Facebook Comments Box
လက်ဖဝါးပြင်ပေါ်ရှိ ဂြိုဟ်ခုံတို့၏ ကောင်းခြင်း၊ဆိုးခြင်းနှင့်ဆိုင်သော ဟောကိန်းများ

လက်ဖဝါးပြင်ပေါ်ရှိ ဂြိုဟ်ခုံတို့၏ ကောင်းခြင်း၊ဆိုးခြင်းနှင့်ဆိုင်သော ဟောကိန်းများ

မိတ်ဆွေ၏လက်ဖဝါးပြင်တွင်ပါရှိသော ဂြိုဟ်ခုံတို့သည် ကောင်းသောအနေအထားရှိနေတတ်သလို မကောင်းသည့်အနေအထားဖြင့်လည်း ရှိနေတတ်သည်။ ကောင်းမွန်သော ဂြိုဟ်ခုံဟုဆိုရာတွင် ဂြိုဟ်ခုံသည် ပြည့်ဖြိုးထင်ရှားပြီး ရှင်းလင်းနေရမည်၊အားရှိသော ဂြိုဟ်ခုံတို့သည် အရောင်အဆင်းကောင်းမွန်ခြင်းနှင့် ထင်ရှားသည့် ဂြိုဟ်ခုံထိပ်ဖူးတို့ နေရာတကျ တည်ရှိနေခြင်းနှင့် ဂြိုဟ်ခုံနှင့်ဆိုင်သော လက်ချောင်း၏ ကောင်းမွန်သော သဏ္ဍာန်ရှိခြင်းတို့က ဂြိုဟ်ခုံတစ်ခုအတွက် ကောင်းသော အခြေအနေကို ပြပေသည်။ဂြိုဟ်ခုံပေါ်မှာ အပေါ်ကို ထောင်တက်နေတဲ့ လမ်းတိုလေးတစ်ခုလည်း ဂြိုဟ်ခုံအားကောင်းသော အချိန်များတွင် ပေါ်လာတတ်ပါတယ်။ မကောင်းတဲ့ဂြိုဟ်ခုံနဲ့ အားနည်းတဲ့ဂြိုဟ်ခုံဆိုတာကတော့ ဂြိုဟ်ခုံအသားမပြည့်ဖြိုးဘူး၊ အရောင်အဆင်းမွဲနေတတ်တာ၊ ထင်ရှားတဲ့ ဂြိုဟ်ခုံထိပ်ဖူးမရှိခြင်း၊ မကောင်းသော ကြက်ခြေ၊ဇယားကွက်၊အစက်အပျောက်၊မှဲ့နက်၊ကျွန်း စတဲ့ အမှတ်အသားတွေ ပါရှိနေတတ်တာမျိုးနဲ့ ဂြိုဟ်ခုံနဲ့ဆိုင်တဲ့ လက်ချောင်းတွေဟာ အညံ့စားတွေဖြစ်နေတတ်ပါတယ်။ ဒါဆိုရင်တော့ အားနည်းပြီး မကောင်းတဲ့ ဂြိုဟ်ခုံတစ်ခုဖြစ်နိုင်ပါတယ်။
ဂြိုဟ်ခုံတစ်ခုဟာ လက္ခဏာရှင်အတွက် အလွန်အရေးပါတဲ့ ဟောချက်ကို ပေးပါတယ်။ ဂြိုဟ်ခုံတွေက လက္ခဏာရှင်ကို ဘယ်လို အချက်တွေအတွက်အထောက်အကူပြုသလည်းဆိုရင် -
လက္ခဏာရှင်ရဲ့ ပါရမီစရိတ်များ၊အသက်မွေးမှု့နဲ့ဆိုင်သော လုပ်ငန်းများ၊အကျင့်စာရိတ္တပိုင်ဆိုင်ရာ အခြေအနေများ၊ စိတ်အခြေအနေများ၊အရည်အချင်းနှင့်ဆိုင်သောကိစ္စရပ်များကို အထောက်အကူပြုနေပါတယ်။ သက်ဆိုင်ရာဂြိုဟ်ခုံ အလိုက် စနစ်တကျ လေ့လာရမှာပါ။

လက္ခဏာရှင်အတွက် အုပ်ချုပ်ရေးနှင့် စိတ်ပိုင်းဆိုင်ရာအခြေအနေများကို ပြနေတတ်သည်။ အိမ်ထောင် တစ်ခုမှသည် နိုင်ငံတစ်ခုထိတိုင်အောင် အုပ်ချုပ်ရေးစွမ်းရည်နှင့် ခေါင်းဆောင်နိုင်မှု့တို့ကို အကဲဖြတ်နိုင်သည်။ သက်ဆိုင်ရာဂြိုဟ်ခုံကို အခြာလမ်းကြောင်းများနှင့် ပေါင်းစပ်ရမည်။

လက္ခဏာရှင်၏ စီးပွားရေး၊ကျန်းမာရေး၊အိမ်ထောင်ရေး၊တိုးတက်ကြီးပွားရေးနှင့် အသက်ရှည်ရေးတို့ကို ပြသသော အသက်လမ်းကြောင်း၊ကံလမ်းကြောင်း၊နှလုံးလမ်းကြောင်း၊ဦးခေါင်းလမ်းကြောင်းနှင့် အောင်မြင်ရေးလမ်းကြောင်း စသည့် အဓိကကြည့်ရသည့်လမ်းကြောင်းကြီးများ၏ အားပါခြင်းရှိ/မရှိ၊ ပြည့်စုံသော အကျိုးပေးနိုင်မှု့ ရှိ/မရှိဆိုသည့်အချက်ကို လမ်းကြောင်းများစတင်ရာနှင့် အဆုံးသတ်ရာတွင်ရှိသော ဂြိုဟ်ခုံတို့၏ အားနှင့် ဆက်စပ်ချင့်ချိန်ရသဖြင့် ထိုလမ်းကြောင်းကြီးများ၏ အခြေအနေသည် ဂြိုဟ်ခုံတို့၏ကောင်းခြင်း/ဆိုးခြင်းပေါ်တွင် အမှီသဟဲပြု၍နေကြသည်။

ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာကိစ္စရပ်များအတွက် သက်ဆိုင်ရာဂြိုဟ်ခုံသည် အလွန်အရေးပါလှသည်။ အထူးသဖြင့် ရောဂါသက်သာခြင်းနှင့် နာတာရှည်ဖြစ်ခြင်းသည် သက်ဆိုင်ရာဂြိုဟ်ခုံ၏ ကောင်းခြင်း/ဆိုးခြင်းနှင့် အချိုးကျနေတတ်သည်။
ထိုအချက်များကြောင့် ဂြိုဟ်ခုံကို လက်လွတ်မခံဘဲ အသေးစိတ်ကြည့်ရခြင်းဖြစ်သည်။

ကြာသာပတေးဂြိုဟ်ခုံကောင်းနေခဲ့ရင်
ဘာသာရေး၊အကျင်းစာရိတ္တ၊ပင်ကိုယ်အရည်အသွေး၊စိတ်ကူးကောင်းခြင်း၊ သြဇာအာဏာရှိခြင်း၊မြတ်နိုးတတ်ခြင်း၊ဂုဏ်ကြက်သရေရှိခြင်း၊ချမ်းသာတိုးတက်ခြင်း၊စိတ်နှလုံးကောင်းခြင်းတို့နှင့် ပြည့်စုံ တတ်ပါတယ်။ကောင်းသောအမှတ်အသားများပါရှိပါက ပိုပြီး ကောင်းမွန်သောဘဝကို ရရှိပါလိမ့်မယ်။ ကြာသာပတေးဂြိုဟ်ခုံ ညံ့နေခဲ့ပါက -- ထုံထိုင်းခြင်း၊ဘုရားတရားကိုမယုံကြည်သူဖြစ်ခြင်း၊နောင်ဘဝကိုမယုံကြည်ဘဲ လုပ်ချင်ရာလုပ်သဖြင့် အကုသိုလ်များရတတ်ခြင်း၊ အကျင့်ပိုင်းတွင် အတ္တကြီးလွန်းခြင်း၊သစ္စာမဲ့ခြင်းနှင့် ကိလေသာဇောတက်ခြင်းတို့ ဖြစ်ပေါ်တတ်ပေသည်။ မကောင်းသောအမှတ်အသားများ ဂြိုဟ်ခုံတွင် ရှိပါက ပိုဆိုးပါလိမ့်မည်။

စနေဂြိုဟ်ခုံကောင်းပါက
လွတ်လပ်ခြင်း၊ညဏ်ပညာကြီးမာခြင်း၊သင်သလောက်တတ်မြောက်ခြင်း၊ဂုဏ်သိက္ခာကြီးမား ခြင်းနှင့် လူအများကို ကူညီလိုခြင်း၊တည်ငြိမ်အေးချမ်းပြီး ဘာသာရေးဆိုင်ရာ အကျင့်များကို ဝရိယစိုက် ကျင့်နိုင်ခြင်း၊ သီလထိန်းခြင်း၊ လူအများကို ဟောပြောပြသနိုင်ခြင်းနှင့် လူအများပရိသတ်၏ ထောက်ခံမှု့ရရှိခြင်း တို့ခံစားရပေမည်။ စနေဂြိုဟ်ခုံ ညံ့ပါက စိတ်ပိုင်းဆိုင်ရာအားနည်းပြီး ညှိုးငယ်စွာနေထိုင်ရတတ်ခြင်း၊ လျှို့ဝှက်တတ်ခြင်း၊ အယူအလွန်သည်းခြင်း၊ အစွန်းရောက်ခြင်း၊အဆိုးမြင်တတ်ခြင်း၊ဘယ်အရာကိုမဆို အပျက်သဘောကိုသာမြင်တတ် ပြောဆိုတတ်ခြင်း၊ မနာလို စိတ်ကြီးခြင်းနှင့် သူတပါးအောင်မြင်ခြင်းကို ဖျက်ဆီးလိုခြင်း။ အသိပညာကင်းမဲခြင်း၊ ပုန်ကန်ခြားနားလိုခြင်း၊ယုတ်မာပြီး အသိကင်းမဲ့ခြင်း တို့ဖြစ်တတ်ပါသည်။ မကောင်းသောအမှတ်အသားများ ပါရှိပါက ပို၍ဆိုးပါလိမ့်မည်။

တနင်္ဂနွေဂြိုဟ်ခုံကောင်းပါက
အနုပညာ၊ဝိဇ္ဇာအတတ်ပညာ၊ထိုးထွင်းသိမြင်ခြင်းနှင့်ဆိုင်သောညဏ်ပညာ၊ သမာဓိရှိခြင်းတို့ ကောင်းစွာဖြစ်ပေါ်လာပါလိမ့်မည်။ဂုဏ်သတင်းကြီးခြင်း၊အချုပ်အနှောင်မဲ့ခြင်း၊ ရာထူးကြီးခြင်း၊ မင်းမှု့ထမ်းရခြင်း၊လူပေါင်းဆန့်ခြင်းနှင့် သိက္ခာပိုင်းဆိုင်ရာ ထင်ရှားသူဖြစ်မည်။ တနင်္ဂနွေဂြိုဟ်ခုံ ညံ့ခဲ့ပါက -- လောင်းကစားကိုဝါသနာပါမည်၊စိတ်လိုက်မာန်ပါဖြစ်တတ်ခြင်း၊ ညံ့ဖျင်းသောခေါင်းဆောင်မှု့ကြောင့် လူအများ မနှစ်သက်ခြင်း၊ ရာထူးမှ ပြုတ်ကျခြင်း၊ ရက်စက်တတ်ခြင်း၊ပျင်းရိခြင်း၊ရိုင်းစိုင်းခြင်း၊ ပကာသနအလွန်များခြင်း၊ မက်မောခြင်း၊မုန်းတီစိတ်ထားခြင်းနှင့် လက်စားချေလိုခြင်း၊ သိခံခွင့်လွတ်တတ်ခြင်းမရှိ အနိုင်ရပါက ဖိထောင်းချင်သူဖြစ်ခြင်း တို့ဖြစ်တတ်ပါသည်။

ဗုဒ္ဓဟူးဂြိုဟ်ခုံကောင်းပါက
အာဝဇ္ဇန်းကောင်းခြင်း၊တက်ကြွခြင်း၊ပေါ့ပါးခြင်း၊အတွက်အချက်ကောင်းမွန်ခြင်း၊ပွင့်လင်းပြီး အကျိုးရှိသောစာကားကိုသာဆိုခြင်း၊ပညာညဏ်ကြီးမာပြီး သမားပညာ၊ဆေးပညာ၊တွက်ချက်သည့်ပညာ၊စာရင်းပညာ နှင့် သိပ္ပံပညာတို့တွင် ထူးချွန်သူဖြစ်ခြင်း၊တီထွင်နိုင်ခြင်း၊စီးပွားရေး ကုန်သွယ်ရေး၊ကုန်ကူးသန်းခြင်းတို့တွင် တတ်မြှောက်လိမ္မာခြင်း၊ပါနပ်ခြင်း၊သူတပါးကျေးဇူးကို သိတတ်ခြင်းတို့ ရှိမည်ဖြစ်သည်။ ဗုဒ္ဓဟူးဂြိုဟ်ခုံ ညံ့သည့်အခါ -- လိမ်လည်တတ်ခြင်း၊ကတိမတည်ခြင်း၊သစ္စာမဲ့ခြင်း၊အကောက်ကြံတတ်ခြင်း၊ချောက်တွန်းတတ်ခြင်း၊မနာလိုစိတ်များခြင်း၊ကြွားတတ်၊ဝါတတ်ခြင်း၊ခနဲတဲ့တဲ့ပြောတတ်ခြင်း၊ကျိန်ဆဲတတ်ခြင်း၊ မကောင်းသောကုန်သွယ်ခြင်းနှင့် အသက်မွေး တတ်ခြင်း တို့ဖြစ်တတ်သည်။

သောကြာဂြိုဟ်ခုံကောင်းခဲ့ပါက
အကောင်းဘက်ကိုမြင်တတ်ခြင်း၊ကိုယ်စိတ်နူးညံ့ခြင်း၊လူအများချစ်ခင်ခြင်းကို ခံရခြင်း၊ရုပ်ရည်လှပခြင်း၊အရသခံကောင်းခြင်း၊သနာကြင်နာတတ်ခြင်း၊ မေတ္တာတရားရှိပြီး ငြိမ်းချမ်းရေးကို လိုလာသူဖြစ်ခြင်း၊စိတ်လွယ်ပြီး အလှူအပေးအကမ်းများသူဖြစ်ခြင်း၊သူတပါးကို ထောက်ပံကူညီလိုစိတ်ပြင်းထန်ခြင်း၊ မယားကောင်း၊လင်ကောင်းရခြင်း။သားသမီးတို့အကျိုးခံစားရခြင်း၊သားသမီးရတနာများထွန်းကားခြင်းတို့ရှိမည်ဖြစ်သည်။ သောကြာဂြိုဟ်ခုံ ညံ့သည့်အခါ -- တာဝန်မဲ့ခြင်း၊ယုတ်ညံ့သောလိင်ကိစ္စကို မက်မောခြင်း၊စည်းကမ်းမရှိခြင်း၊ ညစ်ပတ်တတ်ခြင်း၊သစ္စာမဲ့ပြီး တဏှာရာဂနှင့် လောင်ကစားတို့တွင် လောဘကြီးခြင်း၊စည်းမစောင့်ခြင်း၊ မယားကောင်း၊လင်ကောင်းမရရှိခြင်း၊ အိမ်ထောင်ရေးကြောင့် သောကရောက်ရခြင်း တို့ဖြစ်တတ်သည်။ ဂုဏ်ရည်လည်း ပျက်စီးတတ်သည်။

အင်္ဂါဂြိုဟ်ခုံကောင်းပါက
စိတ်သဘောထားကြီးခြင်း၊သဒ္ဒါတရားများခြင်း၊အလုပ်ကို သေချာလုပ်ကိုင်တတ်သူ ဖြစ်ခြင်း၊ အလှအပမြတ်နိုးခြင်း၊အချုပ်အချယ်မရှိခြင်း၊ခေါင်းဆောင်ရာတွင်ကောင်းမွန်သူဖြစ်ပြီး လက်အောက်ငယ်သားကို ပြန်ကြည့်ခြင်း၊သတ္တိရှိခြင်း၊ တိုက်ရည်ခိုက်ရည်ပြည့်ဝခြင်း၊ရိုသေတတ်ခြင်း တို့ဖြစ်မည်။ အင်္ဂါဂြိုဟ်ခုံညံ့ပါက အလွယ်တကူလက်လျှော့တတ်ခြင်း၊မလုပ်ရသေမှီးက လက်လျှော့နှင့်ပြီးဖြစ်ခြင်း၊အကျင့်ပျက်ခြစားခြင်း၊ ယုတ်ညံ့ကြမ်း ထမ်းခြင်း၊ အုပ်စုဖွဲမှသာ မိုက်တတ်ခြင်း၊သတ္တိနည်းခြင်း၊ အမှောင်လုပ်ငန်းကို ဝါသနာပါခြင်း၊ရာဇဝတ်မှု့ ကြူးလွန် လွယ်ခြင်း၊ဖောက်ပြန်ခြင်း၊လက်စားချေခြင်း၊ကြောက်တတ်ခြင်း၊ ယမ်း-မီးပေါက်၊လက်နက်တို့ကြောင့် ထိခိုက်ဒဏ်ရာ ရရှိတတ်ခြင်း၊စစ်လက်နက်ဖြင့် သေကြေဒဏ်ရာရခြင်းရှိ တို့ရှိ မည်ဖြစ်သည်။

တနင်္လာဂြိုဟ်ခုံကောင်းပါက
အခြေအမြစ်ရှိသည့် စိတ်ကူးရှိခြင်း၊ယထဘူတကျသည့်ပညာရပ်များ၊ ဆင်ခြင်တုံတရားကြီးခြင်းနှင့် ၊ ကသိုဏ်ရှုခြင်း၊ ဘာဝနာစီးဖြန်းခြင်း၊ ကိုယ်ကျိုးစွန့်လုပ်ဆောင်တတ်ခြင်း၊ ပရဟိတစိတ်ပြင်ထန်ခြင်း၊ကူညီလိုစိတ်ရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကြီးမာခြင်း၊သစ္စာရှိခြင်း၊သန့်ရှင်းခြင်း စသည်တို့ ခံစားရမည်ဖြစ်သည်။ တနင်္လာဂြိုဟ်ခုံညံ့နေပါက -- တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပျင်းရိခြင်း၊အသားစားကျူးခြင်း၊ အပြောတစ်မျိုး အလုပ်တစ်မျိုးလုပ်တတ်ခြင်း၊သူရဲဘောကြောင်ခြင်း၊ စိတ်အင်အားနည်းခြင်း၊ကြောက်တတ်ခြင်း၊ သစ္စာမဲခြင်း၊ရေနစ်တတ်ခြင်း စသည်တို့ဖြစ်တတ်ပါတယ်။

အထက်ဖော်ပြပါ ဂြိုဟ်ခုံတို့နှင့် သက်ဆိုင်သော ကောင်းကျိုးဆိုးပြစ်များကို လေ့လာရာတွင် လက္ခဏာရှင်၏ လက်ပုံစံ၊လက်ရေစာတို့ကို တွဲဘက်ပြီး လက်ဖဝါးတွင်ပါရှိသော လမ်းကြောင်းများ ထင်ရှားအမှတ်အသားများ၏ သဘောတရားများကိုပါ ပေါင်းစပ်လေ့လာပါက ပိုမိုမှန်ကန်ထိရောက်သော တိကျသည့်ဟောချက်ကို ရရှိမှာဖြစ်ပါတယ်။ လက္ခဏာပညာရပ်မှာ တစ်ခုတည်းကို ဒါမြင်ဒါဟော ဒါပါရင် ဒါဖြစ်မယ်တော့ ပြောလို့မရပါဘူး။ ပေါင်းစပ်လေ့လာရတာဖြစ်ပြီး သုတေသနအားကောင်းရမှာဖြစ်ပါကြောင်း တင်ပြရပါတယ်။
ဆရာကင်္ကသူ

လက္ဖဝါးျပင္ေပၚရွိ ၿဂိဳဟ္ခုံတို႔၏ ေကာင္းျခင္း၊ဆိုးျခင္းႏွင့္ဆိုင္ေသာ ေဟာကိန္းမ်ား

မိတ္ေဆြ၏လက္ဖဝါးျပင္တြင္ပါရွိေသာ ၿဂိဳဟ္ခုံတို႔သည္ ေကာင္းေသာအေနအထားရွိေနတတ္သလို မေကာင္းသည့္အေနအထားျဖင့္လည္း ရွိေနတတ္သည္။ ေကာင္းမြန္ေသာ ၿဂိဳဟ္ခုံဟုဆိုရာတြင္ ၿဂိဳဟ္ခုံသည္ ျပည့္ၿဖိဳးထင္ရွားၿပီး ရွင္းလင္းေနရမည္၊အားရွိေသာ ၿဂိဳဟ္ခုံတို႔သည္ အေရာင္အဆင္းေကာင္းမြန္ျခင္းႏွင့္ ထင္ရွားသည့္ ၿဂိဳဟ္ခုံထိပ္ဖူးတို႔ ေနရာတက် တည္ရွိေနျခင္းႏွင့္ ၿဂိဳဟ္ခုံႏွင့္ဆိုင္ေသာ လက္ေခ်ာင္း၏ ေကာင္းမြန္ေသာ သ႑ာန္ရွိျခင္းတို႔က ၿဂိဳဟ္ခုံတစ္ခုအတြက္ ေကာင္းေသာ အေျခအေနကို ျပေပသည္။ၿဂိဳဟ္ခုံေပၚမွာ အေပၚကို ေထာင္တက္ေနတဲ့ လမ္းတိုေလးတစ္ခုလည္း ၿဂိဳဟ္ခုံအားေကာင္းေသာ အခ်ိန္မ်ားတြင္ ေပၚလာတတ္ပါတယ္။ မေကာင္းတဲ့ၿဂိဳဟ္ခုံနဲ႔ အားနည္းတဲ့ၿဂိဳဟ္ခုံဆိုတာကေတာ့ ၿဂိဳဟ္ခုံအသားမျပည့္ၿဖိဳးဘူး၊ အေရာင္အဆင္းမြဲေနတတ္တာ၊ ထင္ရွားတဲ့ ၿဂိဳဟ္ခုံထိပ္ဖူးမရွိျခင္း၊ မေကာင္းေသာ ၾကက္ေျခ၊ဇယားကြက္၊အစက္အေပ်ာက္၊မွဲ႔နက္၊ကြၽန္း စတဲ့ အမွတ္အသားေတြ ပါရွိေနတတ္တာမ်ိဳးနဲ႔ ၿဂိဳဟ္ခုံနဲ႔ဆိုင္တဲ့ လက္ေခ်ာင္းေတြဟာ အညံ့စားေတြျဖစ္ေနတတ္ပါတယ္။ ဒါဆိုရင္ေတာ့ အားနည္းၿပီး မေကာင္းတဲ့ ၿဂိဳဟ္ခုံတစ္ခုျဖစ္ႏိုင္ပါတယ္။
ၿဂိဳဟ္ခုံတစ္ခုဟာ လကၡဏာရွင္အတြက္ အလြန္အေရးပါတဲ့ ေဟာခ်က္ကို ေပးပါတယ္။ ၿဂိဳဟ္ခုံေတြက လကၡဏာရွင္ကို ဘယ္လို အခ်က္ေတြအတြက္အေထာက္အကူျပဳသလည္းဆိုရင္ -
လကၡဏာရွင္ရဲ႕ ပါရမီစရိတ္မ်ား၊အသက္ေမြးမႈ႕နဲ႔ဆိုင္ေသာ လုပ္ငန္းမ်ား၊အက်င့္စာရိတၱပိုင္ဆိုင္ရာ အေျခအေနမ်ား၊ စိတ္အေျခအေနမ်ား၊အရည္အခ်င္းႏွင့္ဆိုင္ေသာကိစၥရပ္မ်ားကို အေထာက္အကူျပဳေနပါတယ္။ သက္ဆိုင္ရာၿဂိဳဟ္ခုံ အလိုက္ စနစ္တက် ေလ့လာရမွာပါ။

လကၡဏာရွင္အတြက္ အုပ္ခ်ဳပ္ေရးႏွင့္ စိတ္ပိုင္းဆိုင္ရာအေျခအေနမ်ားကို ျပေနတတ္သည္။ အိမ္ေထာင္ တစ္ခုမွသည္ ႏိုင္ငံတစ္ခုထိတိုင္ေအာင္ အုပ္ခ်ဳပ္ေရးစြမ္းရည္ႏွင့္ ေခါင္းေဆာင္ႏိုင္မႈ႕တို႔ကို အကဲျဖတ္ႏိုင္သည္။ သက္ဆိုင္ရာၿဂိဳဟ္ခုံကို အျခာလမ္းေၾကာင္းမ်ားႏွင့္ ေပါင္းစပ္ရမည္။

လကၡဏာရွင္၏ စီးပြားေရး၊က်န္းမာေရး၊အိမ္ေထာင္ေရး၊တိုးတက္ႀကီးပြားေရးႏွင့္ အသက္ရွည္ေရးတို႔ကို ျပသေသာ အသက္လမ္းေၾကာင္း၊ကံလမ္းေၾကာင္း၊ႏွလုံးလမ္းေၾကာင္း၊ဦးေခါင္းလမ္းေၾကာင္းႏွင့္ ေအာင္ျမင္ေရးလမ္းေၾကာင္း စသည့္ အဓိကၾကည့္ရသည့္လမ္းေၾကာင္းႀကီးမ်ား၏ အားပါျခင္းရွိ/မရွိ၊ ျပည့္စုံေသာ အက်ိဳးေပးႏိုင္မႈ႕ ရွိ/မရွိဆိုသည့္အခ်က္ကို လမ္းေၾကာင္းမ်ားစတင္ရာႏွင့္ အဆုံးသတ္ရာတြင္ရွိေသာ ၿဂိဳဟ္ခုံတို႔၏ အားႏွင့္ ဆက္စပ္ခ်င့္ခ်ိန္ရသျဖင့္ ထိုလမ္းေၾကာင္းႀကီးမ်ား၏ အေျခအေနသည္ ၿဂိဳဟ္ခုံတို႔၏ေကာင္းျခင္း/ဆိုးျခင္းေပၚတြင္ အမွီသဟဲျပဳ၍ေနၾကသည္။

က်န္းမာေရးႏွင့္ စိတ္ပိုင္းဆိုင္ရာကိစၥရပ္မ်ားအတြက္ သက္ဆိုင္ရာၿဂိဳဟ္ခုံသည္ အလြန္အေရးပါလွသည္။ အထူးသျဖင့္ ေရာဂါသက္သာျခင္းႏွင့္ နာတာရွည္ျဖစ္ျခင္းသည္ သက္ဆိုင္ရာၿဂိဳဟ္ခုံ၏ ေကာင္းျခင္း/ဆိုးျခင္းႏွင့္ အခ်ိဳးက်ေနတတ္သည္။
ထိုအခ်က္မ်ားေၾကာင့္ ၿဂိဳဟ္ခုံကို လက္လြတ္မခံဘဲ အေသးစိတ္ၾကည့္ရျခင္းျဖစ္သည္။

ၾကာသာပေတးၿဂိဳဟ္ခုံေကာင္းေနခဲ့ရင္
ဘာသာေရး၊အက်င္းစာရိတၱ၊ပင္ကိုယ္အရည္အေသြး၊စိတ္ကူးေကာင္းျခင္း၊ ၾသဇာအာဏာရွိျခင္း၊ျမတ္ႏိုးတတ္ျခင္း၊ဂုဏ္ၾကက္သေရရွိျခင္း၊ခ်မ္းသာတိုးတက္ျခင္း၊စိတ္ႏွလုံးေကာင္းျခင္းတို႔ႏွင့္ ျပည့္စုံ တတ္ပါတယ္။ေကာင္းေသာအမွတ္အသားမ်ားပါရွိပါက ပိုၿပီး ေကာင္းမြန္ေသာဘဝကို ရရွိပါလိမ့္မယ္။ ၾကာသာပေတးၿဂိဳဟ္ခုံ ညံ့ေနခဲ့ပါက -- ထုံထိုင္းျခင္း၊ဘုရားတရားကိုမယုံၾကည္သူျဖစ္ျခင္း၊ေနာင္ဘဝကိုမယုံၾကည္ဘဲ လုပ္ခ်င္ရာလုပ္သျဖင့္ အကုသိုလ္မ်ားရတတ္ျခင္း၊ အက်င့္ပိုင္းတြင္ အတၱႀကီးလြန္းျခင္း၊သစၥာမဲ့ျခင္းႏွင့္ ကိေလသာေဇာတက္ျခင္းတို႔ ျဖစ္ေပၚတတ္ေပသည္။ မေကာင္းေသာအမွတ္အသားမ်ား ၿဂိဳဟ္ခုံတြင္ ရွိပါက ပိုဆိုးပါလိမ့္မည္။

စေနၿဂိဳဟ္ခုံေကာင္းပါက
လြတ္လပ္ျခင္း၊ညဏ္ပညာႀကီးမာျခင္း၊သင္သေလာက္တတ္ေျမာက္ျခင္း၊ဂုဏ္သိကၡာႀကီးမား ျခင္းႏွင့္ လူအမ်ားကို ကူညီလိုျခင္း၊တည္ၿငိမ္ေအးခ်မ္းၿပီး ဘာသာေရးဆိုင္ရာ အက်င့္မ်ားကို ဝရိယစိုက္ က်င့္ႏိုင္ျခင္း၊ သီလထိန္းျခင္း၊ လူအမ်ားကို ေဟာေျပာျပသႏိုင္ျခင္းႏွင့္ လူအမ်ားပရိသတ္၏ ေထာက္ခံမႈ႕ရရွိျခင္း တို႔ခံစားရေပမည္။ စေနၿဂိဳဟ္ခုံ ညံ့ပါက စိတ္ပိုင္းဆိုင္ရာအားနည္းၿပီး ညႇိဳးငယ္စြာေနထိုင္ရတတ္ျခင္း၊ လွ်ိဳ႕ဝွက္တတ္ျခင္း၊ အယူအလြန္သည္းျခင္း၊ အစြန္းေရာက္ျခင္း၊အဆိုးျမင္တတ္ျခင္း၊ဘယ္အရာကိုမဆို အပ်က္သေဘာကိုသာျမင္တတ္ ေျပာဆိုတတ္ျခင္း၊ မနာလို စိတ္ႀကီးျခင္းႏွင့္ သူတပါးေအာင္ျမင္ျခင္းကို ဖ်က္ဆီးလိုျခင္း။ အသိပညာကင္းမဲျခင္း၊ ပုန္ကန္ျခားနားလိုုျခင္း၊ယုတ္မာၿပီး အသိကင္းမဲ့ျခင္း တို႔ျဖစ္တတ္ပါသည္။ မေကာင္းေသာအမွတ္အသားမ်ား ပါရွိပါက ပို၍ဆိုးပါလိမ့္မည္။

တနဂၤေႏြၿဂိဳဟ္ခုံေကာင္းပါက
အႏုပညာ၊ဝိဇၨာအတတ္ပညာ၊ထိုးထြင္းသိျမင္ျခင္းႏွင့္ဆိုင္ေသာညဏ္ပညာ၊ သမာဓိရွိျခင္းတို႔ ေကာင္းစြာျဖစ္ေပၚလာပါလိမ့္မည္။ဂုဏ္သတင္းႀကီးျခင္း၊အခ်ဳပ္အေႏွာင္မဲ့ျခင္း၊ ရာထူးႀကီးျခင္း၊ မင္းမႈ႕ထမ္းရျခင္း၊လူေပါင္းဆန႔္ျခင္းႏွင့္ သိကၡာပိုင္းဆိုင္ရာ ထင္ရွားသူျဖစ္မည္။ တနဂၤေႏြၿဂိဳဟ္ခုံ ညံ့ခဲ့ပါက -- ေလာင္းကစားကိုဝါသနာပါမည္၊စိတ္လိုက္မာန္ပါျဖစ္တတ္ျခင္း၊ ညံ့ဖ်င္းေသာေခါင္းေဆာင္မႈ႕ေၾကာင့္ လူအမ်ား မႏွစ္သက္ျခင္း၊ ရာထူးမွ ျပဳတ္က်ျခင္း၊ ရက္စက္တတ္ျခင္း၊ပ်င္းရိျခင္း၊႐ိုင္းစိုင္းျခင္း၊ ပကာသနအလြန္မ်ားျခင္း၊ မက္ေမာျခင္း၊မုန္းတီစိတ္ထားျခင္းႏွင့္ လက္စားေခ်လိုျခင္း၊ သိခံခြင့္လြတ္တတ္ျခင္းမရွိ အႏိုင္ရပါက ဖိေထာင္းခ်င္သူျဖစ္ျခင္း တို႔ျဖစ္တတ္ပါသည္။

ဗုဒၶဟူးၿဂိဳဟ္ခုံေကာင္းပါက
အာဝဇၨန္းေကာင္းျခင္း၊တက္ႂကြျခင္း၊ေပါ့ပါးျခင္း၊အတြက္အခ်က္ေကာင္းမြန္ျခင္း၊ပြင့္လင္းၿပီး အက်ိဳးရွိေသာစာကားကိုသာဆိုျခင္း၊ပညာညဏ္ႀကီးမာၿပီး သမားပညာ၊ေဆးပညာ၊တြက္ခ်က္သည့္ပညာ၊စာရင္းပညာ ႏွင့္ သိပၸံပညာတို႔တြင္ ထူးခြၽန္သူျဖစ္ျခင္း၊တီထြင္ႏိုင္ျခင္း၊စီးပြားေရး ကုန္သြယ္ေရး၊ကုန္ကူးသန္းျခင္းတို႔တြင္ တတ္ေျမႇာက္လိမၼာျခင္း၊ပါနပ္ျခင္း၊သူတပါးေက်းဇူးကို သိတတ္ျခင္းတို႔ ရွိမည္ျဖစ္သည္။ ဗုဒၶဟူးၿဂိဳဟ္ခုံ ညံ့သည့္အခါ -- လိမ္လည္တတ္ျခင္း၊ကတိမတည္ျခင္း၊သစၥာမဲ့ျခင္း၊အေကာက္ႀကံတတ္ျခင္း၊ေခ်ာက္တြန္းတတ္ျခင္း၊မနာလိုစိတ္မ်ားျခင္း၊ႂကြားတတ္၊ဝါတတ္ျခင္း၊ခနဲတဲ့တဲ့ေျပာတတ္ျခင္း၊က်ိန္ဆဲတတ္ျခင္း၊ မေကာင္းေသာကုန္သြယ္ျခင္းႏွင့္ အသက္ေမြး တတ္ျခင္း တို႔ျဖစ္တတ္သည္။

ေသာၾကာၿဂိဳဟ္ခုံေကာင္းခဲ့ပါက
အေကာင္းဘက္ကိုျမင္တတ္ျခင္း၊ကိုယ္စိတ္ႏူးညံ့ျခင္း၊လူအမ်ားခ်စ္ခင္ျခင္းကို ခံရျခင္း၊႐ုပ္ရည္လွပျခင္း၊အရသခံေကာင္းျခင္း၊သနာၾကင္နာတတ္ျခင္း၊ ေမတၱာတရားရွိၿပီး ၿငိမ္းခ်မ္းေရးကို လိုလာသူျဖစ္ျခင္း၊စိတ္လြယ္ၿပီး အလႉအေပးအကမ္းမ်ားသူျဖစ္ျခင္း၊သူတပါးကို ေထာက္ပံကူညီလိုစိတ္ျပင္းထန္ျခင္း၊ မယားေကာင္း၊လင္ေကာင္းရျခင္း။သားသမီးတို႔အက်ိဳးခံစားရျခင္း၊သားသမီးရတနာမ်ားထြန္းကားျခင္းတို႔ရွိမည္ျဖစ္သည္။ ေသာၾကာၿဂိဳဟ္ခုံ ညံ့သည့္အခါ -- တာဝန္မဲ့ျခင္း၊ယုတ္ညံ့ေသာလိင္ကိစၥကို မက္ေမာျခင္း၊စည္းကမ္းမရွိျခင္း၊ ညစ္ပတ္တတ္ျခင္း၊သစၥာမဲ့ၿပီး တဏွာရာဂႏွင့္ ေလာင္ကစားတို႔တြင္ ေလာဘႀကီးျခင္း၊စည္းမေစာင့္ျခင္း၊ မယားေကာင္း၊လင္ေကာင္းမရရွိျခင္း၊ အိမ္ေထာင္ေရးေၾကာင့္ ေသာကေရာက္ရျခင္း တို႔ျဖစ္တတ္သည္။ ဂုဏ္ရည္လည္း ပ်က္စီးတတ္သည္။

အဂၤါၿဂိဳဟ္ခုံေကာင္းပါက
စိတ္သေဘာထားႀကီးျခင္း၊သဒၵါတရားမ်ားျခင္း၊အလုပ္ကို ေသခ်ာလုပ္ကိုင္တတ္သူ ျဖစ္ျခင္း၊ အလွအပျမတ္ႏိုးျခင္း၊အခ်ဳပ္အခ်ယ္မရွိျခင္း၊ေခါင္းေဆာင္ရာတြင္ေကာင္းမြန္သူျဖစ္ၿပီး လက္ေအာက္ငယ္သားကို ျပန္ၾကည့္ျခင္း၊သတၱိရွိျခင္း၊ တိုက္ရည္ခိုက္ရည္ျပည့္ဝျခင္း၊႐ိုေသတတ္ျခင္း တို႔ျဖစ္မည္။ အဂၤါၿဂိဳဟ္ခုံညံ့ပါက အလြယ္တကူလက္ေလွ်ာ့တတ္ျခင္း၊မလုပ္ရေသမွီးက လက္ေလွ်ာ့ႏွင့္ၿပီးျဖစ္ျခင္း၊အက်င့္ပ်က္ျခစားျခင္း၊ ယုတ္ညံ့ၾကမ္း ထမ္းျခင္း၊ အုပ္စုဖြဲမွသာ မိုက္တတ္ျခင္း၊သတၱိနည္းျခင္း၊ အေမွာင္လုပ္ငန္းကို ဝါသနာပါျခင္း၊ရာဇဝတ္မႈ႕ ၾကဴးလြန္ လြယ္ျခင္း၊ေဖာက္ျပန္ျခင္း၊လက္စားေခ်ျခင္း၊ေၾကာက္တတ္ျခင္း၊ ယမ္း-မီးေပါက္၊လက္နက္တို႔ေၾကာင့္ ထိခိုက္ဒဏ္ရာ ရရွိတတ္ျခင္း၊စစ္လက္နက္ျဖင့္ ေသေၾကဒဏ္ရာရျခင္းရွိ တို႔ရွိ မည္ျဖစ္သည္။

တနလၤာၿဂိဳဟ္ခုံေကာင္းပါက
အေျခအျမစ္ရွိသည့္ စိတ္ကူးရွိျခင္း၊ယထဘူတက်သည့္ပညာရပ္မ်ား၊ ဆင္ျခင္တုံတရားႀကီးျခင္းႏွင့္ ၊ ကသိုဏ္ရႈျခင္း၊ ဘာဝနာစီးျဖန္းျခင္း၊ ကိုယ္က်ိဳးစြန႔္လုပ္ေဆာင္တတ္ျခင္း၊ ပရဟိတစိတ္ျပင္ထန္ျခင္း၊ကူညီလိုစိတ္ရွိျခင္း၊ စိတ္ပိုင္းဆိုင္ရာ စြမ္းအင္ႀကီးမာျခင္း၊သစၥာရွိျခင္း၊သန႔္ရွင္းျခင္း စသည္တို႔ ခံစားရမည္ျဖစ္သည္။ တနလၤာၿဂိဳဟ္ခုံညံ့ေနပါက -- တစ္ကိုယ္ေကာင္းဆန္ျခင္း၊ ပ်င္းရိျခင္း၊အသားစားက်ဴးျခင္း၊ အေျပာတစ္မ်ိဳး အလုပ္တစ္မ်ိဳးလုပ္တတ္ျခင္း၊သူရဲေဘာေၾကာင္ျခင္း၊ စိတ္အင္အားနည္းျခင္း၊ေၾကာက္တတ္ျခင္း၊ သစၥာမဲျခင္း၊ေရနစ္တတ္ျခင္း စသည္တို႔ျဖစ္တတ္ပါတယ္။

အထက္ေဖာ္ျပပါ ၿဂိဳဟ္ခုံတို႔ႏွင့္ သက္ဆိုင္ေသာ ေကာင္းက်ိဳးဆိုးျပစ္မ်ားကို ေလ့လာရာတြင္ လကၡဏာရွင္၏ လက္ပုံစံ၊လက္ေရစာတို႔ကို တြဲဘက္ၿပီး လက္ဖဝါးတြင္ပါရွိေသာ လမ္းေၾကာင္းမ်ား ထင္ရွားအမွတ္အသားမ်ား၏ သေဘာတရားမ်ားကိုပါ ေပါင္းစပ္ေလ့လာပါက ပိုမိုမွန္ကန္ထိေရာက္ေသာ တိက်သည့္ေဟာခ်က္ကို ရရွိမွာျဖစ္ပါတယ္။ လကၡဏာပညာရပ္မွာ တစ္ခုတည္းကို ဒါျမင္ဒါေဟာ ဒါပါရင္ ဒါျဖစ္မယ္ေတာ့ ေျပာလို႔မရပါဘူး။ ေပါင္းစပ္ေလ့လာရတာျဖစ္ၿပီး သုေတသနအားေကာင္းရမွာျဖစ္ပါေၾကာင္း တင္ျပရပါတယ္။
ဆရာကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box