို႔ျဖစ္ေနတတ္သည္။ ျပတ္ေတာက္ေနသည့္လမ္းေၾကာင္းတိုမ်ားအား အျခားဥပါဒ္လမ္းကျဖတ္ေနျခင္း၊ တြန႔္ေနျခင္း မ်ားရွိပါက ဘဝတြင္ ေငြေၾကးႏွင့္ပါတ္သက္ၿပီး အလြန္ေသာကေရာက္ရသူျဖစ္မည္၊ ကုန္သြယ္စီးပြား လုပ္ရတြင္လည္း အဆင္မေျပျဖစ္ေနၿပီး အေႂကြးမ်ားႏွင့္ ခ်ာခ်ာလည္ေနတတ္သျဖင့္ အထူးသတိျပဳ လုပ္ငန္းမ်ား လုပ္ေဆာင္ရတတ္သည္။ ေငြေၾကးေၾကာင့္ ႐ုံး၊စခန္းတို႔အထိ တက္ေရာက္ေျဖရွင္းရတတ္သျဖင့္ အျခားေသာ ကံလမ္းေၾကာင္း ၊ဦးေခါင္းလမ္းေၾကာင္းတို႔ျဖင့္ တြဲဘက္ ၾကည့္သင္ေပသည္။ (ပုံ-၃)
အထက္ပါလမ္းေၾကာင္းကို ၾကည့္ရာတြင္ လက္ပုံစံ၊လက္ေရစာ၊ၿဂိဳဟ္ခုံမ်ား၊အျခားေသာ လမ္းေၾကာင္းႀကီးမ်ား၊စသျဖင့္ လကၡဏာၾကည့္ရာတြင္ အေျခခံရမည့္ အခ်က္မ်ားကို အေသးစိတ္ၾကည့္ၿပီးမွ ေပါင္းစပ္ေဟာခ်က္ထုတ္ျခင္းျဖင့္ အေကာင္းဆုံးႏွင့္ အမွန္ဆုံးေသာ အခ်က္ကို ရရွိမည္ျဖစ္ေပသည္။ လကၡဏာေပၚတြင္ ပါရွိေသာ ထူးျခားအမွတ္အသားမ်ားႏွင့္ ေငြေၾကးလမ္းေၾကာင္းတို႔ကို တြဲဘက္ သုံးသပ္ျခင္းျဖင့္ လကၡဏာရွင္၏ဘဝတြင္ ေငြဝင္ႏိုင္မႈ႕၊စီးပြားျဖစ္ႏိုင္ျခင္း၊ေငြေၾကးကိစၥျပသနာမ်ားႏွင့္ ခ်မ္းသာႏိုင္ျခင္းတို႔ကို အေသးစိတ္သုံးသပ္ႏိုင္ပါေၾကာင္း တင္ျပရပါသည္။
ကကၤသူ
Be the first to comment