အလုပ်ရှာမရ အလုပ်အမြန်လိုအပ်နေသူများ ပြုလုပ်ရန်အတွက်.
တစ်ခါတုန်းက မောင်ဖုန်း အလုပ်လက်မဲ့ဖြစ်နေခဲ့ဖူးပါတယ်။ အဲဒီ့တုန်းက ခုလိုလည်း ဗေဒင်ပညာရပ်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသက်မွေးနိုင်ခြင်း မရှိသေးတာကြောင့် ၊ ယောင်ချာချာ ဖြစ်နေရတာပေ့ါလေ။
ဒါ နဲ့ ဒီအတိုင်းနေလို့တော့မဖြစ်သေးဘူး။ ကြံစည်ဦးမှဆိုပြီး ၊ ( ၁+၆ ) အာလပ္ပနကာရက ယတြာလေးတစ်ခုကို လုပ်ပါတော့တယ်။ အဲဒီ့အချိန်မှာ မောင်ဖုန်း တို့ ကာရက ယတြာတွေကိုလည်း စိတ်နှစ်ပြီးလိုက်စားလေ့လာနေချိန်ကိုး။
ဘာရယ်ညာရယ်လုပ်မနေဘူး။ ရေမိုးချိုး ကိုယ်လက်သန့်စင်၊
တနင်္ဂနွေနေ့ နံနက်ခင်း ပိုင်းမှာ (ကျွန်တော်တို့မြို့က မြတ်ညီနောင်ဘုရားကို ) စသွားပါတယ်။
တနင်္ဂနွေထောင့်မှာ အကျအနနေရာယူ။ တနင်္ဂနွေနေ့ဖွား ပွင့်တော်မူပြီးသော ဘုရားရှင်အပေါင်းကို ရိုရိုသေသေ ရည်မှန်းပြီး ကန်တော့။ ပြီးတာနဲ့ မေတ္တာသုတ်ကို တနင်္ဂနွေဂြိုဟ်သက်အလိုက် စပြီးရွတ်တော့တာပါပဲ။
နောက်တစ်နေ့ +++ တနင်္လာနေ့ တနင်္လာထောင့် ဂြိုဟ်သက်အလိုက် မေတ္တာသုတ်ရွတ်ပြန်ရော ခင်ဗျ။
နောက်တစ်နေ့ +++ အင်္ဂါနေ့ ၊ အင်္ဂါထောင့် ဂြိုဟ်သက်အလိုက် မေတ္တာသုတ် ရွတ်ပြန်တယ်ခင်ဗျ။
ရှင်းအောင် ပြရရင် ဟောသလိုလေး +++
(၁) တနင်္ဂနွေနေ့ +++ တနင်္ဂနွေထောင့် မေတ္တာသုတ်(၆) ခေါက်
(၂) တနင်္လာနေ့ +++ တနင်္လာထောင့် မေတ္တာသုတ် (၁၅) ခေါက်
(၃) အင်္ဂါနေ့ +++ အင်္ဂါထောင့် မေတ္တာသုတ် ( ၈) ခေါက်
(၄) ဗုဒ္ဓဟူးနေ့ +++ ဗုဒ္ဓဟူးထောင့် မေတ္တာသုတ် (၁၇) ခေါက်
(၅) ကြာသာပတေးနေ့ +++ စနေထောင့် မေတ္တာသုတ် ( ၁၀) ခေါက်
(၆) သောကြာနေ့ +++ ကြာသာပတေးထောင့် မေတ္တာသုတ် (၁၉) ခေါက်
(၇) စနေနေ့ +++ ရာဟုထောင့် မေတ္တာသုတ် (၁၂) ခေါက်
(၈) တနင်္ဂနွေနေ့ +++ သောကြာထောင့် မေတ္တာသုတ် (၂၁) ခေါက်
ပြီးပြီ ဒီရှစ်ရက်ကလေးပါပဲ။ ဟာလွယ်လှချေလားဗျာ။ ကိုဖုန်းတို့ ဒါလေးနဲ့ အလုပ်မရှိရာက အလုပ်ရသွားရောကလား လို့ မေးလိုကြပါလိမ့်မယ်။
(၁) လွယ် မလွယ် ကိုယ်တစ်ကယ်လုပ်ကြည့် သိပါလိမ့်မယ်။ ခွေရူးလိုက်သလို ပြီးပြီးရော ရွတ်နေရင်တော့ မပြောတတ်၊ သေသေချာချာ သံနေသံဖြတ်မှန်မှန်နဲ့ မေတ္တာစိတ်ကိုရှေးရှုပြီး မှန်မှန်ရွတ်မယ်ဆိုရင် ဂြိုဟ်သက်နဲတဲ့ နေ့တွေမှာ တော်ပါသေးတယ်။
ဂြိုဟ်သက်များတဲ့ ရက်တွေဆို အာအရင်းမှာ တံတွေးမျိုရင်တောင် ခြောက်ကပ်ကပ်နာလာတဲ့အထိ ပင်ပန်းတတ်ပါတယ်။
ဒါကြောင့် ရေဗူးလေးဆောင်သွားပါ။ အရမ်းအပင်ပန်းခံပြီး အဆင်းရဲခံ မရွတ်ပါနဲ့။ ဒီအစီအရင်က အပျော့လိုင်း ပီယနဲ့သွားထားတာမို့ သက်တောင့်သက်သာ နဲ့သာ အလုပ်ပြီးမြောက်အောင် ကြိုးစားပါ။
(၂) အခြေခံအချက်ဖြစ်တဲ့ အလုပ်ပြီးချိန်မှာ အမျှဝေတာ၊ ဝေရာဝစ္စကုသိုလ်လေးတွေ အားဖြည့်တာ ၊ စသည်ဖြင့် တွေကတော့ ကောင်းနိုးရာရာ ကိုယ်နှစ်သက်တာလုပ်ပါ။ မေတ္တာသုတ်တွေတော့ ဝရူးဝရူးရွတ်ခဲ့ပါရဲ့…ဘုရားရင်ပြင်တော်ပေါ် နမော်နမဲ့နဲ့ အမှိုက်ရှုပ်ခဲ့ ၊ တံတွေးထွေးခဲ့လို့တော့ မဟန်သေးဘူးပေါ့ဗျာ။ ဒီတော့ ဒါလေးတွေတော့ မိမိတို့ဉာဏ်နဲ့ ဆင်ခြင်ပါ။
(၃) အဓိဌာန်ရက်ပြီးမြောက်ပြီး တစ်ပတ်လောက်အတွင်းမှာ ချစ်ခင်ကြည်ဖြူသောအားဖြင့် အလုပ်ပေးခံရခြင်း ၊ အလုပ်ကို အထောက်အပံ့ပြုခံရခြင်းမျိုး ကြုံစေတတ်ပါသဗျာ။
မောင်ဖုန်း တို့ တုန်းကတော့ ဦးလေးဖြစ်သူက ရော့ငါ့တူ ++ မင်းစာအုပ်ဆိုင်ထောင်ချင်တယ်ဆို အစ်မက ဦးထွန်းကိုပြောလု့ိ ++အဲဒါဦးထွန်းလည်း စိုက်ပေးမယ်လိုတဲ့ငွေ ဆိုပြီး လာပြောပါတယ်။
ဒါနဲ့ မောင်ဖုန်း တို့ နယ်မှာနေစဉ်က အလုပ်လက်မဲ့ကနေ စာအုပ်အငှားဆိုင်ပိုင်ရှင်လေး ချက်ချင်း ဖြစ်သွားခဲ့ပါသကောလား။
ဒါနဲ့ ဒီနည်းလေးကို ထပ်ပြီး အကြိမ်ကြိမ် အလုပ်လိုနေသူတွေကို ပေးစမ်းလုပ်ခိုင်းဖြစ်ခဲ့ပါတယ်။ တယ်အလုပ်ဖြစ်သဗျ။ သူ့ဟာနဲ့သူတော့ လမ်းကြောင်းလေးတွေပေါ်လာတာချည်းပါပဲ။
တစ်လောက ++ ရွှေပြည်သာဘက်ကမောင်ဖုန်းရဲ့ ဘလော့ဂါ စာဖတ်ပရိသတ်ဟောင်းကြီးတစ်ယောက်၊ (ဗိုလ်မှုးဟောင်းကြီးပါ) ၊ အလုပ်ကလည်း ပြုတ်ထား၊ နေစရာကလည်း အိမ်ကိုဖယ်ခိုင်းနေပြီ။ အဲဒါ မိန်းမနဲ့သားသမီးလေးနှစ်ယောက်နဲ့ ဒုက္ခရောက်နေရှာပါတယ်။
မောင်ဖုန်းဆီဗေဒင်လာမေးတော့ စကားတွေကလည်းပြောသွားလိုက်တာ တော်တော်ကိုကြာရဲ့။ သူ့ကိုလည်း ဒီနည်းလေးကိုပဲ သေသေချာချာလုပ်ဖို့ တိုက်တွန်းလိုက်ရရဲ့။
ဆယ်ရက်လောက်ထိအသံမကြားရပါဘူး။ ၁၁ရက်မြောက်ထင်ပါရဲ့ အဲဒီ့နေ့မှာတော့ ကွန်မန့်လေးတစ်ကြောင်း နဲ့ အလုပ်အဆင်ပြေသွားပြီဆိုတဲ့အကြောင်းနဲ့ နေရေးထိုင်ရေးကိစ္စအတွက် ထပ်မံကူညီပါဦးဆိုပြီး စာလေးတက်လာပါတယ်။ သြော် လူ့ဘ၀ အပူတွေက တယ်များသကိုး..၊ ဖြည့်လို့ဖြင့်တော့ မဆုံးသာပါလေ ။
(၄) ဒီအဓိဌာန် အစီအရင်ကို ဘုရားမှာ ကျကျနနဆောင်ရွက်တာ အကောင်းဆုံးပါပဲ။ ပြည်ပက မိတ်ဆွေအချို့ အခက်အခဲရှိရင် စိတ်ထဲက ဘုရားတည်ပါ။ (ဒါပဲရှိတယ်လေ) ။
(၅) မိမိတို့နဲ့ ဆီလျော်ကိုက်ညီတဲ့ ဟိတ်လက္ခဏာအရသာလျှင် မုချအကျိုးပေးတတ်ပါတယ်။ ကိုယ်နဲ့မထိုက်တန်တာ မရပါ။ ဒါလေးကို သတိပြုထားပါ။
တစ်ကယ်တော့ ဒီ ကာရကယတြာပိုင်းကိုပဲ အာဏာစက်နဲ့ သွားရင် ပိုမိုထက်မြက်တတ်ပါတယ်။ ဒါပေမယ့် ခြိမ်းခြောက်ပြီး တောင်းရသလိုခံစားရလို့ မောင်ဖုန်း မနှစ်သက်ပါ။
ဘာပဲပြောပြော မေတ္တာသည်သာ အကောင်းဆုံးပါ။
ဒါကြောင့် ပီယလမ်းကနေ ကြွမြန်းတော်မူကြပါစို့လား။
သတ္တဝါများ ချမ်းသာကြပါစေ။
တစ်ချိန်မဟုတ် တစ်ချိန် အသုံးဝင်လာတတ်တာမို့….လောလောဆယ် လိုလိုမလိုလို …ယူသာထားကြပါ။
အလုပ်မရှိသေးသူများ အတွက်သာမက….အလုပ်အကိုင်ပိုမိုကောင်းလိုသူများလည်း မုချလုပ်ကြည့်ပါ။ ဧကန်ထူးခြားသည် ဖြစ်ပါကြောင်း။
လက်တွေ့ဒီနည်းလေးနဲ့ အလုပ်ရသွားကြသူတွေလည်း ဒုနဲ့ဒေးပါခင်ဗျာ။
လေးစားချစ်ခင်စွာဖြင့်
ကိုဖုန်း။
အလုပ္ရွာမရ အလုပ္အျမန္လိုအပ္ေနသူမ်ား ျပဳလုပ္ရန္အတြက္
တစ္ခါတုန္းက ေမာင္ဖုန္း အလုပ္လက္မဲ့ျဖစ္ေနခဲ့ဖူးပါတယ္။ အဲဒီ့တုန္းက ခုလိုလည္း ေဗဒင္ပညာရပ္ေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ အသက္ေမြးႏိုင္ျခင္း မရွိေသးတာေၾကာင့္ ၊ ေယာင္ခ်ာခ်ာ ျဖစ္ေနရတာေပ့ါေလ။
ဒါ နဲ႔ ဒီအတိုင္းေနလို႔ေတာ့မျဖစ္ေသးဘူး။ ႀကံစည္ဦးမွဆိုၿပီး ၊ ( ၁+၆ ) အာလပၸနကာရက ယၾတာေလးတစ္ခုကို လုပ္ပါေတာ့တယ္။ အဲဒီ့အခ်ိန္မွာ ေမာင္ဖုန္း တို႔ ကာရက ယၾတာေတြကိုလည္း စိတ္ႏွစ္ၿပီးလိုက္စားေလ့လာေနခ်ိန္ကိုး။
ဘာရယ္ညာရယ္လုပ္မေနဘူး။ ေရမိုးခ်ိဳး ကိုယ္လက္သန႔္စင္၊
တနဂၤေႏြေန႔ နံနက္ခင္း ပိုင္းမွာ (ကြၽန္ေတာ္တို႔ၿမိဳ႕က ျမတ္ညီေနာင္ဘုရားကို ) စသြားပါတယ္။
တနဂၤေႏြေထာင့္မွာ အက်အနေနရာယူ။ တနဂၤေႏြေန႔ဖြား ပြင့္ေတာ္မူၿပီးေသာ ဘုရားရွင္အေပါင္းကို ႐ို႐ိုေသေသ ရည္မွန္းၿပီး ကန္ေတာ့။ ၿပီးတာနဲ႔ ေမတၱာသုတ္ကို တနဂၤေႏြၿဂိဳဟ္သက္အလိုက္ စၿပီး႐ြတ္ေတာ့တာပါပဲ။
ေနာက္တစ္ေန႔ +++ တနလၤာေန႔ တနလၤာေထာင့္ ၿဂိဳဟ္သက္အလိုက္ ေမတၱာသုတ္႐ြတ္ျပန္ေရာ ခင္ဗ်။
ေနာက္တစ္ေန႔ +++ အဂၤါေန႔ ၊ အဂၤါေထာင့္ ၿဂိဳဟ္သက္အလိုက္ ေမတၱာသုတ္ ႐ြတ္ျပန္တယ္ခင္ဗ်။
ရွင္းေအာင္ ျပရရင္ ေဟာသလိုေလး +++
(၁) တနဂၤေႏြေန႔ +++ တနဂၤေႏြေထာင့္ ေမတၱာသုတ္(၆) ေခါက္
(၂) တနလၤာေန႔ +++ တနလၤာေထာင့္ ေမတၱာသုတ္ (၁၅) ေခါက္
(၃) အဂၤါေန႔ +++ အဂၤါေထာင့္ ေမတၱာသုတ္ ( ၈) ေခါက္
(၄) ဗုဒၶဟူးေန႔ +++ ဗုဒၶဟူးေထာင့္ ေမတၱာသုတ္ (၁၇) ေခါက္
(၅) ၾကာသာပေတးေန႔ +++ စေနေထာင့္ ေမတၱာသုတ္ ( ၁၀) ေခါက္
(၆) ေသာၾကာေန႔ +++ ၾကာသာပေတးေထာင့္ ေမတၱာသုတ္ (၁၉) ေခါက္
(၇) စေနေန႔ +++ ရာဟုေထာင့္ ေမတၱာသုတ္ (၁၂) ေခါက္
(၈) တနဂၤေႏြေန႔ +++ ေသာၾကာေထာင့္ ေမတၱာသုတ္ (၂၁) ေခါက္
ၿပီးၿပီ ဒီရွစ္ရက္ကေလးပါပဲ။ ဟာလြယ္လွေခ်လားဗ်ာ။ ကိုဖုန္းတို႔ ဒါေလးနဲ႔ အလုပ္မရွိရာက အလုပ္ရသြားေရာကလား လို႔ ေမးလိုၾကပါလိမ့္မယ္။
(၁) လြယ္ မလြယ္ ကိုယ္တစ္ကယ္လုပ္ၾကည့္ သိပါလိမ့္မယ္။ ေခြ႐ူးလိုက္သလို ၿပီးၿပီးေရာ ႐ြတ္ေနရင္ေတာ့ မေျပာတတ္၊ ေသေသခ်ာခ်ာ သံေနသံျဖတ္မွန္မွန္နဲ႔ ေမတၱာစိတ္ကိုေရွးရႈၿပီး မွန္မွန္႐ြတ္မယ္ဆိုရင္ ၿဂိဳဟ္သက္နဲတဲ့ ေန႔ေတြမွာ ေတာ္ပါေသးတယ္။
ၿဂိဳဟ္သက္မ်ားတဲ့ ရက္ေတြဆို အာအရင္းမွာ တံေတြးမ်ိဳရင္ေတာင္ ေျခာက္ကပ္ကပ္နာလာတဲ့အထိ ပင္ပန္းတတ္ပါတယ္။
ဒါေၾကာင့္ ေရဗူးေလးေဆာင္သြားပါ။ အရမ္းအပင္ပန္းခံၿပီး အဆင္းရဲခံ မ႐ြတ္ပါနဲ႔။ ဒီအစီအရင္က အေပ်ာ့လိုင္း ပီယနဲ႔သြားထားတာမို႔ သက္ေတာင့္သက္သာ နဲ႔သာ အလုပ္ၿပီးေျမာက္ေအာင္ ႀကိဳးစားပါ။
(၂) အေျခခံအခ်က္ျဖစ္တဲ့ အလုပ္ၿပီးခ်ိန္မွာ အမွ်ေဝတာ၊ ေဝရာဝစၥကုသိုလ္ေလးေတြ အားျဖည့္တာ ၊ စသည္ျဖင့္ ေတြကေတာ့ ေကာင္းႏိုးရာရာ ကိုယ္ႏွစ္သက္တာလုပ္ပါ။ ေမတၱာသုတ္ေတြေတာ့ ဝ႐ူးဝ႐ူး႐ြတ္ခဲ့ပါရဲ႕…ဘုရားရင္ျပင္ေတာ္ေပၚ နေမာ္နမဲ့နဲ႔ အမႈိက္ရႈပ္ခဲ့ ၊ တံေတြးေထြးခဲ့လို႔ေတာ့ မဟန္ေသးဘူးေပါ့ဗ်ာ။ ဒီေတာ့ ဒါေလးေတြေတာ့ မိမိတို႔ဉာဏ္နဲ႔ ဆင္ျခင္ပါ။
(၃) အဓိဌာန္ရက္ၿပီးေျမာက္ၿပီး တစ္ပတ္ေလာက္အတြင္းမွာ ခ်စ္ခင္ၾကည္ျဖဴေသာအားျဖင့္ အလုပ္ေပးခံရျခင္း ၊ အလုပ္ကို အေထာက္အပံ့ျပဳခံရျခင္းမ်ိဳး ႀကဳံေစတတ္ပါသဗ်ာ။
ေမာင္ဖုန္း တို႔ တုန္းကေတာ့ ဦးေလးျဖစ္သူက ေရာ့ငါ့တူ ++ မင္းစာအုပ္ဆိုင္ေထာင္ခ်င္တယ္ဆို အစ္မက ဦးထြန္းကိုေျပာလု႔ိ ++အဲဒါဦးထြန္းလည္း စိုက္ေပးမယ္လိုတဲ့ေငြ ဆိုၿပီး လာေျပာပါတယ္။
ဒါနဲ႔ ေမာင္ဖုန္း တို႔ နယ္မွာေနစဥ္က အလုပ္လက္မဲ့ကေန စာအုပ္အငွားဆိုင္ပိုင္ရွင္ေလး ခ်က္ခ်င္း ျဖစ္သြားခဲ့ပါသေကာလား။
ဒါနဲ႔ ဒီနည္းေလးကို ထပ္ၿပီး အႀကိမ္ႀကိမ္ အလုပ္လိုေနသူေတြကို ေပးစမ္းလုပ္ခိုင္းျဖစ္ခဲ့ပါတယ္။ တယ္အလုပ္ျဖစ္သဗ်။ သူ႔ဟာနဲ႔သူေတာ့ လမ္းေၾကာင္းေလးေတြေပၚလာတာခ်ည္းပါပဲ။
တစ္ေလာက ++ ေ႐ႊျပည္သာဘက္ကေမာင္ဖုန္းရဲ႕ ဘေလာ့ဂါ စာဖတ္ပရိသတ္ေဟာင္းႀကီးတစ္ေယာက္၊ (ဗိုလ္မႈးေဟာင္းႀကီးပါ) ၊ အလုပ္ကလည္း ျပဳတ္ထား၊ ေနစရာကလည္း အိမ္ကိုဖယ္ခိုင္းေနၿပီ။ အဲဒါ မိန္းမနဲ႔သားသမီးေလးႏွစ္ေယာက္နဲ႔ ဒုကၡေရာက္ေနရွာပါတယ္။
ေမာင္ဖုန္းဆီေဗဒင္လာေမးေတာ့ စကားေတြကလည္းေျပာသြားလိုက္တာ ေတာ္ေတာ္ကိုၾကာရဲ႕။ သူ႔ကိုလည္း ဒီနည္းေလးကိုပဲ ေသေသခ်ာခ်ာလုပ္ဖို႔ တိုက္တြန္းလိုက္ရရဲ႕။
ဆယ္ရက္ေလာက္ထိအသံမၾကားရပါဘူး။ ၁၁ရက္ေျမာက္ထင္ပါရဲ႕ အဲဒီ့ေန႔မွာေတာ့ ကြန္မန႔္ေလးတစ္ေၾကာင္း နဲ႔ အလုပ္အဆင္ေျပသြားၿပီဆိုတဲ့အေၾကာင္းနဲ႔ ေနေရးထိုင္ေရးကိစၥအတြက္ ထပ္မံကူညီပါဦးဆိုၿပီး စာေလးတက္လာပါတယ္။ ေၾသာ္ လူ႔ဘ၀ အပူေတြက တယ္မ်ားသကိုး..၊ ျဖည့္လို႔ျဖင့္ေတာ့ မဆုံးသာပါေလ ။
(၄) ဒီအဓိဌာန္ အစီအရင္ကို ဘုရားမွာ က်က်နနေဆာင္႐ြက္တာ အေကာင္းဆုံးပါပဲ။ ျပည္ပက မိတ္ေဆြအခ်ိဳ႕ အခက္အခဲရွိရင္ စိတ္ထဲက ဘုရားတည္ပါ။ (ဒါပဲရွိတယ္ေလ) ။
(၅) မိမိတို႔နဲ႔ ဆီေလ်ာ္ကိုက္ညီတဲ့ ဟိတ္လကၡဏာအရသာလွ်င္ မုခ်အက်ိဳးေပးတတ္ပါတယ္။ ကိုယ္နဲ႔မထိုက္တန္တာ မရပါ။ ဒါေလးကို သတိျပဳထားပါ။
တစ္ကယ္ေတာ့ ဒီ ကာရကယၾတာပိုင္းကိုပဲ အာဏာစက္နဲ႔ သြားရင္ ပိုမိုထက္ျမက္တတ္ပါတယ္။ ဒါေပမယ့္ ၿခိမ္းေျခာက္ၿပီး ေတာင္းရသလိုခံစားရလို႔ ေမာင္ဖုန္း မႏွစ္သက္ပါ။
ဘာပဲေျပာေျပာ ေမတၱာသည္သာ အေကာင္းဆုံးပါ။
ဒါေၾကာင့္ ပီယလမ္းကေန ႂကြျမန္းေတာ္မူၾကပါစို႔လား။
သတၱဝါမ်ား ခ်မ္းသာၾကပါေစ။
တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ အသုံးဝင္လာတတ္တာမို႔….ေလာေလာဆယ္ လိုလိုမလိုလို …ယူသာထားၾကပါ။
အလုပ္မရွိေသးသူမ်ား အတြက္သာမက….အလုပ္အကိုင္ပိုမိုေကာင္းလိုသူမ်ားလည္း မုခ်လုပ္ၾကည့္ပါ။ ဧကန္ထူးျခားသည္ ျဖစ္ပါေၾကာင္း။
လက္ေတြ႕ဒီနည္းေလးနဲ႔ အလုပ္ရသြားၾကသူေတြလည္း ဒုနဲ႔ေဒးပါခင္ဗ်ာ။
ေလးစားခ်စ္ခင္စြာျဖင့္
ကိုဖုန္း။
Be the first to comment