ကလေးမွေးမယ်ဆို သိထားသင့်တဲ့ မြန်မာနှစ်သစ် ၁၃၈၃ခုနှစ်
ရှေ့လာမယ့် မြန်မာနှစ်သစ် ၁၃၈၃ခုနှစ်မှာ ဖွားမြင်လာမယ့် ကလေးငယ်လေးတွေ သည်…..
တနင်္ဂနွေနေ့ဖွား ဖြစ်မယ်ဆိုရင် ………. အဓိပတိဖွား
တနင်္လာနေ့ဖွား ဖြစ်မယ်ဆိုရင်……. ရာဇဖွား
အင်္ဂါနေ့ဖွား ဖြစ်မယ်ဆိုရင်…. အထွန်းဖွား
ဗုဒ္ဓဟူးနေ့ဖွား ဖြစ်မယ်ဆိုရင်… ဘင်္ဂဖွား
ကြာသာပတေးနေ့ဖွား ဆို…… ပုတိဖွား
သောကြာနေ့ဖွား ဆို …… သိုက်ဖွား
စနေနေ့ဖွား ဆိုရင်တော့ ….. မရဏဖွား ဇာတာရှင်လေးတွေ ဖြစ်လာကြပါမယ်။
ပညာရေး အလေးထားပြီး ရွေးခြယ်မယ်ဆိုရင် ကြာသပတေးပုတိဖွား သည် အကောင်းဆုံးပါ။
ဒုတိယအားဖြင့် တနင်္ဂနွေအဓိပတိဖွား နဲ့ ဗုဒ္ဓဟူး ဘင်္ဂဖွား တို့သည် ပညာရေး အားသာချက် ပိုရရှိနိုင်ပါတယ်။
စီးပွားရေး အသက်မွေးမှု မှာ … တနင်္ဂနွေအဓိပတိဖွား ၊ တနင်္လာရာဇဖွား ၊ ဗုဒ္ဓဟူး ဘင်္ဂဖွား၊ စနေမရဏဖွားတို့သည် ပိုမိုပြီး ကံကောင်းကြတတ်ပါတယ်။
အထူးသဖြင့် တနင်္ဂနွေအဓိပတိဖွားသည် ပိုပြီး အသက်မွေးမှုကံမှာ တည်ငြိမ်မှု ရှိပါတယ်။ သက်လတ်ပိုင်း လောက်က စပြီး တည်ငြိမ်တဲ့အနေအထား ဖြစ်လာပြီး တတိယအရွယ်အထိ သိပ်မပူပင်ရတဲ့ ဖွားဇာတာအမျိုးအစားလို့ ဆိုနိုင်ပါတယ်။ တနင်္လာရာဇဖွားတွေကတော့ ကံအားသာချက်များသလို…ကောင်းဆိုး ပမာဏလည်း များတတ်ပါတယ်။ အခက်အခဲဆုံးအချိန် စနေဂြိုဟ်အိပ်ကို သက်လတ်ပိုင်းမှာ ဖြတ်ကြရသည့်အတွက် ထိုကာလ တစ်ချက်ထောက်ထားတာကြောင့် တနင်္လာရာဇဖွားတွေရဲ့ ဘဝအောင်မြင်မှုကံသည် အချိုးအကွေ့များပြီး တနင်္ဂနွေအဓိပတိဖွားတွေလို မတည်ငြိမ်တတ်ပါ။သို့သော် တတိယအရွယ်မှာ တော့ တနင်္လာရာဇဖွားတွေသည် ကံဇာတာအားသာချက်ပြန်လည်ရရှိတတ်ပါတယ်။
ဗုဒ္ဓဟူးဘင်္ဂဖွားတွေကတော့ … တစ်လျှောက်လုံး အခြေအနေ သင့်တင့်တတ်ပြီး ၊ ၂၈ အဝင် ကနေ ၄၆ ကြားမှာတော့ ( အမည်မှည့်ခေါ်ပုံ အားနဲချက်လည်း ရှိမယ်ဆိုရင်) ငွေကြေးဆုံးရှုံးမှု နဲ့ အခက်အခဲ အနဲငယ်များတတ်ပါတယ်။ ၄၆ နောက်ပိုင်းမှာတော့ အောင်မြင်မှု ပြန်လည်ရရှိသွားတတ်ကြပြန်ပါတယ်။ ၅၈နောက်ပိုင်း မှာ အသက်မွေးမှု ရပ်တန့်ပြောင်းလည်းတာတွေ ကြုံပါတယ်။
စနေမရဏဖွားတွေသည် … အသက် ၃၀ အဝင်ကနေ ၄၁ကြားမှာ အသက်မွေးမှု အောင်မြင်ကြတတ်ပါတယ်။ အမည်မှည့်ခေါ်ပုံအနေအထားပေါ်မူတည်ပြီး ၄၁ နောက်ပိုင်း အခြေကျမှု ရှိမရှိကို ဆက်လက်ဆုံးဖြတ်ရပါတယ်။
အင်္ဂါအထွန်းဖွား တွေကတော့ ဘဝရဲ့ချမ်းသာသုခကို အသက် ၃၆ကနေ ၅၄ကြားမှာ ပိုမိုခံစားကြရပါတယ်။
သောကြာသိုက်ဖွားတွေသည် အသက် ၂၇တင်းတင်းပြည့်ပြီးချိန်ကနေ ၄၂ကြားမှာ သူတို့ဘဝအတွက် အခွင့်အလမ်းအများဆုံးအနေအထားရနိုင်တာမို့ …အရွယ်ကောင်းမှာ ကံဇာတာအားသာချက်ရှိကြသူတွေ လို့ ဆိုရမှာပါ။
ကြာသာပတေးပုတိဖွားတွေကတော့ … အမည်ပေးမှည့်ခေါ်ပုံသာ မှန်ကန်မယ်ဆိုရင် …. အမွေအနှစ်ခံစားခွင့်၊ ကောင်းသောပညာသင်ယူခွင့်၊ ကောင်းသောခရီးများ သွားလာရခွင့်၊ ယာဉ်ကား နှင့် ပတ်သက်သော ကံကောင်းမှု၊ အမျိုးသမီးအကြီးအကဲများရဲ့ ကောင်းကျိုးပေးမှု ကို အထူးခံစားထိုက်သော ဖွားဇာတာရှင်တွေပါပဲ။
အကြမ်းသဘောလောက်လေး နဲနဲ သိထားတော့ ကိုယ်ဘာရွေးရမလဲ ဆိုတာ နဲနဲ စဉ်းစားလို့ ရတာပေါ့။
တစ်ကယ့်တစ်ကယ်ကတော့ အမိအဖ မွေးဇာတာနှစ်ခု နဲ့ ပါ ပေါင်းစပ်ပြီး တွက်စစ်ပြီးမှ ရွေးရတာပါ။ သို့သော် ဘာပဲဖြစ်ဖြစ် အခြေခံလောက်လေး နဲနဲ သိထားလည်း မဆိုးပါဘူး။
မွေးမယ့်ဖွားမယ့် ကလေးသည် ယောကျာ်းလေးလည်း ဖြစ်မယ်၊ အမိအဖ ဇာတာမှာလည်း တနင်္ဂနွေဂြိုဟ်ရဲ့ အကျိုးပေးအားသည် 200% ဝန်းကျင် နဲ့ အထက် ဖြစ်မယ် ဆိုရင်တော့ …တနင်္ဂနွေအဓိပတိဖွားလေးသာ ယူပါ။
ဘာပဲဖြစ်ဖြစ် အရည်အသွေးရှိသလို ..ထက်မြက်ပြီး ဘဝတည်ငြိမ်မှုအားလည်း ..ရှိတဲ့ ဖွားဇာတာအမျိုးအစားမို့ပါ။ အမည်ပေးတာလေးပါ မှန်ကန်ညီညွတ်မယ်ဆိုရင် …. ကိုယ့်ရင်သွေးအတွက် အနာဂတ်ကံကို ပူစရာမလိုတော့ပဲ မိဘရင်အေးရပါလိမ့်မယ်။ ကိုယ့်သားသမီး ကိုယ့်ရင်သွေး အဆင်မပြေတာကို မြင်နေရခြင်းသည်လည်း မိဘတွေ အတွက် ငရဲအပူလိုပါပဲ။ ဒါကြောင့် ရွေးခွင့်ရှိသူတွေ ရွေးနိုင်ကြစေဖို့ တိုက်တွန်းရေးသားပေးခဲ့လိုက်ပါတယ်။
ကိုဖုန်း။
ကေလးေမြးမယ္ဆို သိထားသင့္တဲ့ ျမန္မာႏွစ္သစ္ ၁၃၈၃ခုႏွစ္
ေရွ႕လာမယ့္ ျမန္မာႏွစ္သစ္ ၁၃၈၃ခုႏွစ္မွာ ဖြားျမင္လာမယ့္ ကေလးငယ္ေလးေတြ သည္…..
တနဂၤေႏြေန႔ဖြား ျဖစ္မယ္ဆိုရင္ ………. အဓိပတိဖြား
တနလၤာေန႔ဖြား ျဖစ္မယ္ဆိုရင္……. ရာဇဖြား
အဂၤါေန႔ဖြား ျဖစ္မယ္ဆိုရင္…. အထြန္းဖြား
ဗုဒၶဟူးေန႔ဖြား ျဖစ္မယ္ဆိုရင္… ဘဂၤဖြား
ၾကာသာပေတးေန႔ဖြား ဆို…… ပုတိဖြား
ေသာၾကာေန႔ဖြား ဆို …… သိုက္ဖြား
စေနေန႔ဖြား ဆိုရင္ေတာ့ ….. မရဏဖြား ဇာတာရွင္ေလးေတြ ျဖစ္လာၾကပါမယ္။
ပညာေရး အေလးထားၿပီး ေ႐ြးျခယ္မယ္ဆိုရင္ ၾကာသပေတးပုတိဖြား သည္ အေကာင္းဆုံးပါ။
ဒုတိယအားျဖင့္ တနဂၤေႏြအဓိပတိဖြား နဲ႔ ဗုဒၶဟူး ဘဂၤဖြား တို႔သည္ ပညာေရး အားသာခ်က္ ပိုရရွိႏိုင္ပါတယ္။
စီးပြားေရး အသက္ေမြးမႈ မွာ … တနဂၤေႏြအဓိပတိဖြား ၊ တနလၤာရာဇဖြား ၊ ဗုဒၶဟူး ဘဂၤဖြား၊ စေနမရဏဖြားတို႔သည္ ပိုမိုၿပီး ကံေကာင္းၾကတတ္ပါတယ္။
အထူးသျဖင့္ တနဂၤေႏြအဓိပတိဖြားသည္ ပိုၿပီး အသက္ေမြးမႈကံမွာ တည္ၿငိမ္မႈ ရွိပါတယ္။ သက္လတ္ပိုင္း ေလာက္က စၿပီး တည္ၿငိမ္တဲ့အေနအထား ျဖစ္လာၿပီး တတိယအ႐ြယ္အထိ သိပ္မပူပင္ရတဲ့ ဖြားဇာတာအမ်ိဳးအစားလို႔ ဆိုႏိုင္ပါတယ္။ တနလၤာရာဇဖြားေတြကေတာ့ ကံအားသာခ်က္မ်ားသလို…ေကာင္းဆိုး ပမာဏလည္း မ်ားတတ္ပါတယ္။ အခက္အခဲဆုံးအခ်ိန္ စေနၿဂိဳဟ္အိပ္ကို သက္လတ္ပိုင္းမွာ ျဖတ္ၾကရသည့္အတြက္ ထိုကာလ တစ္ခ်က္ေထာက္ထားတာေၾကာင့္ တနလၤာရာဇဖြားေတြရဲ႕ ဘဝေအာင္ျမင္မႈကံသည္ အခ်ိဳးအေကြ႕မ်ားၿပီး တနဂၤေႏြအဓိပတိဖြားေတြလို မတည္ၿငိမ္တတ္ပါ။သို႔ေသာ္ တတိယအ႐ြယ္မွာ ေတာ့ တနလၤာရာဇဖြားေတြသည္ ကံဇာတာအားသာခ်က္ျပန္လည္ရရွိတတ္ပါတယ္။
ဗုဒၶဟူးဘဂၤဖြားေတြကေတာ့ … တစ္ေလွ်ာက္လုံး အေျခအေန သင့္တင့္တတ္ၿပီး ၊ ၂၈ အဝင္ ကေန ၄၆ ၾကားမွာေတာ့ ( အမည္မွည့္ေခၚပုံ အားနဲခ်က္လည္း ရွိမယ္ဆိုရင္) ေငြေၾကးဆုံးရႈံးမႈ နဲ႔ အခက္အခဲ အနဲငယ္မ်ားတတ္ပါတယ္။ ၄၆ ေနာက္ပိုင္းမွာေတာ့ ေအာင္ျမင္မႈ ျပန္လည္ရရွိသြားတတ္ၾကျပန္ပါတယ္။ ၅၈ေနာက္ပိုင္း မွာ အသက္ေမြးမႈ ရပ္တန႔္ေျပာင္းလည္းတာေတြ ႀကဳံပါတယ္။
စေနမရဏဖြားေတြသည္ … အသက္ ၃၀ အဝင္ကေန ၄၁ၾကားမွာ အသက္ေမြးမႈ ေအာင္ျမင္ၾကတတ္ပါတယ္။ အမည္မွည့္ေခၚပုံအေနအထားေပၚမူတည္ၿပီး ၄၁ ေနာက္ပိုင္း အေျခက်မႈ ရွိမရွိကို ဆက္လက္ဆုံးျဖတ္ရပါတယ္။
အဂၤါအထြန္းဖြား ေတြကေတာ့ ဘဝရဲ႕ခ်မ္းသာသုခကို အသက္ ၃၆ကေန ၅၄ၾကားမွာ ပိုမိုခံစားၾကရပါတယ္။
ေသာၾကာသိုက္ဖြားေတြသည္ အသက္ ၂၇တင္းတင္းျပည့္ၿပီးခ်ိန္ကေန ၄၂ၾကားမွာ သူတို႔ဘဝအတြက္ အခြင့္အလမ္းအမ်ားဆုံးအေနအထားရႏိုင္တာမို႔ …အ႐ြယ္ေကာင္းမွာ ကံဇာတာအားသာခ်က္ရွိၾကသူေတြ လို႔ ဆိုရမွာပါ။
ၾကာသာပေတးပုတိဖြားေတြကေတာ့ … အမည္ေပးမွည့္ေခၚပုံသာ မွန္ကန္မယ္ဆိုရင္ …. အေမြအႏွစ္ခံစားခြင့္၊ ေကာင္းေသာပညာသင္ယူခြင့္၊ ေကာင္းေသာခရီးမ်ား သြားလာရခြင့္၊ ယာဥ္ကား ႏွင့္ ပတ္သက္ေသာ ကံေကာင္းမႈ၊ အမ်ိဳးသမီးအႀကီးအကဲမ်ားရဲ႕ ေကာင္းက်ိဳးေပးမႈ ကို အထူးခံစားထိုက္ေသာ ဖြားဇာတာရွင္ေတြပါပဲ။
အၾကမ္းသေဘာေလာက္ေလး နဲနဲ သိထားေတာ့ ကိုယ္ဘာေ႐ြးရမလဲ ဆိုတာ နဲနဲ စဥ္းစားလို႔ ရတာေပါ့။
တစ္ကယ့္တစ္ကယ္ကေတာ့ အမိအဖ ေမြးဇာတာႏွစ္ခု နဲ႔ ပါ ေပါင္းစပ္ၿပီး တြက္စစ္ၿပီးမွ ေ႐ြးရတာပါ။ သို႔ေသာ္ ဘာပဲျဖစ္ျဖစ္ အေျခခံေလာက္ေလး နဲနဲ သိထားလည္း မဆိုးပါဘူး။
ေမြးမယ့္ဖြားမယ့္ ကေလးသည္ ေယာက်ာ္းေလးလည္း ျဖစ္မယ္၊ အမိအဖ ဇာတာမွာလည္း တနဂၤေႏြၿဂိဳဟ္ရဲ႕ အက်ိဳးေပးအားသည္ 200% ဝန္းက်င္ နဲ႔ အထက္ ျဖစ္မယ္ ဆိုရင္ေတာ့ …တနဂၤေႏြအဓိပတိဖြားေလးသာ ယူပါ။
ဘာပဲျဖစ္ျဖစ္ အရည္အေသြးရွိသလို ..ထက္ျမက္ၿပီး ဘဝတည္ၿငိမ္မႈအားလည္း ..ရွိတဲ့ ဖြားဇာတာအမ်ိဳးအစားမို႔ပါ။ အမည္ေပးတာေလးပါ မွန္ကန္ညီၫြတ္မယ္ဆိုရင္ …. ကိုယ့္ရင္ေသြးအတြက္ အနာဂတ္ကံကို ပူစရာမလိုေတာ့ပဲ မိဘရင္ေအးရပါလိမ့္မယ္။ ကိုယ့္သားသမီး ကိုယ့္ရင္ေသြး အဆင္မေျပတာကို ျမင္ေနရျခင္းသည္လည္း မိဘေတြ အတြက္ ငရဲအပူလိုပါပဲ။ ဒါေၾကာင့္ ေ႐ြးခြင့္ရွိသူေတြ ေ႐ြးႏိုင္ၾကေစဖို႔ တိုက္တြန္းေရးသားေပးခဲ့လိုက္ပါတယ္။
ကိုဖုန္း။
Be the first to comment