မနေသင့်သော ဘုမ္မိအရပ်နဲ့ အိမ်မျက်နှာစာ...
မြန်မာ့လက်ဆန်းဗေဒင်ပညာမှာ ပရိဝါယ အာယု စသဖြင့် အဌလက်ရှစ်ပါးရှိပါတယ်။ဒီလင်္ကာကို အချို့ပညာရှင်များက အဟောပိုင်းမှာသုံးတယ်၊အချို့က ယတြာနဲ့ မြို့ပြ အိမ် စသဖြင့်တည်ဆောက်ရာမှာ သုံးခဲ့ကြတယ်။ဘယ်နေရာမှာ ဘယ်လိုပဲသုံးသုံး ဒီပညာခန်းဟာ ဉာဏ်ရှိရင်ရှိသလောက်ကစားနိုင်တဲ့ပညာခန်းကြီးတစ်ခုပါပဲ။ဒီမှာတော့ အိမ်တစ်အိမ်ရဲ့မျက်နှာစာနဲ့ အိမ်ထောင်ဦးစီးရဲ့နေ့နံအလိုက် ဘုမ္မိအရပ်ကျမကျ ဆိုတာရယ် ၊ ကျနေခဲ့ရင်ရော ဘယ်လိုဖြေရှင်းမလဲဆိုတာကို တင်ပြပေးသွားပါမယ်။
အိမ်ထောင်ဦးစီးဆိုတာ အိမ်တစ်အိမ်မှာ ဦးဆောင်ဦးရွက်ပြုရတဲ့ပုဂ္ဂိုလ်ကိုခေါ်ပါတယ်။အရင်ဦးဆုံးသူူ့နေ့နံဘာလဲဆိုတာတစ်ချက်ကြည့်ရမည်။ပြီးတဲ့အခါ ကိုယ်နေထိုင်တဲ့အိမ်ဟာ မျက်နှာဘယ်အရပ်မူနေသလဲဆိုတာကို သိထားရပါမယ်။
နေ့သား ဘုမ္မိအရပ်
တနင်္ဂနွေ တောင်အရပ်
တနင်္လာ အနောက်တောင်အရပ်
အင်္ဂါ အနောက်အရပ်
ဗုဒ္ဓဟူး အနောက်မြောက်
ကြာသပတေး အရှေ့မြောက်အရပ်
သောကြာ အရှေ့တောင်အရပ်
စနေ မြောက်အရပ်
ရာဟု အရှေ့အရပ်
အထက်မှာ နေ့သားသမီးအလိုက် ဘုမ္မိအရပ်တွေကို ဖော်ပြပေးခဲ့ပါတယ်။အိမ်တစ်အိမ်ရဲ့အိမ်ထောင်ဦးစီးအလိုက် နေအိမ်မျက်နှာမူတဲ့အရပ်ဟာ ဘုမ္မိကြတဲ့အခါမျိုးမှာ အဆိုပါအိမ်သည် စီးပွားရေး တွင်မည်မျှကြိုးစားစေကာမှု အဖတ်မတင်ခြင်း ၊ အိမ်တွင်းရေးမိသားစုရေး ပျော်ရွှင်မှုမျက်သုဉ်းခြင်း ၊ မိသားစုတွင်း ကျန်းမာရေးအားနည်းချက်တစ်ဦးမဟုတ်တစ်ဦးဖြစ်တတ်ခြင်း စတဲ့ အခက်အခဲပြသနာအချို့ကြုံရတတ်တယ်လို့ အဆိုရှိခဲ့ပါတယ်။
ဥပမာ…နေအိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးဟာ တနင်္ဂနွေသားတစ်ဦးဆိုကြပါစို့။၎င်းနေထိုင်သောအိမ်ဟာ တောင်အရပ်ကိုမျက်နှာမူထားသည်ဆိုပါစို့။ဒါဆိုရင် အိမ်ထောင်ဦးစီးအတွက် ဘုမ္မိမျက်နှာလှည့်တဲ့အိမ်မျိုးဖြစ်ပါတယ်။အခြားနေ့သားများလည်း ထိုနည်းလည်းကောင်း ပါပဲ။အိမ်ထောင်ဦးစီးကသာ အဓိကနေကြည့်ရှုဆုံးဖြတ်ရမှာပါ။
အထက်က ဆိုခဲ့သလို အိမ်ထောင်ဦးစီးစာ ဘုမ္မိအရပ်မျက်နှာလည့်တဲ့အိမ်မျိုးမှာနေမိနေခဲ့ရင် အညံ့ဆိုး ကနေလွတ်မြောက်အောင်နေ့သားအလိုက် အမြစ်အညွန့်အပင်ကို အိမ်ခြံဝန်းရှေ့မှာ စိုက်ပျိုးပေးရပါမယ်။
နေ့သား အမြစ်အညွန့်အပင်
တနင်္ဂနွေ ဒါန်းကြီး (သို့)နေကြာ ပင်
တနင်္လာ သြဇာပင်
အင်္ဂါ ခရေပင်
ဗုဒ္ဓဟူး စံပယ်
ကြာသပတေး လသာ (သို့) လောက်သေ
သောကြာ ပိတောက်ပင်
စနေ သင်အူပင်(ခက်ခဲက သဲအိုးထဲတွင် အုန်းပင်ပေါက်စိုက်ထားနိုင်)
အထက်ပါ သစ်ပင်စိုက်ယတြာကို ဆောင်ရွက်ခြင်းအားဖြင့် ဘုမ္မိအရပ်မျက်နှာမူမိသောနေအိမ်အတွက် အညံ့ဆိုးကင်းလွတ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မည်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့သာယာရှိကြပါစေ
လင်းဝေအောင်
မေနသင့္ေသာ ဘုမၼိအရပ္နဲ႔ အိမ္မ်က္ႏွာစာ
ျမန္မာ့လက္ဆန္းေဗဒင္ပညာမွာ ပရိဝါယ အာယု စသျဖင့္ အဌလက္ရွစ္ပါးရွိပါတယ္။ဒီလကၤာကို အခ်ိဳ႕ပညာရွင္မ်ားက အေဟာပိုင္းမွာသုံးတယ္၊အခ်ိဳ႕က ယၾတာနဲ႔ ၿမိဳ႕ျပ အိမ္ စသျဖင့္တည္ေဆာက္ရာမွာ သုံးခဲ့ၾကတယ္။ဘယ္ေနရာမွာ ဘယ္လိုပဲသုံးသုံး ဒီပညာခန္းဟာ ဉာဏ္ရွိရင္ရွိသေလာက္ကစားႏိုင္တဲ့ပညာခန္းႀကီးတစ္ခုပါပဲ။ဒီမွာေတာ့ အိမ္တစ္အိမ္ရဲ႕မ်က္ႏွာစာနဲ႔ အိမ္ေထာင္ဦးစီးရဲ႕ေန႔နံအလိုက္ ဘုမၼိအရပ္က်မက် ဆိုတာရယ္ ၊ က်ေနခဲ့ရင္ေရာ ဘယ္လိုေျဖရွင္းမလဲဆိုတာကို တင္ျပေပးသြားပါမယ္။
အိမ္ေထာင္ဦးစီးဆိုတာ အိမ္တစ္အိမ္မွာ ဦးေဆာင္ဦး႐ြက္ျပဳရတဲ့ပုဂၢိဳလ္ကိုေခၚပါတယ္။အရင္ဦးဆုံးသူူ႔ေန႔နံဘာလဲဆိုတာတစ္ခ်က္ၾကည့္ရမည္။ၿပီးတဲ့အခါ ကိုယ္ေနထိုင္တဲ့အိမ္ဟာ မ်က္ႏွာဘယ္အရပ္မူေနသလဲဆိုတာကို သိထားရပါမယ္။
ေန႔သား ဘုမၼိအရပ္
တနဂၤေႏြ ေတာင္အရပ္
တနလၤာ အေနာက္ေတာင္အရပ္
အဂၤါ အေနာက္အရပ္
ဗုဒၶဟူး အေနာက္ေျမာက္
ၾကာသပေတး အေရွ႕ေျမာက္အရပ္
ေသာၾကာ အေရွ႕ေတာင္အရပ္
စေန ေျမာက္အရပ္
ရာဟု အေရွ႕အရပ္
အထက္မွာ ေန႔သားသမီးအလိုက္ ဘုမၼိအရပ္ေတြကို ေဖာ္ျပေပးခဲ့ပါတယ္။အိမ္တစ္အိမ္ရဲ႕အိမ္ေထာင္ဦးစီးအလိုက္ ေနအိမ္မ်က္ႏွာမူတဲ့အရပ္ဟာ ဘုမၼိၾကတဲ့အခါမ်ိဳးမွာ အဆိုပါအိမ္သည္ စီးပြားေရး တြင္မည္မွ်ႀကိဳးစားေစကာမႈ အဖတ္မတင္ျခင္း ၊ အိမ္တြင္းေရးမိသားစုေရး ေပ်ာ္႐ႊင္မႈမ်က္သုဥ္းျခင္း ၊ မိသားစုတြင္း က်န္းမာေရးအားနည္းခ်က္တစ္ဦးမဟုတ္တစ္ဦးျဖစ္တတ္ျခင္း စတဲ့ အခက္အခဲျပသနာအခ်ိဳ႕ႀကဳံရတတ္တယ္လို႔ အဆိုရွိခဲ့ပါတယ္။
ဥပမာ…ေနအိမ္တစ္အိမ္မွာ အိမ္ေထာင္ဦးစီးဟာ တနဂၤေႏြသားတစ္ဦးဆိုၾကပါစို႔။၎ေနထိုင္ေသာအိမ္ဟာ ေတာင္အရပ္ကိုမ်က္ႏွာမူထားသည္ဆိုပါစို႔။ဒါဆိုရင္ အိမ္ေထာင္ဦးစီးအတြက္ ဘုမၼိမ်က္ႏွာလွည့္တဲ့အိမ္မ်ိဳးျဖစ္ပါတယ္။အျခားေန႔သားမ်ားလည္း ထိုနည္းလည္းေကာင္း ပါပဲ။အိမ္ေထာင္ဦးစီးကသာ အဓိကေနၾကည့္ရႈဆုံးျဖတ္ရမွာပါ။
အထက္က ဆိုခဲ့သလို အိမ္ေထာင္ဦးစီးစာ ဘုမၼိအရပ္မ်က္ႏွာလည့္တဲ့အိမ္မ်ိဳးမွာေနမိေနခဲ့ရင္ အညံ့ဆိုး ကေနလြတ္ေျမာက္ေအာင္ေန႔သားအလိုက္ အျမစ္အၫြန႔္အပင္ကို အိမ္ၿခံဝန္းေရွ႕မွာ စိုက္ပ်ိဳးေပးရပါမယ္။
ေန႔သား အျမစ္အၫြန႔္အပင္
တနဂၤေႏြ ဒါန္းႀကီး (သို႔)ေနၾကာ ပင္
တနလၤာ ၾသဇာပင္
အဂၤါ ခေရပင္
ဗုဒၶဟူး စံပယ္
ၾကာသပေတး လသာ (သို႔) ေလာက္ေသ
ေသာၾကာ ပိေတာက္ပင္
စေန သင္အူပင္(ခက္ခဲက သဲအိုးထဲတြင္ အုန္းပင္ေပါက္စိုက္ထားႏိုင္)
အထက္ပါ သစ္ပင္စိုက္ယၾတာကို ေဆာင္႐ြက္ျခင္းအားျဖင့္ ဘုမၼိအရပ္မ်က္ႏွာမူမိေသာေနအိမ္အတြက္ အညံ့ဆိုးကင္းလြတ္ကာ အဆင္ေျပေခ်ာေမြ႕ပါလိမ့္မည္။
ကိုယ္စိတ္ႏွစ္ပါးခ်မ္းေျမ့သာယာရွိၾကပါေစ
လင္းေဝေအာင္
Be the first to comment