
ဒေါက်တာစောယုနွယ်၏ (12.4.2021 to 18.4.2021) ဟောစတမ်း
တနင်္ဂနွေ သားသမီးများအတွက်
လုပ်ငန်းများ အကြံအစည်များ မထင်မှတ်ပဲအောင်မြင်မည်။
ဝန်ထမ်းဖြစ်ပါက ရာထူးအတွက်လူတွေ့ စစ်ဆေးခြင်း ခံရတတ်သည်။
ငွေရေးကြေးရေး ကိစ္စအနည်းငယ်စကားပြောရတတ်သည်။
ပျိုရွယ်သူများ ချစ်သူတဖက် မိဘတစ်ဖက်ဖြစ်နေတတ်သည်။
ကျန်းမာရေးအနေဖြင့် ကလေးတဦးကစားရာမှ ထိခိုက်မှုဖြစ်တတ်ပါသည်။

တနင်္လာ သားသမီးများအတွက်
လက်အောက်ငယ်သားများနှင့် ပတ်သတ်၍ အဆင်မပြေဖြစ်တတ်သည်။
ဝန်ထမ်းဖြစ်ပါက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုပေါ်မည်။
ပျိုရွယ်သူများ ချစ်ရေးဆိုခံရတတ်သည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်ကျန်းမာရေးကြောင့်ငွေကုန်မည်။
ကလေးငယ်များကို ရေနှင့်နီးသောနေရာတွင် ကစားခြင်းမှ ရှောင်ခိုင်းပါ။


အင်္ဂါ သားသမီးများအတွက်
စီးပွားရေး အစုရှယ်ယာ သို့ စုပေါင်းလုပ်ကိုင်ခြင်းမျိုး လုပ်ကိုင်ရတတ်သည်။
ဝန်ထမ်းဖြစ်ပါက ပြိုင်ဖက်သစ်များကို လွယ်လင့်တကူအောင်မြင်မည်။
ဝင်ငွေတိုးတက်ကောင်းမွန်နေတတ်သည်။
ပျိုရွယ်သူများအချစ်ရေးတွင် ချစ်သူဟောင်းနှင့်ပြန်တွေ့ရတတ်သည်။
အိမ်ထောင်ရှင်များ အိမ်ထောင်ဖက်၏ ကြင်နာမှုရမည်။
ကျန်းမာရေးအနေဖြင့် အဆုတ်အအေးပတ်ခြင်းမျိုးဖြစ်ပါသည်။

ဗုဒ္ဒဟူး သားသမီးများအတွက်
လုပ်ငန်းနှင့် ပတ်သပ်ပြီး နေရာကောင်းရခြင်း၊ နာမည်ကောင်းရခြင်း ကြုံတတ်သည်။
ဝန်ထမ်းဖြစ်ပါက အလုပ်တွင် ရာထူးတိုး အဆင်ပြေမည်။
စိန်ကျောက် (သို့) ခေါင်းစည်း ကလစ်များ လက်ဆောင်ရ တတ်သည်။
ပျိုရွယ်သူများချစ်သူများ ချစ်သူ၏စွန့်ပစ်ခြင်း ခံရတတ်သည်။
ကျန်းမာရေးအနေဖြင့် ရုတ်တရက်ချုချာတတ်သည်။

ရာဟု သားသမီးများအတွက်
ရင်းနှီးမြုပ်နှံထားသော စီးပွားရေးလုပ်ငန်းများ သိသိသာသာတိုးတတ်လာလိမ်မည်။
ဝန်ထမ်းဖြစ်ပါက အပေါင်းအသင်းများနှင့် အချိန်ကုန်ဆုံးတတ်သည်။
အိမ်နေရာသစ်၊ အလုပ်နေရာသစ်များ ရရှိတတ်ပါသည်။
အိမ်ထောင်ရှင်များ မိမိမျှော်မှန်းထားသလို လိုအင်ဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
ကျန်းမာရေးအနေဖြင့် လေးထိုး၊လေအောင့် ဖြစ်တတ်သည်။


ကြာသပတေး သားသမီးများအတွက်
မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးခြင်းကြောင့် စီးပွားရေးတွင်အခက်အခဲတွေ့တတ်သည်။
ပညာရေးနှင့် ပတ်သပ် ပြီး အခွင့်အရေးကောင်းများပေါ်မည်။
ပျိုရွယ်သူများ အဖို့ပျော်ရွှင်စရာအချစ်နှင့်တွေ့မည်။
အိမ်ထောင်ရှင်များ ခရီးသွားတတ်ရတတ်သည်။
ကျန်းမာရေးအနေဖြင့် အနည်းငယ်ညံ့မှုကြောင့် ဆေးရုံတတ်ရတတ်သည်။

သောကြာ သားသမီးများအတွက်
လုပ်ငန်းနှင့် ပတ်သပ်၍ ထူးခြားအောင်မြင်သော သတင်းကောင်းကြားရတတ်သည်။
ဝန်ထမ်းဖြစ်ပါက အချင်းချင်းအပြိုင်အဆိုင်၊ အတိုက်အခံများ နေတတ်သည်။
ပျိုရွယ်သူများ တဦးနှင့် တဦးစိတ်မချနိုင်ဖြစ်နေတတ်သည်။
မမျှော်လင့်ပဲ အလှူအတန်းတစ်ခု ပြုလုပ်ရတတ်သည်။
ကျန်းမာရေးဂရုစိုက်ရန်လိုအပ်ပါသည်။

စနေ သားသမီးများအတွက်
လက်လျှော့ထားသော လုပ်ငန်းများ အဆင်ပြေမည်။
ဝန်ထမ်းဖြစ်ပါက ရာထူးတိုးစာမေးပွဲဖြေဆိုရတတ်သည်။
ပညာရေးတွင် ဆရာသမားကောင်းများနှင့်တွေ့ရတတ်သည်။
မမျှော်လင့်ပဲ့ အိမ်ထောင်ကျတတ်သည်။
ကျန်းမာရေး အနေဖြင့် အစာအိမ်တွင် ဝေဒနာဖြစ်တတ်သည်။

Be the first to comment