
တနင်္ဂနွေသားသမီးများရဲ့ တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန် အသက်အပိုင်းအခြားများ
တနင်္ဂနွေသားသမီးများရဲ့ တစ်သက်တာ ကံကောင်းချိန်/ကံညံ့ချိန် အသက်အပိုင်းအခြားကာလများ.
ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက်ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်းမီတယ်လို့ ဆိုရမှာပါ။
တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ ထိုဆရာက ကောဇာအစီးအနင်း ထက် ဒသာနဲ့ ဟောတာကို အားသန်တဲ့သူပါ။ သူ ကျွန်တော်ကို ဒသာအပိုင်းအခြား တွေနဲ့ဟောတာ အလွန်မှန်ကန်တာတွေ့ရတယ်။
ဒါကြောင့် ဒသာအပိုင်းအခြားတွေ ဘယ်လောက်များများထိ ရှိနေလဲ။ ဘယ်လောက်မှန်ကန်မှုရှိလဲ လေ့လာခဲ့ပါတယ်။ လက်ဆန်းမှာလဲ ဒဿကောက်ကိန်းတွေ အများအပြားတွေ့ရပါတယ်။ အတော်လဲ မှန်ကန်တာကို တွေ့ရပါတယ်။
ဒသာဟောကိန်းတွေကို လက်တွေ့မှာ ချိန်ထိုးကြည့်တာ အတော့်ကိုမှန်ကန်ပါတယ်။ အခုပြောပြချင်တာက နေ့နံအလိုက် ကံကောင်းချိန်၊ ကံညံ့ချိန်တွေကို ပြောပြချင်တာပါ။ လူတစ်ယောက်ချင်းစီရဲ့ ဖွားဇာတာအရ၊ နာမည်အရ၊ ပစ္စပ္ပုန်ကြိုးစားမှုတွေအရ အခုရေးပေးမယ့် အချိန်ကာလတွေထဲက ကံကောင်းချိန်ကာလ၊ ကံညံ့ချိန် ကာလ တွေက မိတ်ဆွေတို့အတွက် ၁၀၀%မမှန်ကန်နိုင်ပါ။
ဒါပေမယ့် ၇၀%လောက်သော သူတွေအတွက်မှန်ကန် နိုင်ပြီးတော့ ၃၀%သောသူတွေအတွက် လွဲချော်မှုတွေ ရှိနေပါလိမ့်မယ်။

ဒီနေ့မှာတော့ တနင်္ဂနွေသားသမီးတွေအတွက် တစ်သက်တာ ကံကောင်းချိန်နဲ့ ကံညံ့ချိန်တွေကို ပြောပြလိုက်ပါတယ်။
တနင်္ဂနွေသားသမီးများဟာအသက် ၂နှစ်နဲ့ ၃လ မှ အသက် ၃နှစ် တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၉နှစ် ၉လမှ အသက်၁၁နှစ် ၇လ၊၁၅ရက် အတွင်းကာလ
အသက် ၂၂နှစ်ပြည့်ချိန်မှ အသက်၂၃နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၃၁နှစ် ၁လ ၁၅ရက်မှ အသက် ၃၃နှစ် ၃လအတွင်း ကာလ
အသက် ၄၃နှစ် ၊၁၀လ၊၁၅ရက်မှ အသက်၄၆နှစ် တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၅၄နှစ်၊၉လ မှ အသက် ၅၆နှစ်တင်းတင်းပြည့်ချိန်အတွင်းကာလ
အသက် ၇၀နှစ်၊ ၃လ မှ အသက် အသက် ၇၂နှစ်၊၇လ၊၁၅ ရက်အတွင်းကာလများသည် ……
အဘက်ဘက်က ကံအထောက်အပံ့ရလွယ်တယ်လို့ ယေဘုယျမှတ်ယူရပါလိမ့်မယ်။ဒီကာလအတွင်း အလုပ်မှန်၊လမ်းကြောင်းမှန်ပေါ် ရောက်တတ်သလို၊ လုပ်တိုင်းဖြစ်မယ့် အချိန်အခါလဲဖြစ်ပါတယ်။ ကံပေးချိန်မို့ ဉာဏ်ဝီရိယသာ ကူလိုက်မယ်ဆိုရင် အောင်ပန်းကိုဆွတ်ခူးယူနိုင်မယ့်ကာလတွေပါ။ တနင်္ဂနွေသားသမီးများအတွက် ယေဘုယျအားဖြင့် အိုအေစစ်ကာလ တွေလို့ ဆိုချင်ပါတယ်။ တစ်ဦးချင်းစီရဲ့ မွေးဇာတာ၊နာမည်တွေအရ အပြောင်းအလဲရှိပေမယ့် ယေဘုယျအားဖြင့် တော့ ကံကောင်းချိန်တွေလို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါဆို တနင်္ဂနွေသားသမီးတွေအတွက် တစ်သက်တာ ကံအားနည်းချိန်တွေကရောလို့ မေးလာရင် အောက်ပါစာကို ထပ်ဖတ်ကြည့်ပါဗျ။
အသက် ၅နှစ် ၃လ မှ အသက် ၆နှစ်တင်းတင်းပြည့်ချိန် အတွင်း
အသက် ၁၇နှစ် ၃လ မှ ၁၉နှစ် ၁လ ၁၅ ရက်အတွင်း
အသက်၂၆နှစ် တင်းတင်းပြည့်ချိန်မှ အသက်၂၇နှစ်အတွင်း
အသက် ၃၇နှစ် ၆လ မှ အသက် ၃၉နှစ် ၇လ ၁၅ရက် အတွင်း
အသက် ၄၉နှစ် ၉လ မှ အသက် ၅၁နှစ် တင်းတင်းပြည့်ချိန်အတွင်း
အသက် ၆၀နှစ် ၉လ မှ အသက် အသက် ၆၃နှစ် ၁လ ၁၅ရက် အတွင်း
အသက် ၇၆နှစ် ၆လမှ အသက်၇၈နှစ်တင်းတင်းပြည့်ချိန် အတွင်း ကာလအပိုင်းအခြားတွေက
အဘက်ဘက်က အခက်အခဲတွေပိုစေနိုင်တဲ့ ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။ ဒီအသက်အပိုင်းအခြားအတွင်းမှာ အရာရာသတိနဲ့ယှဉ်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။စိတ်လိုက်မာန်ပါလုပ်တာတွေ ဒေါသရှေ့ထားတာမျိုးတွေကို ဒီအသက်အပိုင်းအခြားတွေ မှာ လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုလုပ်မယ်ကြံစည်တိုင်း တက်နိုင်သမျှ နားလည်တက်ကျွမ်းသူတွေနဲ့တိုင်ပင် စေချင်ပါတယ်။
တနင်္ဂနွေ သားသမီးများအားလုံး
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ

တနဂၤေႏြသားသမီးမ်ားရဲ႕ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္ အသက္အပိုင္းအျခားမ်ား
တနဂၤေႏြသားသမီးမ်ားရဲ႕ တစ္သက္တာ ကံေကာင္းခ်ိန္/ကံညံ့ခ်ိန္ အသက္အပိုင္းအျခားကာလမ်ား
ေဗဒင္ပညာမွာ ဒသာေကာက္ကိန္းဆိုတာမ်ိဳးရွိပါတယ္။ ဒါကလက္ဆန္းမွာေရာ လက္႐ိုးမွာေရာရွိေနတာပါ။ ကြၽန္ေတာ္ ေဗဒင္ပညာကို စတင္ေလ့လာခ်ိန္မွာ လက္ဆန္းကို အထူးျပဳေလ့လာခဲ့သူပါ။ ဆရာနဲ႔ အခ်ိန္ျပည့္ လက္ထက္သင္ခြင့္ မရႏိုင္ေတာ့ လက္ဆန္း ပညာက ကိုယ္တိုင္ self-studyလုပ္ဖို႔ အထိုက္အေလ်ာက္ လက္လွမ္းမီတယ္လို႔ ဆိုရမွာပါ။
တစ္ရက္ေတာ့ မွတ္မွတ္ရရ လက္႐ိုးဆရာ တစ္ေယာက္နဲ႔ ဆုံပါတယ္။ ထိုဆရာက ေကာဇာအစီးအနင္း ထက္ ဒသာနဲ႔ ေဟာတာကို အားသန္တဲ့သူပါ။ သူ ကြၽန္ေတာ္ကို ဒသာအပိုင္းအျခား ေတြနဲ႔ေဟာတာ အလြန္မွန္ကန္တာေတြ႕ရတယ္။
ဒါေၾကာင့္ ဒသာအပိုင္းအျခားေတြ ဘယ္ေလာက္မ်ားမ်ားထိ ရွိေနလဲ။ ဘယ္ေလာက္မွန္ကန္မႈရွိလဲ ေလ့လာခဲ့ပါတယ္။ လက္ဆန္းမွာလဲ ဒႆေကာက္ကိန္းေတြ အမ်ားအျပားေတြ႕ရပါတယ္။ အေတာ္လဲ မွန္ကန္တာကို ေတြ႕ရပါတယ္။
ဒသာေဟာကိန္းေတြကို လက္ေတြ႕မွာ ခ်ိန္ထိုးၾကည့္တာ အေတာ့္ကိုမွန္ကန္ပါတယ္။ အခုေျပာျပခ်င္တာက ေန႔နံအလိုက္ ကံေကာင္းခ်ိန္၊ ကံညံ့ခ်ိန္ေတြကို ေျပာျပခ်င္တာပါ။ လူတစ္ေယာက္ခ်င္းစီရဲ႕ ဖြားဇာတာအရ၊ နာမည္အရ၊ ပစၥပၸဳန္ႀကိဳးစားမႈေတြအရ အခုေရးေပးမယ့္ အခ်ိန္ကာလေတြထဲက ကံေကာင္းခ်ိန္ကာလ၊ ကံညံ့ခ်ိန္ ကာလ ေတြက မိတ္ေဆြတို႔အတြက္ ၁၀၀%မမွန္ကန္ႏိုင္ပါ။
ဒါေပမယ့္ ၇၀%ေလာက္ေသာ သူေတြအတြက္မွန္ကန္ ႏိုင္ၿပီးေတာ့ ၃၀%ေသာသူေတြအတြက္ လြဲေခ်ာ္မႈေတြ ရွိေနပါလိမ့္မယ္။

ဒီေန႔မွာေတာ့ တနဂၤေႏြသားသမီးေတြအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္နဲ႔ ကံညံ့ခ်ိန္ေတြကို ေျပာျပလိုက္ပါတယ္။
တနဂၤေႏြသားသမီးမ်ားဟာအသက္ ၂ႏွစ္နဲ႔ ၃လ မွ အသက္ ၃ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္းကာလ
အသက္ ၉ႏွစ္ ၉လမွ အသက္၁၁ႏွစ္ ၇လ၊၁၅ရက္ အတြင္းကာလ
အသက္ ၂၂ႏွစ္ျပည့္ခ်ိန္မွ အသက္၂၃ႏွစ္တင္းတင္းျပည့္ခ်ိန္အတြင္းကာလ
အသက္ ၃၁ႏွစ္ ၁လ ၁၅ရက္မွ အသက္ ၃၃ႏွစ္ ၃လအတြင္း ကာလ
အသက္ ၄၃ႏွစ္ ၊၁၀လ၊၁၅ရက္မွ အသက္၄၆ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္းကာလ
အသက္ ၅၄ႏွစ္၊၉လ မွ အသက္ ၅၆ႏွစ္တင္းတင္းျပည့္ခ်ိန္အတြင္းကာလ
အသက္ ၇၀ႏွစ္၊ ၃လ မွ အသက္ အသက္ ၇၂ႏွစ္၊၇လ၊၁၅ ရက္အတြင္းကာလမ်ားသည္ ……
အဘက္ဘက္က ကံအေထာက္အပံ့ရလြယ္တယ္လို႔ ေယဘုယ်မွတ္ယူရပါလိမ့္မယ္။ဒီကာလအတြင္း အလုပ္မွန္၊လမ္းေၾကာင္းမွန္ေပၚ ေရာက္တတ္သလို၊ လုပ္တိုင္းျဖစ္မယ့္ အခ်ိန္အခါလဲျဖစ္ပါတယ္။ ကံေပးခ်ိန္မို႔ ဉာဏ္ဝီရိယသာ ကူလိုက္မယ္ဆိုရင္ ေအာင္ပန္းကိုဆြတ္ခူးယူႏိုင္မယ့္ကာလေတြပါ။ တနဂၤေႏြသားသမီးမ်ားအတြက္ ေယဘုယ်အားျဖင့္ အိုေအစစ္ကာလ ေတြလို႔ ဆိုခ်င္ပါတယ္။ တစ္ဦးခ်င္းစီရဲ႕ ေမြးဇာတာ၊နာမည္ေတြအရ အေျပာင္းအလဲရွိေပမယ့္ ေယဘုယ်အားျဖင့္ ေတာ့ ကံေကာင္းခ်ိန္ေတြလို႔သတ္မွတ္ရမွာ ျဖစ္ပါတယ္။

ဒါဆို တနဂၤေႏြသားသမီးေတြအတြက္ တစ္သက္တာ ကံအားနည္းခ်ိန္ေတြကေရာလို႔ ေမးလာရင္ ေအာက္ပါစာကို ထပ္ဖတ္ၾကည့္ပါဗ်။
အသက္ ၅ႏွစ္ ၃လ မွ အသက္ ၆ႏွစ္တင္းတင္းျပည့္ခ်ိန္ အတြင္း
အသက္ ၁၇ႏွစ္ ၃လ မွ ၁၉ႏွစ္ ၁လ ၁၅ ရက္အတြင္း
အသက္၂၆ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ အသက္၂၇ႏွစ္အတြင္း
အသက္ ၃၇ႏွစ္ ၆လ မွ အသက္ ၃၉ႏွစ္ ၇လ ၁၅ရက္ အတြင္း
အသက္ ၄၉ႏွစ္ ၉လ မွ အသက္ ၅၁ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္း
အသက္ ၆၀ႏွစ္ ၉လ မွ အသက္ အသက္ ၆၃ႏွစ္ ၁လ ၁၅ရက္ အတြင္း
အသက္ ၇၆ႏွစ္ ၆လမွ အသက္၇၈ႏွစ္တင္းတင္းျပည့္ခ်ိန္ အတြင္း ကာလအပိုင္းအျခားေတြက
အဘက္ဘက္က အခက္အခဲေတြပိုေစႏိုင္တဲ့ ကာလအပိုင္းအျခားပဲျဖစ္ပါတယ္။ ဒီအသက္အပိုင္းအျခားအတြင္းမွာ အရာရာသတိနဲ႔ယွဥ္ၿပီး ေဆာင္႐ြက္ရပါလိမ့္မယ္။စိတ္လိုက္မာန္ပါလုပ္တာေတြ ေဒါသေရွ႕ထားတာမ်ိဳးေတြကို ဒီအသက္အပိုင္းအျခားေတြ မွာ ေလွ်ာ့ခ်ႏိုင္ဖို႔ လိုအပ္ပါတယ္။ တစ္ခုခုလုပ္မယ္ႀကံစည္တိုင္း တက္ႏိုင္သမွ် နားလည္တက္ကြၽမ္းသူေတြနဲ႔တိုင္ပင္ ေစခ်င္ပါတယ္။
တနဂၤေႏြ သားသမီးမ်ားအားလုံး
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ
Be the first to comment