Facebook Comments Box
တပေါင်းလပြည့် အခါတော်နေ့သမိုင်း

တပေါင်းလပြည့် အခါတော်နေ့သမိုင်း

တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ် သည်။ တစ်နှစ်တာ၏ နောက်ဆုံးလဖြစ်သည်။

တပေါင်းလ၏ ပထမလ၀က်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။

တပေါင်းလပြည့်နေ့ တွင်ကာဠုဒါယီ မထေရ် က ကပိလဝတ် နေပြည်တော်သို့ ကြွရောက်တော်မူပါရန် ဘုရားရှင်အားလျှောက်ထားသည်ကို အကြောင်းပြုပြီး ကျင်းပရခြင်းဖြစ်ပါသည်။ ၎င်းလျှောက်ထားချက်အရ မြတ်စွာဘုရားက ရဟန္တာပေါင်းနှစ်သောင်း ခြံရံပြီး မဟာသက္ကရာဇ်(၁ဝ၃)ခုနှစ် တပေါင်းလပြည့်ကျော် တစ်ရက်နေ့မှာ ရာဇဂြိုဟ်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်ပြည်သို့ တစ်နေ့လျှင် တစ်ယူဇနာ ခရီးဖြင့်ရက်ပေါင်းခြောက်ဆယ် ဒေသစာရီကြွချီတော်မူခြင်း ကို အကြောင်းပြု၍ မြတ်ဗုဒ္ဓပြည်တော်ဝင် အခါတော်နေ့ စတင်ပေါ်ပေါက်လာရခြင်း ဖြစ်ပါသည်။

ရှေးယခင်က တပါင်းလပွဲတော်သည် သဲပုံစေတီပွဲတော် ဖြစ်သည်။ သဲပုံစေတီပွဲတော်သည် ပုဂံခေတ်(သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင် ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်။

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော် ကျင်းပသည့်ဓလေ့ တဖြည်းဖြည်းမှေးမှိန်သွားသည်။ တပေါင်းလပြည့်နေ့တွင် ဘုရားပွဲတော်များကျင်းပသည့် ဓလေ့ ခေတ်စားလာခဲ့သည်။ ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင် “တပေါင်းလပွဲတော်”ဟု ခေါ်ကြသည်။

တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည် ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။

ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားသိ သောအခါ သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံ တထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်း နောက်ထပ်၍ အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင်စေလွှတ် ခဲ့သည်။ သို့သော် အားလုံးရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ် သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးကအမတ်များ နှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန် သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း

၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့် အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန် သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့် နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊ ဥက္ကလာပမင်းကြီးတပုဿနှင့်ဘလ္လိက ကုန်သည််ညီနောင်တို့ကြီးမှူး၍ရွှေတိဂုံစေတီတော်ကြီး တည်ထား ခဲ့သည်ဟု သမိုင်းကဆိုသည်။

ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်က ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ။မြတ်စွာဘရားရှင် ပြည်တော် ဝင်ရန် စတင်ကြွလှမ်းသောနေ့ #တပေါင်းလပြည့်နေ့

မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင် ဗုဒ္ဓဘာသာဝင်အားလုံး ဘုရားရှင်၏ တရားဓမ္မတို့နှင့် မွေ့ပျော်ပြီး ဒါန သီလ ဘာဝနာ ဥပုသ်သီလဆောက််တည်ခြင်း ကုသိုလ်ကောင်းမှုများ အထူးပြုလုပ်နိုင်ကြ ပါစေရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ် ။

🙏🙏🙏မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် တပေါင်းလ ပြည့်နေ့တွင် မိဘပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေလို့ ဆုတောင်းလိုက်ပါတယ်🙏🙏🙏

ကျမ်းကိုးကား။ ။အရှင်ဇဝန(ပဲခူး)၏ အခါတော်နေ့ဆိုင်ရာ တရားတော်များစာအုပ်)

တေပါင္းလျပည့္ အခါေတာ္ေန႔သမိုင္း

တေပါင္းလသည္ ျမန္မာလမ်ားတြင္ ၁၂-လေျမာက္ျဖစ္ သည္။ တစ္ႏွစ္တာ၏ ေနာက္ဆုံးလျဖစ္သည္။

တေပါင္းလ၏ ပထမလ၀က္သည္ေဆာင္းရာသီတြင္ က်ေရာက္သည္။ ဒုတိယလ၀က္ကား ေႏြရာသီတြင္ က်ေရာက္သည္။ ေဆာင္းကူးေႏြစ သာယာလွေသာ လရာသီျဖစ္သည္။

တေပါင္းလျပည့္ေန႔ တြင္ကာဠဳဒါယီ မေထရ္ က ကပိလဝတ္ ေနျပည္ေတာ္သို႔ ႂကြေရာက္ေတာ္မူပါရန္ ဘုရားရွင္အားေလွ်ာက္ထားသည္ကို အေၾကာင္းျပဳၿပီး က်င္းပရျခင္းျဖစ္ပါသည္။ ၎ေလွ်ာက္ထားခ်က္အရ ျမတ္စြာဘုရားက ရဟႏၲာေပါင္းႏွစ္ေသာင္း ၿခံရံၿပီး မဟာသကၠရာဇ္(၁ဝ၃)ခုႏွစ္ တေပါင္းလျပည့္ေက်ာ္ တစ္ရက္ေန႔မွာ ရာဇၿဂိဳဟ္မွ ယူဇနာေျခာက္ဆယ္ ေဝးကြာေသာ ကပိလဝတ္ျပည္သို႔ တစ္ေန႔လွ်င္ တစ္ယူဇနာ ခရီးျဖင့္ရက္ေပါင္းေျခာက္ဆယ္ ေဒသစာရီႂကြခ်ီေတာ္မူျခင္း ကို အေၾကာင္းျပဳ၍ ျမတ္ဗုဒၶျပည္ေတာ္ဝင္ အခါေတာ္ေန႔ စတင္ေပၚေပါက္လာရျခင္း ျဖစ္ပါသည္။

ေရွးယခင္က တပါင္းလပြဲေတာ္သည္ သဲပုံေစတီပြဲေတာ္ ျဖစ္သည္။ သဲပုံေစတီပြဲေတာ္သည္ ပုဂံေခတ္(သို႔မဟုတ္) ပုဂံေခတ္မတိုင္မီကပင္ ေပၚေပါက္ခဲ့သည္ဟု အခ်ိဳ႕က ဆိုၾကသည္။

ေနာက္ပိုင္းတြင္ သဲပုံေစတီပြဲေတာ္ က်င္းပသည့္ဓေလ့ တျဖည္းျဖည္းေမွးမွိန္သြားသည္။ တေပါင္းလျပည့္ေန႔တြင္ ဘုရားပြဲေတာ္မ်ားက်င္းပသည့္ ဓေလ့ ေခတ္စားလာခဲ့သည္။ ထိုသို႔ ဘုရားပြဲေတာ္ က်င္းပျခင္းကိုပင္ “တေပါင္းလပြဲေတာ္”ဟု ေခၚၾကသည္။

တေပါင္းလသည္ ရာသီဥတု သာယာသည္ႏွင့္အမွ် သာသနာေရးတြင္လည္း မွတ္တမ္းတင္သင့္ေသာ ျဖစ္ရပ္ႀကီးမ်ား ေပၚထြန္းခဲ့သည္။

ဗုဒၶဘုရားရွင္လက္ထက္ေတာ္က ဘုရားရွင္သည္ ရာဇၿဂိဳဟ္ျပည္ ေဝဠဳန္၀န္ေက်ာင္းေတာ္၌ သီတင္းသုံးကာ အဂၤတိုင္းႏွင့္ မဂဓတိုင္းမွ ဒကာ ဒကာမမ်ားအား တရားေရေအးတိုက္ေကြၽးလ်က္ရွိသည္။

ထိုသတင္းကို ခမည္းေတာ္ သုေဒၶါဒနမင္းႀကီးၾကားသိ ေသာအခါ သားေတာ္ဘုရားကို ဖူးေတြ႕ခ်င္ေနသည္။ ထို႔ေၾကာင့္ အမတ္တေယာက္အား အေႁခြအရံ တေထာင္ႏွင့္အတူ ေစလႊတ္၍ ပင့္ခိုင္း၏။

ထိုအမတ္သည္ ဗုဒၶထံ ေရာက္လာရာမွ တရားေတာ္ကိုနာရ၍ အေႁခြအရံတို႔ႏွင့္အတူ ရဟန္းျပဳသြားသည္။ သုေဒၶါဒနမင္းႀကီးထံ ဘုရားရွင္ႂကြေရာက္ေတာ္မူရန္ မပင့္ျဖစ္ေခ်။ မင္းႀကီးလည္း ေနာက္ထပ္၍ အမတ္တို႔ကို အေႁခြအရံ တေထာင္စီျဖင့္ကိုးႀကိမ္တိုင္ေအာင္ေစလႊတ္ ခဲ့သည္။ သို႔ေသာ္ အားလုံးရဟန္းျပဳ၍ ေနၾကျပန္သည္။

ဆယ္ႀကိမ္ေျမာက္တြင္မူ ဗုဒၶဘုရားရွင္ႏွင့္ ဖြားဖက္ေတာ္ျဖစ္ေသာ ကာဠဳဒါယီအမတ္ကို ေစလႊတ္ သည္။ ကာဠဳဒါယီအမတ္သည္လည္း ေရွးကအမတ္မ်ား ႏွင့္နည္းတူပင္ ေနာက္ပါမ်ားႏွင့္တကြ ရဟန္းျပဳျပန္ သည္။ သို႔ရာတြင္ ခရီးလမ္းပန္းသာယာေသာ တေပါင္းလအခ်ိန္သို႔ ေရာက္ေသာအခါတြင္ကား လမ္းခရီးသာယာပုံ တေပါင္းအလွကို ဂါထာေပါင္း

၆၀-ျဖင့္ ဖြဲ႕ႏြဲ႕ကာ ကပိလ၀တ္ျပည္သို႔ ႂကြပါမည့္ အေၾကာင္း ဘုရားရွင္အား ေလွ်ာက္ထားေတာင္းပန္ သည္။ ဗုဒၶဘုရားရွင္လည္း လက္ခံကာ တေပါင္းလျပည့္ ေန႔၌ ကပိလ၀တ္ျပည္သို႔ ႂကြေတာ္မူခဲ့သည္။

တေပါင္းလျပည့္ေန႔သည္ ဘုရားရွင္ ျပည္ေတာ္၀င္ရန္ စတင္ႂကြလွမ္းေသာေန႔ျဖစ္သျဖင့္လည္း ထိုေန႔ကို အေၾကာင္းျပဳ၍ သာသနာေတာ္၌ထူးျခားေသာ ျဖစ္ရပ္ႀကီးမ်ား ေပၚထြန္းခဲ့သည္။ ထို႔ျပင္ မဟာသကၠရာဇ္ ၁၀၃-ခု တေပါင္းလျပည့္ဗုဒၶဟူးေန႔တြင္ သိၾကားမင္း၊ ဥကၠလာပမင္းႀကီးတပုႆႏွင့္ဘလႅိက ကုန္သည္္ညီေနာင္တို႔ႀကီးမႉး၍ေ႐ႊတိဂုံေစတီေတာ္ႀကီး တည္ထား ခဲ့သည္ဟု သမိုင္းကဆိုသည္။

ဤကား တေပါင္းလကို အေၾကာင္းျပဳ၍သာသနာေတာ္၌ ထူးျခားေသာ မွတ္တိုင္ႀကီးမ်ား ေပၚထြန္းလာခဲ့ျခင္း ျဖစ္ေပသည္။

ဗုဒၶျမတ္စြာဘုရားရွင္က ဖခမည္းေတာ္{ဖခင္}ကို ေက်းဇူးဆပ္ခဲ့ေသာေန႔ ။ျမတ္စြာဘရားရွင္ ျပည္ေတာ္ ဝင္ရန္ စတင္ႂကြလွမ္းေသာေန႔ #တေပါင္းလျပည့္ေန႔

ျမတ္ဗုဒၶ ျပည္ေတာ္ဝင္ဥပုသ္ေန႔ အခါေတာ္ေန႔တြင္ ဗုဒၶဘာသာဝင္အားလုံး ဘုရားရွင္၏ တရားဓမၼတို႔ႏွင့္ ေမြ႕ေပ်ာ္ၿပီး ဒါန သီလ ဘာဝနာ ဥပုသ္သီလေဆာက္္တည္ျခင္း ကုသိုလ္ေကာင္းမႈမ်ား အထူးျပဳလုပ္ႏိုင္ၾက ပါေစရန္ တိုက္တြန္းႏႈိးေဆာ္အပ္ပါတယ္ ။

🙏🙏🙏မတ္လ ၂၇ ရက္ေန႔တြင္ က်ေရာက္သည့္ တေပါင္းလ ျပည့္ေန႔တြင္ မိဘျပည္သူအေပါင္း ကိုယ္၏က်န္းမာျခင္း၊ စိတ္၏ခ်မ္းသာျခင္းျဖင့္ ျပည့္စုံၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္🙏🙏🙏

က်မ္းကိုးကား။ ။အရွင္ဇဝန(ပဲခူး)၏ အခါေတာ္ေန႔ဆိုင္ရာ တရားေတာ္မ်ားစာအုပ္)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box