Facebook Comments Box
ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်နဲ့ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံ

ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးဝင်းသော်နဲ့ တွေ့ဆုံမေးမြန်းချက် အပြည့်အစုံ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်တွေကနေ‌ငွေထုတ်ယူတာတွေ ကန့်သတ်လိုက်လို့ လူတွေဟာ ATM စက်တွေ ဘဏ်တွေရှေ့မှာ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းပြီး အကန့်အသတ်နဲ့ထုတ်နေရပါတယ်။ ဒီကိစ္စနဲ့ဆက်စပ်ပြီး ရွှေစျေး ဒေါ်လာစျေးတွေပါ ရိုတ်ခက်မှုတွေရှိနေပါတယ်။ အခုလိုရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့ ဘဏ်တွေမှာ ငွေထုတ်ရတာ ဘယ်တော့ အဆင်ပြေမှာပါလဲ၊ ဘဏ်စနစ်ကို ပုံမှန်ပြန်ရအောင် ဘယ်လိုလုပ်ဖို့ရှိပါသလဲ ဆိုတာတွေကို လက်ရှိ အာဏာသိမ်းစစ်ကောင်စီကခန့်အပ်ထားတဲ့ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းသော်ကို ဘီဘီစီက မေးကြည့်တော့ သူ ကအခုလို စပြောပါတယ်။

ဖြေ။ ။ အခုဖြစ်စဥ်ဖြစ်လာတဲ့ အကြောင်းရင်းက CDM ပေါ်မှာအခြေခံတယ်၊ဝန်ထမ်းတွေရုံးပျက်တယ်၊ အဲ့ဒီအတွက်ဘဏ်အကုန်လုံးမဖွင့်နိုင်ဘူး၊မဖွင့်နိုင်တော့ ဖွင့်တဲ့ဘဏ်မှာ လူတွေ စုပြုံတိုးတယ်၊ဒါကအခြေခံပဲ။အဲ့ဒါပြီးသွားတော့ကျမှ လူတွေဘဏ် တွေမှာတိုးနေကြပါလားဆိုပြီး စိုးရိမ်တဲ့လူတွေကပါ ထပ်တိုးကြတယ်။

ထပ်တိုးတဲ့ အပေါ်နိုင်ငံရေးပယောဂပါလာပြီး မြှောက်ထိုးပင့်ကော်လုပ်ပြီးတော့ ပိုက်ဆံပေးပြီး တန်းစီတာရှိသလို မလိုအပ်ဘဲနဲ့ ငွေမထုတ်ဘဲ တန်းစီတဲ့သူတွေပါလာတယ်။အဲ့ဒါပထမအဆင့် ၊ ပြီးလည်းပြီးရော ဖေ့စ်ဘွတ်ခ်တွေမှာ ကြေညာတယ်။ အားလုံး ငွေပဲထုတ်ကြ။ ငွေတွေ ဝိုင်းထုတ်လိုက်ရင် ဒီဘဏ်တွေဒုက္ခရောက်သွားမယ်၊ ငွေတွေထုတ်ကြဆိုတဲ့ ကန်ပိန်းတွေဖြစ်သွားတယ်။ အဲ့ဒီပေါ်မှာမူတည်ပြီး လူတွေတိုးဝှေ့တဲ့ ဇာတ်လမ်းဖြစ်လာသလို ကုမ္ပဏီဆိုရင် သိန်း၂၀၀၊ တစ်ဦးချင်းဆိုရင်၂၀ ဆိုတဲ့ကိစ္စ ပေါ်လာတာဖြစ်ပါတယ်။

ဘီဘီစီ ။ ။ ဒုဥက္ကဋ္ဌ ပြောသလို CDM လုပ်တာကနေ ဒီအခြေအနေဖြစ်လာတယ်ဆိုတော့ တကယ်လို့များ ဘဏ်အားလုံး ပြန်ဖွင့်မယ်ဆိုရင်ကော ဗဟိုဘဏ်အနေနဲ့ ဘဏ်အားလုံးကိုထောက်ပံ့နိုင်တဲ့ ငွေကြေးပမာဏရှိပါသလား။

ဖြေ ။ ။ ဒါကတော့ ဗဟိုဘဏ်က ကိုယ့်ရဲ့ လိုအပ်တဲ့ငွေကြေးပမာဏာကို အချိန်အကန့်အသတ်နဲ့ပမာဏနဲ့ တွက်ချက် လုပ်ထားပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ပူစရာမရှိပါဘူး။ ဒါကြောင့်မို့လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာက ပြည်သူလူထုအပ်နှံငွေ ဆုံးရှုံးစရာအကြောင်းမရှိဘူးလို့ ပြောခဲ့တယ်။ ဥပဒေအကျိုးအကြောင်းအရလည်း ဘဏ်အပ်နှံငွေတွေ ဘယ်လိုအကြောင်းနဲ့မှ ဆုံးရှုံးစရာမရှိဘူး။ဒါက ဥပဒေကိုက ပြဋ္ဌာန်းထားတာ။

အဲ့လိုပဲ ဘဏ်ဆိုတဲ့သဘောက ပြဿနာတစ်ခုခု ဖန်တီးလာလို့ရှိရင်တော့ အပ်ထားတဲ့သူ တွေအကုန်လုံး ငွေထုတ်လို့မရဘူး။နိုင်ငံတကာမှာလည်း လူတစ်ရာအပ်ထားလို့ရှိရင် လူတစ်ရာလုံးက သူအပ်ထားတဲ့ငွေကို ထုတ်ပါမယ်ဆိုရင် federal reserve bank တောင်ထုတ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဘဏ်အပ်တဲ့ငွေက အပ်သလောက်ကို ဖန်ပေါင်းချောင်ထဲထည့်သိမ်းထားပြီးတော့ မီးခံသေတ္တာထဲထည့်သိမ်းပြီးတော့မှ သူတို့လာရင် ပြန်ထုတ်ပေးဖို့ထားတဲ့ safe box မဟုတ်ဘူး။

ဘဏ်ဆိုတာ အပ်ထားတဲ့ငွေတွေကို ယူပြီးတော့ လိုတဲ့လူကို ချေးတာပဲ၊၅၀ရာခိုင်နှူန်းက ၇၀ရာခိုင်နှူန်း ကြားပမာဏကို ချေးထားတယ်။ ချေးထားတဲ့ငွေကနေ ရလာတဲ့ အတိုးနှူန်းနဲ့ ငွေလာအပ်တဲ့သူကို ပေးတဲ့အတိုးနှူန်းကြားက ရတဲ့ အမြတ်ကိုဘဏ်က အမြတ်ယူတာပါ။ ဝန်ထမ်းလစာပေးတယ်။ပြီးရင် ငွေအပ်ထားတဲ့သူတွေကိုအတိုးပေးတယ်။ ဒီလို circulation လည်ပတ်မှုနဲ့ သွားနေတာ။ ဒီဘဏ်ကို ခုနတုန်းကပြောတဲ့ ပယောဂတွေကြောင့် ငွေတွေဝိုင်းထုတ်တဲ့အခါမှာတော့ ဘဏ်တွေမှာတန်းစီရမယ်။ ကန့်သတ်ချက်တွေ လုပ်ရမယ်ဆိုတာက ထုံးစံပဲ။ အဲ့ဒါဆိုရင် တစ်နိုင်ငံလုံးက ပိုက်ဆံထုတ်မယ့် သူတွေကို တစ်ပြိုင်နက်တည်းထုတ်ပေးမလားဆိုရင် မပေးနိုင်ဘူး။ ပေးစရာအကြောင်းလည်း မရှိဘူး။ မပေးလို့လည်းရတယ်။ အဲ့ဒီအတွက် သိန်းနှစ်ရာ၊သိန်းနှစ်ဆယ်ဆိုတာတွေ လုပ်ရတယ်။ ဘဏ်တစ်ခုဆိုတာ စည်းမဲ့ကမ်းမဲ့ လုပ်လို့မရဘူး။ ဒီဘဏ်စနစ်တစ်ခုကို ပျက်စီးအောင်လို့ လုပ်တယ်လို့ ယူဆလာပြီဆိုရင် ကန့်သတ်ချက်ကို လုပ်ပိုင်ခွင့်ရှိတယ်။အဲ့ဒီအတွက် ဗဟိုဘဏ်က ကန့်သတ်တာဖြစ်ပါတယ်။

ဘီဘီစီ။ ။ဒုဥက္ကဋ္ဌပြောတဲ့သဘောက ဘဏ်တွေမှာ ပြည်သူလူထုက ‌‌ငွေအပ်တယ်ဆိုရင် အဲ့ဒီအပ်တဲ့ငွေကို သူထုတ်မယ့် အချိန်မှာ ရချင်မှရမယ်ဆိုတဲ့သဘောလား။ ဘယ်လိုမျိုးပါလဲ။

ဖြေ။ ။ ပုံမှန်အခြေအနေဆိုရင် ကိုယ်အပ်တဲ့ငွေကို ကိုယ်ကြိုက်သလောက်ထုတ်လို့ရတယ်။ အခုမေးနေတဲ့ ဘီဘီစီက လူဟာလည်း ဘဏ်မှာငွေအပ်ဖူးမှာပါ။ ဘဏ်စာရင်းရှိမှာပါ။ အဲ့တော့ ကြိုက်တဲ့ အချိန်မှာ ထုတ်လို့ရခဲ့တာချည်းပါပဲ။ မရဘူးဆိုတာမရှိပါဘူး။ ခုနပြောတဲ့သဘောက လူတစ်ရာအပ်ထားရင် တစ်ပြိုင်နက် လူတစ်ရာလုံးက အကုန် ထုတ်ရင် မရဘူးဆိုတဲ့ သဘောတရားကို ရှင်းပြတာပါ။ မြန်မာနိုင်ငံမှာ ၂၆ ဘဏ်ရှိတယ်။ ဒီလူဦးရေကလည်း ဒီအတိုင်းပဲ။စီးပွားရေးကလည်း ဒီစီးပွားရေးပဲ။ အပ်တဲ့လူက လာအပ်တယ် ထုတ်တဲ့လူက ထုတ်တယ်။တစ်ချို့ဆိုရင် တစ်ဘီလျံ၊ နှစ်ဘီလျံ ကိုယ့်ငွေကိုယ်ထုတ်တယ်။ လိုတဲ့နေရာသုံးတယ်။ ပိုတဲ့လူကပြန်အပ်တယ်။ ဒီ circulation က သူ့ဟာသူသွားနေတာ။ အခုဟာက ပယောဂပါတဲ့အချိန်မှာ အကုန်ထုတ်မယ်ဆိုပြီး ပြဿနာဖြစ်လာတာ။ ပယောဂပါတဲ့ အခုလိုအချိန်မျိုးမှာ ကိုယ်အပ်ထားတဲ့ငွေကို ခုလိုအခြေနေမျိုး ဘဏ်စနစ်ကိုမလိုအပ်ဘဲ ထိခိုက်မှုမဖြစ်အောင် ထိန်းသိမ်းရတဲ့ အခါကျရင်တော့ ဒီလိုကန့်သတ်ချက်ရှိမယ်။အဲ့ဒီကန့်သတ်ချက် မရှိတော့ဘူးဆိုတဲ့ အချိန်ကျရင်တော့ အရင်အတိုင်း ကြိုက်တဲ့အချိန်အပ် ကြိုက်တဲ့အချိန်ထုတ် ဒါဘဏ်ရဲ့သဘောတရားပဲ။ ဘဏ်ကလည်း အလကားနေရင်းနဲ့ မင်းအပ် မင်းထုတ်လုပ်တာမဟုတ်ဘူး။ တွက်ထားတယ်။ဒီလူက time deposit ထားတယ် ၃နှစ်လား ၁နှစ်လား ၂နှစ်လား တွက်ထားတယ်။ ဒီလူက ၃နှစ်နေမှ ထုတ်မှာ ဒီလူက ၂နှစ်နေမှထုတ်မှာ အဲ့ငွေကဘယ်လောက်ဆိုတာ စီမံခန့်ခွဲထားတယ်။ အဲ့ဒီစီမံခန့်ခွဲမှုကို မှုတည်ပြီးတော့မှ အမြဲတန်း မထုတ်နိုင်မဲ့ အရေအတွက်နဲ့ လာထုတ်တဲ့သူတွေအရေအတွက်ကို တွက်ပြီးမှလုပ်တဲ့အတွက်ကြောင့် လာအပ်သမျှလူတွေ ကြိုက်တဲ့အချိန်ထုတ်လို့ရတယ်။ ဒါကဘဏ်ရဲ့ သဘောတရားပဲ။

ဘီဘီစီ ။ ။ ဒီအခြေအနေတော့ ဗဟိုဘဏ်အနေနဲ့ရှိတယ်။ ဘဏ်စည်းကမ်းအရလဲ ရှိတယ်ပေါ့။ဒါပေမဲ့ လောလောဆယ်မှာ ငွေအပ်ထားတဲ့သူတွေမှာလည်း စိုးရိမ်စိတ်တွေရှိကြတယ်။ စိုးရိမ်စိတ်တွေရှိလို့ ငွေထုတ်တဲ့ကိစ္စမှာ ကြိုးစားကြတာပေါ့။ တစ်ချို့ဘဏ်တွေဆိုရင် ဘဏ်တစ်မျိုးကို စနစ်တစ်မျိုးနဲ့ ငွေထုတ်ပေးနေတာတွေ့ရတယ်။ဥပမာ ဖုန်းဆယ်လုံးလောက်ပေးထားပြီး ဘွတ်ကင်ယူ တုံကင်တင်ပါ‌ပေါ့။ အဲ့ဆယ်လုံးကို ခေါ်လို့မရဘူး အခက်အခဲတွေဖြစ်တယ်။ တစ်ချို့ဘဏ်ကျပြန်တော့လည်း ည၁၂နာရီအချိန်မှာ အွန်လိုင်းတုံကင်ယူရတယ်။၁၂နာရီကျော်လို့ ငါးမိနစ် ဆယ်မိနစ်စွန်းရင်တောင် တုံကင်မရတော့တာမျိုးတွေဖြစ်ကုန်ကြတယ်။ အဲ့လိုအခြေအနေက လူထုကို ပုဂ္ဂလိကဘဏ်တွေအပေါ်မှာရော ဗဟိုဘဏ်တွေပေါ်မှာပါ လူထုက စိုးရိမ်စိတ်တွေတိုးပြီး ယုံကြည်မှုတွေပို မပျောက်စေဘူးလား။ အဲ့တော့ ဘဏ်တွေကို ဘယ်လိုထိန်းကျောင်းဖို့ရှိပါလဲ။

ဖြေ။ ။ မှန်ပါတယ်။ အခုပြောတဲ့အချက်တွေကို လက်ခံပါတယ်။ ပြည်သူလူထုဘက်က ဒါက အဆင်မပြေဘူး စိတ်ပူစရာဖြစ်တာပေါ့။ နံပါတ်တစ်ချက် ဗဟိုဘဏ်က အခုတာဝန်ရှိတဲ့သူတွေ ထွက်ပြောတယ်ဆိုတာက အစိုးရကိုဘက်ဂရောင်းထားပြီး ဗဟိုဘဏ်ကပြောတာက အပ်ထားတဲ့ငွေတွေ လုံးဝဆုံးရှုံးစရာမရှိဘူးဆို လုံးဝသေချာပေါက်ပြောတာပါ။ အဲ့ဒါတွေကို ပက်ဘလစ်က မယုံဘဲနဲ့ သွားထုတ်နေမယ်ဆိုရင်တော့လည်း အဲ့ဒုက္ခကို ကိုယ့်ဟာကို ခံရတဲ့သဘောလို့ ပြောရမှာပေါ့။ တကယ်လိုလို့ သွားထုတ်တဲ့လူလား သပ်သပ်လုပ်တဲ့လူလား ခွဲခြားရခက်တယ်။အဲ့တော့ CDM လုပ်တဲ့အချိန်မှာ ဘီလျံနဲ့ချီရှိတဲ့ငွေတွေကို ထုတ်ပြီး ဒီလူတွေကိုထောက်ပံ့ခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်လာတဲ့ အတွက်ကြောင့် ဒီကိစ္စကို ဟန့်တားလိုက်ရတာလေ။ အဲ့တော့ တစ်ဦးတစ်ယောက်ချင်းတော့ ဒုက္ခရောက်မယ်။ ဘဏ်စနစ်ကြီး တစ်ခုမပျက်စီးဖို့ အတွက် လုပ်တဲ့အတွက်ကြောင့် အခုလို အခက်အခဲ ပြဿနာတွေရှိပါလိမ့်မယ်။ရှိတာကို အနည်းဆုံးလျော့ပါးအောင်လုပ်နေပြီ။ ဥပမာ အစောပိုင်းက အင်တာနက်ကွန်နက်ရှင်တွေ ပြတ်တောက်သွားတယ်။ အင်တာနက်ကွန်နက်ရှင်တွေ ကောင်းနေရင် ဘဏ်ကိုသွားစရာမလိုဘူး။ ဘွတ်ကင်ကလည်း ဖုန်းနဲ့လုပ်ရုံဘဲ။ မိုဘိုင်းဘဏ်စနစ်တွေ ရှိတယ်။ကေဘီဇက်ပေး စီဘီပေး မိုင်တဲလ် ဝေ့ဗ်မန်းနီး စသည်ဖြင့် အဲ့ဒီဟာတွေကနေ ထုတ်လို့ရနေတဲ့အချိန် အကြောင်းအမျိုးမျိုးနဲ့ အင်တာနက်ကွန်နရှင် ယာယီပြတ်တောက်သွားတယ်။ အဲ့ဒါတွေလည်း ဆက်စပ်သွားတာပေါ့။ လူထုအားလုံး ကိုပြောချင်တာက ပြတ်တောက်သွားတဲ့ Digital banking, Mobile Banking အားလုံးပြန်ရနေပြီ။ ဒါကတန်းစီရတာကို လျော့သွားအောင်လုပ်တာပါ။ အဲ့ဒါပထမအချက်။

ဒုတိယအချက်က ဘဏ်တွေရဲ့ အားနည်းချက်ရှိတာကိုလက်ခံတယ်။ဘဏ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုညံ့ဖျင်းတာလည်း သိတယ်။ ပူးပေါင်းဆောင်ရွက်မှု ညံ့ဖျင်းတဲ့ဘဏ်တွေ လိုအပ်တာမလုပ်တဲ့ ဘဏ်တွေကို မနေ့က ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဘဏ်အားလုံးကို အစည်းအဝေးခေါ်ပြီး လူထုယုံကြည်လာအောင် လုပ်နေတဲ့အပေါ် service ဝန်ဆောင်မှုတွေ ဆက်သွယ်မှုတွေ ကောင်းအောင် လုပ်ဖို့ပြောနေတယ်။ ကျွန်တော်တို့ဘက်က အခက်အခဲကတော့ အခုအချိန်ထိ ဝန်ထမ်းက အပြည့်အစုံမရှိသေးဘူး။ အဲ့ဒီအပေါ်မူတည်ပြီး ရှိတဲ့ဝန်ထမ်းတွေနဲ့ လုပ်တဲ့အခါ အနည်းငယ်အခက်အခဲ ရှိတတ်ပါတယ်။ သို့သော် နဂို အခက်အခဲတွေဖြစ်တဲ့ မေးမြန်းတဲ့အချက်တွေမှာပါတဲ့ ဟာတွေကို အရင်တုန်းကအခြေအနေထက် အများကြီးလျော့ပါးအောင် အရင်တုန်းကထက် ပိုချောမွေ့အောင် လူထုယုံကြည်မှုကို ပြန်ရဖို့ တည်ဆောက် ဖို့ အတွက်လုပ်နေပါတယ်။ လုပ်တဲ့အချိန်မှာ အဓိကကတော့အပ်ထားတဲ့ငွေတွေ မဆုံးရှုံးဘူးဆိုတာ ယုံကြည်ဖို့လိုပါတယ်။ အဲ့ဒါအဓိကအချက်ပါပဲ။

မေး။ ။ ဘဏ်တွေဘက်ကပြောတယ်။ အပ်ငွေတွေရဲ့ reserve money ကို ဗဟိုဘဏ်မှာထားတယ်ပေါ့။ ဗဟိုဘဏ်က အကန့်အသတ်နဲ့ ထုတ်ပေးနေလို့ သူတို့ကလည်းအကန့်အသတ်နဲ့ ထုတ်ပေးနေရတယ်ပေါ့။ ဗဟိုဘဏ်က ၅သိန်းသတ်မှတ်ရင်တောင် သူတို့က၂သိန်းတို့ ၃သိန်းတို့ထုတ်ပေးတဲ့အနေအထားရှိတယ်။ ဆိုတော့ အခု ဒုဥက္ကဋ္ဌက ဗဟိုဘဏ်က လုံးဝအာမခံတယ်လို့ပြောနေတာဆိုတော့ အပြန်အလှန်တစ်ဖက်နဲ့တစ်ဖက် ပြောနေသလိုဖြစ်နေတော့ ဗဟိုဘဏ်က ဘဏ်တွေကို reserve moneyတွေ ပြန်ထုတ်ပေးတဲ့အခါမှာ အကန့်အသတ်နဲ့ ပြန်ထုတ်ပေးတာမျိုးရှိနေပါသလား။

ဖြေ။ ။ ထိုက်သင့်တဲ့ ကန့်သတ်မှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘဏ်တွေက စည်းကမ်းတကျနဲ့မလုပ်ဘဲ သတ်မှတ်ချက်ကိုကျော်လွန်ပြီးတော့ ထုတ်ပေးနေတဲ့ ဘဏ်တွေရှိတယ်။ အဲ့ဒီဘဏ်တွေကို အရေးယူဖို့လုပ်နေပါတယ်။ သိန်းနှစ်ရာလောက်ပဲထုတ်နေရတဲ့ လူထုရဲ့ မျက်နှာကို မထောက်ပဲနဲ့ နှစ်ထောင် သုံးထောင်ထုတ်ပေးနေတဲ့ ဘဏ်တွေရှိတယ်။ ဒါအမှန်ပဲ။ အဲ့ဘဏ်တွေ ကျွန်တော်တို့ အခုအရေးယူဖို့ လုပ်နေပါတယ်။ ကျွန်တော်တို့မှာ အဲ့ဒီ ပြဿနာပါ။ ဘဏ်တွေကိုယ်တိုင်က ကိုယ်ကျိုးစီးပွားရေးကို မကြည့်ဖို့ နိုင်ငံအကျိုးစီးပွားကိုကြည့်ဖို့ တိုက်တွန်းထားတယ်။ မနေ့ကအစည်းအဝေးက အဓိက အဲ့ဒါကိုခေါ်ပြောတာဖြစ်တယ်။ ကျွန်တော်တို့ဘက် ချို့ယွင်းချက် လိုချက်တွေဟာအခြေအနေအကြောင်းကြောင်းကြောင့် ဖြစ်တယ်ဆိုတာ လူထုကလည်း နားလည်ပေးဖို့တောင်းပန်လိုပါတယ်။ အစိုးရဘက်ကကော ဗဟိုဘဏ်ဘက်ကကော အကောင်းဆုံးဖြစ်အောင်လုပ်ပါမယ်။ တစ်ခုပြောချင်တာက ယုံကြည်မှုကိုပျက်စေတဲ့ အကြောင်းတရားတွေကို မူတည်ပြီးတော့ အဲ့လိုဝိုင်းလုပ်မှသာ ဘဏ်စနစ်တို့ ငွေရေးကြေးရေးစနစ်တို့ ပျက်စီးသွားမှာဖြစ်ပါတယ်။ ဟိုနေ့က ဖေ့စ်ဘွတ်ခ်မှာတွေ့ပါတယ်။ ကိုယ့်ငွေကိုယ်ထုတ်တာ ဘာလို့ထုတ်လို့မရရမှာလဲ။ ပြည်သူငွေထုတ်လို့ ဘဏ်ပြိုကွဲသွားမယ်။ဒါကအဓိပ္ပါယ်မရှိဘူးလို့ ပြောတယ်။ ရိုးရိုးလေးပဲ စဥ်းစားပါ။ ဘဏ်ရဲ့သဘောတရားက လူတစ်ရာငွေအပ်ထားတာ တစ်ရာလုံးကရအောင်ထုတ်ရင်တော့ အဲ့ဒီဘဏ်မှာပေးစရာမရှိရင် ပြဿနာဖြစ်မှာပဲ။

အဲတော့ မလိုအပ်ဘဲ ‌‌ငွေထုတ်တဲ့ကိစ္စက ပျက်စီးအောင်လုပ်တာပဲ။ ငါ့ပိုက်ဆံ ငါထုတ်တာပဲဆိုတဲ့ အတွေးအခေါ်အစား ဝိုင်းဝန်းဆောင်ရွက်စေချင်တာပါ။ ဒီအပေါ်မှာတော့ ခြုံပြောတာပါ။ negative အဆိုးမြင်သမားနဲ့ positive အကောင်းမြင်သမားဆိုတာရှိပါတယ်။ အခု ကျွန်တော်ပြောတာက negativeသမားကိုပြောတာပါ။ positive အခု လုပ်တာရှိတယ်။ မေလ ၃ ရက်နေ့ကစပြီး အကောင့် အပ်လာတာ ဘီလျံဆယ်ဂဏန်းပဲ။ တစ်ရက်ထဲမှာ နှစ်ဆယ် သုံးဆယ် လာအပ်လာတယ်။ ရှေ့လာမယ့်အပတ်မှာ ဝင်လာလိမ့်မယ်လို့ ထင်တယ်။ဘာကြောင့်လဲဆိုတော့ သူတို့က သိန်းနှစ်ရာကန့်သတ်ချက်နဲ့ ထုတ်မရမှာစိုးလို့ မအပ်တာ။ ဒီလူတွေကိုနားလည်အောင်ပြောရတယ်။ အဲ့အတွက် သူတို့ကို စာရင်းအသစ်ဖွင့်ပါလို့ပြောပြီး အပ်ခိုင်းတယ်။ အပ်ခိုင်းတဲ့အတွက်ကြောင့် ဘဏ်ဆိုတဲ့သဘောက ဘယ်တုန်းကမှာ သူတို့အပ်ထားတဲ့ငွေကို ဗဟိုဘဏ်ကို လာထုတ်တယ်ဆိုတာမရှိဘူး။ သူအပ်တဲ့ငွေ သူထုတ်တဲ့ငွေကို လည်ပတ်ရတာ ဘဏ်စီးပွားရေးလုပ်ငန်းရဲ့ Basic principle အခြေခံသဘောထားပဲ။ Basic Principle အောက်ပြီးတော့ သူတို့ကိုယ်တိုင်က ကြိုးစားအားထုတ်မှုမရှိဘူး။ ကိုယ့် customerမှာကို ယုံကြည်မှုမလုပ်ဘူး၊ အဲ့ဒီငွေကိုရအောင် မတောင်းခံဘူးဆိုတဲ့ အားနည်းချက်တွေ ကိုယ့်ကိုယ်ကိုယ် အားထုတ်အောင်လို့ ဗဟိုဘဏ်ကတောင်းသလောက်မပေးဘူး။အဲ့ဒါအမှန်ပဲ။နိုင်ငံရေးအခြေအနေအရ ကျွန်တော်တို့ဘက် ချို့ယွင်းမှုတွေရှိပါတယ်။ ဘဏ်တွေရဲ့ ကျွန်တော်တို့ဘက်က ကြပ်မတ်မှုတွေအားနည်းပါတယ်။ ဝန်ထမ်းအားနည်းမှုလည်း ကျွန်တော်တို့ဘက်မှာရှိပါတယ်။အဲ့အတွက် ကျွန်တော်တို့ အစွမ်းကုန်လုပ်နေတယ်။ အခုတစ်ဖြည်းဖြည်းနဲ့ အများကြီး ပုံမှန်အခြေနေရောက်လာပါပြီ။ ပုံမှန်အခြေအနေကနေ very quick response နဲ့ Healthy Economy သွားဖို့ဟာ အလကားနေအိမ်ထဲထားပြီးတော့ စိတ်လည်းမချဘူး။မီးခံသေတ္တာလည်းမဆန့်ဘူး။ ကုတင်အောက်မှာ ဆာလာအိတ်နဲ့ ထည့်ထားတယ်ဆိုရင် လုံခြုံမှုလည်း ဘဏ်စနစ်ကိုလည်းကျောခိုင်းရာ ရောက်တယ်။တစ်ခုခုဖြစ်သွားရင် သူ့အတွက်လည်းမသေချာဘူး။ ကျွန်တော်က အဲ့လူတွေကို ငွေထည့်ခိုင်းတယ်။ အဲလိုငွေထည့် ဘဏ်စနစ်က သူ့ဟာသူလည်ပတ်သွားမှာပေါ့။ လိုတဲ့လူကသွားထုတ် ပိုတဲ့သူကအပ်ပေါ့။ လိုအပ်တဲ့သူကထုတ်ပြီး ပိုတဲ့သူကအပ်တဲ့ Banking circulation ဘဏ်ငွေကြေး လည်ပတ်မှု ၊ Banking Business ဘဏ်စီးပွားရေးစနစ်ကို ပြန်လည်ပတ်စေချင်လို့ အခုလိုက်ကြပ်မတ်နေတာဖြစ်ပါတယ်။

ဘီဘီစီ ။ ။ CDM ကြောင့် ငွေတွေကို ဗဟိုဘဏ်က ကန့်သတ်တယ်ဆိုတာခုနတုန်းက ပြောသွားတာရှိတယ်။ CDM တွေကို ထောက်ပံ့တယ်လို့ ဗဟိုဘဏ်အနေနဲ့ ယူဆလို့ အဲလိုကန့်သတ်မှုတွေလုပ်တာလား။

ဖြေ။ ။ ယူဆတာမဟုတ်ဘူး။ အခြေခံအချက်အလက်တွေ၊အရေးယူဆောင်ရွက်မှုတွေနဲ့ ဘဏ်တွေမှာထုတ်သွားတဲ့ ငွေပမာဏကိုကြည့်ပြီးတော့ ကန့်သတ်တာဖြစ်ပါတယ်။ဗဟိုဘဏ်အနေနဲ့ ထင်ကြေးနဲ့လုပ်တာ မဟုတ်ပါဘူး။နိုင်ငံတော်အဆင့် အဖွဲ့အစည်းဖြစ်တာကြောင့် အချက်အလက် ကိန်းဂဏန်း ဒေတာတွေနဲ့ လုပ်တာဖြစ်ပါတယ်။ ဘယ်ဘဏ်တစ်ခုနေ့တိုင်း ဘယ်လောက်ထုတ်တယ်ဆိုတာ Daily Report ရှိတယ်။ Daily Reportအရ Financial Sector ကို အနှောင့်အယှက်အဟန့်အတားဖြစ်မယ့် အခြေအနေမျိုးဖန်တီးလို့ ကန့်သတ်တာဖြစ်ပါတယ်။

မေး။ ။ ပထမပိုင်းကတော့ CDM လုပ်တဲ့အတွက် CDM ကနေတစ်ဆင့် ဘဏ်တွေကနေ ပိတ်တယ်။ ပိတ်တော့ ငွေကြေးအပေါ်မယုံကြည်မှုကနေ ဒီလိုပြဿနာမျိုးဖြစ်လာတယ်ပေါ့နော်။ ATM တွေကို ကော အရင်လိုငွေတွေဖြည့်ပေးရင် မရဘူးလား။

ဖြေ။ ။ ATM ကို ဖြည့်ပေးလို့လည်း တန်းစီထုတ်တဲ့လူတွေ ရှိတာပေါ့။

ဘီဘီစီ။ ။ အရင်တုန်းကဆို ကျွန်မလက်ထဲမှာ ငွေငါးထောင်ထဲရှိတယ် ဆိုရင်တောင် ပြေးပြီးသွားမထုတ်ဘူး။ လမ်းကြုံမှထုတ်မယ်ပေါ့။ အဲ့လောက်ထိဘဏ်တွေကို လူထုကယုံကြည်ခဲ့သလို ကျွန်မတို့ကိုယ်တိုင်လည်း ယုံကြည်ခဲ့တယ်။ ကြိုက်တဲ့ ATM ကို ကြိုက်တဲ့အကြိမ်ထုတ်လို့ရတယ်ဆိုတဲ့ အခြေအနေကနေ အခုတော့ဒီATM မှာ ဘဲပိုက်ဆံရမယ် ဟို ATM မှာ မရတော့ဘူးဆိုတာမျိုး သိန်းရှစ်ရာထည့်တဲ့စက်ကို သိန်းသုံးရာပဲထည့်တော့တယ်ဆိုတာမျိုးတွေ လူထုကလဲ ကြားတယ်။သူတို့ကိုယ်တိုင်က လူထုကို ကြေငြာတယ်ဆိုတော့ ဘဏ်ပေါ်မှာမယုံကြည်တာကနေ ဗဟိုဘဏ်ထိသက်ရောက်သွားပြီ။ ATM တွေမှာ ငွေတွေကို ပြန်ထည့်ဖို့နဲ့ လည်ပတ်မှု ပုံမှန်ပြန်ဖြစ်ဖို့ကိုလည်း ဘယ်လိုလုပ်ဖို့ရှိပါသလဲ။

ဖြေ။ ။ အဲ့ဒါအတွက်လည်း စီစဥ်ဆောင်ရွက်နေပါတယ်။ ATM စက်တန်းစီရတာနဲ့ ဘဏ်တန်းစီရတာတူတူပါပဲ။ တန်းစီတဲ့အခါမှာ နေရာလုပြီး နေရာရောင်းပြီး တန်းစီတာတွေရှိပါတယ်။ နောက်တစ်ခါ အလီလီပေါ့နော် ကဒ်တွေအားလုံးကို တစ်ယောက်တစ်လှည့် ထုတ်မယ်ဆိုပြီးတော့ ခုနပြောတဲ့ မလိုဘဲနဲ့ ATM ထုတ်လို့မရအောင် အနှောင့်အယှက်တွေရှိပါတယ်။ မည်သို့ပင်ဆိုစေ ခုနမေးတဲ့ မေးခွန်းအပေါ်မှာ အဆင်ပြေအောင်ဆောင်ရွက်ဖို့ စီစဥ်ထားပါတယ်။

ဘီဘီစီ။ ။ ကျွန်မဆက်ပြီးမေးချင်တာက ငွေကြေးက ဘဏ်တွေကသာ ငွေထုတ်လို့မရတာ။ ပြင်ပစျေးကွက်မှာတော့ ငွေတစ်သိန်း ဘယ်လောက်ရာခိုင်နှူန်း၊။ အရင်တုန်းကဆို ၄ရာခိုင်နှူန်း၊အခုဆို၅ရာခိုင်နှူန်းကနေ ၆.၅ထိတောင်ဖြစ်လာတယ်။ လူထုကငွေကို အသည်းအသန်လိုချင်တော့ လိုက်လဲနေတဲ့အခါမှာ ဒီလိုစျေးကွက်ကြီးက ဖြစ်လာတဲ့ အခါကျတော့ အဲ့ဒီစျေးကွက်ကို ထိန်းချုပ်ပြီး ဘဏ်စနစ်ကိုပိုကောင်းလာအောင်လုပ်ဖို့ ဗဟိုဘဏ်မှာဘယ်လို အစီအစဥ်တွေရှိပါသလဲ။

ဖြေ။ ။ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး ဒီလူတွေကို အရေးယူဖို့လုပ်နေပါတယ်။ စာရင်းလည်းကျွန်တော်တို့မှာရှိနေပါတယ်။ သို့သော် တိုင်းပြည်တစ်ခုမှာ စနစ်တစ်ခု ကူးပြောင်းတဲ့အခါမှာ လူထုက မလိုအပ်တဲ့ပယောဂတွေကြောင့် အစိုးရပေါ်မှာ နည်းပေါင်းစုံနဲ့ တိုက်ခိုက်မှုတွေလုပ်တယ်။ မီဒီယာတွေမှာလည်း အစိုးရကို ဝန်ထမ်းတွေကို လုပ်နေတဲ့အချိန်မှာလည်း မလိုအပ်ဘဲ ပြည်သူလူထုကို အရေးယူတဲ့ အစီမစဥ်မလုပ်ချင်လို့ ဒီကိစ္စတွေကိုလွှတ်ထားပြီး သာမန်သတိပေးနေတာဖြစ်ပါတယ်။ သာမန်သတိပေးနေရာကနေပြီး အခုတော့ ဒါကိုအလေးမမှုတဲ့အတွက်ကြောင့် ကျွန်တော်တို့ အရေးယူပါမယ်။ ရှေ့အပတ်ထဲက စမယ်။ ကျွန်တော့်တို့မှာ စာရင်းရှိပြီးသားပါ။ လက်ဝယ်မှာ ငွေသားတွေအများကြီး ပိုက်ထားပြီးတော့ လုပ်နေတဲ့သူတွေဟာ ဒါလုပ်နေတဲ့သူတွေပဲ။သူ့တို့ ရင်ဆိုင်ရမယ့်အမှုက ကြီးပါတယ်။ ဥပဒေနဲ့ မညီဘဲနဲ့ ဒီငွေကို ရာခိုင်နှူန်းနဲ့ ရောင်းစားတာတစ်မှု၊ ဘဏ်စနစ်ကို ယုံကြည်ပျက်ယွင်းအောင်လုပ်ပြီး နိုင်ငံတော်စီးပွားရေးကို ထိခိုက်ပျက်စီးအောင် လုပ်တဲ့အမှု၊အမှု တော်တော်ကြီးပါတယ်။တစ်ချို့ကလည်း ကြီးမှန်းမသိဘူး။ ကျွန်တော့်မှာရှိတဲ့ သိန်းတစ်သောင်းကို သွားအပ်မယ်။ အပ်ရင် အရင်ကန့်သတ်ချက်အရ တစ်ခါထုတ်ရင် သိန်း နှစ်ရာပဲ ထုတ်လို့ရပါတယ်။အဲ့တော့ သူကမအပ်ဘဲ သိမ်းထားမိတယ်။သိမ်းထားမိတော့ နောက်တစ်ယောက်က ပိုက်ဆံလိုတယ် သူကပဲ နှစ်ရာပဲ ထုတ်လို့ရတယ်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အကူအညီတောင်းတော့ ငါ့အကောင့်ထဲကို တစ်ထောင်ထည့်လိုက်ပါ။အပြင်မှာ သူ့ကိုသိန်းတစ်ထောင်ပေးလိုက်တယ်။ ဒါပေမဲ့ နောက်တစ်ဆင့်တက်လာတာကတော့ ရာခိုင်နှူန်းပေးပါဖြစ်သွားတာ။ အဲ့ဒါကို ကျွန်တော်ကနားလည်တယ်။ ကျွန်တော်တို့ဘက်က သိန်းနှစ်ရာခန့် သတ်ချက်ပေါ်မူတည်ပြီး သူဖြစ်သွားတာဆိုပြီးတော့ ဒါကိုကျွန်တော်တို့က အ‌ရေးမယူသေးဘူး။ အခုကျွန်တော်တို့က စာရင်းသစ်ဖွင့်ခွင့်ပေးလိုက်ပြီ။ ကျွန်တော်တို့ပိုက်ဆံအများကြီး သွားထည့်ပြီး နှစ်ရာပဲရမှာမို့လို့ ဒီလိုအိမ်မှာသိမ်းပြီးလုပ်လိုက်တာပါဆိုတဲ့ complain ကို လုံးဝလက်မခံဘူး။ အိမ်မှာ အထုပ်အထည်လိုက်ထားတာနဲ့ကိုပဲ နိုင်ငံတော်စီးပွားရေးတည်ငြီမ်မှုကို ပျက်စီးအောင်လုပ်တဲ့ အမှုနဲ့ညှိပြီ။ အဲ့ဒါကြောင့် အခုအကောင့်သစ် ၃ရက်နေ့က ဖွင့်ပေးလိုက်ပြီ။အကောင့်ဟောင်းထဲမှာလည်း ထည့်လို့ရတယ်။ ချက်ခြင်းမလုပ်ဘူး။ တစ်ပတ်စောင့်တယ်။အခုမေးတဲ့ မေးခွန်းနဲ့ အတော်ပါပဲ လာမယ့်သီတင်းပတ်ထဲမှာ ငွေတွေလာအပ်ကြမယ်လို့ ယုံကြည်မျှော်လင့် တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နဲ့တူတူ ပူးပေါင်းမယ်လို့ ယုံကြည်လို့။ မပူးပေါင်းရင် ဥပဒေအရ အရေးယူခံရမယ်။

ဘီဘီစီ။ ။အရေးယူဖို့ဆိုပေမဲ့လည်း လူထုကလဲ လတ်တလော ကိုယ့်လက်ထဲ ငွေရောက်ဖို့အရေးကြီးနေတဲ့ကိစ္စတွေရှိနေတဲ့အတွက် ပြေလည်အောင်လုပ်ဖို့ အရေးယူတာတင်မဟုတ်ဘဲ ဘဏ်စနစ်ကို ကောင်းအောင်လုပ်ပေးဖို့ အ‌ရေးကြီးတယ်လို့ ထင်တယ်။

ဖြေ။ ။ စနစ်ကိုလဲ ကောင်းအောင်လုပ်မယ်။ တစ်ချိန်တည်းမှာလဲ အရေးယူမှုကိုလဲ တူတူလုပ်မှာ။ ရှေ့မှာမေးတဲ့ မေးခွန်းတွေမှာ ဗဟိုဘဏ်ဘာလုပ်နေလဲဆိုတာတွေမေးတာရှိတော့ တစ်ချို့ကိစ္စတွေက ကိုယ့်ကိစ္စကိုယ်လုပ်နေတယ်။ လုပ်နေတဲ့အပိုင်းတွေမှာ လူထုဝင်ဆောင်မှုအခက်အခဲတွေ ပြေလည်အောင်၊ ATM တွေမှာ ငွေမပြတ်အောင်လုပ်နေတယ်။ အဲ့ဒီအချိန် မှာ ငွေမလိုဘဲနဲ့ ATM တွေမှာ တန်းစီနေတဲ့သူတွေ ပျောက်အောင်၊ ဘဏ်စနစ် ပုံမှန်လုပ်ငန်းစဥ်အရ ဘဏ်ကိုအပ်ရမယ့်ဟာကို မအပ်ဘဲနဲ့ ကိုယ့်လက်ထဲမှာထားပြီး စီးပွားရေးလုပ်တဲ့သူ‌တွေ ပပျောက်အောင် အားလုံး တစ်ပြိုင်နက်တည်းလုပ်မှာပါ။ တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီလုပ်သွားမှာပါ။

ဘီဘီစီ။ ။ အကောင့်သစ်ဖွင့်တဲ့ ကိစ္စပေါ့နော်။အကောင့်သစ်ဖွင့်ရင် အတိုးနှုန်းပိုပေးပြီး ဆွဲဆောင်တာတွေလည်းရှိတယ်။အဲဒီအချိန်မှာ လူထုက တစ်ဖက်ကနေပြန်စဥ်းစားတာကဗဟိုဘဏ်မှာငွေကြေးလုံလောက်မှုမရှိလို့ တစ်ဖက်ကနေ အကောင့်အသစ်တွေဖွင့်ပြီး ‌‌ငွေတွေပြန်အပ်အောင်လုပ်တာလားဆိုတဲ့ ဒွိဟဖြစ်မှုတွေဖြစ်လာပြန်တယ်။ အဲ့ဒီပေါ်မှာရော အာမခံချက်တွေဘယ်လိုပေးနိုင်လဲ။ အာမခံချက်နိုင်မယ့် အချက်တွေကဘာတွေလဲ။ ဘာအစီအစဥ်တွေလုပ်ထားလဲ။

ဖြေ။ ။ အာမခံဆိုတာ သက်ဆိုင်ရာဘဏ်တွေက ဗဟိုဘဏ်ကိုလွှဲချချင်ရင် သူတို့ပိုက်ဆံတွေဗဟိုဘဏ်မှာရှိတယ်ပြောတယ်။ အဲ့ဒီအတွက်ပြည်သူလူထုက ငွေအပ်ထားတာကို သူများကိုပြန်ချေးတာရှိတယ်။ ပြန်ချေးထားတဲ့ ပိုင်ဆိုင်မှုတွေ အက်ဆက်တွေကလည်းလက်ထဲမှာရှိတယ်။ ငွေတွေ ပစ္စည်းတွေကရှိပြီးသား။ ဘဏ်တွေရဲ့ တာဝန်က ဥပဒေမှာကိုက အပ်နှံထားတဲ့သူတွေကို ပြန်လည်ပေးအပ်ရမယ်ဆိုတာ ဥပဒေမှာရှိပြီးသား။ ဥပဒေအရ ဘဏ်တွေ Balance ကဗဟိုဘဏ်မှာရှိတယ်။ အဲ့ဒီ Balance အရဘဏ်တွေက တစ်ဖက်ကိုထုတ်ချေးထားတယ်။ အဲ့ဒီလူတွေပေးထားတဲ့ အက်ဆက်တွေ အာမခံတွေအရကောငွေတွေရော ပစ္စည်းတွေပါရှိတဲ့အတွက် ဘာမှဆုံးရှုံးစရာမရှိဘူး။ သို့သော် စီးပွား‌‌ရေး စနစ်တစ်ခုတိုက်ခိုက်တာမျိုးဖြစ်လာရင်တော့ ကိုယ့်ငွေကိုယ်ပြန်ထုတ်ဖို့ တစ်လုံးတစ်ခဲတည်းမရနိုင်ဘူး။ အလီလီဖြစ်သွားနိုင်တယ်။ သူတို့စိုးရိမ်သလို ဘဏ်စနစ်ကြီးတစ်ခုခုဖြစ်သွားခဲ့ရင်ပေါ့။ ဖြစ်သွားခဲ့ရင် မဆုံးဆုံးဘူး။ အလီလီပဲပြန်ရမယ်။ တစ်လနဲ့ရမယ့်ဟာကို ၆လကြာရင်ကြာသွားနိုင်တယ်။ ဘဏ်ရဲ့သဘောသဘာဝ စနစ်ကိုကွပ်ကဲတဲ့ ဗဟိုဘဏ်က ဘဏ်အပ်ထားတဲ့ငွေတွေဆုံးရှုံးစရာမရှိဘူးလို့ ပြောတာကြောင့် အလကားနေရင် ဆုံးရှုံးသွားစရာအကြောင်းမရှိဘူး။နားမလည်တဲ့သူတွေက မျိုးစုံဝေဖန်တယ်။သမိုင်းကိုပြန်ကြည့်လိုက် အာရှဓနဘဏ်တို့ ဘာတို့ပျက်တယ်။ ဘဏ်တွေ ရုပ်သိမ်းလိုက်တယ်။ အမှုဖြစ်တယ် ဘဏ်တွေ ပိတ်သွားတယ်။ ဆုံရှုံးသွားတဲ့လူ‌ ဘယ်သူရှိလဲ။ ကိုယ့်ငွေ အရစ်ကျပြန်ရတာလွဲလို့ ဆုံးရှုံးသွားတာမရှိဘူး။ အဲ့လို ဘဏ်ပျက်သွားလောက်အောင် ဆိုးစရာမရှိဘူးလို့ပြောတာ။ ဘဏ်ကလည်း ပျက်စရာရှိဘူး။

ဘီဘီစီ။ ။အခုဆို ဒေါ်လာလဲလှယ်နှုန်းက အရမ်းမြင့်တက်နေပြီးတော့ မြန်မာကျပ်ငွေတန်ဖိုးကျနေတယ်။ပြီးတော့‌ရွှေစျေးက စံချိန်တင်မြင့်တက်နေပြီး လောင်စာဆီးစျေးနှုန်းတွေကမြင့်တက်နေတယ်ဆိုတော့။ ကျပ်ငွေတန်ဖိုးကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုတွေကို ဘယ်လိုထိန်းချုပ်ဖို့ရှိပါသလဲ။

ဒေါ်လာစျေးတက်နေတယ်ဆိုတာမှာ လူတွေအော်နေတာ နှစ်ပိုင်းရှိတယ်။ ဒေါ်လာစျေးတက်နေတာ inflation မဆိုင်ဘူး။ အီကော်နော်မီနဲ့လည်း indirect တစ်ဆင့်ပတ်သက်တယ်။တိုက်ရိုက်မပတ်သက်ဘူး။ အခုတက်နေတဲ့စျေးက ရွက်စိမ်းလို့ ခေါ်တဲ့ cash ငွေသားစျေး ပေါ့။ အရွက်စျေးဖြစ်ပါတယ်၊ တစ်ထောင့်ခြောက်ရာ ဖြစ်သွားတာ။ ဗဟိုဘဏ်ကသတ်မှတ်ထားတဲ့ အင်ပို့ အိတ်စ်ပိုလုပ်နေတဲ့ စျေးက ၁၅၆၀ ပဲရှိပါတယ်။သွင်းကုန် ထုတ်ကုန်လုပ်နေတဲ့စျေးက အရင်ပုံစံအတိုင်း အရမ်းတက်တာ မရှိပါဘူး။ဒီ မေးခွန်းလေးကိုဖြေရတာကောင်းပါတယ်။ဘာလို့လဲဆိုတော့ ခုနပြောတဲ့သူတွေက ငွေမအပ်ဘဲ ဒေါ်လာတွေဝယ်တယ်။ ကိုယ့်ငွေကိုယ်အပ်ထားပြီး ပြမရမှာစိုးလို့ အိမ်မှာ သိမ်းတယ်။ဒေါ်လာသိမ်းရတာနဲ့ ကျပ်သိမ်းရတာ ဒေါ်လာသိမ်းရတယ်လွယ်တယ်ဆိုပြီး ဒေါ်လာတွေဝယ်တယ်။ဝယ်လိုအားများ‌တော့ စျေးတက်တာပေါ့။နိုင်ငံမှာ ယူအက်စ်ဒေါ်လာ တစ်သောင်းအထိပဲ ကိုင်ခွင့်ရှိတယ်။ နိုင်ငံခြားသုံးငွေစီမံဥပဒေအရ အရေးယူတဲ့ထဲပါသွားဦးမှာ။ ကျွန်တော်တို့ အဲ့ဒါတွေမလုပ်ဘူး။ ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ကြဖို့ပဲပြောနေတာ။ကျွန်တော်တို့က ဒေါ်လာရောင်းပေးတယ်။ တစ်ခါ‌ရောင်းရင် ဒေါ်လာ ၆ သန်း ၁၀ သန်းစသည်ဖြင့်။ အခုစျေးတက်နေတဲ့ အမေရိကန်ဒေါ်လာက cashပါ။ ကျွန်တော်တို့ ကုန်သွယ်ရေးလုပ်နေတဲ့ အကောင့်ထရန်စဖာနဲ့ ဟွန်ဒီတို့နဲ့ လုပ်နေတဲ့စျေး ၁၅၆၀ ပါ။

ဘီဘီစီ ။ ။လိုအပ်ချက်အရ ငွေတွေထုတ်ရိုက်နေတယ်ဆိုပြီး ပြောကြတဲ့ အပေါ်မှာရော ဗဟိုဘဏ်အနေနဲ့ ဘယ်လိုတုံ့ပြန်ချင်ပါသလဲ။

ဖြေ။ ။ ဗဟိုဘဏ်ဆိုတာတော့ ငွေကို ရိုက်ချင်သလို ရိုက်နေတာမဟုတ်ဘူး။တွက်ချက်ပြီးတော့မှ GDP နဲ့ ပါတွက်ချက်လုပ်တာပါ။ တွက်ချက်တဲ့ဌာနတွေရှိတယ်။အဲ့ဒီကနေပြီး ကိုယ့်ရဲ့ အင်ဖလေးရှင်းက ဘယ်လောက်ရှိတယ်။ လည်ပတ်ငွေကဘယ်လောက်ရှိတယ်။ ဒါတွေပေါ်မူတည်ပြီးတော့ပဲ ရိုက်တာ ရှိပါတယ်။ လက်ရှိအခြေအနေမှာ သပ်သပ်ငွေရိုက်ထုတ်တာ မရှိပါဘူး။ပုံမှန် ရိုက်နေတဲ့အတိုင်းပဲ လုပ်နေတယ်။ တကယ်လို့ ပုံမှန်ရိုက်ထုတ်တဲ့အတိုင်း‌‌ငွေတွေ ပိုရိုက်ထုတ်မယ်ဆိုရင် ဘဏ်တွေမှာ ငွေလာအပ်ဖို့ မလိုအပ်ဘဲ ထုတ်ဖို့ဆိုတာကို ပြောစရာမရှိဘူး။ ဆေးမြီးတိုနဲ့ကုသလို ရိုက်ထုတ်တဲ့စနစ်ကို မလုပ်ချင်လို့ ဒီအီကော်နော်မီထဲ လည်ပတ်နေပြီးသား စီအိုင်စီ ငွေတွေကို ဘဏ်ထဲကိုပြန်လာစေချင်တာ။ ကျွန်တော်တို့ အဓိကလုပ်နေတာ အဲ့ဒါပါ။ ရိုက်ထုတ်လိုက်ရင်ပြီးတာပဲလို့ ပြောလို့လွယ်ပေမဲ့ လိုအပ်ရင်လုပ်မှာပေါ့။ မလိုအပ်လို့ မလုပ်သေးဘူးလေ။ကျွန်တော်ပြောတဲ့ စကားလေးတစ်ခုရှိတယ်။ ဘဏ်က ၂၆ဘဏ်ပဲရှိတာ လူဦးရေကလည်း ဒီအတိုင်းပဲ ပြောင်းမသွားဘူး နိုင်ငံကလည်း ဒီနိုင်ငံပဲ။ အဲ့ဒါကြောင့် ပယောဂကြောင့် ငွေတွေက အပြင်ကိုရောက်ပြီး ဘဏ်ထဲကို မရောက်တာအတွက် ဘဏ်တွေရောက်ဖို့ တွန်းအားပေးတာကို ဗဟိုဘဏ်မှာ‌ ပိုက်ဆံမရှိဘူးလို့ မက်ဆေ့ချ်ပေးတာကိုက အီကော်နော်မီ ပျက်စီးဖို့ တွန်းအားပေးတဲ့လုပ်ရပ်လို့ သုံးသပ်ပါတယ်။

ဘီဘီစီ။ ။ခုနဖြေသွားတာတွေထဲမှာ ဗဟိုဘဏ်ရဲ့လုပ်ငန်းစဥ်တွေ ဘဏ်တွေကိုထိန်းချုပ်မယ့် အကြောင်းတွေ တော်တော်ပြည့်ပြည့်စုံစုံ ပါပါတယ်။ဒါတွေက ဖေဖော်ဝါရီ ၁ ရက် နေ့ကမှ စဖြစ်လာတဲ့ကိစ္စတွေ ဆိုတော့ လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာ မယုံကြည်မှုတွေကနေ ဘဏ်စနစ်ကို ထိခိုက်တယ်လို့ သုံးသပ်ကြ တာရှိပါတယ်။ ဘဏ်စနစ်နဲ့ နိုင်ငံရေးအခြေအနေပေါ်မှာရော ဘယ်လိုသုံးသပ်ပြောကြားချင်ပါသလဲ။

ဖြေ။ ။ ဘယ်အစိုးရတက်တက် ဘဏ်စနစ်က healthy ဖြစ်နေဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ပြည်သူက ဒီပြည်သူပဲ။ ပြည်သူရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတက်လာမယ်။ သူမကြိုက်တဲ့အစိုးရတက်လာတာရှိမယ်။ အဲ့ဒါကအစိုးရက နိုင်ငံရေး။ ဘယ်အစိုးရတက်တက် ဘဏ်စနစ်အားကောင်းပြီး လူတွေက ဘဏ်တွေကိုယုံကြည်နေမှ။ ဘယ်အစိုးရတက်တက် တက်တဲ့အစိုးရ ဘဏ်စနစ်ကိုအားကောင်းအောင်လုပ်မှာပဲ။ ဘဏ်စနစ် အားကောင်းတောင့်တင်းမှ တိုင်းပြည်ကတိုးတက်မှာ။တိုင်းပြည်တိုးတက်မှ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေခံပြေလည်မှာ။ အဲ့ဒီတော့ တိုက်ခိုက်တာသည် အစိုးရကို တိုက်ခိုက်ရင်းနဲ့ ပြည်သူလူထုရဲ့စားဝတ်နေ‌ရေးဘဝကိုပါ တိုက်ခိုက်သလိုဖြစ်သွားတယ်။ ဒါကတော့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ ကွဲပြားစေချင်ပါတယ်။

Credit BBC

ဗဟိုဘဏ္ဒုဥကၠ႒ဦးဝင္းေသာ္နဲ႔ ေတြ႕ဆုံေမးျမန္းခ်က္ အျပည့္အစုံ

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဘဏ္ေတြကေန‌ေငြထုတ္ယူတာေတြ ကန႔္သတ္လိုက္လို႔ လူေတြဟာ ATM စက္ေတြ ဘဏ္ေတြေရွ႕မွာ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ဆိုင္းၿပီး အကန႔္အသတ္နဲ႔ထုတ္ေနရပါတယ္။ ဒီကိစၥနဲ႔ဆက္စပ္ၿပီး ေ႐ႊေစ်း ေဒၚလာေစ်းေတြပါ ႐ိုတ္ခက္မႈေတြရွိေနပါတယ္။ အခုလိုရင္ဆိုင္ေနရတာနဲ႔ ပတ္သက္လို႔ ဘဏ္ေတြမွာ ေငြထုတ္ရတာ ဘယ္ေတာ့ အဆင္ေျပမွာပါလဲ၊ ဘဏ္စနစ္ကို ပုံမွန္ျပန္ရေအာင္ ဘယ္လိုလုပ္ဖို႔ရွိပါသလဲ ဆိုတာေတြကို လက္ရွိ အာဏာသိမ္းစစ္ေကာင္စီကခန႔္အပ္ထားတဲ့ ဗဟိုဘဏ္ ဒုတိယ ဥကၠ႒ ဦးဝင္းေသာ္ကို ဘီဘီစီက ေမးၾကည့္ေတာ့ သူ ကအခုလို စေျပာပါတယ္။

ေျဖ။ ။ အခုျဖစ္စဥ္ျဖစ္လာတဲ့ အေၾကာင္းရင္းက CDM ေပၚမွာအေျခခံတယ္၊ဝန္ထမ္းေတြ႐ုံးပ်က္တယ္၊ အဲ့ဒီအတြက္ဘဏ္အကုန္လုံးမဖြင့္ႏိုင္ဘူး၊မဖြင့္ႏိုင္ေတာ့ ဖြင့္တဲ့ဘဏ္မွာ လူေတြ စုၿပဳံတိုးတယ္၊ဒါကအေျခခံပဲ။အဲ့ဒါၿပီးသြားေတာ့က်မွ လူေတြဘဏ္ ေတြမွာတိုးေနၾကပါလားဆိုၿပီး စိုးရိမ္တဲ့လူေတြကပါ ထပ္တိုးၾကတယ္။

ထပ္တိုးတဲ့ အေပၚႏိုင္ငံေရးပေယာဂပါလာၿပီး ေျမႇာက္ထိုးပင့္ေကာ္လုပ္ၿပီးေတာ့ ပိုက္ဆံေပးၿပီး တန္းစီတာရွိသလို မလိုအပ္ဘဲနဲ႔ ေငြမထုတ္ဘဲ တန္းစီတဲ့သူေတြပါလာတယ္။အဲ့ဒါပထမအဆင့္ ၊ ၿပီးလည္းၿပီးေရာ ေဖ့စ္ဘြတ္ခ္ေတြမွာ ေၾကညာတယ္။ အားလုံး ေငြပဲထုတ္ၾက။ ေငြေတြ ဝိုင္းထုတ္လိုက္ရင္ ဒီဘဏ္ေတြဒုကၡေရာက္သြားမယ္၊ ေငြေတြထုတ္ၾကဆိုတဲ့ ကန္ပိန္းေတြျဖစ္သြားတယ္။ အဲ့ဒီေပၚမွာမူတည္ၿပီး လူေတြတိုးေဝွ႔တဲ့ ဇာတ္လမ္းျဖစ္လာသလို ကုမၸဏီဆိုရင္ သိန္း၂၀၀၊ တစ္ဦးခ်င္းဆိုရင္၂၀ ဆိုတဲ့ကိစၥ ေပၚလာတာျဖစ္ပါတယ္။

ဘီဘီစီ ။ ။ ဒုဥကၠ႒ ေျပာသလို CDM လုပ္တာကေန ဒီအေျခအေနျဖစ္လာတယ္ဆိုေတာ့ တကယ္လို႔မ်ား ဘဏ္အားလုံး ျပန္ဖြင့္မယ္ဆိုရင္ေကာ ဗဟိုဘဏ္အေနနဲ႔ ဘဏ္အားလုံးကိုေထာက္ပံ့ႏိုင္တဲ့ ေငြေၾကးပမာဏရွိပါသလား။

ေျဖ ။ ။ ဒါကေတာ့ ဗဟိုဘဏ္က ကိုယ့္ရဲ႕ လိုအပ္တဲ့ေငြေၾကးပမာဏာကို အခ်ိန္အကန္႔အသတ္နဲ႔ပမာဏနဲ႔ တြက္ခ်က္ လုပ္ထားၿပီးသားျဖစ္ပါတယ္။ အဲ့ဒီအတြက္ေၾကာင့္ ပူစရာမရွိပါဘူး။ ဒါေၾကာင့္မို႔လို႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္တာက ျပည္သူလူထုအပ္ႏွံေငြ ဆုံးရႈံးစရာအေၾကာင္းမရွိဘူးလို႔ ေျပာခဲ့တယ္။ ဥပေဒအက်ိဳးအေၾကာင္းအရလည္း ဘဏ္အပ္ႏွံေငြေတြ ဘယ္လိုအေၾကာင္းနဲ႔မွ ဆုံးရႈံးစရာမရွိဘူး။ဒါက ဥပေဒကိုက ျပ႒ာန္းထားတာ။

အဲ့လိုပဲ ဘဏ္ဆိုတဲ့သေဘာက ျပႆနာတစ္ခုခု ဖန္တီးလာလို႔ရွိရင္ေတာ့ အပ္ထားတဲ့သူ ေတြအကုန္လုံး ေငြထုတ္လို႔မရဘူး။ႏိုင္ငံတကာမွာလည္း လူတစ္ရာအပ္ထားလို႔ရွိရင္ လူတစ္ရာလုံးက သူအပ္ထားတဲ့ေငြကို ထုတ္ပါမယ္ဆိုရင္ federal reserve bank ေတာင္ထုတ္လို႔မရဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဘဏ္အပ္တဲ့ေငြက အပ္သေလာက္ကို ဖန္ေပါင္းေခ်ာင္ထဲထည့္သိမ္းထားၿပီးေတာ့ မီးခံေသတၱာထဲထည့္သိမ္းၿပီးေတာ့မွ သူတို႔လာရင္ ျပန္ထုတ္ေပးဖို႔ထားတဲ့ safe box မဟုတ္ဘူး။

ဘဏ္ဆိုတာ အပ္ထားတဲ့ေငြေတြကို ယူၿပီးေတာ့ လိုတဲ့လူကို ေခ်းတာပဲ၊၅၀ရာခိုင္ႏႉန္းက ၇၀ရာခိုင္ႏႉန္း ၾကားပမာဏကို ေခ်းထားတယ္။ ေခ်းထားတဲ့ေငြကေန ရလာတဲ့ အတိုးႏႉန္းနဲ႔ ေငြလာအပ္တဲ့သူကို ေပးတဲ့အတိုးႏႉန္းၾကားက ရတဲ့ အျမတ္ကိုဘဏ္က အျမတ္ယူတာပါ။ ဝန္ထမ္းလစာေပးတယ္။ၿပီးရင္ ေငြအပ္ထားတဲ့သူေတြကိုအတိုးေပးတယ္။ ဒီလို circulation လည္ပတ္မႈနဲ႔ သြားေနတာ။ ဒီဘဏ္ကို ခုနတုန္းကေျပာတဲ့ ပေယာဂေတြေၾကာင့္ ေငြေတြဝိုင္းထုတ္တဲ့အခါမွာေတာ့ ဘဏ္ေတြမွာတန္းစီရမယ္။ ကန႔္သတ္ခ်က္ေတြ လုပ္ရမယ္ဆိုတာက ထုံးစံပဲ။ အဲ့ဒါဆိုရင္ တစ္ႏိုင္ငံလုံးက ပိုက္ဆံထုတ္မယ့္ သူေတြကို တစ္ၿပိဳင္နက္တည္းထုတ္ေပးမလားဆိုရင္ မေပးႏိုင္ဘူး။ ေပးစရာအေၾကာင္းလည္း မရွိဘူး။ မေပးလို႔လည္းရတယ္။ အဲ့ဒီအတြက္ သိန္းႏွစ္ရာ၊သိန္းႏွစ္ဆယ္ဆိုတာေတြ လုပ္ရတယ္။ ဘဏ္တစ္ခုဆိုတာ စည္းမဲ့ကမ္းမဲ့ လုပ္လို႔မရဘူး။ ဒီဘဏ္စနစ္တစ္ခုကို ပ်က္စီးေအာင္လို႔ လုပ္တယ္လို႔ ယူဆလာၿပီဆိုရင္ ကန႔္သတ္ခ်က္ကို လုပ္ပိုင္ခြင့္ရွိတယ္။အဲ့ဒီအတြက္ ဗဟိုဘဏ္က ကန႔္သတ္တာျဖစ္ပါတယ္။

ဘီဘီစီ။ ။ဒုဥကၠ႒ေျပာတဲ့သေဘာက ဘဏ္ေတြမွာ ျပည္သူလူထုက ‌‌ေငြအပ္တယ္ဆိုရင္ အဲ့ဒီအပ္တဲ့ေငြကို သူထုတ္မယ့္ အခ်ိန္မွာ ရခ်င္မွရမယ္ဆိုတဲ့သေဘာလား။ ဘယ္လိုမ်ိဳးပါလဲ။

ေျဖ။ ။ ပုံမွန္အေျခအေနဆိုရင္ ကိုယ္အပ္တဲ့ေငြကို ကိုယ္ႀကိဳက္သေလာက္ထုတ္လို႔ရတယ္။ အခုေမးေနတဲ့ ဘီဘီစီက လူဟာလည္း ဘဏ္မွာေငြအပ္ဖူးမွာပါ။ ဘဏ္စာရင္းရွိမွာပါ။ အဲ့ေတာ့ ႀကိဳက္တဲ့ အခ်ိန္မွာ ထုတ္လို႔ရခဲ့တာခ်ည္းပါပဲ။ မရဘူးဆိုတာမရွိပါဘူး။ ခုနေျပာတဲ့သေဘာက လူတစ္ရာအပ္ထားရင္ တစ္ၿပိဳင္နက္ လူတစ္ရာလုံးက အကုန္ ထုတ္ရင္ မရဘူးဆိုတဲ့ သေဘာတရားကို ရွင္းျပတာပါ။ ျမန္မာႏိုင္ငံမွာ ၂၆ ဘဏ္ရွိတယ္။ ဒီလူဦးေရကလည္း ဒီအတိုင္းပဲ။စီးပြားေရးကလည္း ဒီစီးပြားေရးပဲ။ အပ္တဲ့လူက လာအပ္တယ္ ထုတ္တဲ့လူက ထုတ္တယ္။တစ္ခ်ိဳ႕ဆိုရင္ တစ္ဘီလ်ံ၊ ႏွစ္ဘီလ်ံ ကိုယ့္ေငြကိုယ္ထုတ္တယ္။ လိုတဲ့ေနရာသုံးတယ္။ ပိုတဲ့လူကျပန္အပ္တယ္။ ဒီ circulation က သူ႔ဟာသူသြားေနတာ။ အခုဟာက ပေယာဂပါတဲ့အခ်ိန္မွာ အကုန္ထုတ္မယ္ဆိုၿပီး ျပႆနာျဖစ္လာတာ။ ပေယာဂပါတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ ကိုယ္အပ္ထားတဲ့ေငြကို ခုလိုအေျခေနမ်ိဳး ဘဏ္စနစ္ကိုမလိုအပ္ဘဲ ထိခိုက္မႈမျဖစ္ေအာင္ ထိန္းသိမ္းရတဲ့ အခါက်ရင္ေတာ့ ဒီလိုကန႔္သတ္ခ်က္ရွိမယ္။အဲ့ဒီကန႔္သတ္ခ်က္ မရွိေတာ့ဘူးဆိုတဲ့ အခ်ိန္က်ရင္ေတာ့ အရင္အတိုင္း ႀကိဳက္တဲ့အခ်ိန္အပ္ ႀကိဳက္တဲ့အခ်ိန္ထုတ္ ဒါဘဏ္ရဲ႕သေဘာတရားပဲ။ ဘဏ္ကလည္း အလကားေနရင္းနဲ႔ မင္းအပ္ မင္းထုတ္လုပ္တာမဟုတ္ဘူး။ တြက္ထားတယ္။ဒီလူက time deposit ထားတယ္ ၃ႏွစ္လား ၁ႏွစ္လား ၂ႏွစ္လား တြက္ထားတယ္။ ဒီလူက ၃ႏွစ္ေနမွ ထုတ္မွာ ဒီလူက ၂ႏွစ္ေနမွထုတ္မွာ အဲ့ေငြကဘယ္ေလာက္ဆိုတာ စီမံခန႔္ခြဲထားတယ္။ အဲ့ဒီစီမံခန႔္ခြဲမႈကို မႈတည္ၿပီးေတာ့မွ အၿမဲတန္း မထုတ္ႏိုင္မဲ့ အေရအတြက္နဲ႔ လာထုတ္တဲ့သူေတြအေရအတြက္ကို တြက္ၿပီးမွလုပ္တဲ့အတြက္ေၾကာင့္ လာအပ္သမွ်လူေတြ ႀကိဳက္တဲ့အခ်ိန္ထုတ္လို႔ရတယ္။ ဒါကဘဏ္ရဲ႕ သေဘာတရားပဲ။

ဘီဘီစီ ။ ။ ဒီအေျခအေနေတာ့ ဗဟိုဘဏ္အေနနဲ႔ရွိတယ္။ ဘဏ္စည္းကမ္းအရလဲ ရွိတယ္ေပါ့။ဒါေပမဲ့ ေလာေလာဆယ္မွာ ေငြအပ္ထားတဲ့သူေတြမွာလည္း စိုးရိမ္စိတ္ေတြရွိၾကတယ္။ စိုးရိမ္စိတ္ေတြရွိလို႔ ေငြထုတ္တဲ့ကိစၥမွာ ႀကိဳးစားၾကတာေပါ့။ တစ္ခ်ိဳ႕ဘဏ္ေတြဆိုရင္ ဘဏ္တစ္မ်ိဳးကို စနစ္တစ္မ်ိဳးနဲ႔ ေငြထုတ္ေပးေနတာေတြ႕ရတယ္။ဥပမာ ဖုန္းဆယ္လုံးေလာက္ေပးထားၿပီး ဘြတ္ကင္ယူ တုံကင္တင္ပါ‌ေပါ့။ အဲ့ဆယ္လုံးကို ေခၚလို႔မရဘူး အခက္အခဲေတြျဖစ္တယ္။ တစ္ခ်ိဳ႕ဘဏ္က်ျပန္ေတာ့လည္း ည၁၂နာရီအခ်ိန္မွာ အြန္လိုင္းတုံကင္ယူရတယ္။၁၂နာရီေက်ာ္လို႔ ငါးမိနစ္ ဆယ္မိနစ္စြန္းရင္ေတာင္ တုံကင္မရေတာ့တာမ်ိဳးေတြျဖစ္ကုန္ၾကတယ္။ အဲ့လိုအေျခအေနက လူထုကို ပုဂၢလိကဘဏ္ေတြအေပၚမွာေရာ ဗဟိုဘဏ္ေတြေပၚမွာပါ လူထုက စိုးရိမ္စိတ္ေတြတိုးၿပီး ယုံၾကည္မႈေတြပို မေပ်ာက္ေစဘူးလား။ အဲ့ေတာ့ ဘဏ္ေတြကို ဘယ္လိုထိန္းေက်ာင္းဖို႔ရွိပါလဲ။

ေျဖ။ ။ မွန္ပါတယ္။ အခုေျပာတဲ့အခ်က္ေတြကို လက္ခံပါတယ္။ ျပည္သူလူထုဘက္က ဒါက အဆင္မေျပဘူး စိတ္ပူစရာျဖစ္တာေပါ့။ နံပါတ္တစ္ခ်က္ ဗဟိုဘဏ္က အခုတာဝန္ရွိတဲ့သူေတြ ထြက္ေျပာတယ္ဆိုတာက အစိုးရကိုဘက္ဂေရာင္းထားၿပီး ဗဟိုဘဏ္ကေျပာတာက အပ္ထားတဲ့ေငြေတြ လုံးဝဆုံးရႈံးစရာမရွိဘူးဆို လုံးဝေသခ်ာေပါက္ေျပာတာပါ။ အဲ့ဒါေတြကို ပက္ဘလစ္က မယုံဘဲနဲ႔ သြားထုတ္ေနမယ္ဆိုရင္ေတာ့လည္း အဲ့ဒုကၡကို ကိုယ့္ဟာကို ခံရတဲ့သေဘာလို႔ ေျပာရမွာေပါ့။ တကယ္လိုလို႔ သြားထုတ္တဲ့လူလား သပ္သပ္လုပ္တဲ့လူလား ခြဲျခားရခက္တယ္။အဲ့ေတာ့ CDM လုပ္တဲ့အခ်ိန္မွာ ဘီလ်ံနဲ႔ခ်ီရွိတဲ့ေငြေတြကို ထုတ္ၿပီး ဒီလူေတြကိုေထာက္ပံ့ခဲ့တဲ့ ျဖစ္စဥ္ေတြျဖစ္လာတဲ့ အတြက္ေၾကာင့္ ဒီကိစၥကို ဟန႔္တားလိုက္ရတာေလ။ အဲ့ေတာ့ တစ္ဦးတစ္ေယာက္ခ်င္းေတာ့ ဒုကၡေရာက္မယ္။ ဘဏ္စနစ္ႀကီး တစ္ခုမပ်က္စီးဖို႔ အတြက္ လုပ္တဲ့အတြက္ေၾကာင့္ အခုလို အခက္အခဲ ျပႆနာေတြရွိပါလိမ့္မယ္။ရွိတာကို အနည္းဆုံးေလ်ာ့ပါးေအာင္လုပ္ေနၿပီ။ ဥပမာ အေစာပိုင္းက အင္တာနက္ကြန္နက္ရွင္ေတြ ျပတ္ေတာက္သြားတယ္။ အင္တာနက္ကြန္နက္ရွင္ေတြ ေကာင္းေနရင္ ဘဏ္ကိုသြားစရာမလိုဘူး။ ဘြတ္ကင္ကလည္း ဖုန္းနဲ႔လုပ္႐ုံဘဲ။ မိုဘိုင္းဘဏ္စနစ္ေတြ ရွိတယ္။ေကဘီဇက္ေပး စီဘီေပး မိုင္တဲလ္ ေဝ့ဗ္မန္းနီး စသည္ျဖင့္ အဲ့ဒီဟာေတြကေန ထုတ္လို႔ရေနတဲ့အခ်ိန္ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ အင္တာနက္ကြန္နရွင္ ယာယီျပတ္ေတာက္သြားတယ္။ အဲ့ဒါေတြလည္း ဆက္စပ္သြားတာေပါ့။ လူထုအားလုံး ကိုေျပာခ်င္တာက ျပတ္ေတာက္သြားတဲ့ Digital banking, Mobile Banking အားလုံးျပန္ရေနၿပီ။ ဒါကတန္းစီရတာကို ေလ်ာ့သြားေအာင္လုပ္တာပါ။ အဲ့ဒါပထမအခ်က္။

ဒုတိယအခ်က္က ဘဏ္ေတြရဲ႕ အားနည္းခ်က္ရွိတာကိုလက္ခံတယ္။ဘဏ္ေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈညံ့ဖ်င္းတာလည္း သိတယ္။ ပူးေပါင္းေဆာင္႐ြက္မႈ ညံ့ဖ်င္းတဲ့ဘဏ္ေတြ လိုအပ္တာမလုပ္တဲ့ ဘဏ္ေတြကို မေန႔က ဒုတိယ ဥကၠ႒ ေဒၚသန္းသန္းေဆြက ဘဏ္အားလုံးကို အစည္းအေဝးေခၚၿပီး လူထုယုံၾကည္လာေအာင္ လုပ္ေနတဲ့အေပၚ service ဝန္ေဆာင္မႈေတြ ဆက္သြယ္မႈေတြ ေကာင္းေအာင္ လုပ္ဖို႔ေျပာေနတယ္။ ကြၽန္ေတာ္တို႔ဘက္က အခက္အခဲကေတာ့ အခုအခ်ိန္ထိ ဝန္ထမ္းက အျပည့္အစုံမရွိေသးဘူး။ အဲ့ဒီအေပၚမူတည္ၿပီး ရွိတဲ့ဝန္ထမ္းေတြနဲ႔ လုပ္တဲ့အခါ အနည္းငယ္အခက္အခဲ ရွိတတ္ပါတယ္။ သို႔ေသာ္ နဂို အခက္အခဲေတြျဖစ္တဲ့ ေမးျမန္းတဲ့အခ်က္ေတြမွာပါတဲ့ ဟာေတြကို အရင္တုန္းကအေျခအေနထက္ အမ်ားႀကီးေလ်ာ့ပါးေအာင္ အရင္တုန္းကထက္ ပိုေခ်ာေမြ႕ေအာင္ လူထုယုံၾကည္မႈကို ျပန္ရဖို႔ တည္ေဆာက္ ဖို႔ အတြက္လုပ္ေနပါတယ္။ လုပ္တဲ့အခ်ိန္မွာ အဓိကကေတာ့အပ္ထားတဲ့ေငြေတြ မဆုံးရႈံးဘူးဆိုတာ ယုံၾကည္ဖို႔လိုပါတယ္။ အဲ့ဒါအဓိကအခ်က္ပါပဲ။

ေမး။ ။ ဘဏ္ေတြဘက္ကေျပာတယ္။ အပ္ေငြေတြရဲ႕ reserve money ကို ဗဟိုဘဏ္မွာထားတယ္ေပါ့။ ဗဟိုဘဏ္က အကန႔္အသတ္နဲ႔ ထုတ္ေပးေနလို႔ သူတို႔ကလည္းအကန႔္အသတ္နဲ႔ ထုတ္ေပးေနရတယ္ေပါ့။ ဗဟိုဘဏ္က ၅သိန္းသတ္မွတ္ရင္ေတာင္ သူတို႔က၂သိန္းတို႔ ၃သိန္းတို႔ထုတ္ေပးတဲ့အေနအထားရွိတယ္။ ဆိုေတာ့ အခု ဒုဥကၠ႒က ဗဟိုဘဏ္က လုံးဝအာမခံတယ္လို႔ေျပာေနတာဆိုေတာ့ အျပန္အလွန္တစ္ဖက္နဲ႔တစ္ဖက္ ေျပာေနသလိုျဖစ္ေနေတာ့ ဗဟိုဘဏ္က ဘဏ္ေတြကို reserve moneyေတြ ျပန္ထုတ္ေပးတဲ့အခါမွာ အကန႔္အသတ္နဲ႔ ျပန္ထုတ္ေပးတာမ်ိဳးရွိေနပါသလား။

ေျဖ။ ။ ထိုက္သင့္တဲ့ ကန႔္သတ္မႈရွိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဘဏ္ေတြက စည္းကမ္းတက်နဲ႔မလုပ္ဘဲ သတ္မွတ္ခ်က္ကိုေက်ာ္လြန္ၿပီးေတာ့ ထုတ္ေပးေနတဲ့ ဘဏ္ေတြရွိတယ္။ အဲ့ဒီဘဏ္ေတြကို အေရးယူဖို႔လုပ္ေနပါတယ္။ သိန္းႏွစ္ရာေလာက္ပဲထုတ္ေနရတဲ့ လူထုရဲ႕ မ်က္ႏွာကို မေထာက္ပဲနဲ႔ ႏွစ္ေထာင္ သုံးေထာင္ထုတ္ေပးေနတဲ့ ဘဏ္ေတြရွိတယ္။ ဒါအမွန္ပဲ။ အဲ့ဘဏ္ေတြ ကြၽန္ေတာ္တို႔ အခုအေရးယူဖို႔ လုပ္ေနပါတယ္။ ကြၽန္ေတာ္တို႔မွာ အဲ့ဒီ ျပႆနာပါ။ ဘဏ္ေတြကိုယ္တိုင္က ကိုယ္က်ိဳးစီးပြားေရးကို မၾကည့္ဖို႔ ႏိုင္ငံအက်ိဳးစီးပြားကိုၾကည့္ဖို႔ တိုက္တြန္းထားတယ္။ မေန႔ကအစည္းအေဝးက အဓိက အဲ့ဒါကိုေခၚေျပာတာျဖစ္တယ္။ ကြၽန္ေတာ္တို႔ဘက္ ခ်ိဳ႕ယြင္းခ်က္ လိုခ်က္ေတြဟာအေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ ျဖစ္တယ္ဆိုတာ လူထုကလည္း နားလည္ေပးဖို႔ေတာင္းပန္လိုပါတယ္။ အစိုးရဘက္ကေကာ ဗဟိုဘဏ္ဘက္ကေကာ အေကာင္းဆုံးျဖစ္ေအာင္လုပ္ပါမယ္။ တစ္ခုေျပာခ်င္တာက ယုံၾကည္မႈကိုပ်က္ေစတဲ့ အေၾကာင္းတရားေတြကို မူတည္ၿပီးေတာ့ အဲ့လိုဝိုင္းလုပ္မွသာ ဘဏ္စနစ္တို႔ ေငြေရးေၾကးေရးစနစ္တို႔ ပ်က္စီးသြားမွာျဖစ္ပါတယ္။ ဟိုေန႔က ေဖ့စ္ဘြတ္ခ္မွာေတြ႕ပါတယ္။ ကိုယ့္ေငြကိုယ္ထုတ္တာ ဘာလို႔ထုတ္လို႔မရရမွာလဲ။ ျပည္သူေငြထုတ္လို႔ ဘဏ္ၿပိဳကြဲသြားမယ္။ဒါကအဓိပၸါယ္မရွိဘူးလို႔ ေျပာတယ္။ ႐ိုး႐ိုးေလးပဲ စဥ္းစားပါ။ ဘဏ္ရဲ႕သေဘာတရားက လူတစ္ရာေငြအပ္ထားတာ တစ္ရာလုံးကရေအာင္ထုတ္ရင္ေတာ့ အဲ့ဒီဘဏ္မွာေပးစရာမရွိရင္ ျပႆနာျဖစ္မွာပဲ။

အဲေတာ့ မလိုအပ္ဘဲ ‌‌ေငြထုတ္တဲ့ကိစၥက ပ်က္စီးေအာင္လုပ္တာပဲ။ ငါ့ပိုက္ဆံ ငါထုတ္တာပဲဆိုတဲ့ အေတြးအေခၚအစား ဝိုင္းဝန္းေဆာင္႐ြက္ေစခ်င္တာပါ။ ဒီအေပၚမွာေတာ့ ၿခဳံေျပာတာပါ။ negative အဆိုးျမင္သမားနဲ႔ positive အေကာင္းျမင္သမားဆိုတာရွိပါတယ္။ အခု ကြၽန္ေတာ္ေျပာတာက negativeသမားကိုေျပာတာပါ။ positive အခု လုပ္တာရွိတယ္။ ေမလ ၃ ရက္ေန႔ကစၿပီး အေကာင့္ အပ္လာတာ ဘီလ်ံဆယ္ဂဏန္းပဲ။ တစ္ရက္ထဲမွာ ႏွစ္ဆယ္ သုံးဆယ္ လာအပ္လာတယ္။ ေရွ႕လာမယ့္အပတ္မွာ ဝင္လာလိမ့္မယ္လို႔ ထင္တယ္။ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က သိန္းႏွစ္ရာကန႔္သတ္ခ်က္နဲ႔ ထုတ္မရမွာစိုးလို႔ မအပ္တာ။ ဒီလူေတြကိုနားလည္ေအာင္ေျပာရတယ္။ အဲ့အတြက္ သူတို႔ကို စာရင္းအသစ္ဖြင့္ပါလို႔ေျပာၿပီး အပ္ခိုင္းတယ္။ အပ္ခိုင္းတဲ့အတြက္ေၾကာင့္ ဘဏ္ဆိုတဲ့သေဘာက ဘယ္တုန္းကမွာ သူတို႔အပ္ထားတဲ့ေငြကို ဗဟိုဘဏ္ကို လာထုတ္တယ္ဆိုတာမရွိဘူး။ သူအပ္တဲ့ေငြ သူထုတ္တဲ့ေငြကို လည္ပတ္ရတာ ဘဏ္စီးပြားေရးလုပ္ငန္းရဲ႕ Basic principle အေျခခံသေဘာထားပဲ။ Basic Principle ေအာက္ၿပီးေတာ့ သူတို႔ကိုယ္တိုင္က ႀကိဳးစားအားထုတ္မႈမရွိဘူး။ ကိုယ့္ customerမွာကို ယုံၾကည္မႈမလုပ္ဘူး၊ အဲ့ဒီေငြကိုရေအာင္ မေတာင္းခံဘူးဆိုတဲ့ အားနည္းခ်က္ေတြ ကိုယ့္ကိုယ္ကိုယ္ အားထုတ္ေအာင္လို႔ ဗဟိုဘဏ္ကေတာင္းသေလာက္မေပးဘူး။အဲ့ဒါအမွန္ပဲ။ႏိုင္ငံေရးအေျခအေနအရ ကြၽန္ေတာ္တို႔ဘက္ ခ်ိဳ႕ယြင္းမႈေတြရွိပါတယ္။ ဘဏ္ေတြရဲ႕ ကြၽန္ေတာ္တို႔ဘက္က ၾကပ္မတ္မႈေတြအားနည္းပါတယ္။ ဝန္ထမ္းအားနည္းမႈလည္း ကြၽန္ေတာ္တို႔ဘက္မွာရွိပါတယ္။အဲ့အတြက္ ကြၽန္ေတာ္တို႔ အစြမ္းကုန္လုပ္ေနတယ္။ အခုတစ္ျဖည္းျဖည္းနဲ႔ အမ်ားႀကီး ပုံမွန္အေျခေနေရာက္လာပါၿပီ။ ပုံမွန္အေျခအေနကေန very quick response နဲ႔ Healthy Economy သြားဖို႔ဟာ အလကားေနအိမ္ထဲထားၿပီးေတာ့ စိတ္လည္းမခ်ဘူး။မီးခံေသတၱာလည္းမဆန႔္ဘူး။ ကုတင္ေအာက္မွာ ဆာလာအိတ္နဲ႔ ထည့္ထားတယ္ဆိုရင္ လုံၿခဳံမႈလည္း ဘဏ္စနစ္ကိုလည္းေက်ာခိုင္းရာ ေရာက္တယ္။တစ္ခုခုျဖစ္သြားရင္ သူ႔အတြက္လည္းမေသခ်ာဘူး။ ကြၽန္ေတာ္က အဲ့လူေတြကို ေငြထည့္ခိုင္းတယ္။ အဲလိုေငြထည့္ ဘဏ္စနစ္က သူ႔ဟာသူလည္ပတ္သြားမွာေပါ့။ လိုတဲ့လူကသြားထုတ္ ပိုတဲ့သူကအပ္ေပါ့။ လိုအပ္တဲ့သူကထုတ္ၿပီး ပိုတဲ့သူကအပ္တဲ့ Banking circulation ဘဏ္ေငြေၾကး လည္ပတ္မႈ ၊ Banking Business ဘဏ္စီးပြားေရးစနစ္ကို ျပန္လည္ပတ္ေစခ်င္လို႔ အခုလိုက္ၾကပ္မတ္ေနတာျဖစ္ပါတယ္။

ဘီဘီစီ ။ ။ CDM ေၾကာင့္ ေငြေတြကို ဗဟိုဘဏ္က ကန႔္သတ္တယ္ဆိုတာခုနတုန္းက ေျပာသြားတာရွိတယ္။ CDM ေတြကို ေထာက္ပံ့တယ္လို႔ ဗဟိုဘဏ္အေနနဲ႔ ယူဆလို႔ အဲလိုကန႔္သတ္မႈေတြလုပ္တာလား။

ေျဖ။ ။ ယူဆတာမဟုတ္ဘူး။ အေျခခံအခ်က္အလက္ေတြ၊အေရးယူေဆာင္႐ြက္မႈေတြနဲ႔ ဘဏ္ေတြမွာထုတ္သြားတဲ့ ေငြပမာဏကိုၾကည့္ၿပီးေတာ့ ကန႔္သတ္တာျဖစ္ပါတယ္။ဗဟိုဘဏ္အေနနဲ႔ ထင္ေၾကးနဲ႔လုပ္တာ မဟုတ္ပါဘူး။ႏိုင္ငံေတာ္အဆင့္ အဖြဲ႕အစည္းျဖစ္တာေၾကာင့္ အခ်က္အလက္ ကိန္းဂဏန္း ေဒတာေတြနဲ႔ လုပ္တာျဖစ္ပါတယ္။ ဘယ္ဘဏ္တစ္ခုေန႔တိုင္း ဘယ္ေလာက္ထုတ္တယ္ဆိုတာ Daily Report ရွိတယ္။ Daily Reportအရ Financial Sector ကို အေႏွာင့္အယွက္အဟန႔္အတားျဖစ္မယ့္ အေျခအေနမ်ိဳးဖန္တီးလို႔ ကန႔္သတ္တာျဖစ္ပါတယ္။

ေမး။ ။ ပထမပိုင္းကေတာ့ CDM လုပ္တဲ့အတြက္ CDM ကေနတစ္ဆင့္ ဘဏ္ေတြကေန ပိတ္တယ္။ ပိတ္ေတာ့ ေငြေၾကးအေပၚမယုံၾကည္မႈကေန ဒီလိုျပႆနာမ်ိဳးျဖစ္လာတယ္ေပါ့ေနာ္။ ATM ေတြကို ေကာ အရင္လိုေငြေတြျဖည့္ေပးရင္ မရဘူးလား။

ေျဖ။ ။ ATM ကို ျဖည့္ေပးလို႔လည္း တန္းစီထုတ္တဲ့လူေတြ ရွိတာေပါ့။

ဘီဘီစီ။ ။ အရင္တုန္းကဆို ကြၽန္မလက္ထဲမွာ ေငြငါးေထာင္ထဲရွိတယ္ ဆိုရင္ေတာင္ ေျပးၿပီးသြားမထုတ္ဘူး။ လမ္းႀကဳံမွထုတ္မယ္ေပါ့။ အဲ့ေလာက္ထိဘဏ္ေတြကို လူထုကယုံၾကည္ခဲ့သလို ကြၽန္မတို႔ကိုယ္တိုင္လည္း ယုံၾကည္ခဲ့တယ္။ ႀကိဳက္တဲ့ ATM ကို ႀကိဳက္တဲ့အႀကိမ္ထုတ္လို႔ရတယ္ဆိုတဲ့ အေျခအေနကေန အခုေတာ့ဒီATM မွာ ဘဲပိုက္ဆံရမယ္ ဟို ATM မွာ မရေတာ့ဘူးဆိုတာမ်ိဳး သိန္းရွစ္ရာထည့္တဲ့စက္ကို သိန္းသုံးရာပဲထည့္ေတာ့တယ္ဆိုတာမ်ိဳးေတြ လူထုကလဲ ၾကားတယ္။သူတို႔ကိုယ္တိုင္က လူထုကို ေၾကျငာတယ္ဆိုေတာ့ ဘဏ္ေပၚမွာမယုံၾကည္တာကေန ဗဟိုဘဏ္ထိသက္ေရာက္သြားၿပီ။ ATM ေတြမွာ ေငြေတြကို ျပန္ထည့္ဖို႔နဲ႔ လည္ပတ္မႈ ပုံမွန္ျပန္ျဖစ္ဖို႔ကိုလည္း ဘယ္လိုလုပ္ဖို႔ရွိပါသလဲ။

ေျဖ။ ။ အဲ့ဒါအတြက္လည္း စီစဥ္ေဆာင္႐ြက္ေနပါတယ္။ ATM စက္တန္းစီရတာနဲ႔ ဘဏ္တန္းစီရတာတူတူပါပဲ။ တန္းစီတဲ့အခါမွာ ေနရာလုၿပီး ေနရာေရာင္းၿပီး တန္းစီတာေတြရွိပါတယ္။ ေနာက္တစ္ခါ အလီလီေပါ့ေနာ္ ကဒ္ေတြအားလုံးကို တစ္ေယာက္တစ္လွည့္ ထုတ္မယ္ဆိုၿပီးေတာ့ ခုနေျပာတဲ့ မလိုဘဲနဲ႔ ATM ထုတ္လို႔မရေအာင္ အေႏွာင့္အယွက္ေတြရွိပါတယ္။ မည္သို႔ပင္ဆိုေစ ခုနေမးတဲ့ ေမးခြန္းအေပၚမွာ အဆင္ေျပေအာင္ေဆာင္႐ြက္ဖို႔ စီစဥ္ထားပါတယ္။

ဘီဘီစီ။ ။ ကြၽန္မဆက္ၿပီးေမးခ်င္တာက ေငြေၾကးက ဘဏ္ေတြကသာ ေငြထုတ္လို႔မရတာ။ ျပင္ပေစ်းကြက္မွာေတာ့ ေငြတစ္သိန္း ဘယ္ေလာက္ရာခိုင္ႏႉန္း၊။ အရင္တုန္းကဆို ၄ရာခိုင္ႏႉန္း၊အခုဆို၅ရာခိုင္ႏႉန္းကေန ၆.၅ထိေတာင္ျဖစ္လာတယ္။ လူထုကေငြကို အသည္းအသန္လိုခ်င္ေတာ့ လိုက္လဲေနတဲ့အခါမွာ ဒီလိုေစ်းကြက္ႀကီးက ျဖစ္လာတဲ့ အခါက်ေတာ့ အဲ့ဒီေစ်းကြက္ကို ထိန္းခ်ဳပ္ၿပီး ဘဏ္စနစ္ကိုပိုေကာင္းလာေအာင္လုပ္ဖို႔ ဗဟိုဘဏ္မွာဘယ္လို အစီအစဥ္ေတြရွိပါသလဲ။

ေျဖ။ ။ျပည္ထဲေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီး ဒီလူေတြကို အေရးယူဖို႔လုပ္ေနပါတယ္။ စာရင္းလည္းကြၽန္ေတာ္တို႔မွာရွိေနပါတယ္။ သို႔ေသာ္ တိုင္းျပည္တစ္ခုမွာ စနစ္တစ္ခု ကူးေျပာင္းတဲ့အခါမွာ လူထုက မလိုအပ္တဲ့ပေယာဂေတြေၾကာင့္ အစိုးရေပၚမွာ နည္းေပါင္းစုံနဲ႔ တိုက္ခိုက္မႈေတြလုပ္တယ္။ မီဒီယာေတြမွာလည္း အစိုးရကို ဝန္ထမ္းေတြကို လုပ္ေနတဲ့အခ်ိန္မွာလည္း မလိုအပ္ဘဲ ျပည္သူလူထုကို အေရးယူတဲ့ အစီမစဥ္မလုပ္ခ်င္လို႔ ဒီကိစၥေတြကိုလႊတ္ထားၿပီး သာမန္သတိေပးေနတာျဖစ္ပါတယ္။ သာမန္သတိေပးေနရာကေနၿပီး အခုေတာ့ ဒါကိုအေလးမမႈတဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔ အေရးယူပါမယ္။ ေရွ႕အပတ္ထဲက စမယ္။ ကြၽန္ေတာ့္တို႔မွာ စာရင္းရွိၿပီးသားပါ။ လက္ဝယ္မွာ ေငြသားေတြအမ်ားႀကီး ပိုက္ထားၿပီးေတာ့ လုပ္ေနတဲ့သူေတြဟာ ဒါလုပ္ေနတဲ့သူေတြပဲ။သူ႔တို႔ ရင္ဆိုင္ရမယ့္အမႈက ႀကီးပါတယ္။ ဥပေဒနဲ႔ မညီဘဲနဲ႔ ဒီေငြကို ရာခိုင္ႏႉန္းနဲ႔ ေရာင္းစားတာတစ္မႈ၊ ဘဏ္စနစ္ကို ယုံၾကည္ပ်က္ယြင္းေအာင္လုပ္ၿပီး ႏိုင္ငံေတာ္စီးပြားေရးကို ထိခိုက္ပ်က္စီးေအာင္ လုပ္တဲ့အမႈ၊အမႈ ေတာ္ေတာ္ႀကီးပါတယ္။တစ္ခ်ိဳ႕ကလည္း ႀကီးမွန္းမသိဘူး။ ကြၽန္ေတာ့္မွာရွိတဲ့ သိန္းတစ္ေသာင္းကို သြားအပ္မယ္။ အပ္ရင္ အရင္ကန႔္သတ္ခ်က္အရ တစ္ခါထုတ္ရင္ သိန္း ႏွစ္ရာပဲ ထုတ္လို႔ရပါတယ္။အဲ့ေတာ့ သူကမအပ္ဘဲ သိမ္းထားမိတယ္။သိမ္းထားမိေတာ့ ေနာက္တစ္ေယာက္က ပိုက္ဆံလိုတယ္ သူကပဲ ႏွစ္ရာပဲ ထုတ္လို႔ရတယ္ဆိုေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အကူအညီေတာင္းေတာ့ ငါ့အေကာင့္ထဲကို တစ္ေထာင္ထည့္လိုက္ပါ။အျပင္မွာ သူ႔ကိုသိန္းတစ္ေထာင္ေပးလိုက္တယ္။ ဒါေပမဲ့ ေနာက္တစ္ဆင့္တက္လာတာကေတာ့ ရာခိုင္ႏႉန္းေပးပါျဖစ္သြားတာ။ အဲ့ဒါကို ကြၽန္ေတာ္ကနားလည္တယ္။ ကြၽန္ေတာ္တို႔ဘက္က သိန္းႏွစ္ရာခန႔္ သတ္ခ်က္ေပၚမူတည္ၿပီး သူျဖစ္သြားတာဆိုၿပီးေတာ့ ဒါကိုကြၽန္ေတာ္တို႔က အ‌ေရးမယူေသးဘူး။ အခုကြၽန္ေတာ္တို႔က စာရင္းသစ္ဖြင့္ခြင့္ေပးလိုက္ၿပီ။ ကြၽန္ေတာ္တို႔ပိုက္ဆံအမ်ားႀကီး သြားထည့္ၿပီး ႏွစ္ရာပဲရမွာမို႔လို႔ ဒီလိုအိမ္မွာသိမ္းၿပီးလုပ္လိုက္တာပါဆိုတဲ့ complain ကို လုံးဝလက္မခံဘူး။ အိမ္မွာ အထုပ္အထည္လိုက္ထားတာနဲ႔ကိုပဲ ႏိုင္ငံေတာ္စီးပြားေရးတည္ၿငီမ္မႈကို ပ်က္စီးေအာင္လုပ္တဲ့ အမႈနဲ႔ညႇိၿပီ။ အဲ့ဒါေၾကာင့္ အခုအေကာင့္သစ္ ၃ရက္ေန႔က ဖြင့္ေပးလိုက္ၿပီ။အေကာင့္ေဟာင္းထဲမွာလည္း ထည့္လို႔ရတယ္။ ခ်က္ျခင္းမလုပ္ဘူး။ တစ္ပတ္ေစာင့္တယ္။အခုေမးတဲ့ ေမးခြန္းနဲ႔ အေတာ္ပါပဲ လာမယ့္သီတင္းပတ္ထဲမွာ ေငြေတြလာအပ္ၾကမယ္လို႔ ယုံၾကည္ေမွ်ာ္လင့္ တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔နဲ႔တူတူ ပူးေပါင္းမယ္လို႔ ယုံၾကည္လို႔။ မပူးေပါင္းရင္ ဥပေဒအရ အေရးယူခံရမယ္။

ဘီဘီစီ။ ။အေရးယူဖို႔ဆိုေပမဲ့လည္း လူထုကလဲ လတ္တေလာ ကိုယ့္လက္ထဲ ေငြေရာက္ဖို႔အေရးႀကီးေနတဲ့ကိစၥေတြရွိေနတဲ့အတြက္ ေျပလည္ေအာင္လုပ္ဖို႔ အေရးယူတာတင္မဟုတ္ဘဲ ဘဏ္စနစ္ကို ေကာင္းေအာင္လုပ္ေပးဖို႔ အ‌ေရးႀကီးတယ္လို႔ ထင္တယ္။

ေျဖ။ ။ စနစ္ကိုလဲ ေကာင္းေအာင္လုပ္မယ္။ တစ္ခ်ိန္တည္းမွာလဲ အေရးယူမႈကိုလဲ တူတူလုပ္မွာ။ ေရွ႕မွာေမးတဲ့ ေမးခြန္းေတြမွာ ဗဟိုဘဏ္ဘာလုပ္ေနလဲဆိုတာေတြေမးတာရွိေတာ့ တစ္ခ်ိဳ႕ကိစၥေတြက ကိုယ့္ကိစၥကိုယ္လုပ္ေနတယ္။ လုပ္ေနတဲ့အပိုင္းေတြမွာ လူထုဝင္ေဆာင္မႈအခက္အခဲေတြ ေျပလည္ေအာင္၊ ATM ေတြမွာ ေငြမျပတ္ေအာင္လုပ္ေနတယ္။ အဲ့ဒီအခ်ိန္ မွာ ေငြမလိုဘဲနဲ႔ ATM ေတြမွာ တန္းစီေနတဲ့သူေတြ ေပ်ာက္ေအာင္၊ ဘဏ္စနစ္ ပုံမွန္လုပ္ငန္းစဥ္အရ ဘဏ္ကိုအပ္ရမယ့္ဟာကို မအပ္ဘဲနဲ႔ ကိုယ့္လက္ထဲမွာထားၿပီး စီးပြားေရးလုပ္တဲ့သူ‌ေတြ ပေပ်ာက္ေအာင္ အားလုံး တစ္ၿပိဳင္နက္တည္းလုပ္မွာပါ။ တစ္ၿပိဳင္နက္တည္း ဟန္ခ်က္ညီညီလုပ္သြားမွာပါ။

ဘီဘီစီ။ ။ အေကာင့္သစ္ဖြင့္တဲ့ ကိစၥေပါ့ေနာ္။အေကာင့္သစ္ဖြင့္ရင္ အတိုးႏႈန္းပိုေပးၿပီး ဆြဲေဆာင္တာေတြလည္းရွိတယ္။အဲဒီအခ်ိန္မွာ လူထုက တစ္ဖက္ကေနျပန္စဥ္းစားတာကဗဟိုဘဏ္မွာေငြေၾကးလုံေလာက္မႈမရွိလို႔ တစ္ဖက္ကေန အေကာင့္အသစ္ေတြဖြင့္ၿပီး ‌‌ေငြေတြျပန္အပ္ေအာင္လုပ္တာလားဆိုတဲ့ ဒြိဟျဖစ္မႈေတြျဖစ္လာျပန္တယ္။ အဲ့ဒီေပၚမွာေရာ အာမခံခ်က္ေတြဘယ္လိုေပးႏိုင္လဲ။ အာမခံခ်က္ႏိုင္မယ့္ အခ်က္ေတြကဘာေတြလဲ။ ဘာအစီအစဥ္ေတြလုပ္ထားလဲ။

ေျဖ။ ။ အာမခံဆိုတာ သက္ဆိုင္ရာဘဏ္ေတြက ဗဟိုဘဏ္ကိုလႊဲခ်ခ်င္ရင္ သူတို႔ပိုက္ဆံေတြဗဟိုဘဏ္မွာရွိတယ္ေျပာတယ္။ အဲ့ဒီအတြက္ျပည္သူလူထုက ေငြအပ္ထားတာကို သူမ်ားကိုျပန္ေခ်းတာရွိတယ္။ ျပန္ေခ်းထားတဲ့ ပိုင္ဆိုင္မႈေတြ အက္ဆက္ေတြကလည္းလက္ထဲမွာရွိတယ္။ ေငြေတြ ပစၥည္းေတြကရွိၿပီးသား။ ဘဏ္ေတြရဲ႕ တာဝန္က ဥပေဒမွာကိုက အပ္ႏွံထားတဲ့သူေတြကို ျပန္လည္ေပးအပ္ရမယ္ဆိုတာ ဥပေဒမွာရွိၿပီးသား။ ဥပေဒအရ ဘဏ္ေတြ Balance ကဗဟိုဘဏ္မွာရွိတယ္။ အဲ့ဒီ Balance အရဘဏ္ေတြက တစ္ဖက္ကိုထုတ္ေခ်းထားတယ္။ အဲ့ဒီလူေတြေပးထားတဲ့ အက္ဆက္ေတြ အာမခံေတြအရေကာေငြေတြေရာ ပစၥည္းေတြပါရွိတဲ့အတြက္ ဘာမွဆုံးရႈံးစရာမရွိဘူး။ သို႔ေသာ္ စီးပြား‌‌ေရး စနစ္တစ္ခုတိုက္ခိုက္တာမ်ိဳးျဖစ္လာရင္ေတာ့ ကိုယ့္ေငြကိုယ္ျပန္ထုတ္ဖို႔ တစ္လုံးတစ္ခဲတည္းမရႏိုင္ဘူး။ အလီလီျဖစ္သြားႏိုင္တယ္။ သူတို႔စိုးရိမ္သလို ဘဏ္စနစ္ႀကီးတစ္ခုခုျဖစ္သြားခဲ့ရင္ေပါ့။ ျဖစ္သြားခဲ့ရင္ မဆုံးဆုံးဘူး။ အလီလီပဲျပန္ရမယ္။ တစ္လနဲ႔ရမယ့္ဟာကို ၆လၾကာရင္ၾကာသြားႏိုင္တယ္။ ဘဏ္ရဲ႕သေဘာသဘာဝ စနစ္ကိုကြပ္ကဲတဲ့ ဗဟိုဘဏ္က ဘဏ္အပ္ထားတဲ့ေငြေတြဆုံးရႈံးစရာမရွိဘူးလို႔ ေျပာတာေၾကာင့္ အလကားေနရင္ ဆုံးရႈံးသြားစရာအေၾကာင္းမရွိဘူး။နားမလည္တဲ့သူေတြက မ်ိဳးစုံေဝဖန္တယ္။သမိုင္းကိုျပန္ၾကည့္လိုက္ အာရွဓနဘဏ္တို႔ ဘာတို႔ပ်က္တယ္။ ဘဏ္ေတြ ႐ုပ္သိမ္းလိုက္တယ္။ အမႈျဖစ္တယ္ ဘဏ္ေတြ ပိတ္သြားတယ္။ ဆုံရႈံးသြားတဲ့လူ‌ ဘယ္သူရွိလဲ။ ကိုယ့္ေငြ အရစ္က်ျပန္ရတာလြဲလို႔ ဆုံးရႈံးသြားတာမရွိဘူး။ အဲ့လို ဘဏ္ပ်က္သြားေလာက္ေအာင္ ဆိုးစရာမရွိဘူးလို႔ေျပာတာ။ ဘဏ္ကလည္း ပ်က္စရာရွိဘူး။

ဘီဘီစီ။ ။အခုဆို ေဒၚလာလဲလွယ္ႏႈန္းက အရမ္းျမင့္တက္ေနၿပီးေတာ့ ျမန္မာက်ပ္ေငြတန္ဖိုးက်ေနတယ္။ၿပီးေတာ့‌ေ႐ႊေစ်းက စံခ်ိန္တင္ျမင့္တက္ေနၿပီး ေလာင္စာဆီးေစ်းႏႈန္းေတြကျမင့္တက္ေနတယ္ဆိုေတာ့။ က်ပ္ေငြတန္ဖိုးက်ဆင္းမႈနဲ႔ ေငြေၾကးေဖာင္းပြမႈေတြကို ဘယ္လိုထိန္းခ်ဳပ္ဖို႔ရွိပါသလဲ။

ေဒၚလာေစ်းတက္ေနတယ္ဆိုတာမွာ လူေတြေအာ္ေနတာ ႏွစ္ပိုင္းရွိတယ္။ ေဒၚလာေစ်းတက္ေနတာ inflation မဆိုင္ဘူး။ အီေကာ္ေနာ္မီနဲ႔လည္း indirect တစ္ဆင့္ပတ္သက္တယ္။တိုက္႐ိုက္မပတ္သက္ဘူး။ အခုတက္ေနတဲ့ေစ်းက ႐ြက္စိမ္းလို႔ ေခၚတဲ့ cash ေငြသားေစ်း ေပါ့။ အ႐ြက္ေစ်းျဖစ္ပါတယ္၊ တစ္ေထာင့္ေျခာက္ရာ ျဖစ္သြားတာ။ ဗဟိုဘဏ္ကသတ္မွတ္ထားတဲ့ အင္ပို႔ အိတ္စ္ပိုလုပ္ေနတဲ့ ေစ်းက ၁၅၆၀ ပဲရွိပါတယ္။သြင္းကုန္ ထုတ္ကုန္လုပ္ေနတဲ့ေစ်းက အရင္ပုံစံအတိုင္း အရမ္းတက္တာ မရွိပါဘူး။ဒီ ေမးခြန္းေလးကိုေျဖရတာေကာင္းပါတယ္။ဘာလို႔လဲဆိုေတာ့ ခုနေျပာတဲ့သူေတြက ေငြမအပ္ဘဲ ေဒၚလာေတြဝယ္တယ္။ ကိုယ့္ေငြကိုယ္အပ္ထားၿပီး ျပမရမွာစိုးလို႔ အိမ္မွာ သိမ္းတယ္။ေဒၚလာသိမ္းရတာနဲ႔ က်ပ္သိမ္းရတာ ေဒၚလာသိမ္းရတယ္လြယ္တယ္ဆိုၿပီး ေဒၚလာေတြဝယ္တယ္။ဝယ္လိုအားမ်ား‌ေတာ့ ေစ်းတက္တာေပါ့။ႏိုင္ငံမွာ ယူအက္စ္ေဒၚလာ တစ္ေသာင္းအထိပဲ ကိုင္ခြင့္ရွိတယ္။ ႏိုင္ငံျခားသုံးေငြစီမံဥပေဒအရ အေရးယူတဲ့ထဲပါသြားဦးမွာ။ ကြၽန္ေတာ္တို႔ အဲ့ဒါေတြမလုပ္ဘူး။ ျပည္သူလူထုက ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ပဲေျပာေနတာ။ကြၽန္ေတာ္တို႔က ေဒၚလာေရာင္းေပးတယ္။ တစ္ခါ‌ေရာင္းရင္ ေဒၚလာ ၆ သန္း ၁၀ သန္းစသည္ျဖင့္။ အခုေစ်းတက္ေနတဲ့ အေမရိကန္ေဒၚလာက cashပါ။ ကြၽန္ေတာ္တို႔ ကုန္သြယ္ေရးလုပ္ေနတဲ့ အေကာင့္ထရန္စဖာနဲ႔ ဟြန္ဒီတို႔နဲ႔ လုပ္ေနတဲ့ေစ်း ၁၅၆၀ ပါ။

ဘီဘီစီ ။ ။လိုအပ္ခ်က္အရ ေငြေတြထုတ္႐ိုက္ေနတယ္ဆိုၿပီး ေျပာၾကတဲ့ အေပၚမွာေရာ ဗဟိုဘဏ္အေနနဲ႔ ဘယ္လိုတုံ႔ျပန္ခ်င္ပါသလဲ။

ေျဖ။ ။ ဗဟိုဘဏ္ဆိုတာေတာ့ ေငြကို ႐ိုက္ခ်င္သလို ႐ိုက္ေနတာမဟုတ္ဘူး။တြက္ခ်က္ၿပီးေတာ့မွ GDP နဲ႔ ပါတြက္ခ်က္လုပ္တာပါ။ တြက္ခ်က္တဲ့ဌာနေတြရွိတယ္။အဲ့ဒီကေနၿပီး ကိုယ့္ရဲ႕ အင္ဖေလးရွင္းက ဘယ္ေလာက္ရွိတယ္။ လည္ပတ္ေငြကဘယ္ေလာက္ရွိတယ္။ ဒါေတြေပၚမူတည္ၿပီးေတာ့ပဲ ႐ိုက္တာ ရွိပါတယ္။ လက္ရွိအေျခအေနမွာ သပ္သပ္ေငြ႐ိုက္ထုတ္တာ မရွိပါဘူး။ပုံမွန္ ႐ိုက္ေနတဲ့အတိုင္းပဲ လုပ္ေနတယ္။ တကယ္လို႔ ပုံမွန္႐ိုက္ထုတ္တဲ့အတိုင္း‌‌ေငြေတြ ပို႐ိုက္ထုတ္မယ္ဆိုရင္ ဘဏ္ေတြမွာ ေငြလာအပ္ဖို႔ မလိုအပ္ဘဲ ထုတ္ဖို႔ဆိုတာကို ေျပာစရာမရွိဘူး။ ေဆးၿမီးတိုနဲ႔ကုသလို ႐ိုက္ထုတ္တဲ့စနစ္ကို မလုပ္ခ်င္လို႔ ဒီအီေကာ္ေနာ္မီထဲ လည္ပတ္ေနၿပီးသား စီအိုင္စီ ေငြေတြကို ဘဏ္ထဲကိုျပန္လာေစခ်င္တာ။ ကြၽန္ေတာ္တို႔ အဓိကလုပ္ေနတာ အဲ့ဒါပါ။ ႐ိုက္ထုတ္လိုက္ရင္ၿပီးတာပဲလို႔ ေျပာလို႔လြယ္ေပမဲ့ လိုအပ္ရင္လုပ္မွာေပါ့။ မလိုအပ္လို႔ မလုပ္ေသးဘူးေလ။ကြၽန္ေတာ္ေျပာတဲ့ စကားေလးတစ္ခုရွိတယ္။ ဘဏ္က ၂၆ဘဏ္ပဲရွိတာ လူဦးေရကလည္း ဒီအတိုင္းပဲ ေျပာင္းမသြားဘူး ႏိုင္ငံကလည္း ဒီႏိုင္ငံပဲ။ အဲ့ဒါေၾကာင့္ ပေယာဂေၾကာင့္ ေငြေတြက အျပင္ကိုေရာက္ၿပီး ဘဏ္ထဲကို မေရာက္တာအတြက္ ဘဏ္ေတြေရာက္ဖို႔ တြန္းအားေပးတာကို ဗဟိုဘဏ္မွာ‌ ပိုက္ဆံမရွိဘူးလို႔ မက္ေဆ့ခ်္ေပးတာကိုက အီေကာ္ေနာ္မီ ပ်က္စီးဖို႔ တြန္းအားေပးတဲ့လုပ္ရပ္လို႔ သုံးသပ္ပါတယ္။

ဘီဘီစီ။ ။ခုနေျဖသြားတာေတြထဲမွာ ဗဟိုဘဏ္ရဲ႕လုပ္ငန္းစဥ္ေတြ ဘဏ္ေတြကိုထိန္းခ်ဳပ္မယ့္ အေၾကာင္းေတြ ေတာ္ေတာ္ျပည့္ျပည့္စုံစုံ ပါပါတယ္။ဒါေတြက ေဖေဖာ္ဝါရီ ၁ ရက္ ေန႔ကမွ စျဖစ္လာတဲ့ကိစၥေတြ ဆိုေတာ့ လက္ရွိႏိုင္ငံေရးအေျခအေနေပၚမွာ မယုံၾကည္မႈေတြကေန ဘဏ္စနစ္ကို ထိခိုက္တယ္လို႔ သုံးသပ္ၾက တာရွိပါတယ္။ ဘဏ္စနစ္နဲ႔ ႏိုင္ငံေရးအေျခအေနေပၚမွာေရာ ဘယ္လိုသုံးသပ္ေျပာၾကားခ်င္ပါသလဲ။

ေျဖ။ ။ ဘယ္အစိုးရတက္တက္ ဘဏ္စနစ္က healthy ျဖစ္ေနဖို႔လိုတယ္။ ဘာလို႔လဲဆိုေတာ့ ျပည္သူက ဒီျပည္သူပဲ။ ျပည္သူေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ အစိုးရတက္လာမယ္။ သူမႀကိဳက္တဲ့အစိုးရတက္လာတာရွိမယ္။ အဲ့ဒါကအစိုးရက ႏိုင္ငံေရး။ ဘယ္အစိုးရတက္တက္ ဘဏ္စနစ္အားေကာင္းၿပီး လူေတြက ဘဏ္ေတြကိုယုံၾကည္ေနမွ။ ဘယ္အစိုးရတက္တက္ တက္တဲ့အစိုးရ ဘဏ္စနစ္ကိုအားေကာင္းေအာင္လုပ္မွာပဲ။ ဘဏ္စနစ္ အားေကာင္းေတာင့္တင္းမွ တိုင္းျပည္ကတိုးတက္မွာ။တိုင္းျပည္တိုးတက္မွ ျပည္သူလူထုရဲ႕ စားဝတ္ေနေရး အေျခခံေျပလည္မွာ။ အဲ့ဒီေတာ့ တိုက္ခိုက္တာသည္ အစိုးရကို တိုက္ခိုက္ရင္းနဲ႔ ျပည္သူလူထုရဲ႕စားဝတ္ေန‌ေရးဘဝကိုပါ တိုက္ခိုက္သလိုျဖစ္သြားတယ္။ ဒါကေတာ့ ႏိုင္ငံေရးနဲ႔ ဘ႑ာေရးနဲ႔ ဘာမွမသက္ဆိုင္ဘူးဆိုတာ ကြဲျပားေစခ်င္ပါတယ္။

Credit BBC

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box