

တနင်္ဂနွေ သားသမီးများအတွက်
စပ်တူလုပ်ငန်းများလုပ်ကိုင်ရတတ်သည်။
ဝန်ထမ်းများရာထူတက်တတ်သည်။
ပညာရေးအနေဖြင့် ကြိုးစားအားထုတ်ပေးပါ။
အိမ်ထောင်ရှင်များအိမ်တွင်းရေး အဆင်ပြေမည်။
ကလေးငယ်များကို ရေနှင့်နီးစပ်သောနေရာမျိုးတွင် ဆော့ကစားခြင်းမျိုးရှောင်ကျဉ်ခိုင်းပါ။

တနင်္လာ သားသမီးများအတွက်
လုပ်ငန်း အသစ်များစတင်လုပ်ကိုင်သင့်သော အချိန်ဖြစ်သည်။
ဝန်ထမ်းများ အလုပ်တွင်အတိုက်ခံပေါ်တတ်သည်။
အဖိုးတန်ကျော က် မျ က် ရတနာများဝင်မည်။
အချစ်ရေး အဆင်ပြေမည်။
ကျန်းမာရေး အူရောင်ငန်းဖျားရောဂါဖြစ်တတ်သည်။

အင်္ဂါ သားသမီးများအတွက်
အလုပ်နှင့်ပတ်သပ်ပြီး နေရာကောင်းရခြင်း၊ နာမည်ကောင်းရခြင်းကြုံမည်။
ပညာရေးနှင့်ပတ်သပ်ပြီး သတင်းကောင်းများကြားရတတ်သည်။
ငွေကြေးများ ပြန်လည်ကောင်းမွန်လာမည်။
အချစ်ရေးတွင် အနည်းငယ်စိတ်ညစ်ရတတ်သည်။
ကျန်းမာရေးအနေဖြင့် အစာမှာ ဆေးမှာဖြစ်တတ်သည်။

ဗုဒ္ဓဟူး သားသမီးများအတွက်
ဘာပဲလုပ်လုပ် အခက်အခဲလေးတွေ ပြီးမှ အဆင်ပြေနိုင်သည်။
ဝန်ထမ်းဖြစ်ပါက မနာလိုသူပေါများမည်။
သင်တန်းတခု တက်ရောက်ရတတ်သည်။
အချစ်ရေးတွင် ကံကောင်းမည့်အချိန်ဖြစ်သည်။
ကျန်းမာရေးဂရုစိုက်ရန်လိုအပ်သည်။

ရာဟု သားသမီးများအတွက်
လုပ်ငန်းနှင့်ပတ်သပ်ပြီး အတွေ့ကြုံသစ်များရရှိမည်။
မိတ်ဆွေရင်းများ ဒုက္ခပေးတတ်သည်။
ပညာရေး ကိစ္စများအောင်မြင်နေတတ်သည်။
ပျိုရွယ်သူများ ချစ်သူနှင့်ဝေးနေရတတ်သည်။
ကျန်းမာရေး အနေဖြင့် စိုးရိမ်မလိုအပ်ပါ။

ကြာသပတေး သားသမီးများအတွက်
အလုပ်အကိုင် အခွင့်ရေး အခြေနေကောင်းများရလာတတ်သည်။
ဝန်ထမ်းများအကြီးအကဲများကြောင့်စိတ်ညစ်ရတတ်သည်။
ပညာရေး အနည်းငယ်ညံံနေတတ်သည်။
ပျိုရွယ်သူများချစ်သူ အထင်လွှဲနေတတ်သည်။
ကလေးတဦးချောင်းဆိုးနေတတ်သည်။

သောကြာ သားသမီးများအတွက်
လုပ်ငန်းနှင့်ပတ်သပ်ပြီး ခရီးထွက်ရတတ်သည်။
ဝန်ထမ်းများရာထူးအတွက် လူတွေ့စစ်ဆေးမေးမြန်းခြင်းများခံရတတ်သည်။
ရွှေရတနာ ပစ္စည်းများဝင်မည်။
ပျိုရွယ်သူများ အိမ်ထောင်ရှိသူနှင့်ငြိစွန်းတတ်သည်။
ကျန်းမာရေး အနေဖြင့် ခေါင်းကိုက်၊ ဇတ်ကြောတက်ဖြစ်တတ်သည်။

စနေ သားသမီးများအတွက်
လုပ်ငန်းအတွက် အခြေအနေကောင်း၊ အကူညီကောင်းများ ရရှိလာလိမ့်မည်။
ဝန်ထမ်းများ လုပ်ငန်းတွင် နာမည်ဂုဏ်သတင်းကြီးနေတတ်သည်။
နိုင်ငံခြား ဘာသာစကားသင်ယူရတတ်သည်။
အိမ်ထောင်ရှင်များ သားသမီးကြောင့် စိတ်ညစ်ရတတ်သည်။
ကလေးတဦး ကစားရာမှ ထိခို က် မှုဖြစ်တတ်သည်။
Be the first to comment