တနင်္ဂနွေ
မိမိအတွက် စိတ်မသက်သာစရာများသောကာလဖြစ်တယ်။ အထင်အမြင်သေးသူများကို ပညာပြနေမည်။ အလိုမရှိသော အကူအညီများ တောင်းဆိုခံရခြင်း၊ မိမိရဲ့ပူပန်မူတွေဟာ အလိုလိုနေရင်း ဒေါသတွေကြောင့် အဆဲအဆိုများခြင်း၊လျို့ဝှက်သိုသိပ်နေရတတ်တယ်။ မိမိထက်ကြီးကဲသူတို့၏ ဂုဏ်အရှိန်အဝါ ထုတ်သုံးနေရမည်။ လွန်ဆန်လို့ မရသော အလုပ်များစွာကြောင့်စိတ်ပျက်စွာလုပ်ဆောင်နေရမည်။ ကာလကြာရှည်သော ကိစ္စရပ်ပေါင်းများစွာ လုပ်ဆောင်နေရမည်။
တနင်္လာ
အထူးထူးသော ကိစ္စရပ်တွေဆောင်ရွက်စီမံနေရမည်။ မိမိမကျွမ်းဝင်ဖူးသော နယ်မြေသစ်အတွေ့အကြုံသစ်တွေရတတ်တယ်။ ကြုံဆုံရတာတွေဟာ အသစ်အဆန်းနဲ့စမ်းသပ်လိုစိတ်များရှိမည်။ မတူညီကွဲပြားသော အရာတွေနဲ့ အမျိုးသမီး ကောင်းများရဲ့ကူညီမူရတတ်တယ်။ ဆွေမျိုးတော်စပ်သူများကို အကြံကောင်းပေးနေရခြင်း၊ မိမိအပေါ်အမြင်စောင်းသူများ သတိပြုဆက်ဆံပေးရမည်။ နာမည်ကြီး ထမင်းငတ်နေခြင်း၊စိတ်ထွက်ပေါက်ရှာလွန်း….တာတွေများမည်။
အင်္ဂါ
စိတ်ကနေ ဟန်ဆောင်မွန်းကျပ်မူများကျပ်ပိတ်ဆို့နေမည်။ အကျွမ်းဝင်သူတွေဟာ မိမိအပေါ်အထင်အမြင်သေးသွားမည်။ ပိုက်ဆံစကားတွေဘဲ ပြောဆိုနေမိမည်။ မျက်စိ အမြင်သိပ်ပြီး မကြည်လင်ဘဲဖြစ်မည်။ ထိန်းထိန်းသိမ်းသိမ်း နေနေရသော အခိုက်အတန့်တွေကြား ဝမ်းနည်းမူဖြေသိမ့်မူလေးတွေရှိမည်။ လိုချင်တာတွေ အလှမ်းဝေးနေခြင်း၊ ဘေးဘီပတ်ဝန်းကျင်အခြေအနေတွေဟာ မိမိသဘောထားကို မသိမြင်နိုင်ဘဲ ဖြစ်မည်။
ဗုဒ္ဓဟူး
မိမိအတွက် သင့်တော်သလို စီမံခန်ခွဲစရာများမည်။ အပူအပန်များအားလုံးအေးချမ်းသွားမည်။ ဖိတ်မခေါ်ဘဲ ရောက်လာသော မိတ်ဆွေတွေ က အကူအညီနဲ့ တောင်းဆိုမူလေးတွေရှိမည်။ မျက်နှာအကဲခပ်ပြီး နေထိုင်ရတတ်တယ်။ မိမိအတွက် ဆုံးဖြတ်ချက်နဲ့ ပြတ်သားသောအပြုသဘောဆောင်သော အခွင့်ထူးများရှိမည်။ အစောင့်အရှောက်ပြုနေရခြင်း၊ မိမိအတွက် ကောင်းသောအလုပ်တွေအတွက် နာမည်ကောင်းရမည်။
ကြာသပတေး
အပြောအဆိုအောင်မြင်ကိန်းရှိမည်။ ကိုယ်လုပ်ထားတဲ့ လုပ်ရပ်အပေါ် အပြည့်အဝ ထောက်ခံမူရကိန်းတွေရှိမည်။မိမိပါးစပ်အကူအညီကြောင့် တစ်ပါးသူအဆင်ပြေသွားတတ်တယ်။ မိန်းမများကူညီဖေးမခြင်း၊ရာထူးကြီးကဲသူတို့၏ အချစ်တော်ခံရတတ်တယ်။ အချစ်တွေပွားနိုင်မည်….အလိုရှိတာတွေရတတ်တယ်။စိတ်ဆန္ဒပြည့်ဝမည်။ လူမျိုးခြား ၊လူမျိုးကွဲအကျိုးပြုမည်။
သောကြာ
ကိုယ်စိတ်ကြိုက်သဘောဆောင်နေမည်၊ ကိုယ်လုပ်မှ ဖြစ်မည်ဆိုသော အတ္တအစွဲလေးတွေကြောင့် ပင်ပန်းရတတ်တယ်။ သဲထဲရေသွန်ကိစ္စလေးတွေ၊ ကိုယ်ရဲ့ဘဝင်မကျသော အတွေးများနေခြင်း၊ စိုးရိမ်မူအကြွင်းအကျန်လေးတွေဟာ တောက်လောင်နေဆဲဖြစ်တယ်။ ပြတ်သားစွာလုပ်ကိုင်နေတတ်ပြီး အပြောနဲ့လုပ်ရပ်လေးတွေကြောင့် ကိုယ်အပေါ်…တစ်မျိုးမြင်စရာတွေဖြစ်လာမည်။ အရေးကြီးသော ကိစ္စတွေနဲ့ အလောတကြီးဆောင်ရွက်စရာများမည်။ အေးဆေးနေလို့ ရရက်နဲ့ အေးဆေးမနေရသည့် ကာလဖြစ်တယ်။ ဖြစ်ချင်စိတ်နဲ့ အခွင့်အာဏာ အသုံးချပေးနေရတတ်တယ်။
စနေ
အိမ်တွင်းရေးနဲ့ မိမိဝေဒနာအတွက် စိတ်သက်ရာရာကိုရှာနေသောကာလဖြစ်တယ်။ အစကို ဦးတည်နေသော မိမိရည်ရွယ်ချက်များအောင်မြင်လာမည်…ဦးတည်ချက်ရောင်နီဦးတန်းနေတတ်တယ်။ လုပ်ရဲရင် ခံရဲတယ်ဆိုသော စိတ်ဓါတ်တွေနဲ့ အသင့်အနေအထား ပြင်ဆင်နေမည်။ ကြုံတွေခဲ့ဘူးသော မိမိအတွေ့အကြုံကောင်းတွေ ဖြင့် နောက်ပိုင်းလုပ်ဆောင်မူတွေမှာ ပိုမိုကောင်းသည်ထက် အလေးအနက်ပြုမည်။ အရာရာ ကို သဘောတရား လက်တွေ့ကျကျစီမံခန့်ခွဲနေရတတ်တယ်။
Be the first to comment