Facebook Comments Box
ဆော်လမွန်လက်စွပ်”သို့မဟုက်” မဟောသဓာလက်စွပ်

ဆော်လမွန်လက်စွပ်"သို့မဟုက်" မဟောသဓာလက်စွပ်..

ပုံ(၁)

ဆော်လမွန်လက်စွပ်'သို့မဟုက်'

မဟောသဓာလက်စွပ်ဆိုတာ လက္ခလည်နှင့်လက်ညှိုးကြားမှစတင်ထွက်ပေါ်လာပြီးလက်ညှိုးကြာသပတေးဂြိုလ်ခုံကိုရစ်ပတ်ထားသောလမ်းကြောင်းလေးဖြစ်သည်(ပုံ တစ် )

ထိုလမ်းကြောင်းပါသူများသည်

မွေးရာပါဉာဏ်ပညာထက်မြတ်ချင်းပညာပါရမီရင့်သန်ချင်းတို့ရှိပြီး ဘယ်နေရာရောက်ရောက် ဘာလုပ်ငန်းပဲလုပ်လုပ်ဆရာအဖြစ်ကိုရောက်မယ် ညွှန်ကြားရတဲ့နေရာစေခိုင်းနိုင်တဲ့နေရာရောက်မယ်။

ပညာရပ်ကိုအခြေခံပြီး အသက်မွေးဝမ်းကြောင်းပြုရမယ်။

သူတပါးကိုစေခိုင်းဖို့ညွှန်ကြားဖို့

ဆရာလုပ်ရဖို့မွေးရာပါကံပါလာသူတွေဖြစ်တယ် ။

သူတို့ပြောလိုက်တဲ့နှုက်ထွက်စကားတွေဟာမှန်ကယ်မှုရှိနေတတ်တယ် လူသားအကြိုးပြုလုပ်ငန်း

တွေအကြိုးပေးအောင်မြင်မယ်။

ပုံ(၂)

ဆော်လမွန်းကွင်းနှစ်ထက်ပါသူ

တွေဟာ ဆရာ့ဆရာကြီးပေါ့ ။

ဉာဏ်ပညာမှာအင်မတန်ထက်မြတ်ပြီး စာပေ ပညာ အတတ်ပညာတွေနဲ့ထိပ်တန်းရောက်မယ် ( ပုံ နှစ် )

ပုံ(၃)

လက်ညှိုးနဲ့လက္ခလည်ကြားမှစတင်ထွက်ပေါ်လာပြီး တဝက်သာပါသောဆော်လမွန်လက်စွပ်ပိုင်ရှင်တွေဟာ ပညာရပ်တွေနှင့်ပတ်သက်ပြီးလောဘကြီးတတ်တယ် ဟိုစပ်စပ်ဒီစပ်စပ်ဖြစ်တတ်တယ်

အနာဂါတ်ကြိုတင်ခန့်မှန်းတာတွေ

မှန်တတ်တယ် ပညာစုံတယ် ပညာတော့ကုန်ဖို့ခဲယဉ်းတယ်(ပုံသုံး )

ပုံ(၄)

ဆော်လမွန်လက်စွပ်ကအပြည့်

တော့ပါတယ် သို့သော်ကြားမှာပျက်တောက်ပျက်တောက်ဖြစ်နေမယ်ဆိုရင် ဆရာရေးဆရာ ကျမ်းပြုဆရာစာပေပညာရှင်တွေဖြစ်တတ်ပြီး စာပေ အတတ်ပညာနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေနဲ့အောင်မြင်မယ် ထိပ်တန်းရောက်မယ် ( ပုံလေး)

ဆော်လမွန်လက်စွပ်ဆိုတာ မွေးရာပါ ဆရာအမှတ်သားဖြစ်တာကြောင့် ဆော်လမွန်လက်စွပ်ပါသူတွေဟာ

အကြိုးရှိအောင်အသုံးချနိုင်မယ်ဆိုရင် ရောက်လေရာအရပ် နေထိုင်ရာပတ်ဝန်းကျင်မှာ သူများညွှန်ကြားရတဲ့နေရာ သူများစေခိုင်းရတဲ့အလုပ်တွေနဲ့ အောင်မြင်မှုအထွဋ်ထိပ်ရောက်နိုင်ပါကြောင်းတင်ပြအပ်ပါသည် ။

🙏🏻🙏🏻🙏🏻ပဉ္စဂုဏံ မယံ ဝန္ဒာမိ🙏🏻🙏🏻🙏🏻

မင်းသီဟ

KPနက္ခတ်ဗေဒင်နှင့်လက္ခဏာသုတေသီ


ပုံ(၁)










ပုံ(၂)




ပုံ(၃)




ပုံ(၄)





🙏🏻🙏🏻🙏🏻ပဉ္စဂုဏံ မယံ ဝန္ဒာမိ🙏🏻🙏🏻🙏🏻

မင်းသီဟ.


Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box