Facebook Comments Box
သင်အကြိုက်ဆုံးအသီးက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

သင်အကြိုက်ဆုံးအသီးက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

(၁) လိမ္မော်သီး
လိမ္မော်သီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ကတိသစ္စာကို စောင့်ထိန်းတဲ့အပြင် တာဝန်ခံစိတ်နဲ့တာဝန်ယူစိတ် အပြည့်ရှိတဲ့ လူတစ်ယောက်ပါ။ ဒါပေမယ့် သင်ဟာ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို အမြဲနှိုင်းယှဉ်လေ့ရှိပြီး သူတို့က သင့်ထက်တစ်နေရာရာမှာ သာသွားတာမျိုးရှိခဲ့ရင် စိတ်အားငယ်တက်ပါတယ်။ ဒါက သင့်ရဲ့အကြီးမှားဆုံး အားနည်းချက်တစ်ခုပါ။ လောကကြီးမှာ လူအမျိုးမျိုးရှိပြီး အောင်မြင်မူဆိုတာကလည်း သူ့အချိန်အတိုင်းတစ်ခုအထိ စောင့်ရပါတယ်။ ဒါကြောင့် သင့်ကိုယ်သင် တစ်ခြားလူတွေနဲ့ယှဉ်ပြီး စိတ်အားမငယ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ ယှဉ်ပြိုင်သင့်ပြီး ဒီနေ့ကသင်ထက် မနက်ဖြန်ကသင်ဟာ ပိုပြီးတိုးတက်ရမယ်လို့သာတွေးပါ။ သင့်ရဲ့နေရက်တွေဟာ ပိုမိုပျော်ရွှင်ရမှာဖြစ်ပြီး သင့်ရဲ့လုပ်ငန်းဆောင်တာတွေဟာ ပိုပြီးအဆင်ပြေလာမှာ ဖြစ်ပါတယ်။

(၂) ဖရဲသီး
ဖရဲသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ တက်တက်ကြွကြွနေတက်တဲ့ လူတစ်ယောက်ပါ။ တေးဂီတ၊ ခရီးသွားခြင်း၊ အားကစား၊ ဖက်ရှင် အစရှိတာတွေကို စိတ်ဝင်စားပါတယ်။ သင့်ရဲ့အဓိကအားနည်းတဲ့ချက်ကတော့ လေထဲမှာပဲ တိုက်အိမ်ဆောက်တက်ပြီး လက်တွေ့အကောင်အထည် မဖော်တက်တဲ့အကျင့်ပါပဲ။ ဒါကြောင့် သင့်အနေနဲ့ ဆုံးဖြတ်ချက်တစ်ခုကို သေချာချပြီးရင် ဘယ်လိုအခက်အခဲပဲရှိရှိ ဖြစ်မြောက်အောင်လုပ်ဆောင်သင့်ပါတယ်။ အစပိုင်းမှာ သင့်အနေနဲ့အခက်အခဲတွေနိုင်ပေမယ့် ကြိုးစားပြီး သေချာလုပ်ဆောင်မယ်ဆိုရင်တော့ သင့်ရဲ့စွမ်းဆောင်ရည်တွေနဲ့ အရည်အချင်းတွေဟာ တိုးတက်ပြီး အောင်မြင်လာမှာပါ။

(၃) ငှက်ပျောသီး
ငှက်ပျောသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ လွတ်လပ်မူကို တောင့်တနေတဲ့လူတစ်ယောက်ပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ဖော်ထုတ်ပြရမှာ ကြောက်နေတဲ့အတွက် သင်ဟာ ကိုယ့်ခံစားချက်နဲ့ကိုယ် အကျဉ်းကျနေသလို ဖြစ်နေပါတယ်။ ဒါ့အပြင် သင်ဟာ သင့်ရဲ့စိတ်နေစိတ်ထားနဲ့အဆင်ပြေနိုင်မယ့် လူနည်းစုကိုသာ ရွေးပေါင်းလေ့ရှိပါတယ်။ တစ်ခြားသူတွေကို အကူအညီတောင်းရမှာ ဝန်လေးတက်တဲ့အပြင် သူတို့ဆီက အကူအညီလည်း မယူချင်ပါဘူး။ ဒီအချက်တွေကြောင့် သင်ဟာ ကိုယ့်ကိုယ်ကို ချုပ်ထိန်းရသလိုဖြစ်နေတဲ့အတွက် စိတ်ပင်ပမ်းနေရပြီး လွတ်လွတ်လပ်လပ် မနေနိုင်တာပါ။ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို မချုပ်ထိန်းပဲ ဖွင့်ချလိုက်ပါ။ လူအများနဲ့ ဆက်ဆံရမှာကို ဝန်မလေးပါနဲ့။ သင့်ရဲ့ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့လူတွေရှိမှာပါ။ သူတို့ဆီက ချစ်မေတ္တာနဲ့အကူအညီတွေကို ရယူမှာကို ဝန်မလေးပါနဲ့။

(၄) စတော်ဘယ်ရီ
စတော်ဘယ်ရီကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ သင့်ရဲ့စိတ်ကို စိန်ခေါ်ပြီး လုပ်ဆောင်ရတဲ့ အလုပ်တွေကို နှစ်သက်သူတစ်ယောက်ပါ။ သင့်မှာ ကောင်းမွန်တဲ့စိတ်ကူးစိတ်သန်းတွေရှိတဲ့ပြင် ဖန်တီးနိုင်စွမ်းရှိသူ တစ်ဦးလည်းဖြစ်ပါတယ်။ ပြဿနာက သင့်ကိုယ်သင် ဘယ်လို အရည်အချင်းတွေရှိတဲ့လူတစ်ယောက်လဲဆိုတာ မသိပါဘူး။ ဒါကြောင့် သင်ဟာ သင်ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်တွေကို သေချာလေ့လာသင့်ပါတယ်။ သင့်ရဲ့ဘဝဟာ အခွင့်အလမ်းကောင်းတွေနဲ့ ပြည့်နှက်နေတဲ့အတွက် သင့်ရဲ့အရည်အချင်းတွေကို သေချာအသုံးချနိုင်မယ်ဆိုရင်တော့ သင်ဟာအောင်မြင်တဲ့လူတစ်ယောက်ဖြစ်မှာ မလွဲမသွေပါပဲ။

(၅) ရှောက်သီး
ရှောက်သီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်မာကြောတဲ့အပြင် ရဲရင့်ပြီး သမာသမတ်ကျတဲ့ လူတစ်ယောက်ပါ။ သင့်ရဲ့အားနည်းချက်ကတော့ အရာရာကို တစ်ဇွတ်ထိုးလုပ်တက်တဲ့အကျင့်ရှိပြီး မဟုတ်မခံချင်စိတ်ရှိပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အလုပ်တစ်ခုမလုပ်ခင်မှာ သေချာစဉ်းစားပြီး လုပ်ဆောင်သင့်ပြီး တစ်ခြားသူတွေရဲ့အမြင်နဲ့အတွေးတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ဒီလိုဆိုရင် သင့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေနဲ့ သင့်ကြားမှာရှိတဲ့ ရင်းနှီးမူတွေနဲ့ ချစ်ခြင်းမေတ္တာတွေဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်လာမှာဖြစ်ပါတယ်။

(၆) ပန်းသီး
ပန်းသီးကို ရွေးချယ်လိုက်တယ်ဆိုရင်တော့ သင်ဟာ တစ်ခြားသူတွေရဲ့ယုံကြည်စိတ်ချမူကို အပြည့်အဝရရှိထားသူတစ်ယောက်ပါ။ ဒါ့အပြင် အခက်အခဲရှိသူတွေကို ကူညီဖို့အမြဲအဆင်သင့်ဖြစ်နေတက်ပါသေးတယ်။ သင့်ရဲ့အားနည်းချက်ကတော့ အားနာတက်တဲ့စိတ်လေးဖြစ်ပါတယ်။ ဒါကြောင့် အားနာစိတ်ကို တက်နိုင်သမျှလျော့နည်းအောင်ကြိုးစားသင့်ပြီး ကိုယ်စိတ်ထဲမှာရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်ပါတယ်။ ဒီလိုသာဆိုရင် သင့်အနေနဲ့ လူတွေနဲ့ဆက်ဆံရတာ ပိုအဆင်ပြေလာပြီး သင့်ဘဝကလည်း ပိုပြီးပျော်ရွှင်ဖို့ကောင်းလာမှာပါ။

သင္အႀကိဳက္ဆုံးအသီးက ေျပာျပေပးမယ့္ သင့္ရဲ႕စိတ္ေနစိတ္ထား

(၁) လိေမၼာ္သီး
လိေမၼာ္သီးကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ ကတိသစၥာကို ေစာင့္ထိန္းတဲ့အျပင္ တာဝန္ခံစိတ္နဲ႔တာဝန္ယူစိတ္ အျပည့္ရွိတဲ့ လူတစ္ေယာက္ပါ။ ဒါေပမယ့္ သင္ဟာ တစ္ျခားသူေတြနဲ႔ ကိုယ့္ကိုယ္ကို အၿမဲႏႈိင္းယွဥ္ေလ့ရွိၿပီး သူတို႔က သင့္ထက္တစ္ေနရာရာမွာ သာသြားတာမ်ိဳးရွိခဲ့ရင္ စိတ္အားငယ္တက္ပါတယ္။ ဒါက သင့္ရဲ႕အႀကီးမွားဆုံး အားနည္းခ်က္တစ္ခုပါ။ ေလာကႀကီးမွာ လူအမ်ိဳးမ်ိဳးရွိၿပီး ေအာင္ျမင္မူဆိုတာကလည္း သူ႔အခ်ိန္အတိုင္းတစ္ခုအထိ ေစာင့္ရပါတယ္။ ဒါေၾကာင့္ သင့္ကိုယ္သင္ တစ္ျခားလူေတြနဲ႔ယွဥ္ၿပီး စိတ္အားမငယ္သင့္ပါဘူး။ ကိုယ့္ကိုယ္ကိုသာ ယွဥ္ၿပိဳင္သင့္ၿပီး ဒီေန႔ကသင္ထက္ မနက္ျဖန္ကသင္ဟာ ပိုၿပီးတိုးတက္ရမယ္လို႔သာေတြးပါ။ သင့္ရဲ႕ေနရက္ေတြဟာ ပိုမိုေပ်ာ္႐ႊင္ရမွာျဖစ္ၿပီး သင့္ရဲ႕လုပ္ငန္းေဆာင္တာေတြဟာ ပိုၿပီးအဆင္ေျပလာမွာ ျဖစ္ပါတယ္။

(၂) ဖရဲသီး
ဖရဲသီးကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ တက္တက္ႂကြႂကြေနတက္တဲ့ လူတစ္ေယာက္ပါ။ ေတးဂီတ၊ ခရီးသြားျခင္း၊ အားကစား၊ ဖက္ရွင္ အစရွိတာေတြကို စိတ္ဝင္စားပါတယ္။ သင့္ရဲ႕အဓိကအားနည္းတဲ့ခ်က္ကေတာ့ ေလထဲမွာပဲ တိုက္အိမ္ေဆာက္တက္ၿပီး လက္ေတြ႕အေကာင္အထည္ မေဖာ္တက္တဲ့အက်င့္ပါပဲ။ ဒါေၾကာင့္ သင့္အေနနဲ႔ ဆုံးျဖတ္ခ်က္တစ္ခုကို ေသခ်ာခ်ၿပီးရင္ ဘယ္လိုအခက္အခဲပဲရွိရွိ ျဖစ္ေျမာက္ေအာင္လုပ္ေဆာင္သင့္ပါတယ္။ အစပိုင္းမွာ သင့္အေနနဲ႔အခက္အခဲေတြႏိုင္ေပမယ့္ ႀကိဳးစားၿပီး ေသခ်ာလုပ္ေဆာင္မယ္ဆိုရင္ေတာ့ သင့္ရဲ႕စြမ္းေဆာင္ရည္ေတြနဲ႔ အရည္အခ်င္းေတြဟာ တိုးတက္ၿပီး ေအာင္ျမင္လာမွာပါ။

(၃) ငွက္ေပ်ာသီး
ငွက္ေပ်ာသီးကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ လြတ္လပ္မူကို ေတာင့္တေနတဲ့လူတစ္ေယာက္ပါ။ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေတြကို လြတ္လြတ္လပ္လပ္ ေဖာ္ထုတ္ျပရမွာ ေၾကာက္ေနတဲ့အတြက္ သင္ဟာ ကိုယ့္ခံစားခ်က္နဲ႔ကိုယ္ အက်ဥ္းက်ေနသလို ျဖစ္ေနပါတယ္။ ဒါ့အျပင္ သင္ဟာ သင့္ရဲ႕စိတ္ေနစိတ္ထားနဲ႔အဆင္ေျပႏိုင္မယ့္ လူနည္းစုကိုသာ ေ႐ြးေပါင္းေလ့ရွိပါတယ္။ တစ္ျခားသူေတြကို အကူအညီေတာင္းရမွာ ဝန္ေလးတက္တဲ့အျပင္ သူတို႔ဆီက အကူအညီလည္း မယူခ်င္ပါဘူး။ ဒီအခ်က္ေတြေၾကာင့္ သင္ဟာ ကိုယ့္ကိုယ္ကို ခ်ဳပ္ထိန္းရသလိုျဖစ္ေနတဲ့အတြက္ စိတ္ပင္ပမ္းေနရၿပီး လြတ္လြတ္လပ္လပ္ မေနႏိုင္တာပါ။ ကိုယ့္ရဲ႕စိတ္ခံစားခ်က္ေတြကို မခ်ဳပ္ထိန္းပဲ ဖြင့္ခ်လိုက္ပါ။ လူအမ်ားနဲ႔ ဆက္ဆံရမွာကို ဝန္မေလးပါနဲ႔။ သင့္ရဲ႕ခံစားခ်က္ေတြကို နားလည္ေပးႏိုင္တဲ့လူေတြရွိမွာပါ။ သူတို႔ဆီက ခ်စ္ေမတၱာနဲ႔အကူအညီေတြကို ရယူမွာကို ဝန္မေလးပါနဲ႔။

(၄) စေတာ္ဘယ္ရီ
စေတာ္ဘယ္ရီကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ သင့္ရဲ႕စိတ္ကို စိန္ေခၚၿပီး လုပ္ေဆာင္ရတဲ့ အလုပ္ေတြကို ႏွစ္သက္သူတစ္ေယာက္ပါ။ သင့္မွာ ေကာင္းမြန္တဲ့စိတ္ကူးစိတ္သန္းေတြရွိတဲ့ျပင္ ဖန္တီးႏိုင္စြမ္းရွိသူ တစ္ဦးလည္းျဖစ္ပါတယ္။ ျပႆနာက သင့္ကိုယ္သင္ ဘယ္လို အရည္အခ်င္းေတြရွိတဲ့လူတစ္ေယာက္လဲဆိုတာ မသိပါဘူး။ ဒါေၾကာင့္ သင္ဟာ သင္ရဲ႕အရည္အခ်င္းနဲ႔ စြမ္းေဆာင္ရည္ေတြကို ေသခ်ာေလ့လာသင့္ပါတယ္။ သင့္ရဲ႕ဘဝဟာ အခြင့္အလမ္းေကာင္းေတြနဲ႔ ျပည့္ႏွက္ေနတဲ့အတြက္ သင့္ရဲ႕အရည္အခ်င္းေတြကို ေသခ်ာအသုံးခ်ႏိုင္မယ္ဆိုရင္ေတာ့ သင္ဟာေအာင္ျမင္တဲ့လူတစ္ေယာက္ျဖစ္မွာ မလြဲမေသြပါပဲ။

(၅) ေရွာက္သီး
ေရွာက္သီးကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ စိတ္ဓာတ္မာေၾကာတဲ့အျပင္ ရဲရင့္ၿပီး သမာသမတ္က်တဲ့ လူတစ္ေယာက္ပါ။ သင့္ရဲ႕အားနည္းခ်က္ကေတာ့ အရာရာကို တစ္ဇြတ္ထိုးလုပ္တက္တဲ့အက်င့္ရွိၿပီး မဟုတ္မခံခ်င္စိတ္ရွိပါတယ္။ ဒါေၾကာင့္ သင့္အေနနဲ႔ အလုပ္တစ္ခုမလုပ္ခင္မွာ ေသခ်ာစဥ္းစားၿပီး လုပ္ေဆာင္သင့္ၿပီး တစ္ျခားသူေတြရဲ႕အျမင္နဲ႔အေတြးေတြကိုလည္း ထည့္သြင္းစဥ္းစားသင့္ပါတယ္။ ဒီလိုဆိုရင္ သင့္ပတ္ဝန္းက်င္မွာရွိတဲ့လူေတြနဲ႔ သင့္ၾကားမွာရွိတဲ့ ရင္းႏွီးမူေတြနဲ႔ ခ်စ္ျခင္းေမတၱာေတြဟာ အံ့ၾသစရာေကာင္းေလာက္ေအာင္ တိုးတက္လာမွာျဖစ္ပါတယ္။

(၆) ပန္းသီး
ပန္းသီးကို ေ႐ြးခ်ယ္လိုက္တယ္ဆိုရင္ေတာ့ သင္ဟာ တစ္ျခားသူေတြရဲ႕ယုံၾကည္စိတ္ခ်မူကို အျပည့္အဝရရွိထားသူတစ္ေယာက္ပါ။ ဒါ့အျပင္ အခက္အခဲရွိသူေတြကို ကူညီဖို႔အၿမဲအဆင္သင့္ျဖစ္ေနတက္ပါေသးတယ္။ သင့္ရဲ႕အားနည္းခ်က္ကေတာ့ အားနာတက္တဲ့စိတ္ေလးျဖစ္ပါတယ္။ ဒါေၾကာင့္ အားနာစိတ္ကို တက္ႏိုင္သမွ်ေလ်ာ့နည္းေအာင္ႀကိဳးစားသင့္ၿပီး ကိုယ္စိတ္ထဲမွာရွိတဲ့အတိုင္း ပြင့္ပြင့္လင္းလင္း ေျပာဆိုသင့္ပါတယ္။ ဒီလိုသာဆိုရင္ သင့္အေနနဲ႔ လူေတြနဲ႔ဆက္ဆံရတာ ပိုအဆင္ေျပလာၿပီး သင့္ဘဝကလည္း ပိုၿပီးေပ်ာ္႐ႊင္ဖို႔ေကာင္းလာမွာပါ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box