Facebook Comments Box
အတာစားတဲ့ သောကြာသားသမီးများအတွက်

အတာစားတဲ့ သောကြာသားသမီးများအတွက်.

သင်္ကြန်အလိုအရ အတက်နေ့နဲ့ တိုက်ဆိုင်တဲ့နေ့သားတွေကို အတာစားတယ်လို့ ခေါ်ဝေါ်ကြပါတယ်။ တနင်္ဂနွေဂြိုဟ်မင်း(သင်္ကြန်မင်း)က ပြန်တက်သွားချိန်မှာ လိုက်ပို့ပေးရတဲ့နေ့သားတွေအဖြစ် အတက်နေ့ကျတဲ့နေ့သားတွေကို အတာစားတယ်လို့ ခေါ်ကြပါတယ်။ အတာစားလို့ ကံညံ့တယ်လို့ပြောလို့မရပါဘူး။ ဒီကိစ္စက ယေဘုယျအနေအထားပါ။ သင်္ကြန်မင်းကို အကြိုနေ့တုန်းက အားလုံးက အတာအိုးနဲ့ကြိုဆိုကြသလို ပြန် ပို့ဖို့ အလှည့်ကျတဲ့နေ့သားကလဲ ပြန်ပို့ဖို့ပျက်ကွက်ခဲ့ရင် တစ်နှစ်တာ ကံညံ့မှုတွေ ကံဆိုးမှုတွေကျရောက်စေတယ်လို့အယူအဆရှိပါတယ်။

ဒါကြောင့် ခရစ်နှစ် ၂၀၂၁ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၉နာရီ ၊၅၁မိနစ်၊၃၆စက္ကန့်က မဟာသင်္ကြန်တက်ချိန်ဖြစ်ပါတယ်။ အဲဒီအချိန်ကာလဝန်းကျင်းမှာတော့ ကိုယ်လက်သန့်စင်ပြီး အဖြူရောင်အဝတ်အစားကိုဝတ်ဆင်ပါ။တနင်္ဂနွေဂြိုဟ်မင်းနှင့်တကွ၊ တနင်္ဂနွေသားသမီးတွေ မေတ္တာပို့ခြင်း ကိုယ်ပြုသမျှကုသိုလ်ကောင်းမှုတွေကို အမျှပေးဝေခြင်းများဆောင်ရွက်ပြီးတော့ တနင်္ဂနွေဂြိုဟ်မင်းအားပြန်လည်ပို့ဆောင်ပါတယ်လို့ နှုတ်က အသံထွက်ပြီး ပြောဆိုပြန်ပို့လိုက်ပါ။ ထိုနေ့မှာ အလျင်းသင့်တဲ့မုန့်တစ်မျိုးမျိုးလုပ်ပြီး အိမ်နီးနားခြင်းဝေခြင်းများ၊စတုဒိသာကျွေးခြင်းများဆောင်ရွက်လိုက်ပါ။
မွန်းလွဲချိန်ရောက်ရင်တော့ အတာအိုးထဲကအရွက်အခက်တွေကို သောကြာသားကိုယ်တိုင်ကယူပြီးခေါင်းရင်း တစ်နေရာရာမှာချည်ထားပါ။ဇောက်ထိုးမဖြစ်ပါစေနှင့်။ညိုးခြောက်သွားသည်အထိထားပါ။
ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တစ်နှစ်တာကံကောင်းစေခြင်းတွေ၊လာဘ်ရွှင်ခြင်းတွေ၊ကျန်းမာခြင်းစတဲ့အကျိုးကျေးဇူးတွေရရှိတတ်ပါတယ်။
နှစ်သစ်မှာ ဣဿာ၊မစ္ဆိရိယ ကြီးသူတွေရဲ့ဘေးမှ ကင်းလွတ်နိုင်ကြပါစေ…
ဆရာငြိမ်းအေးလူ

အတာစားတဲ့ ေသာၾကာသားသမီးမ်ားအတြက္

သၾကၤန္အလိုအရ အတက္ေန႔နဲ႔ တိုက္ဆိုင္တဲ့ေန႔သားေတြကို အတာစားတယ္လို႔ ေခၚေဝၚၾကပါတယ္။ တနဂၤေႏြၿဂိဳဟ္မင္း(သၾကၤန္မင္း)က ျပန္တက္သြားခ်ိန္မွာ လိုက္ပို႔ေပးရတဲ့ေန႔သားေတြအျဖစ္ အတက္ေန႔က်တဲ့ေန႔သားေတြကို အတာစားတယ္လို႔ ေခၚၾကပါတယ္။ အတာစားလို႔ ကံညံ့တယ္လို႔ေျပာလို႔မရပါဘူး။ ဒီကိစၥက ေယဘုယ်အေနအထားပါ။ သၾကၤန္မင္းကို အႀကိဳေန႔တုန္းက အားလုံးက အတာအိုးနဲ႔ႀကိဳဆိုၾကသလို ျပန္ ပို႔ဖို႔ အလွည့္က်တဲ့ေန႔သားကလဲ ျပန္ပို႔ဖို႔ပ်က္ကြက္ခဲ့ရင္ တစ္ႏွစ္တာ ကံညံ့မႈေတြ ကံဆိုးမႈေတြက်ေရာက္ေစတယ္လို႔အယူအဆရွိပါတယ္။

ဒါေၾကာင့္ ခရစ္ႏွစ္ ၂၀၂၁ခုႏွစ္၊ ဧၿပီလ ၁၆ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ နံနက္ ၉နာရီ ၊၅၁မိနစ္၊၃၆စကၠန႔္က မဟာသၾကၤန္တက္ခ်ိန္ျဖစ္ပါတယ္။ အဲဒီအခ်ိန္ကာလဝန္းက်င္းမွာေတာ့ ကိုယ္လက္သန႔္စင္ၿပီး အျဖဴေရာင္အဝတ္အစားကိုဝတ္ဆင္ပါ။တနဂၤေႏြၿဂိဳဟ္မင္းႏွင့္တကြ၊ တနဂၤေႏြသားသမီးေတြ ေမတၱာပို႔ျခင္း ကိုယ္ျပဳသမွ်ကုသိုလ္ေကာင္းမႈေတြကို အမွ်ေပးေဝျခင္းမ်ားေဆာင္႐ြက္ၿပီးေတာ့ တနဂၤေႏြၿဂိဳဟ္မင္းအားျပန္လည္ပို႔ေဆာင္ပါတယ္လို႔ ႏႈတ္က အသံထြက္ၿပီး ေျပာဆိုျပန္ပို႔လိုက္ပါ။ ထိုေန႔မွာ အလ်င္းသင့္တဲ့မုန႔္တစ္မ်ိဳးမ်ိဳးလုပ္ၿပီး အိမ္နီးနားျခင္းေဝျခင္းမ်ား၊စတုဒိသာေကြၽးျခင္းမ်ားေဆာင္႐ြက္လိုက္ပါ။
မြန္းလြဲခ်ိန္ေရာက္ရင္ေတာ့ အတာအိုးထဲကအ႐ြက္အခက္ေတြကို ေသာၾကာသားကိုယ္တိုင္ကယူၿပီးေခါင္းရင္း တစ္ေနရာရာမွာခ်ည္ထားပါ။ေဇာက္ထိုးမျဖစ္ပါေစႏွင့္။ညိဳးေျခာက္သြားသည္အထိထားပါ။
ထိုကဲ့သို႔ေဆာင္႐ြက္ျခင္းျဖင့္ တစ္ႏွစ္တာကံေကာင္းေစျခင္းေတြ၊လာဘ္႐ႊင္ျခင္းေတြ၊က်န္းမာျခင္းစတဲ့အက်ိဳးေက်းဇူးေတြရရွိတတ္ပါတယ္။
ႏွစ္သစ္မွာ ဣႆာ၊မစၦိရိယ ႀကီးသူေတြရဲ႕ေဘးမွ ကင္းလြတ္ႏိုင္ၾကပါေစ…
ဆရာၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box