Facebook Comments Box
ဘုရားအိုးပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?(ဘုရားပန်း ဘာကြောင့် ကပ်ရသလဲ? )

ဘုရားအိုးပန်းအိုး ဘယ်နှအိုး ထားသင့်သလဲ?(ဘုရားပန်း ဘာကြောင့် ကပ်ရသလဲ? )

၁။ ဂေါတမ မြတ်စွာဘုရားရှင် ဇေတဝန်ကျောင်း ဂန္ဓကုဋီတိုက်တော်မှာ သီတင်းသုံးတော်မူစဉ် ရပ်ဝေးရပ်နီးမှ ရဟန်း ရှင် လူအများ ဘုရားဖူးတရားနာလာကြကုန်၏။
ခရီးကပန်း လမ်းကကြမ်းသောကြောင့် ချွေးသီးချွေးပေါက် အသွယ်သွယ် ဖုန်အလိမ်းလိမ်းနှင့်ပေါ့။ တချို့မှာ ချွေးနံ့တထောင်းထောင်းနှင့် ဘုရားရှင်သီတင်းသုံးရာ ဂန္ဓကုဋီတိုက်တော်တခုလုံး အနံ့သက်တွေကမကောင်း။
ဒါကို သတိပြုမိတဲ့ ညီတော်အရှင်အာနန္ဒာစသော ရဟန်းရှင်လူတွေက ဘုရားနဲ့ တရားနာပရိသတ်အကြားမှာ ပန်းနံ့သာတွေကို ထားခဲ့ကြတယ်။ ဘုရားပန်းတွေကြောင့် ပရိသတ်တွေဆီက ချွေးနံ့တွေ ဘုရားဆီမရောက်တော့ဘူးပေါ့။ တရားနာပရိသတ်တွေလည်း ပန်းနံ့လေးတွေရ ပန်းတွေကိုမြင်ပြီး အမောတွေပြေ စိတ်တွေကြည်လင်လာတယ်။ တရားနာရတာလည်း အရင်ကထက် ကြည်ကြည်နူးနူးရှိလာတယ်။.
ထိုအချိန်မှစ၍ ဘုရားပန်းလှူတဲ့ဓလေ့က စတင်လာတယ်။ ပန်းပန်တာမဟုတ်တဲ့အတွက် မာလာဂန္ဓ ဝိလေပနဆိုတဲ့ သီလနဲ့လည်း ငြိစွန်းမှုမရှိတော့ဘူး အပြစ်ကင်းတယ်။.

ဘုရားပန်း ဘာကြောင့် ကပ်ရသလဲ?
၂။ ပန်းအိုးဘယ်နှအိုး ထားရမလဲဆိုတဲ့ အမေးမှာ နံပါတ် ၁ အဖြေက သက်သေဖြစ်တယ်။ ဘယ်နှအိုးထားထား အပြစ်မရှိဘူး။ မိမိတို့ရဲ့ ဘုရားစင်နဲ့ လိုက်ဖက်သလိုထားနိုင်တယ်။ ၁အိုး ၃အိုးစသည်ဖြင့် မ ဂဏန်းထားမှ ၂အိုး၄အိုးစသည်ဖြင့် စုံဂဏန်းထားမှဟု ဘုရားဟောမရှိခဲ့ဘူး။ စုံ မ ခွဲပြီး လှူဒါန်းတာက ဗုဒ္ဓဘါသာရဲ့ အယူအဆမဟုတ်။
မိမိရဲ့ဘုရားစင်အနေအထားက ဘယ်နှအိုးထားမှ တင့်တယ်မယ်ဆိုတာကို ချင့်ချိန်တတ်ဖို့အရေးကြီးသည်။
တရားချစ်ခင် စိတ်ကောင်းဝင်ကြကုန်သော သူတော်စင် ပရိသတ်အပေါင်း ကပ်သုံးပါး
နှင့်ဝေး၍ အမြတ်ဆုံးတရားနှင့်အေးပါစေ။ ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာ လန်းဖျာကြပါစေ။
ဖန်ခါးမြေ

ဘုရားအိုးပန္းအိုး ဘယ္ႏွအိုး ထားသင့္သလဲ?(ဘုရားပန္း ဘာေၾကာင့္ ကပ္ရသလဲ? )

၁။ ေဂါတမ ျမတ္စြာဘုရားရွင္ ေဇတဝန္ေက်ာင္း ဂႏၶကုဋီတိုက္ေတာ္မွာ သီတင္းသုံးေတာ္မူစဥ္ ရပ္ေဝးရပ္နီးမွ ရဟန္း ရွင္ လူအမ်ား ဘုရားဖူးတရားနာလာၾကကုန္၏။
ခရီးကပန္း လမ္းကၾကမ္းေသာေၾကာင့္ ေခြၽးသီးေခြၽးေပါက္ အသြယ္သြယ္ ဖုန္အလိမ္းလိမ္းႏွင့္ေပါ့။ တခ်ိဳ႕မွာ ေခြၽးနံ႔တေထာင္းေထာင္းႏွင့္ ဘုရားရွင္သီတင္းသုံးရာ ဂႏၶကုဋီတိုက္ေတာ္တခုလုံး အနံ႔သက္ေတြကမေကာင္း။
ဒါကို သတိျပဳမိတဲ့ ညီေတာ္အရွင္အာနႏၵာစေသာ ရဟန္းရွင္လူေတြက ဘုရားနဲ႔ တရားနာပရိသတ္အၾကားမွာ ပန္းနံ႔သာေတြကို ထားခဲ့ၾကတယ္။ ဘုရားပန္းေတြေၾကာင့္ ပရိသတ္ေတြဆီက ေခြၽးနံ႔ေတြ ဘုရားဆီမေရာက္ေတာ့ဘူးေပါ့။ တရားနာပရိသတ္ေတြလည္း ပန္းနံ႔ေလးေတြရ ပန္းေတြကိုျမင္ၿပီး အေမာေတြေျပ စိတ္ေတြၾကည္လင္လာတယ္။ တရားနာရတာလည္း အရင္ကထက္ ၾကည္ၾကည္ႏူးႏူးရွိလာတယ္။
ထိုအခ်ိန္မွစ၍ ဘုရားပန္းလႉတဲ့ဓေလ့က စတင္လာတယ္။ ပန္းပန္တာမဟုတ္တဲ့အတြက္ မာလာဂႏၶ ဝိေလပနဆိုတဲ့ သီလနဲ႔လည္း ၿငိစြန္းမႈမရွိေတာ့ဘူး အျပစ္ကင္းတယ္။

ဘုရားပန္း ဘာေၾကာင့္ ကပ္ရသလဲ?
၂။ ပန္းအိုးဘယ္ႏွအိုး ထားရမလဲဆိုတဲ့ အေမးမွာ နံပါတ္ ၁ အေျဖက သက္ေသျဖစ္တယ္။ ဘယ္ႏွအိုးထားထား အျပစ္မရွိဘူး။ မိမိတို႔ရဲ႕ ဘုရားစင္နဲ႔ လိုက္ဖက္သလိုထားႏိုင္တယ္။ ၁အိုး ၃အိုးစသည္ျဖင့္ မ ဂဏန္းထားမွ ၂အိုး၄အိုးစသည္ျဖင့္ စုံဂဏန္းထားမွဟု ဘုရားေဟာမရွိခဲ့ဘူး။ စုံ မ ခြဲၿပီး လႉဒါန္းတာက ဗုဒၶဘါသာရဲ႕ အယူအဆမဟုတ္။
မိမိရဲ႕ဘုရားစင္အေနအထားက ဘယ္ႏွအိုးထားမွ တင့္တယ္မယ္ဆိုတာကို ခ်င့္ခ်ိန္တတ္ဖို႔အေရးႀကီးသည္။
တရားခ်စ္ခင္ စိတ္ေကာင္းဝင္ၾကကုန္ေသာ သူေတာ္စင္ ပရိသတ္အေပါင္း ကပ္သုံးပါး
ႏွင့္ေဝး၍ အျမတ္ဆုံးတရားႏွင့္ေအးပါေစ။ ကိုယ္စိတ္ႏွစ္ဖ်ာက်န္းမာခ်မ္းသာ လန္းဖ်ာၾကပါေစ။
ဖန္ခါးေျမ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box