Facebook Comments Box
သင်ရွေးချယ်တဲ့သော့လေးကပြောပြမယ့်သင့်ရဲ့ပုန်းကွယ်နေတဲ့အရည်အချင်း

သင်ရွေးချယ်တဲ့သော့လေးကပြောပြမယ့်သင့်ရဲ့ပုန်းကွယ်နေတဲ့အရည်အချင်း

နံပါတ် ၁
နံပါတ် ၁ ကိုရွေးတယ်ဆိုရင် သင်ဟာ နူးညံ့ပြီး ကြင်နာတတ်တဲ့သူတစ်ယောက်ပါ။ နှလုံးသားလှတဲ့သူတစ်ယောက်ဖြစ်ပြီး လူတစ်ဖက်သားကိုဂရုစိုက်တတ်တာကြောင့် သင့်ဘေးကလူတွေက ဒုက္ခရောက်လာရင် သင့်ကိုအရင်ဆုံးသတိရတတ်ကြပါတယ်။ သင့်ရဲ့ချစ်တတ်၊ကြင်နာတတ်တဲ့စိတ်ထားကြောင့် လူတွေကြားထဲနာမည်ကောင်းရနေတဲ့တာပေါ့။

နံပါတ် ၂
နံပါတ် ၂ ကိုရွေးလိုက်တဲ့ သင်ကတော့ အမှီအခိုကင်းပြီး ကြံ့ခိုင်တဲ့သူတစ်ယောက်ပါ။ အကြောက်အရွံ့ ကင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတာကြောင့် သင့်ဘေးကလူတွေက သင့်အနားမှာနေရတဲ့အခါ လုံခြုံမှုကိုခံစားရပါတယ်တဲ့။ ဒါကြောင့်မို့သင့်ကိုအားကိုးချင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတာပေါ့။

နံပါတ် ၃
နံပါတ် ၃ ကို ရွေးလိုက်တဲ့သင်ကတော့ အရမ်းမိုက်ပြီး စိတ်ဝင်စားစရာတွေပြည့်နေတဲ့သူတစ်ယောက်ပါ။ သင့်ရဲ့လျှို့ဝှက်တတ်တဲ့အကျင့်ကြောင့် လူတွေကသင်နဲ့ပတ်သက်တာတွေကို အမြဲ စိတ်ဝင်တစားဖြစ်နေတတ်ပါတယ်။ လူတွေက ကွယ်ဝှက်ထားတဲ့အရာတွေကိုပိုသိချင်ကြတယ်မဟုတ်လား။

နံပါတ် ၄
နံပါတ် ၄ ကိုရွေးလိုက်တယ်ဆိုရင် သင်က တည်ငြိမ်အေးဆေးပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတစ်ယောက်ပါ။ လူစုလူဝေးကိုရှောင်တတ်ပြီး အဲ့ဒါကလည်း ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိလို့မဟုတ်ပါဘူး။ လူအစုအဝေးကိုမကြိုက်လို့ပါ။ သင်က ပညာပြည့်ဝတဲ့သူတစ်ယောက်ဖြစ်ပြီး အဖိုးတန်တဲ့စကားတွေကိုပြောတတ်တဲ့သူတစ်ယောက်ပါ။
shwemom

သင္ေရြးခ်ယ္တဲ့ေသာ့ေလးကေျပာျပမယ့္သင့္ရဲ႕ပုန္းကြယ္ေနတဲ့အရည္အခ်င္း

နံပါတ္ ၁
နံပါတ္ ၁ ကိုေရြးတယ္ဆိုရင္ သင္ဟာ ႏူးညံ့ျပီး ၾကင္နာတတ္တဲ့သူတစ္ေယာက္ပါ။ နွလံုးသားလွတဲ့သူတစ္ေယာက္ျဖစ္ျပီး လူတစ္ဖက္သားကိုဂရုစိုက္တတ္တာေၾကာင့္ သင့္ေဘးကလူေတြက ဒုကၡေရာက္လာရင္ သင့္ကိုအရင္ဆံုးသတိရတတ္ၾကပါတယ္။ သင့္ရဲ႕ခ်စ္တတ္၊ၾကင္နာတတ္တဲ့စိတ္ထားေၾကာင့္ လူေတြၾကားထဲနာမည္ေကာင္းရေနတဲ့တာေပါ့။

နံပါတ္ ၂
နံပါတ္ ၂ ကိုေရြးလိုက္တဲ့ သင္ကေတာ့ အမွီအခိုကင္းျပီး ၾကံ့ခိုင္တဲ့သူတစ္ေယာက္ပါ။ အေၾကာက္အရြံ႕ ကင္းျပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္ရွိတာေၾကာင့္ သင့္ေဘးကလူေတြက သင့္အနားမွာေနရတဲ့အခါ လံုျခံဳမႈကိုခံစားရပါတယ္တဲ့။ ဒါေၾကာင့္မို႕သင့္ကိုအားကိုးခ်င္တဲ့သူေတြ ၀ိုင္း၀ိုင္းလည္ေနတာေပါ့။

နံပါတ္ ၃
နံပါတ္ ၃ ကို ေရြးလိုက္တဲ့သင္ကေတာ့ အရမ္းမိုက္ျပီး စိတ္၀င္စားစရာေတြျပည့္ေနတဲ့သူတစ္ေယာက္ပါ။ သင့္ရဲ႕လွ်ိဳ႕၀ွက္တတ္တဲ့အက်င့္ေၾကာင့္ လူေတြကသင္နဲ႕ပတ္သက္တာေတြကို အျမဲ စိတ္၀င္တစားျဖစ္ေနတတ္ပါတယ္။ လူေတြက ကြယ္၀ွက္ထားတဲ့အရာေတြကိုပိုသိခ်င္ၾကတယ္မဟုတ္လား။

နံပါတ္ ၄
နံပါတ္ ၄ ကိုေရြးလိုက္တယ္ဆိုရင္ သင္က တည္ျငိမ္ေအးေဆးျပီး ကိုယ့္ကိုယ္ကိုယံုၾကည္မႈရွိတဲ့သူတစ္ေယာက္ပါ။ လူစုလူေ၀းကိုေရွာင္တတ္ျပီး အဲ့ဒါကလည္း ကိုယ့္ကိုယ္ကိုယံုၾကည္မႈမရွိလို႕မဟုတ္ပါဘူး။ လူအစုအေ၀းကိုမၾကိဳက္လို႕ပါ။ သင္က ပညာျပည့္၀တဲ့သူတစ္ေယာက္ျဖစ္ျပီး အဖိုးတန္တဲ့စကားေတြကိုေျပာတတ္တဲ့သူတစ္ေယာက္ပါ။
shwemom

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box