မိမိရဲ့လက်ဖဝါးပြင်မှာ အသက်လမ်းကြောင်းကနေ အထက်ကိုတက်နေတဲ့ အတက်လမ်းကြောင်းကလေးတွေ ရှိတတ်ပါတယ်။ဒီလမ်းကြောင်းလေးတွေကို အသက်လမ်းကြောင်းကထွက်တဲ့ ကံလမ်းကြောင်းလေးတွေလို့ လက္ခဏာ ပညာအရ မှတ်ဆိုကြပါတယ်။ ဒီလိုကံအတက်လမ်းကြောင်းလေးတွေ မိတ်ဆွေရဲ့ လက္ခဏာမှာပါလာရင်တော့ အဲဒီကံလမ်းအတက်လေးတွေ ထွက်ပေါ်တဲ့ အသက်ပိုင်းခြားကာလတစ်ခုမှာ မိမိလုပ်ဆောင်သမျှ တိုးတက်မယ်၊ကံကောင်းမယ်၊ အောင်မြင်မယ်၊စီးပွားချမ်းသာမယ်၊ကုန်သွယ်ခြင်းကိစ္စတွေရှိမယ်၊ ထီပေါက်သလို ငွေဝင်မယ်၊ အားစိုက်ထုတ်ရမှု့နည်းပြီး အကျိုးအမြတ်များတဲ့ ကိစ္စတွေဖြစ်မယ်၊ စိတ်ချမ်းသာရမယ်၊ ကုသလို့ခက်တဲ့ ရောဂါတွေရှိနေရင်လည်း ဒီအချိန်မှာ ဆရာကောင်းနဲ့တွေ့ပြီး ပျောက်ကင်းနိုင်တယ် ဆိုတဲ့ သဘောတရားတွေ ပြည့်နေတာဖြစ်တယ်။ အသက်လမ်းကြောင်းက ထွက်နေတဲ့ အထက်ကိုတက်နေတဲ့ ကံလမ်းကြောင်းတွေရဲ့ ကောင်းတဲ့ အချက်တွေရရှိမယ်ဆိုပေမယ့် အသက်လမ်းကြောင်းက ထွက်လာတဲ့ အောက်ဘက်ကို စိုက်ဆင်းတဲ့ လမ်းကြောင်းတွေ ပါလာရင်တော့ မကောင်းပါဘူး၊ အောက်ဘက်ကို စိုက်ဆင်းတဲ့ လမ်းကြောင်းပါတဲ့သူက အဲဒီအသက်အရွယ်မှာ ကျန်းမာရေးညံ့မယ်၊ စီးပွားပျက်မယ်၊ နှစ်ရှည်ရှာဖွေစုဆောင်းထားတာလေး တစ်ချက်တည်းကုန်သွားတတ်တယ်၊ အကြံအစည်ပျက်မယ်၊နောက်တစ်ခုက ရာထူးရှိတဲ့သူဆိုရင် ရာထူးကနေ အနားယူရတတ်တယ်။ ဒါကြောင့် လမ်းကြောင်းတွေရဲအခြေအနေကို တိတိကျကျသိဖို့ လိုပါတယ် အသက်လမ်းကြောင်းကနေ ထွက်ပေါ်လာတဲ့ ကံလမ်းကြောင်းအတက်ကလေးဟာ ဦးခေါင်းလမ်းကြောင်းကို ထိသည်ဆိုယုံကလေး ထိနေတယ်ဆိုရင်တော့ လက္ခဏာပိုင်ရှင်ဟာ ပညာကိုအခြေခံတဲ့ ရာထူးရရှိခြင်း၊ ဥစ္စာပစ္စည်း ရရှိခြင်းတွေ ဖြစ်ပါလိမ့်မယ်။
ဖြစ်မယ့်အချိန်ကတော့ အသက်လမ်းကြောင်းကနေ စတင်ထွက်ပေါ်တဲ့အချိန်ကစပြီး တိုးတက်တယ်လို့ပြောရမှာပါ။ အသက်လမ်းကြောင်းကထွက်တဲ့ ကံလမ်းအတက်ငယ်လေးဟာ ကြာသာပတေးဂြိုဟ်ခုံဆီကို ဦးတည်နေပြီး အဆိုပါ လမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကိုထိနေပြီး ကျော်မထွက်သွားတဲ့ အနေအထားရှိနေခဲ့ရင် လက္ခဏာရှင်ဟာ မိဘဆွေမျိုးတွေဆီကနေ အမွေရတတ်ပါတယ်။ ဒီနေရာမှာ ချမ်းသာရလောက်တဲ့ အမွေထက် ပညာအမွေရတာ မျိုးဖြစ်တတ်ပါတယ်။ ထက်လေ့လာရရင် အဆိုပါ အသက်လမ်းကြောင်းလေးကို ဥပါဒ်လမ်းလေးတစ်ခုက ထပ်ဖြတ်လိုက်တဲ့အခါ အသက်လမ်းကြောင်းနဲ့ ဦးခေါင်းလမ်းကြောင်းကြားမှာ ကြက်ခြေအမှတ်အသားတစ်ခု ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီလိုကြက်ခြေအမှတ်အသားပေါ်လာရင်တော့ မိဘလက်ထက်က ဥစ္စာပစ္စည်းတွေ မိမိလက်ထက်မှာ ကုန်သွားတတ်ပါတယ်။မိမိလည်း ဆင်ရဲသွားတတ်တယ်လို့ ပြောရမှာဖြစ်တယ်။ အသက်လမ်းကြောင်းကနေ ဖြစ်ပေါ်လာတဲ့ ကံလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကိုဖြတ်ပြီး ကြာသာပတေးဂြိုဟ်ခုံအလယ်လောက်အထိ ထိုးတက်နေခဲ့မယ်၊ အဖျက်မှတ်လည်းမရှိဘူးဆိုရင် သူဟာ ပညာရေး၊ဒါမှမဟုတ် ပညာနဲ့ပါတ်သက်တဲ့ ကိစ္စတစ်ခုခုနဲ့ အောင်မြင်ပါလိမ့်မယ်၊ ဘွဲ့ထူးဂုဏ်ထူးတွေလည်း ရရှိပါလိမ့်မယ်၊(လက်ပုံစံကိုအဓိကထားပေါင်းစပ်ရပါလိမ့်မယ်) ဒီနေရာမှာ တစ်ခုပြောချင်တာရှိပါတယ်၊ လမ်းကြောင်းတွေကို စစ်ဆေးတဲ့အခါ လမ်းကြောင်းတိုင်းက အောက်မှအထက်တက်နေတာမဟုတ်ပါဘူး၊ အထက်ဘက်မှ အောက်ဘက်ကိုလည်း ဆင်းလာတတ်တဲ့သဘောရှိပါတယ်။ စနေဂြိုဟ်ခုံဘက်က အစပျိုးတဲ့ လမ်းကြောင်းတစ်ခုဟာ အသက်လမ်းကြောင်းကို ဆင်းလာပြီး ဖြတ်သွားမယ်ဆိုရင်တော့ လက္ခဏာရှင်ဟာ အသက်အန္တရာယ်ရှိတဲ့ မတော်တဆမှု့တစ်ခုခု၊ဒါမှမဟုတ် သေလောက်တဲ့ ရောဂါဆိုးတစ်ခုခုကြုံတွေ့ ရပါလိမ့်မယ်၊ စီပွားရေးလည်း အဲဒီ လမ်းကြောင်းထိစပ်တဲ့အသက်ပိုင်းခြားမှာ ကျဆင်းပျက်စီးတတ်ပါတယ်။ အသက်လမ်းကြောင်းကနေ ထွက်ပေါ်နေတဲ့ ကံလမ်းကြောင်းနဲ့ အသက်လမ်းကြောင်းကို အကြောင်းပြုပြီး ဖြစ်ပေါ်နေတဲ့ လမ်းကြောင်းတွေကိုလေ့လာတဲ့အခါ အထူးသိထားရတဲ့ အချက်က အသက်လမ်းကြောင်းရဲ့ အင်္ဂါဂြိုဟ်ခုံအပိုင်းနဲ့ သောကြာဂြိုဟ်ခုံအပိုင်းဆိုပြီး လေ့လာသင်တယ်ဆိုတဲ့ အချက်ရယ်၊ လမ်းကြောင်းတွေဟာ အဆင်းအတက်ရှိလို့ သေချာကြည့်သင့်တယ်ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ လက်ပုံစံ၊လက်ရေစာတွေကိုပါ တွဲပြီးလေ့လာသင့်ပါတယ်။ အသက်ပိုင်းဖြတ်တဲ့ နည်းဥပဒေသတွေကိုလည်း အကောင်းဆုံးဖြစ်အောင် သေချာတိုင်းတာပြီးမှ အကောင်းဆုံးပေါင်းစပ်ဟောကြားရတာပါ။ လက္ခဏာကပေးလာတဲ့အခါ ကံကောင်းတဲ့အခါ ဘယ်လိုအခြေအနေတွေရှိစေကာမူ တိုးတက်စရာရှိရင် တိုးတက်တာဘဲ ဖြစ်ပါတယ်။ ကျွန်ုပ်သုတေသနပြုချက်အရ ယခုလို Covid-19 ကာလမှာ ကံကပေးလို့ ချမ်းသာသွားသူတွေ အများကြီးရှိပြီး သူတို့လက္ခဏာတွေကို လေ့လာရပါတယ်။ ဒါကြောင့် ဒီလိုကပ်ရောဂါ ကာလမှာ အဆင်မပြေဘူးပြောကြပေမယ့် ကံကပေးလို့ အဆင်ပြေချမ်းသာသူတွေလည်းရှိတာကို လက်တွေသုတေသနအရတင်ပြရပါတယ်။
Saya ကင်္ကသူ
အသက္လမ္းေၾကာင္းေပၚမွ ကံလမ္းေၾကာင္းအတက္ကေလးမ်ား
မိမိရဲ႕လက္ဖဝါးျပင္မွာ အသက္လမ္းေၾကာင္းကေန အထက္ကိုတက္ေနတဲ့ အတက္လမ္းေၾကာင္းကေလးေတြ ရိွတတ္ပါတယ္။ဒီလမ္းေၾကာင္းေလးေတြကို အသက္လမ္းေၾကာင္းကထြက္တဲ့ ကံလမ္းေၾကာင္းေလးေတြလို႔ လကၡဏာ ပညာအရ မွတ္ဆိုၾကပါတယ္။ ဒီလိုကံအတက္လမ္းေၾကာင္းေလးေတြ မိတ္ေဆြရဲ႕ လကၡဏာမွာပါလာရင္ေတာ့ အဲဒီကံလမ္းအတက္ေလးေတြ ထြက္ေပၚတဲ့ အသက္ပိုင္းျခားကာလတစ္ခုမွာ မိမိလုပ္ေဆာင္သမွ် တိုးတက္မယ္၊ကံေကာင္းမယ္၊ ေအာင္ျမင္မယ္၊စီးပြားခ်မ္းသာမယ္၊ကုန္သြယ္ျခင္းကိစၥေတြရိွမယ္၊ ထီေပါက္သလို ေငြဝင္မယ္၊ အားစိုက္ထုတ္ရမွဳ႕နည္းၿပီး အက်ိဳးအျမတ္မ်ားတဲ့ ကိစၥေတြျဖစ္မယ္၊ စိတ္ခ်မ္းသာရမယ္၊ ကုသလို႔ခက္တဲ့ ေရာဂါေတြရိွေနရင္လည္း ဒီအခ်ိန္မွာ ဆရာေကာင္းနဲ႔ေတြ႕ၿပီး ေပ်ာက္ကင္းႏိုင္တယ္ ဆိုတဲ့ သေဘာတရားေတြ ျပည့္ေနတာျဖစ္တယ္။ အသက္လမ္းေၾကာင္းက ထြက္ေနတဲ့ အထက္ကိုတက္ေနတဲ့ ကံလမ္းေၾကာင္းေတြရဲ႕ ေကာင္းတဲ့ အခ်က္ေတြရရိွမယ္ဆိုေပမယ့္ အသက္လမ္းေၾကာင္းက ထြက္လာတဲ့ ေအာက္ဘက္ကို စိုက္ဆင္းတဲ့ လမ္းေၾကာင္းေတြ ပါလာရင္ေတာ့ မေကာင္းပါဘူး၊ ေအာက္ဘက္ကို စိုက္ဆင္းတဲ့ လမ္းေၾကာင္းပါတဲ့သူက အဲဒီအသက္အရြယ္မွာ က်န္းမာေရးညံ့မယ္၊ စီးပြားပ်က္မယ္၊ ႏွစ္ရွည္ရွာေဖြစုေဆာင္းထားတာေလး တစ္ခ်က္တည္းကုန္သြားတတ္တယ္၊ အႀကံအစည္ပ်က္မယ္၊ေနာက္တစ္ခုက ရာထူးရိွတဲ့သူဆိုရင္ ရာထူးကေန အနားယူရတတ္တယ္။ ဒါေၾကာင့္ လမ္းေၾကာင္းေတြရဲအေျခအေနကို တိတိက်က်သိဖို႔ လိုပါတယ္ အသက္လမ္းေၾကာင္းကေန ထြက္ေပၚလာတဲ့ ကံလမ္းေၾကာင္းအတက္ကေလးဟာ ဦးေခါင္းလမ္းေၾကာင္းကို ထိသည္ဆိုယံုကေလး ထိေနတယ္ဆိုရင္ေတာ့ လကၡဏာပိုင္ရွင္ဟာ ပညာကိုအေျခခံတဲ့ ရာထူးရရိွျခင္း၊ ဥစၥာပစၥည္း ရရိွျခင္းေတြ ျဖစ္ပါလိမ့္မယ္။ ျဖစ္မယ့္အခ်ိန္ကေတာ့ အသက္လမ္းေၾကာင္းကေန စတင္ထြက္ေပၚတဲ့အခ်ိန္ကစၿပီး တိုးတက္တယ္လို႔ေျပာရမွာပါ။ အသက္လမ္းေၾကာင္းကထြက္တဲ့ ကံလမ္းအတက္ငယ္ေလးဟာ ၾကာသာပေတးၿဂိဳဟ္ခံုဆီကို ဦးတည္ေနၿပီး အဆိုပါ လမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကိုထိေနၿပီး ေက်ာ္မထြက္သြားတဲ့ အေနအထားရိွေနခဲ့ရင္ လကၡဏာရွင္ဟာ မိဘေဆြမ်ိဳးေတြဆီကေန အေမြရတတ္ပါတယ္။ ဒီေနရာမွာ ခ်မ္းသာရေလာက္တဲ့ အေမြထက္ ပညာအေမြရတာ မ်ိဳးျဖစ္တတ္ပါတယ္။ ထက္ေလ့လာရရင္ အဆိုပါ အသက္လမ္းေၾကာင္းေလးကို ဥပါဒ္လမ္းေလးတစ္ခုက ထပ္ျဖတ္လိုက္တဲ့အခါ အသက္လမ္းေၾကာင္းနဲ႔ ဦးေခါင္းလမ္းေၾကာင္းၾကားမွာ ၾကက္ေျခအမွတ္အသားတစ္ခု ျဖစ္ေပၚလာတတ္ပါတယ္။ အဲဒီလိုၾကက္ေျခအမွတ္အသားေပၚလာရင္ေတာ့ မိဘလက္ထက္က ဥစၥာပစၥည္းေတြ မိမိလက္ထက္မွာ ကုန္သြားတတ္ပါတယ္။မိမိလည္း ဆင္ရဲသြားတတ္တယ္လို႔ ေျပာရမွာျဖစ္တယ္။ အသက္လမ္းေၾကာင္းကေန ျဖစ္ေပၚလာတဲ့ ကံလမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကိုျဖတ္ၿပီး ၾကာသာပေတးၿဂိဳဟ္ခံုအလယ္ေလာက္အထိ ထိုးတက္ေနခဲ့မယ္၊ အဖ်က္မွတ္လည္းမရိွဘူးဆိုရင္ သူဟာ ပညာေရး၊ဒါမွမဟုတ္ ပညာနဲ႔ပါတ္သက္တဲ့ ကိစၥတစ္ခုခုနဲ႔ ေအာင္ျမင္ပါလိမ့္မယ္၊ ဘြဲ႔ထူးဂုဏ္ထူးေတြလည္း ရရိွပါလိမ့္မယ္၊(လက္ပံုစံကိုအဓိကထားေပါင္းစပ္ရပါလိမ့္မယ္) ဒီေနရာမွာ တစ္ခုေျပာခ်င္တာရိွပါတယ္၊ လမ္းေၾကာင္းေတြကို စစ္ေဆးတဲ့အခါ လမ္းေၾကာင္းတိုင္းက ေအာက္မွအထက္တက္ေနတာမဟုတ္ပါဘူး၊ အထက္ဘက္မွ ေအာက္ဘက္ကိုလည္း ဆင္းလာတတ္တဲ့သေဘာရိွပါတယ္။ စေနၿဂိဳဟ္ခံုဘက္က အစပ်ိဳးတဲ့ လမ္းေၾကာင္းတစ္ခုဟာ အသက္လမ္းေၾကာင္းကို ဆင္းလာၿပီး ျဖတ္သြားမယ္ဆိုရင္ေတာ့ လကၡဏာရွင္ဟာ အသက္အႏၱရာယ္ရိွတဲ့ မေတာ္တဆမွဳ႕တစ္ခုခု၊ဒါမွမဟုတ္ ေသေလာက္တဲ့ ေရာဂါဆိုးတစ္ခုခုႀကံဳေတြ႕ ရပါလိမ့္မယ္၊ စီပြားေရးလည္း အဲဒီ လမ္းေၾကာင္းထိစပ္တဲ့အသက္ပိုင္းျခားမွာ က်ဆင္းပ်က္စီးတတ္ပါတယ္။ အသက္လမ္းေၾကာင္းကေန ထြက္ေပၚေနတဲ့ ကံလမ္းေၾကာင္းနဲ႔ အသက္လမ္းေၾကာင္းကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚေနတဲ့ လမ္းေၾကာင္းေတြကိုေလ့လာတဲ့အခါ အထူးသိထားရတဲ့ အခ်က္က အသက္လမ္းေၾကာင္းရဲ႕ အဂၤါၿဂိဳဟ္ခံုအပိုင္းနဲ႔ ေသာၾကာၿဂိဳဟ္ခံုအပိုင္းဆိုၿပီး ေလ့လာသင္တယ္ဆိုတဲ့ အခ်က္ရယ္၊ လမ္းေၾကာင္းေတြဟာ အဆင္းအတက္ရိွလို႔ ေသခ်ာၾကည့္သင့္တယ္ဆိုတဲ့ အခ်က္ေတြျဖစ္ပါတယ္။ လက္ပံုစံ၊လက္ေရစာေတြကိုပါ တြဲၿပီးေလ့လာသင့္ပါတယ္။ အသက္ပိုင္းျဖတ္တဲ့ နည္းဥပေဒသေတြကိုလည္း အေကာင္းဆံုးျဖစ္ေအာင္ ေသခ်ာတိုင္းတာၿပီးမွ အေကာင္းဆံုးေပါင္းစပ္ေဟာၾကားရတာပါ။ လကၡဏာကေပးလာတဲ့အခါ ကံေကာင္းတဲ့အခါ ဘယ္လိုအေျခအေနေတြရိွေစကာမူ တိုးတက္စရာရိွရင္ တိုးတက္တာဘဲ ျဖစ္ပါတယ္။ ကြ်ႏ္ုပ္သုေတသနျပဳခ်က္အရ ယခုလို Covid-19 ကာလမွာ ကံကေပးလို႔ ခ်မ္းသာသြားသူေတြ အမ်ားႀကီးရိွၿပီး သူတို႔လကၡဏာေတြကို ေလ့လာရပါတယ္။ ဒါေၾကာင့္ ဒီလိုကပ္ေရာဂါ ကာလမွာ အဆင္မေျပဘူးေျပာၾကေပမယ့္ ကံကေပးလို႔ အဆင္ေျပခ်မ္းသာသူေတြလည္းရိွတာကို လက္ေတြသုေတသနအရတင္ျပရပါတယ္။
Saya ကကၤသူ
Be the first to comment