မုဆိုးဖို၊မုဆိုးမ ဖြစ်နိုင်သူတွေမှာ ပါရှိတတ်တဲ့ လက္ခဏာများ
လောကမှာ ချစ်ခြင်းနှင့်အစတည်လာခဲ့တဲ့ သိပ်ချစ်တဲ့ချစ်သူတွေဟာ တစ်နေ့တော့ အိမ်ထောင်ပြုလို့ မိသားစုဘဝကို တည်ဆောက်ပြီး သား၊မြေတွေရတဲ့ အထိ ရိုးမြေကျ အဖိုးကြီး၊အဖွားကြီးဖြစ်တဲ့အထိ ချစ်ခင်ကြင်နာစွာ နေထိုင်လိုကြတာဖြစ် တယ်။ ဒီလိုအခြေအနေမျိုးကိုမျှော်လင့်ရည်မှန်ပြီး ကိုယ်အလွန် ချစ်တဲ့ ချစ်သူနဲ့ လက်ထပ်ရဖို့ ဘဝအခက်အခဲများစွာကို ဖြတ်ကျော်ပြီး စွန့်စားခဲ့ကြတာပါ။
ဒီလိုအချစ်ရဲ့အားတွေ၊သတ္တိတွေနဲ့ တူနှစ်ကိုဘဝလမ်းကို လျှောက်လှမ်းရတဲ့အချိန်မှာ တစ်ဦးတစ်ယောက်က လူ့လောကကြီးကနေ မိမိကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင် ဘယ်လောက်ဝမ်းနည်း ကြေကွဲဖို့ ကောင်းလိုက်မလည်း။ ဒီလိုထွက်ခွာသွားလို့ မိမိမှာ သူမရှိတော့တဲ့နောက် တစ်ကိုယ်တည်း မုဆိုးဖို-မုဆိုးမ ဘဝနဲ့ ဘဝခရောင်းလမ်းကို ဖြတ်ရတဲ့အခါ ဘယ်လောက်များ ကြေကွဲဖို့ကောင်းလိုက်လေမလည်း အဖော်မဲ့ပြီး လောကဒဏ်ရိုက်ခတ်တဲ့အချိန်မှာ သူ့ကိုတမ်းတလို့ မျက်ရည်တွေနဲ့ တိပ်တခိုးငိုနေရတဲ့ ဘဝတွေကို ဖြတ်သန်းနေရတဲ့ မိတ်ဆွေတွေ လောကမှာ အများကြီးပါ။ ဒီလိုဖြစ်ရတဲ့ ကံတရားတွေအတွက် လက်ဖဝါးပြင်က လက္ခဏာမှာတော့ တိတိကျကျဖော်ပြပါတယ်။
အိမ်ထောင်ရေးလမ်းကြောင်းလို့ခေါ်တဲ့ လက်သန်းရဲ့အောက်ဘက် ဗုဒ္ဓဟူးဂြိုဟ်ခုံပေါ်ကို ထိုးတက်နေတဲ့ လမ်းကြောင်းတိုလေးကို အဓိကထာပြီး တင်ပြလိုပါတယ်။ ဒီအိမ်ထောင်ရေးလမ်းကြောင်းဟာ တိုပေမယ့် လူ့ဘဝ အတွက်တော့ အလွန်ဘဲ အရေးပါလှပါတယ်။ ဒီအိမ်ထောင်ရေးလမ်း ကြောင်း ပေါ်မှာ ထင်ရှားတဲ့ မှဲ့နက်တစ်လုံးရှိ နေမယ်ဆိုရင်တော့ သူ့ဘဝမှာ သူအလွန်ချစ်ရတဲ့ အိမ်ထောင်ဘက်နဲ့ ရုတ်တရက်သေကွဲကွဲရမယ်ဆိုတဲ့ အခြေ အနေဖြစ်ပါတယ်။
ဒီနေရာမှာ လက်ပုံစံ၊ဂြိုဟ်ခုံနဲ့ အခြားသော လမ်းကြောင်းတွေကို ပေါင်းစပ်ပြီး အသက်ပိုင်းခြားခြင်းကို တိတိ ကျကျတိုင်းထွာလိုက်မယ် ဆိုရင်တော့ ဘယ်အသက်အရွယ်မှာ ကိုယ့်ရဲ့ အိမ်ထောက်ဘက်ဟာ ဘယ်လိုအခြေအနေနဲ့ သူသိပ်ချစ်ရတဲ့ မိသားစုဘဝကို ခွဲခွါသွားမှာဖြစ်လို့ လက္ခဏာရှင်ဟာ တမ်းတမ်းတတလွမ်းတသသဖြစ်ပြီး ဖြေမဆည်နိုင်တဲ့ အခြေအနေနဲ့ ကျန်ရစ်ခဲ့နိုင်တယ်လို့ လက္ခဏာပညာက ပြောနိုင်ပါတယ်။
အချို့သော အိမ်ထောင်ရေးလမ်းကြောင်းဟာ နှစ်ကြောင်းပါရှိပြီး အဲဒီလမ်းကြောင်းနှစ်ခုဟာ အဖျားဘက်မှာ ထူးထူးခြားခြား ပေါင်းစပ်ပြီး ကြက်ခြေ ခတ်ပုံဖြစ်နေတာရှိတယ်။တစ်ခုက အပေါ်ဘက်ကို ကော့တက်ပြီး တစ်ကြောင်းက အောက်ဘက် နှလုံးလမ်းကြာင်းဘက်ကို ဆင်းနေတဲ့ပုံပါ၊ ဒီအဆင်းလမ်း က နှလုံးလမ်းကြောင်းကို ထိနေခဲ့ရင်တော့ ပိုသေချာသွားတာက မုဆိုးဖို-မုဆိုးမ ဖြစ်ဖို့ပါဘဲ။
တွေ့ရတာနည်းပေမယ့် မုဆိုးဖို-မ တွေမှာတော့ တွေ့နေရတာပါ။ တစ်ချို့ကြတော့ အိမ်ထောင်ရေးလမ်းကြောင်းဟာ နှစ်ခွဖြစ်နေပြန်တယ်၊အဲဒီနှစ်ခွဖြစ်နေတဲ့ လမ်းကြောင်းထဲက တစ်ကြောင်းက နှလုံးလမ်းကြောင်း ဘက်ကို စိုက်ဆင်းပြီး ထိနေတတ်တယ်၊အချို့ဆိုရင် နှလုံးလမ်းကြောင်းကို ဖြတ်သွားတာလည်းရှိတယ်၊ ဒီလိုအခြေအနေပါလာတဲ့ လက္ခဏာရှင်ကိုလည်း အိမ်ထောင် ဘက်ဆုံးပါးတတ်တယ်လို့ ဟောရမှာဘဲဖြစ်တယ်။
အိမ်ထောက်ဘက် သေဆုံးလို့ မုဆိုးဖို-မုဆိုးမ ဘဝနဲ့ လောကကို ဖြတ်ကျော်ရမယ့်သူတွေမှာ ပါတတ်တဲ့ အမှတ်အသားတွေအများကြီးရှိတဲ့ အထဲက အထက်ကအမှတ်အသားတွေကတော့ ရာနှုံန်းပြည့်နည်းပါးလောက်ကို မှန်နေတာဖြစ်တယ်။ လက္ခဏာပညာကိုလေ့လာတဲ့အခါ ဆက်စပ်တွေးခေါ်ပြီး ၊ခွဲခြမ်းစိတ်ဖြာကြည့်တတ်ဖို့လိုပါတယ်။
သေကွဲကွဲရမယ့်အမှတ်အသားအထင်အရှားပါတဲ့ လူတစ်ယောက်ကို လက်ထပ်လိုက်မိရင် ဘာဖြစ်မလည်းဆိုတဲ့ မေးခွန်းရှိပါတယ်၊ ဒီအတွက် ကိုယ့်ရဲ့ လက္ခဏာမှာ မိသားစုကို ထားရစ်ပြီး ဘဝတစ်ပါးကို ကူးပြောင်းမယ့် ကံပါသလားဆိုတာကို လေ့လာရမှာဖြစ်တယ်၊ ထူးဆန်းတာတစ်ခုက ဥပစ္ဆေဒကကံထိုက်တဲ့ အမှတ်အသားပါတဲ့ သူနဲ့ မုဆိုးဖို-မ ဖြစ်မယ့်ကံပါတဲ့သူ အိမ်ထောင်ကျတာကို ကျွန်ုပ်တွေ့ဖူးပါတယ်။ မကြာသေးခင်ရက်က ကျွန်ုပ်ဟောချက်မှန်ခဲ့ တာဖြစ်လို့ ဝမ်းနည်းစွာဖြင့် အခုဒီစာလေးရေးဖြစ်တာလည်းဖြစ်ပါတယ်။ ကံတရားရဲ့ ပြဌာန်းချက်ဖြစ်လို့ ဘယ်လို့မှ ပြင်ဆင်ချိန်မရလိုက်ပါဘူး။
ကျွန်ုပ်တို့လူသားတွေဟာ ပိုက်ဆံရှိနေချိန်၊အောင်မြင်နေချိန်၊ရာထူးဂုဏ်ရှိန်တွေ တိုးတက်နေတဲ့အချိန်တွေမှာဆိုရင် ငါဘာလုပ်လုပ်တင့်တယ်တယ်ဆိုတဲ့ အမြင်နဲ့ ဗေဒင်-လက္ခဏာပညာရပ်တွေနဲ့ အနာဂါတ်အခြေအနေတွေ ကိုမစစ် ဆေးလိုပါဘူး။ ဒီလိုလူတွေဘဲ အချိန်တိုအတွင်းမှာ စီးပွားပျက်၊ ရာထူးလက်မဲ ဖြစ်ပြီး လောကဒဏ်ရိုက်ခတ်တဲ့အခါမှာ ရောက်လာတတ်ကြပါတယ်။အရမ်းနောက်ကျသွားတာမျိုးကို ကြုံဖူးတယ်။ တစ်ကယ်လို့ စောစောသာသိခဲ့ရင် လက္ခဏာပညာရဲ့ လမ်းညွှန်မှု့ကြောင့် ဆောင်သင့်တာဆောင်၊ရှောင်သင်တာရှောင်လိုက်ရင် အထိုက်အလျှောတော့ သက်သာခွင့်ရမှာဖြစ်တယ်။ ဘယ်အရာ မဆို ကြိုတင်သိရရင် ကြိုတင်ပြင်ဆင်နိုင်လို့ အဆုံးရှုံးနည်း တတ်တဲ့ သဘောဖြစ်ပါတယ်။
ဘယ်လိုဖြစ်ပါစေ လောကမှာ မိမိရဲ့ဘဝကို သူ့ဘဝနဲ့ထပ်တူပြုလို့ နှစ်ယောက်တစ်ဘဝအဖြစ်နဲ့ လောကခရီးကို အတူဖြတ်ကျော်တဲ့အချိန်မှာ တစ်ယောက်က လက်တွဲကိုဖြုတ်လို့ ဘဝခြားသွားရမယ့် အဖြစ်ကို တွေးကြည့်ရရင် အလွန်ရင်မောရပါတယ်။ ရုတ်တရက်ဆိုတာမျိုးဖြစ်ခဲ့ရင် ဘာမှပြင်ဆင်ထားတာမရှိတဲ့အခါ ခံနိုင်ရည်မရှိ လောက်အောင်ဖြစ် ကြရတဲ့ သူတွေအများကြီးပါဘဲ။ ဒီလိုဘဝတွေဟာ ကံတရားက ပြဌာန်းထားတဲ့အတွက် လက္ခဏာမှာတော့ တိတိကျကျဖော်ပြနေတာဖြစ်ပါကြောင်း တင်ပြ ရပါတယ်။
ဆရာကင်ကသူ
မုဆိုးဖို၊မုဆိုးမ ျဖစ္နိုင္သူေတြမွာ ပါရွိတတ္တဲ့ လကၡဏာမ်ား
ေလာကမွာ ခ်စ္ျခင္းႏွင့္အစတည္လာခဲ့တဲ့ သိပ္ခ်စ္တဲ့ခ်စ္သူေတြဟာ တစ္ေန႔ေတာ့ အိမ္ေထာင္ျပဳလို႔ မိသားစုဘဝကို တည္ေဆာက္ၿပီး သား၊ေျမေတြရတဲ့ အထိ ရိုးေျမက် အဖိုးႀကီး၊အဖြားႀကီးျဖစ္တဲ့အထိ ခ်စ္ခင္ၾကင္နာစြာ ေနထိုင္လိုၾကတာျဖစ္ တယ္။ ဒီလိုအေျခအေနမ်ိဳးကိုေမၽွာ္လင့္ရည္မွန္ၿပီး ကိုယ္အလြန္ ခ်စ္တဲ့ ခ်စ္သူနဲ႔ လက္ထပ္ရဖို႔ ဘဝအခက္အခဲမ်ားစြာကို ျဖတ္ေက်ာ္ၿပီး စြန႔္စားခဲ့ၾကတာပါ။
ဒီလိုအခ်စ္ရဲ့အားေတြ၊သတၱိေတြနဲ႔ တူႏွစ္ကိုဘဝလမ္းကို ေလၽွာက္လွမ္းရတဲ့အခ်ိန္မွာ တစ္ဦးတစ္ေယာက္က လူ႔ေလာကႀကီးကေန မိမိကိုထားခဲ့ၿပီး ထြက္ခြာသြားမယ္ဆိုရင္ ဘယ္ေလာက္ဝမ္းနည္း ေၾကကြဲဖို႔ ေကာင္းလိုက္မလည္း။ ဒီလိုထြက္ခြာသြားလို႔ မိမိမွာ သူမရွိေတာ့တဲ့ေနာက္ တစ္ကိုယ္တည္း မုဆိုးဖို-မုဆိုးမ ဘဝနဲ႔ ဘဝခေရာင္းလမ္းကို ျဖတ္ရတဲ့အခါ ဘယ္ေလာက္မ်ား ေၾကကြဲဖို႔ေကာင္းလိုက္ေလမလည္း အေဖာ္မဲ့ၿပီး ေလာကဒဏ္ရိုက္ခတ္တဲ့အခ်ိန္မွာ သူ႔ကိုတမ္းတလို႔ မ်က္ရည္ေတြနဲ႔ တိပ္တခိုးငိုေနရတဲ့ ဘဝေတြကို ျဖတ္သန္းေနရတဲ့ မိတ္ေဆြေတြ ေလာကမွာ အမ်ားႀကီးပါ။ ဒီလိုျဖစ္ရတဲ့ ကံတရားေတြအတြက္ လက္ဖဝါးျပင္က လကၡဏာမွာေတာ့ တိတိက်က်ေဖာ္ျပပါတယ္။
အိမ္ေထာင္ေရးလမ္းေၾကာင္းလို႔ေခၚတဲ့ လက္သန္းရဲ့ေအာက္ဘက္ ဗုဒၶဟူးၿဂိဳဟ္ခုံေပၚကို ထိုးတက္ေနတဲ့ လမ္းေၾကာင္းတိုေလးကို အဓိကထာၿပီး တင္ျပလိုပါတယ္။ ဒီအိမ္ေထာင္ေရးလမ္းေၾကာင္းဟာ တိုေပမယ့္ လူ႔ဘဝ အတြက္ေတာ့ အလြန္ဘဲ အေရးပါလွပါတယ္။ ဒီအိမ္ေထာင္ေရးလမ္း ေၾကာင္း ေပၚမွာ ထင္ရွားတဲ့ မွဲ႕နက္တစ္လုံးရွိ ေနမယ္ဆိုရင္ေတာ့ သူ႔ဘဝမွာ သူအလြန္ခ်စ္ရတဲ့ အိမ္ေထာင္ဘက္နဲ႔ ႐ုတ္တရက္ေသကြဲကြဲရမယ္ဆိုတဲ့ အေၿခ အေနျဖစ္ပါတယ္။
ဒီေနရာမွာ လက္ပုံစံ၊ၿဂိဳဟ္ခုံနဲ႔ အျခားေသာ လမ္းေၾကာင္းေတြကို ေပါင္းစပ္ၿပီး အသက္ပိုင္းျခားျခင္းကို တိတိ က်က်တိုင္းထြာလိုက္မယ္ ဆိုရင္ေတာ့ ဘယ္အသက္အရြယ္မွာ ကိုယ့္ရဲ့ အိမ္ေထာက္ဘက္ဟာ ဘယ္လိုအေျခအေနနဲ႔ သူသိပ္ခ်စ္ရတဲ့ မိသားစုဘဝကို ခြဲခြါသြားမွာျဖစ္လို႔ လကၡဏာရွင္ဟာ တမ္းတမ္းတတလြမ္းတသသျဖစ္ၿပီး ေျဖမဆည္နိုင္တဲ့ အေျခအေနနဲ႔ က်န္ရစ္ခဲ့နိုင္တယ္လို႔ လကၡဏာပညာက ေျပာနိုင္ပါတယ္။
အခ်ိဳ႕ေသာ အိမ္ေထာင္ေရးလမ္းေၾကာင္းဟာ ႏွစ္ေၾကာင္းပါရွိၿပီး အဲဒီလမ္းေၾကာင္းႏွစ္ခုဟာ အဖ်ားဘက္မွာ ထူးထူးျခားျခား ေပါင္းစပ္ၿပီး ၾကက္ေၿခ ခတ္ပုံျဖစ္ေနတာရွိတယ္။တစ္ခုက အေပၚဘက္ကို ေကာ့တက္ၿပီး တစ္ေၾကာင္းက ေအာက္ဘက္ ႏွလုံးလမ္းၾကာင္းဘက္ကို ဆင္းေနတဲ့ပုံပါ၊ ဒီအဆင္းလမ္း က ႏွလုံးလမ္းေၾကာင္းကို ထိေနခဲ့ရင္ေတာ့ ပိုေသခ်ာသြားတာက မုဆိုးဖို-မုဆိုးမ ျဖစ္ဖို႔ပါဘဲ။
ေတြ႕ရတာနည္းေပမယ့္ မုဆိုးဖို-မ ေတြမွာေတာ့ ေတြ႕ေနရတာပါ။ တစ္ခ်ိဳ႕ၾကေတာ့ အိမ္ေထာင္ေရးလမ္းေၾကာင္းဟာ ႏွစ္ခြျဖစ္ေနျပန္တယ္၊အဲဒီႏွစ္ခြျဖစ္ေနတဲ့ လမ္းေၾကာင္းထဲက တစ္ေၾကာင္းက ႏွလုံးလမ္းေၾကာင္း ဘက္ကို စိုက္ဆင္းၿပီး ထိေနတတ္တယ္၊အခ်ိဳ႕ဆိုရင္ ႏွလုံးလမ္းေၾကာင္းကို ျဖတ္သြားတာလည္းရွိတယ္၊ ဒီလိုအေျခအေနပါလာတဲ့ လကၡဏာရွင္ကိုလည္း အိမ္ေထာင္ ဘက္ဆုံးပါးတတ္တယ္လို႔ ေဟာရမွာဘဲျဖစ္တယ္။
အိမ္ေထာက္ဘက္ ေသဆုံးလို႔ မုဆိုးဖို-မုဆိုးမ ဘဝနဲ႔ ေလာကကို ျဖတ္ေက်ာ္ရမယ့္သူေတြမွာ ပါတတ္တဲ့ အမွတ္အသားေတြအမ်ားႀကီးရွိတဲ့ အထဲက အထက္ကအမွတ္အသားေတြကေတာ့ ရာႏႈံန္းျပည့္နည္းပါးေလာက္ကို မွန္ေနတာျဖစ္တယ္။ လကၡဏာပညာကိုေလ့လာတဲ့အခါ ဆက္စပ္ေတြးေခၚၿပီး ၊ခြဲျခမ္းစိတ္ျဖာၾကည့္တတ္ဖို႔လိုပါတယ္။
ေသကြဲကြဲရမယ့္အမွတ္အသားအထင္အရွားပါတဲ့ လူတစ္ေယာက္ကို လက္ထပ္လိုက္မိရင္ ဘာျဖစ္မလည္းဆိုတဲ့ ေမးခြန္းရွိပါတယ္၊ ဒီအတြက္ ကိုယ့္ရဲ့ လကၡဏာမွာ မိသားစုကို ထားရစ္ၿပီး ဘဝတစ္ပါးကို ကူးေျပာင္းမယ့္ ကံပါသလားဆိုတာကို ေလ့လာရမွာျဖစ္တယ္၊ ထူးဆန္းတာတစ္ခုက ဥပေစၧဒကကံထိုက္တဲ့ အမွတ္အသားပါတဲ့ သူနဲ႔ မုဆိုးဖို-မ ျဖစ္မယ့္ကံပါတဲ့သူ အိမ္ေထာင္က်တာကို ကၽြန္ုပ္ေတြ႕ဖူးပါတယ္။ မၾကာေသးခင္ရက္က ကၽြန္ုပ္ေဟာခ်က္မွန္ခဲ့ တာျဖစ္လို႔ ဝမ္းနည္းစြာျဖင့္ အခုဒီစာေလးေရးျဖစ္တာလည္းျဖစ္ပါတယ္။ ကံတရားရဲ့ ျပဌာန္းခ်က္ျဖစ္လို႔ ဘယ္လို႔မွ ျပင္ဆင္ခ်ိန္မရလိုက္ပါဘူး။
ကၽြန္ုပ္တို႔လူသားေတြဟာ ပိုက္ဆံရွိေနခ်ိန္၊ေအာင္ျမင္ေနခ်ိန္၊ရာထူးဂုဏ္ရွိန္ေတြ တိုးတက္ေနတဲ့အခ်ိန္ေတြမွာဆိုရင္ ငါဘာလုပ္လုပ္တင့္တယ္တယ္ဆိုတဲ့ အျမင္နဲ႔ ေဗဒင္-လကၡဏာပညာရပ္ေတြနဲ႔ အနာဂါတ္အေျခအေနေတြ ကိုမစစ္ ေဆးလိုပါဘူး။ ဒီလိုလူေတြဘဲ အခ်ိန္တိုအတြင္းမွာ စီးပြားပ်က္၊ ရာထူးလက္မဲ ျဖစ္ၿပီး ေလာကဒဏ္ရိုက္ခတ္တဲ့အခါမွာ ေရာက္လာတတ္ၾကပါတယ္။အရမ္းေနာက္က်သြားတာမ်ိဳးကို ၾကဳံဖူးတယ္။ တစ္ကယ္လို႔ ေစာေစာသာသိခဲ့ရင္ လကၡဏာပညာရဲ့ လမ္းညႊန္မႈ႔ေၾကာင့္ ေဆာင္သင့္တာေဆာင္၊ေရွာင္သင္တာေရွာင္လိုက္ရင္ အထိုက္အေလၽွာေတာ့ သက္သာခြင့္ရမွာျဖစ္တယ္။ ဘယ္အရာ မဆို ႀကိဳတင္သိရရင္ ႀကိဳတင္ျပင္ဆင္နိုင္လို႔ အဆုံးရႈံးနည္း တတ္တဲ့ သေဘာျဖစ္ပါတယ္။
ဘယ္လိုျဖစ္ပါေစ ေလာကမွာ မိမိရဲ့ဘဝကို သူ႔ဘဝနဲ႔ထပ္တူျပဳလို႔ ႏွစ္ေယာက္တစ္ဘဝအျဖစ္နဲ႔ ေလာကခရီးကို အတူျဖတ္ေက်ာ္တဲ့အခ်ိန္မွာ တစ္ေယာက္က လက္တြဲကိုျဖဳတ္လို႔ ဘဝျခားသြားရမယ့္ အျဖစ္ကို ေတြးၾကည့္ရရင္ အလြန္ရင္ေမာရပါတယ္။ ႐ုတ္တရက္ဆိုတာမ်ိဳးျဖစ္ခဲ့ရင္ ဘာမွျပင္ဆင္ထားတာမရွိတဲ့အခါ ခံနိုင္ရည္မရွိ ေလာက္ေအာင္ျဖစ္ ၾကရတဲ့ သူေတြအမ်ားႀကီးပါဘဲ။ ဒီလိုဘဝေတြဟာ ကံတရားက ျပဌာန္းထားတဲ့အတြက္ လကၡဏာမွာေတာ့ တိတိက်က်ေဖာ္ျပေနတာျဖစ္ပါေၾကာင္း တင္ၿပ ရပါတယ္။
ဆရာကင္ကသူ
Be the first to comment