Facebook Comments Box
ဆရာမင်းသိင်္ခ (11.4.2021 to 17.4.2021) ရက်နေ့အထိ ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း

ဆရာမင်းသိင်္ခ (11.4.2021 to 17.4.2021) ရက်နေ့အထိ ခုနှစ်ရက်သားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း......

တနင်္ဂနွေ
မိမိအတွက် စိတ်မသက်သာစရာများသောကာလဖြစ်တယ်။ အထင်အမြင်သေးသူများကို ပညာပြနေမည်။ အလိုမရှိသော အကူအညီများ တောင်းဆိုခံရခြင်း၊ မိမိရဲ့ပူပန်မူတွေဟာ အလိုလိုနေရင်း ဒေါသတွေကြောင့် အဆဲအဆိုများခြင်း၊လျို့ဝှက်သိုသိပ်နေရတတ်တယ်။ မိမိထက်ကြီးကဲသူတို့၏ ဂုဏ်အရှိန်အဝါ ထုတ်သုံးနေရမည်။ လွန်ဆန်လို့ မရသော အလုပ်များစွာကြောင့်စိတ်ပျက်စွာလုပ်ဆောင်နေရမည်။ ကာလကြာရှည်သော ကိစ္စရပ်ပေါင်းများစွာ လုပ်ဆောင်နေရမည်။.

အလုပ်/ငွေ/စီးပွားရေး
အလုပ်အတွက် အရောင်းအဝယ်နဲ့ မိတ်ဆွေဟောင်းများနဲ့ကိုက်ညီသော အလုပ်တစ်ခုရှာရန်ကောင်းတယ်။ဆွေမျိုးကြီးကဲသော သူတို့ထံအလုပ်အတွက်အကူအညီတောင်းယူရန်ကောင်းတယ်။ငွေအခြေအနေ ရတာတွေကိုချွေတာထားနေရတတ်တယ်။လုပ်ငန်းရင်းနှီးထားသမျှ ငွေမပေါ်ဘဲ ဖြစ်မည်။ အခြေအနေအရပ်ရပ်ကြောင့် စီးပွားရေး လမ်းစ ဝေ့ဝါးနေမည်။

ပညာရေး
ကိုယ်ပိုင်ဆိုင်ထားသော ပညာရပ်များအသုံးတည့်သော ကာလဖြစ်တယ်။ မိမိရဲ့ပညာအတွက် ငွေသာကုန်ပြီး တစ်ကယ်အကျိုးမရှိဘဲ ဖြစ်မည်။

ကျန်းမာရေး
မျက်စိမှုန်နေခြင်း၊ တွေးရတာတွေစိတ်ထဲအလိုလို ဝမ်းနည်းနေမိမည်။ မောဟိုက်လွယ်နေမည်။

အချစ်ရေး
အချစ်ကိုဒီအချိန်မှာ ခဏမျက်ကွယ်ပြုသင့်တယ်။ အချစ်ရေးတွေမှာ မိမိအားနည်းချက်ကို ထောက်ပြပြီး အပြစ်မြင်ခြင်းခံရတတ်တယ်။အထီးကျန်မူနဲ့ ကြုံဆုံရသမျှဟာ အချစ်ရေးတွေမှာ အပြောနဲ့ အလုပ်မကိုက်ညီဘဲ ဖြစ်မည်။ ချစ်သူအပေါ် နာကျဉ်းစိတ်ကြောင့်….မိမိအလိုဖြစ်လာသော အချစ်ထက် ဂလဲစားချေလိုမူတွေကြီးစိုးမည်။

အိမ်ထောင်ရေး
နားချနေရခြင်း၊ အိမ်တွင်းရေး အပူအပန်တွေဟာ တစ်နေ့ထက်တစ်နေ့ ဖြေရှင်းနေရတာတွေများလာမည်။

စိတ်နေသဘောထား
မရင့်ကျက်တာတွေရင့်ကျက်လာမည်။ကိုယ်ရဲ့စိတ်ကိုအလိုလိုက်ချင်ပေမယ်….ထိန်းထိန်းသိမ်းသိမ်း နေရသော အခိုက်အတန့်ဖြစ်မည်။

အဆိုးကံတရား
မလိုသော အရာတွေ ဖိတ်မခေါ်ဘဲ ရောက်လာတတ်တယ်။
အကောင်းကံတရား
ကြီးကဲသူတို့၏ မစခြင်းခံရတတ်တယ်။

စီမံရန်
လက်ဖက်ရည်ကြမ်း မနက်ပိုင်းဘုရားကပ်ပေးပါ။

တနင်္လာ
အထူးထူးသော ကိစ္စရပ်တွေဆောင်ရွက်စီမံနေရမည်။ မိမိမကျွမ်းဝင်ဖူးသော နယ်မြေသစ်အတွေ့အကြုံသစ်တွေရတတ်တယ်။ ကြုံဆုံရတာတွေဟာ အသစ်အဆန်းနဲ့စမ်းသပ်လိုစိတ်များရှိမည်။ မတူညီကွဲပြားသော အရာတွေနဲ့ အမျိုးသမီး ကောင်းများရဲ့ကူညီမူရတတ်တယ်။ ဆွေမျိုးတော်စပ်သူများကို အကြံကောင်းပေးနေရခြင်း၊ မိမိအပေါ်အမြင်စောင်းသူများ သတိပြုဆက်ဆံပေးရမည်။ နာမည်ကြီး ထမင်းငတ်နေခြင်း၊စိတ်ထွက်ပေါက်ရှာလွန်း….တာတွေများမည်။

အလုပ်/ငွေ/စီးပွားရေး
အလုပ်အပေါ် မိမိအားစိုက်မူကောင်းမည်။ အထက်ကြီးကဲသူတို့၏ တာဝန်ပေးထားတာတွေ အတွက် မျက်နှာမပျက်လုပ်ဆောင်စရာများမည်။ ငွေရပေမယ်…မရှိသလိုဟန်ဆောင်ထားရမည်။ ငွေနဲ့ပတ်သတ်ပြီး စိတ်ထဲ တစ်နုံနုံဖြစ်နေတတ်တယ်။ ရစရာတွေ မရဖြစ်မည်။ စီးပွားရေး အပြောင်းအလဲ အသစ်အဆန်းစမ်းသပ်နေရသော ကာလဖြစ်တယ်။

ပညာရေး
မိမိအတွက် ပညာရပ်တွေ အတွက်အသုံးချမူစတင်ရန်ကောင်းသော အခြေအနေတွေရှိမည်။

ကျန်းမာရေး
စိတ်ထဲမှမခံရပ်နိုင် ဝေဒနာတစ်ခုကြောင့် အိပ်မပျော်စားမဝင်ဖြစ်တတ်တယ်။ အသက်ရူကျပ်နေတတ်တယ်။

အချစ်ရေး
အချစ်သစ်နဲ့အချစ်ဟောင်းကြား ဒွန်တွဲလာသော ကိစ္စတွေဗျာများရမည်။ မိမိအချစ်အပေါ် ပြန်လည်ဆန်းစစ်နေမည်။ အချစ်အပေါ်ထားရှိသော မေတ္တာတွေဟာ တုန်ပြန့်မူတွေ အကျိုးသက်ရောက်မည်။မျှော်လင့်သော မေတ္တာရလာတတ်တယ်။ မျက်ရည်ကနေ ဝမ်းသာလာရသော အချစ်တွေ ဖြစ်လာမည်။

အိမ်ထောင်ရေး
သားသမီးရတနာထွန်းကားကိန်းရှိတယ်။ မိမိအိမ်ထောင်သူမသိအောင် တိတ်တဆိတ်အတွဲခုတ်ခဲ့သူ ပြသနာလာရှာတတ်တယ်။

စိတ်နေသဘောထား
အပြောင်းအလဲများခြား ဟန်ပန်အမူအရာမျိုးစုံ ဖြင့်နေရတတ်တယ်။

အဆိုးကံတရား
မိမိကို အကြွေးတောင်းပြီး အဆဲတစ်လိုင်းခံလိုက်ရတတ်တယ်။

အကောင်းကံတရား
ချစ်ခင်နှစ်သက်မူနဲ့ မိမိအပေါ်လေးစားချစ်ခင်သူများလာတတ်တယ်။

စီမံရန်
အုတ်ခဲများကို စီးတန်းပြီး လမ်းခင်းပေးပါ။

အင်္ဂါ
စိတ်ကနေ ဟန်ဆောင်မွန်းကျပ်မူများကျပ်ပိတ်ဆို့နေမည်။ အကျွမ်းဝင်သူတွေဟာ မိမိအပေါ်အထင်အမြင်သေးသွားမည်။ ပိုက်ဆံစကားတွေဘဲ ပြောဆိုနေမိမည်။ မျက်စိ အမြင်သိပ်ပြီး မကြည်လင်ဘဲဖြစ်မည်။ ထိန်းထိန်းသိမ်းသိမ်း နေနေရသော အခိုက်အတန့်တွေကြား ဝမ်းနည်းမူဖြေသိမ့်မူလေးတွေရှိမည်။ လိုချင်တာတွေ အလှမ်းဝေးနေခြင်း၊ ဘေးဘီပတ်ဝန်းကျင်အခြေအနေတွေဟာ မိမိသဘောထားကို မသိမြင်နိုင်ဘဲ ဖြစ်မည်။

အလုပ်/ငွေ/စီးပွားရေး
အလုပ်အတွင်း မိမိအောက်လက်ငယ်သားတော်လှန်လာတတ်တယ်။ လုပ်သမျှ အလွှဲလွှဲအချော်ချော် ဖြစ်လာမည်။ ငွေကုန်သမျှ ဟာမိမိအတွက် မဟုတ်ဘဲ ကုန်ကျမူများလာတတ်တယ်။ ငွေစုဆောင်းထားတာတွေ မရဘဲ အချိန်ယူပြီးငွေစောင့်ဆိုင်းငံနေရတတ်တယ်။ စီးပွားရေး လုပ်ထားသော ကတိတွေ…ပျက်တတ်တာကြောင့် သတိနဲ့သာ လုပ်ကိုင်ပါ။

ပညာရေး
ပညာရေး ဝေးနေအုံးမည်။ ပညာရေးအတွက် လူမျိုးခြား အကျိုးပေးမည်။

ကျန်းမာရေး
မျက်ရည်ပူကျတတ်ခြင်း၊ အကြောတက် ကိုက်ခဲညောင်းညာနေတတ်တယ်။

အချစ်ရေး
အချစ်ဟောင်းကို သတိရလွှမ်းဆွတ်နေမည်။ အချစ်အမုန်းတွေဟာ မိမိရဲ့ခံနိုင်ရည်စွမ်း စမ်းသပ်နေသလို ဖြစ်မည်။ အမုန်းရပြီးမှ အချစ်ရမည်။ ဘယ်လောက်ဘဲ အချစ်ရရ မယုံကြည်ရသော အချစ်တွေဖြစ်နေမည်။ အချစ်ရေးအတွက် မေတ္တာနဲ့ပတ်သတ်သော ကိစ္စတွေမှာသူအမြင်နဲ့ကိုယ်အမြင်ကြား နားလည်မှု လေးလွှဲချော်တတ်တယ်။

အိမ်ထောင်ရေး
မိမိရဲ့သားသမီးတွေ ထိန်းရခက်နေတတ်သလို၊ အိမ်ထောင်ရေးအတွက် ထွက်ပေါက်တစ်ခုဖွင့်ပေးနေရတတ်တယ်။

စိတ်နေသဘောထား
ကိုယ်အပေါ် ယုံကြည်သက်ဝင်သူများ အမြင်ပြောင်းလဲသွားတတ်တယ်။

အဆိုးကံတရား
စေတနာက ဝေဒနာဖြစ်မည်။

အကောင်းကံတရား
မိမိအတွက် ဖြစ်သင့်သော ဆုံးဖြတ်ချက် များချမှတ်နိုင်မည်။

စီမံရန်
ပုဇွန်ကြော်ငါးခုကို လမ်းဘေးခွေးများ ပစ်ကျွေးလိုက်ပါ။

ဗုဒ္ဓဟူး
မိမိအတွက် သင့်တော်သလို စီမံခန်ခွဲစရာများမည်။ အပူအပန်များအားလုံးအေးချမ်းသွားမည်။ ဖိတ်မခေါ်ဘဲ ရောက်လာသော မိတ်ဆွေတွေ က အကူအညီနဲ့ တောင်းဆိုမူလေးတွေရှိမည်။ မျက်နှာအကဲခပ်ပြီး နေထိုင်ရတတ်တယ်။ မိမိအတွက် ဆုံးဖြတ်ချက်နဲ့ ပြတ်သားသောအပြုသဘောဆောင်သော အခွင့်ထူးများရှိမည်။ အစောင့်အရှောက်ပြုနေရခြင်း၊ မိမိအတွက် ကောင်းသောအလုပ်တွေအတွက် နာမည်ကောင်းရမည်။

အလုပ်/ငွေ/စီးပွားရေး
အလုပ်ထဲမှ ရလာသော အကျိုးအမြတ်တွေအတွက် စိတ်ပူရမည်။ မိမိအတွက် အချိန်ကာလ တစ်ခုပေးပြီး အလုပ်အတွင်းအမှားအယွင်းနည်းအောင် ဖန်တီးပေးနေရမည်။ငွေကုန်မူထက် ပိုမည်။ ရစရာတွေ ရှိပေမယ်…အချိန်တစ်ခုစောင့်ပေးနေရတတ်တယ်။ စီးပွားရေး အတွက် လုပ်ငန်အရင်းအနှီးငွေများ စိုက်ထုတ်ရမည်။ အမြတ်ကို တွက်ချက်ပြီးမှ စီးပွားရေး အတွက် ဆက်ပြီးသာ လုပ်ကိုင်နေမည်။

ပညာရေး
ပညာရပ်အတွက် ဆရာသမား ကောင်းများရတတ်တယ်။ ပညာရေးတွေမှာ နာမည်ကောင်းယူရန်ကောင်းတယ်။

ကျန်းမာရေး
အပူရှပ် အအေးပက်တတ်တယ်။ မတည့်စာများရှောင့်သင့်သလို၊အပူအစပ်တွေ ကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်တတ်တယ်။

အချစ်ရေး
စိတ်သန့်သန့်နဲ့သာအချစ်ကို ရှေ့ဆက်ပြီးသွားချင်စိတ်များဖြစ်မည်။ အချစ်အတွက် ဘာမဆိုရဲဝံ့နေတတ်တယ်။အချစ်ရေးအရှုပ်အရှင်းတွေကြားဗျာများရတတ်တယ်။ ချစ်သူအပေါ်အပြစ်ပုံချမိပေမယ်…နောက်ဆုံးတော့ကိုယ်သာ အရှုံးခံလိုက်မိနေမည်။ အချစ်နဲ့ပတ်သတ်သော ကိစ္စတွေ ခေါင်းအေးအေးထားပြီး စိတ်ထဲမှ ပူလောင်မူများ အေးချမ်းသွားမည်။

အိမ်ထောင်ရေး
ကောင်းမွန်သော လုပ်ဆောင်မူတွေ ရှိမည်။ အိမ်ထောင်ရေးအတွက် စိတ်ထဲအပူများ အေးချမ်းသွားတတ်တယ်။

စိတ်နေသဘောထား
မိမိသာလွန်သော အခြေအနေတွေကိုအကဲခတ်နေရတတ်တယ်။

အဆိုးကံတရား
ငွေရသမျှ ကုန်မည်။

အကောင်းကံတရား
ရာထူး ဂုဏ်အရှိန်အဝါ ထွန်းတောက်မည်။

စီမံရန်
ငါးလွှတ်ပေးပြီး လိုသောဆုတောင်းပါ။

ရာဟု
အေးဆေးဘဲ ဖြစ်နေတတ်တယ်။ စိတ်ထဲမှအတွေးပေါ်လာတိုင်း တစ်ခါတည်းပြီးပြတ်သွားအောင် လုပ်ဆောင်နေရတတ်တယ်။ ဝမ်းနည်း/ဝမ်းသာဖြစ်နေတတ်မယ်။ မရိုးနိုင်သော အပြုအမူလေးတွေဟာ မိမိအတွက်ဆွဲဆောင်မူလေးတစ်ခုဖြစ်လာတတ်တယ်။ တစ်ယောက်တည်း လုပ်ဆောင်နေရတာကို သဘောကျနေတတ်တယ်။ ဆွဲဆောင်နေတတ်သလို ကိုယ်အပူကိုယ်ငြိမ်းနေရမည်။ လိုရင်တစ်မျိုးမလိုရင် တစ်မျိုးနဲ့စိတ်အမျိုးမျိုးပြောင်းလဲနေသော လူမူအသိုက်အဝန်းကြား နေထိုင်ရတာ စိတ်ပျက်လာတတ်တယ်။
အလုပ်/ငွေ/စီးပွားရေး
ကိုယ်အပေါ်တာဝန်သက်ရောက်မှုအားကောင်းမည်။ အထက်ကြီးကဲများ၏ သြဇာအရှိန်အဝါတွေကို အမွေစားခံပေးနေရသလို၊ ကိုယ်တိုင် အာဏာပေးစေခိုင်းရတာကို သဘောကျနေတတ်တယ်။ အကြွေးကျေစေတတ်တယ်၊ လက်ရှိအတွက် ငွေရေးကြေးရေး ကိစ္စလေးတွေမှာ ကိုယ်ကို ကူညီပေးသူပေါ်လာတတ်တယ်။ စီးပွားရေး အတွက် အခြားသော လုပ်ငန်းသစ်ကို မြေစမ်းခရမ်းပျိုးနေရတတ်တယ်။ စီးပွားရေး အတွက် ဉာဏ်ပွင့်လင်းလာမူအပေါ်မူတည်ပြီး ဆောင်ရွက်စီမံမူကောင်းမည်။

ပညာရေး
ပညာရေးအတွက် အေးဆေးဖြစ်နေသလို၊ ကိုယ်ရထားသော ပညာရေးတွေ အသုံးတည့်လာမည်။

ကျန်းမာရေး
အရိုးအကြောနဲ့ စိတ်ဖိစီးမူ ကြောင့် မေ့လျော့ပေါ့ဆသလို ဖြစ်မည်။ တစ်ချက်ချက် တစ်ဆစ်ဆစ်နဲ့ ကိုက်ခဲနေတတ်တယ်။

အချစ်ရေး
မိမိဖန်တီးမူအပေါ်မူတည်ပြီး အချစ်ရေးအခြေအနေတွေဟာ ကောင်းတာတွေကော ဆိုးတွေကော ရောထွေးသွားနေတတ်တယ်။ ချစ်သူအပေါ် လွှမ်းဆွေးရတာပိုလာမည်။ ချစ်သူကို ယုံကြည်ထားသလို ဖြစ်နေပေမယ်…ကိုယ်ကတော့ တစ်ဖက်မှာ အခြားတစ်ယောက်ကို စိတ်အာရုံထဲရောက်ရောက်လာတတ်တယ်။ ကိုယ်အချစ်အတွက် အခြေအနေနဲ့စဉ်းစားချိန်တန်သလို ဖြစ်လာတတ်တယ်။ ချစ်ရေးချစ်ရာတွေမှာ ဘဝအတွက် ရေရှည်စဉ်းစားပေးရမည် ချစ်သူကို ပုံအပ်ပေးလိုက်ချင်သလို ဖြစ်တတ်တယ်။

အိမ်ထောင်ရေး
အိမ်ထောင်ရေးအတွက် သားသမီးမရသေးသူများ သားသမီးထွန်းကားတတ်တယ်။ အိမ်ထောင်ရေး စိတ်သက်ရာကိုရှာပြီး နှစ်ယောက်သား ရည်းစားဘဝလိုဖြစ်နေမည်။

စိတ်နေသဘောထား
အရာရာ ကိုအသစ်အဆန်းနဲ့ လုပ်ခဲ့ပြီးတာတွေ တစ်ဖန်ဆန်းသစ်နေမည်။

အဆိုးကံတရား
ဖြစ်မြဲ ဓမ္မတာတွေဟာ နေ့စဉ်တွေ့ကြုံနေရတတ်တယ်။ကိုယ်ကိစ္စမဟုတ်ဘဲ အာမခံပေးမိလို့ တိုင်ပတ်သွားတတ်တယ်။
အကောင်းကံတရား
ရခွင့်ရှိပြီး အကြွေးကျန်များရတတ်တယ်။

စီမံရန်
ကံ့ကော်ညွှန် ဆယ်ညွှန်ဘုရားကပ်လှူပေးပါ။

ကြာသပတေး
အပြောအဆိုအောင်မြင်ကိန်းရှိမည်။ ကိုယ်လုပ်ထားတဲ့ လုပ်ရပ်အပေါ် အပြည့်အဝ ထောက်ခံမူရကိန်းတွေရှိမည်။မိမိပါးစပ်အကူအညီကြောင့် တစ်ပါးသူအဆင်ပြေသွားတတ်တယ်။ မိန်းမများကူညီဖေးမခြင်း၊ရာထူးကြီးကဲသူတို့၏ အချစ်တော်ခံရတတ်တယ်။ အချစ်တွေပွားနိုင်မည်….အလိုရှိတာတွေရတတ်တယ်။စိတ်ဆန္ဒပြည့်ဝမည်။ လူမျိုးခြား ၊လူမျိုးကွဲအကျိုးပြုမည်။

အလုပ်/ငွေ/စီးပွားရေး
အလုပ်အတွင်း ပြသနာအနည်းငယ်နဲ့ရင်ဆိုင်ရတတ်တယ်။ အတိတ်မှ ဖြေရှင်းမရတာတွေ၊စာရင်းရှင်းတန်းများ ရှိမည်။ ငွေကြေးကုန်ကျပေမယ်…ပြန်ပြီး ဝင်ကိန်းရှိတယ်။ စီးပွားရေး အတွက် အတွက်အချက်တွေ၊ အရင်းရှိမှ ငွေဝင်မည်။

ပညာရေး
အတတ်ပညာကောင်းကောင်း ရတတ်တယ်။ မိမိပညာရပ်အပေါ်အလေးထားပြီး လုပ်ဆောင်စရာလေးတွေရှိမည်။

ကျန်းမာရေး
အောက်ပိုင်းသတိထားရမယ်၊ ထိခိုက်ရှနာဖြစ်တတ်တယ်။

အချစ်ရေး
အချစ်ဟောင်းကို စွန့်ပြီး အချစ်စစ်ကို ကူးပြောင်းမည်။ အလိုရှိသော အချစ်တွေရမှ ကိုယ်ဘက်ကနေ အလျော့ပေးမည်။ အချစ်ရေးမာနထားနေခြင်း၊စိတ်ပျော်ရွှင်မူနောက်ကို လိုက်နေမည်။ အချစ်ရေးအတွက် စိတ်ထဲမှ ဖြစ်လာသော ဝေဒနာတွေကို တခြားသောနည်းဖြင့် ချေဖြတ်နေတတ်တယ်။ကိုယ်အချစ်ရဲ့တန်ဖိုးကို မြင့်တင်နေမည်။

အိမ်ထောင်ရေး
အခွင့်ထူးများရတတ်တယ်။ အိမ်ထောင်ရေးအတွက် သားကံသမီးကံသာမည်။

စိတ်နေသဘောထား
စိတ်ပျော်သလိုသာနေပြီး၊ပေါ့ပါးနေမည်။

အဆိုးကံတရား
အဖြေရှာမရတာတွေ အိတ်စိုက်လျော်ပေးနေရတတ်တယ်။

အကောင်းကံတရား
မိမိအတွက် ဖန်လာသော ကံတရားအပေါ်ကောင်းမွန်သော စီမံခြင်းတွေရတတ်တယ်။

စီမံရန်
မျက်နှာသုတ်ပုဝါ အဝါရောင် လှူတန်းဒါနပြုပေးပါ။

သောကြာ
ကိုယ်စိတ်ကြိုက်သဘောဆောင်နေမည်၊ ကိုယ်လုပ်မှ ဖြစ်မည်ဆိုသော အတ္တအစွဲလေးတွေကြောင့် ပင်ပန်းရတတ်တယ်။ သဲထဲရေသွန်ကိစ္စလေးတွေ၊ ကိုယ်ရဲ့ဘဝင်မကျသော အတွေးများနေခြင်း၊ စိုးရိမ်မူအကြွင်းအကျန်လေးတွေဟာ တောက်လောင်နေဆဲဖြစ်တယ်။ ပြတ်သားစွာလုပ်ကိုင်နေတတ်ပြီး အပြောနဲ့လုပ်ရပ်လေးတွေကြောင့် ကိုယ်အပေါ်…တစ်မျိုးမြင်စရာတွေဖြစ်လာမည်။ အရေးကြီးသော ကိစ္စတွေနဲ့ အလောတကြီးဆောင်ရွက်စရာများမည်။ အေးဆေးနေလို့ ရရက်နဲ့ အေးဆေးမနေရသည့် ကာလဖြစ်တယ်။ ဖြစ်ချင်စိတ်နဲ့ အခွင့်အာဏာ အသုံးချပေးနေရတတ်တယ်။

အလုပ်/ငွေ/စီးပွားရေး
အလုပ်အတွက် တာဝန်ယူမူနဲ့ အတွင်းရေးပိုင်းဆိုင်ရာ စီမံခန့်ခွဲမူတွေ၊ ရေရှည်စီမံခြင်းတွေ လုပ်ကိုင်နေရတတ်တယ်။ ငွေကိုတန်ဖိုးထားနေပေမယ်…နားထားရသော အလုပ်တွေကြောင့် ငွေလမ်းကြောင်းပျောက်နေသလိုဖြစ်မည်။ ငွေရလိုက်ကုန်လိုက်ဖြစ်မည်…ကိုယ်ရဲ့အသုံးအဆောင်များဝယ်ယူစရာများသော ကာလဖြစ်တယ်။ စီးပွားရေး အတွက်အခွင့်အာဏာ ကောင်းကောင်းအသုံးချပေးနေရတတ်တယ်။ စီးပွားရေး အတွက် အထက်ကြီးကဲသူတို့ ၏ အကူအညီလိုအပ်မည်။

ပညာရေး
အခွင့်သင့်သော ပညာရေးတွေမှာ ကိုယ်အတွက် ကြိုးစားအားထုတ်မူအပေါ်မူတည်နေမည်။ ပညာရေးအတွက် မိမိတတ်သိသမျှကို ဝေမျှပေးစရာတွေရှိမည်။

ကျန်းမာရေး
အောက်ပိုင်းကိုက်ခဲနေတတ်တယ်။ရေချိုးမှားခြင်း၊ သွေးနဲ့ပတ်သတ်သော ရောဂါဝေဒနာ ဖြစ်တတ်တယ်။

အချစ်ရေး
စိတ်ထွက်ပေါက်ရှာသော အချစ်ရေးဖြစ်တယ်။ ပွေရှုပ်နေတတ်ပေမယ်…မိမိနာမည်ကို အထိအခိုက်မခံနိုင်အောင်ဖြစ်မည်။ ချစ်သူကို လိုသမျှ ပံ့ပိုးပေးနေရတတ်တယ်။ ကိုယ်အတွက် အထီးကျန် သော အချိန်ကာလတွေများမယ်။ ချစ်ခွင့်မရှိသော သူကိုမှစွဲလန်းစိတ်ဝင်နေမည်။ မိမိမှားခဲ့သော အတ္တစိတ်လေးတွေကြောင့် ကိုယ်ရဲ့အချစ်ကို ရှေ့ရေးကောင်းအောင်ပြင်ဆင်နေရတတ်တယ်။ ချစ်သူနဲ့ဆုံတွေတိုင်း ကိစ္စတစ်ခုခုပေါ်လာပြီး ရန်ဖြစ်စကားများမယ်။

အိမ်ထောင်ရေး
သင့်ရာ စီမံခန့်ခွဲမူတွေနဲ့ ကိုယ်အတွက် မယုံသောစကားတွေ ဘေးကနေ မြောက်ပင့်ပြောဆိုခံရတတ်တယ်။ စိတ်တိုင်းမကျသော အိမ်ထောင်ရေးတွေ ဖြစ်နေမည်။

စိတ်နေသဘောထား
ကိုယ်လုပ်တာအမှန် တခြားသူတွေအမှားလို ပြောဆိုနေမည်။မိမိကိုယ်မကောင်းပြောသူများကို ရန်တွေ့လိုစိတ်များမည်။

အဆိုးကံတရား
တစ်ယောက်တည်း ကြိတ်မှိတ်ခံစားစရာများနေမည်။

အကောင်းကံတရား
အခွင့်အရေးတွေလာတတ်တယ်၊ အပြောအဆို တွေအောင်မြင်မည်။

စီမံရန်
အိမ်ရှိ အမှိုက်များကို အဝေးတစ်နေရာကို စွန့်ပြစ်လိုက်ပါ။

စနေ
အိမ်တွင်းရေးနဲ့ မိမိဝေဒနာအတွက် စိတ်သက်ရာရာကိုရှာနေသောကာလဖြစ်တယ်။ အစကို ဦးတည်နေသော မိမိရည်ရွယ်ချက်များအောင်မြင်လာမည်…ဦးတည်ချက်ရောင်နီဦးတန်းနေတတ်တယ်။ လုပ်ရဲရင် ခံရဲတယ်ဆိုသော စိတ်ဓါတ်တွေနဲ့ အသင့်အနေအထား ပြင်ဆင်နေမည်။ ကြုံတွေခဲ့ဘူးသော မိမိအတွေ့အကြုံကောင်းတွေ ဖြင့် နောက်ပိုင်းလုပ်ဆောင်မူတွေမှာ ပိုမိုကောင်းသည်ထက် အလေးအနက်ပြုမည်။ အရာရာ ကို သဘောတရား လက်တွေ့ကျကျစီမံခန့်ခွဲနေရတတ်တယ်။

စီးပွားရေး/အလုပ်အကိုင်/ငွေကြေး
အများအကျိုးဆောင် ကိုယ်အကျိုးအောင် ဖြစ်နေတတ်တယ်။ လက်ရှိအနေအထား မြင့်မားပေမယ်…စွမ်းဆောင်ရည့် နိမ့်ကျမှာကို စိုးရိမ်နေတတ်တယ်။ အခြေတည်ကျဖြစ်ဖို့အတွက် နေ့စဉ်ရက်ဆက် အကြံတွေထုတ်နေတတ်တယ်။ ငွေကြေး ကိစ္စနဲ့ပတ်သတ်ပြီး ကပ်စီးနဲ့သူ လက်ပေါက်ကပ်သောသူများကြောင့် ငွေရစရာတွေဟာ အချိန်အတိုင်းအတာ တစ်ခုစောင့်နေရမည်။

ပညာရေး
ပညာရေးအတွက် အလားအလာ နဲ့မျှော်ကိုးစရာတွေရှိမည်။ မိမိပညာရေးရည်မှန်းချက် ပြည့်ဝသွားရင် နောက်ဆက်တွဲ ဖြစ်လာမည်…ပညာရေးနဲ့ပတ်သတ်သော အဆိုးအကောင်းတွေ ကြိုတင်ချိန်ဆနေမည်။

အချစ်ရေး
အခွင့်မသာသော အခြေအနေလေးတွေပါ။ မြိုသိပ်နေရခြင်း၊ စိတ်ဆန္ဒတွေဟာ တည်ငြိမ်မူမရှိ…တခြားသော အပူအပန်တွေကိုသာ ပိုပြီး ဦးစားပေးနေရမည်။အချစ်ကို ကိုးကွယ်နေပေမယ်.. မိမိခံစားချက်ဟာ အသွင်အပြင် မတူညီသော အတွေးနဲ့ယှဉ်လာမည်။ မျက်လုံးနဲ့စကားပြောနေရသော အခြေအနေလေးတွေပါ။ အသည်းကွဲမှာထက် ဝေးရမှာကြောက်ရွှံနေတတ်ပါတယ်။

အိမ်ထောင်ရေး
ရုပ်ရှင်ကားတွေထဲကလို မျိုးပါဘဲ ဟန်ဆောင်မူသက်သက်ဖြင့် သရုပ်ဆောင် နေရမည်။ အိမ်ထောင်ရေးကို မိမိဖြစ်ချင်သလို ပုံဖော်နေရင် ပိုပြီး ပင်ပန်းဖို့သာ ရှိမယ်။

စိတ်နေသဘောထား
ဖြူစင်သော စိတ်တွေနဲ့ရိုးသာမူလေးတွေကြောင် ကြည်ညိုခံနေရမည်။

အဆိုးကံတရား
မမြဲသော ကိစ္စတွေကို ခေါင်းထဲထားလို့ စိတ်ဆင်းရဲရမည်။ အရာရာ ရှေ့တိုးရသော အခြေအနေကြောင့် ပင်ပန်းနေမည်။

အကောင်းကံတရား
မျက်နှာစိမ်းများက မိမိကောင်းမွန်သော ဆက်ဆံရေး တွေဖြစ်လာတတ်တယ်။

စီမံရန်
ဈေးထဲရှိ ခိုကပ်နေသော သတ္တဝါ လေးများကို မိမိလက်ဖြင့် အစာကျွေးပေးပါ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box