Facebook Comments Box
အောင်မြင်ရေးလမ်းကြောင်း နှင့် သင့်ဘဝ သင့်ကံကြမ္မာ

အောင်မြင်ရေးလမ်းကြောင်း နှင့် သင့်ဘဝ သင့်ကံကြမ္မာ

တနင်္ဂနွေဂြိုဟ်ခုံပေါ်သို့ တက်လာသော လမ်းကြောင်းကို အောင်မြင်ရေးလမ်းကြောင်း (Apollo Line) အဖြင့် သတ်မှတ်ကြပြီး လူတစ်ယောက်ရဲ့ ဘဝအထွဋ်အထိပ်အောင်မြင်ခြင်းနှင့် ပါတ်သက်သော အကြောင်းအရာများကို ဖော်ပြသော လမ်းကြောင်းကြီးဖြစ်သည်။ထင်ရှားကောင်းမွန်ပြီး အဖျက်ကင်းသော အောင်မြင်ရေးလမ်းကြောင်းသည် လက္ခဏာရှင်အတွက် ကံကြမ္မာလမ်းကြောင်းမပါရှိစေကာမူ ထိုကံကြမ္မာလမ်းကြောင်း၏ ကိုယ်စားလှယ်အဖြစ်လည်း ဆောင်ရွက်ပြီး လူတစ်ယောက်အတွက် ကံကောင်းခြင်းများကိုလည်း ပေးတတ်သောကြောင့် အလွန်အရေးပါလှသော လမ်းကြောင်းဖြစ်သည်။လူတိုင်းအောင်မြင်ခြင်းကို လိုလားကြသည်ဖြစ်သဖြင့် အောင်မြင်ရေးလမ်းကြောင်းကောင်းတစ်ခု သင့်မှပါရှိနေပြီဆိုပါက ဘယ်အချိန်မှာ ဘယ်လိုသောအကြောင်းကိစ္စနှင့် ဘယ်လောက်အထိ အောင်မြင်မည်ကို ပြောပြနိုင်မည်သာဖြစ်သည်။

ထင်ရှားသော အနုပညာရှင်၊ရသမြောက်လှသော စာရေးဆရာကြီးများ၊ကျော်ကြားသော တေးဂီတပညာရှင် များသည် အလွန်ကောင်းသော အောင်မြင်ရေးလမ်းကြောင်း၏ အထောက်အပံ့ကောင်း ရရှိကြသူ များပင်ဖြစ်ကြသည်။ လက်ကောက်ဝတ်အထက်နားကပင် စတင်သောအောင်မြင်ရေးလမ်းကြောင်းသည် ငယ်စဉ်အချိန်ကပင် အောင်မြင်ခြင်း များကို ရရှိခဲ့သူဖြစ်သည်။ အသက်အရွယ်နှင့် လိုက်ဘက်သော အောင်မြင်ခြင်းများဖြင့် စတင်ခဲ့သူဖြစ်မည့် သူဖြစ်သည်။ အင်္ဂါလွင်ပြင်က စတင်သူအနေဖြင့် အသက် (၂၀) ဝန်းကျင်းလောက်ကစပြီး ဘဝရဲ့ အခက်အခဲများကို ရင်ဆိုင်ကျော်လွားပြီး ခက်ခဲသောခရီးလမ်းပေါ်မှ ထင်းရှားကျော်ကြားလာမည့်သူဖြစ်သည်၊ အကယ်၍ တနင်္လာဂြိုဟ်ခုံက စတင်သူဖြစ်ပါက ထူးခြားသော အနုပညာဆိုင်ရာအောင်မြင်မှု့ကြီးကို ခက်ခက်ခဲခဲရရှိပြီး လူအများကထောက်ခံသော အောင်မြင်မှု့ ရရှိမည့်သူဖြစ်သည်။ ကံလမ်းကြောင်းကောင်းမွန်သူဖြစ်ပါက အထွဋ်အထိပ်ကို ကျော်ကြားပြီး ပရိသတ်လက်ခံ သူဖြစ်လာပါလိမ့်မည်။

ဦးခေါင်းလမ်းကြောင်းက စတင်သော အောင်မြင်ရေးလမ်းကြောင်းပိုင်ရှင်အနေဖြင့် အသက် ၃ဝကျော် ၃၅ နှစ်တွင် ဘဝရဲ့အောင်မြင်ခြင်းများစတင်ရရှိလာသည့်အချိန်ဖြစ်ကြောင်းနားလည်ရမည်။ ကံလမ်းကြောင်းကောင်းပါရှိသူဖြစ်ပါက ကံကောင်းခြင်းများစတင်ချိန်လို့လည်းပြောလို့ရတဲ့အချိန်ဖြစ်တယ်။ ဒီလမ်းကြောင်းပိုင်ရှင်များဟာ ဦးဏှောက်သုံးရတဲ့ အသိပညာ၊အတတ်ပညာဆိုင်ရာကိစ္စရပ်များ၊အင်ဂျင်နီယာဆိုင်ရာတွက်ချက်ခြင်း၊ စီးပွားရေး၊စာရင်းအင်းဆိုင်ရာကိစ္စရပ်များ ကြောင့် ထင်းရှားလာမည့်သူဖြစ်သည်။ အတွေးအခေါ်ကောင်းများနှင့် ဒသနဆိုင်ရာစာပေများဖြင့်လည်း ထင်ရှားကျော်ကြား သူများ ဖြစ်လာပါတယ်။ ပရိတ်သတ်အားပေးလက်ခံသူဖြစ်ပြီး နိုင်ငံရေး၊စီးပွားရေးများတွင် ထူးခြားသော အတွေးများကြောင်း ထင်ရှားသူများတွင် တွေ့ရတတ်ပါတယ်။

နှလုံးလမ်းကြောင်းကနေ ထွက်ပေါ်လာတဲ့ အောင်မြင်ရေးလမ်းကြောင်းကောင်းကို ပိုင်ဆိုင်ထားသူဖြစ်ခဲ့ရင်တော့ အသက် ၄၅ ကျော်ကာလမှစတင်ပြီး ၅၀ ကျော်တွင် အထွဋ်အထိပ်ကို ရောက်ရှိခံစားရပြီဖြစ်သည်။ ဒီလမ်းကြောင်းပိုင်ရှင်တွေဟာ မေတ္တာတရားကြီးမားသူတွေဖြစ်တာများပြီး သူတို့ဘဝလျောက်လမ်းခဲ့တဲ့ အတွေ့အကြုံ တွေကို အကောင်းဆုံးပြန်ပြီး အသုံးချနိုင်တဲ့သူတွေအဖြစ်တွေ့ရပါတယ်။ စာပေ၊ဂီတ၊အနုပညာဘက်မှာ ထူးချွန်ကြပြီး လူမှု့ရေး၊ပရဟိတလုပ်ငန်းများနှင့် အကျိုးပြုပညာရပ်ဆိုင်ရာ စာပေရေးသားခြင်း၊ကျမ်းပြုစုခြင်းနှင့် အကောင်းဆုံးသော အကြံပေးများအဖြစ်ထင်ရှားတတ်ပါတယ်။ ထိုလမ်းကြောင်းပါရှိသူတို့အနေဖြင့် ဘဝတစ်သက်တာပင်ပန်းခဲ့ တာတွေရှိသော်လည်း အသက် ၅၀ ကျော်အချိန်အောင်မြင်ကျော်ကြားပြီးသည့်နောက်ပိုင်း အသက်ဆုံးသည့်အချိန်အထိ ကျော်ကြားနေတတ်သူများဖြစ်သည်။ အဆုံးတွင် ခရင်းခွပုံစံ နှစ်ခွပါရှိပါက သေလွန်ပြီးသည့်တိုင်အောင် သူဖန်တီးခဲ့သော အနုပညာ၊စာပေ၊ကျမ်းများသည် ဆက်လက်ထင်ရှားနေမည်သာဖြစ်သည်။ လူသေသော်လည်း အမည်မသေသည်အထိ ကျော်ကြားအောင်မြင်တတ်သည့်သဘောဖြစ်သည်။

အောင်မြင်ရေးလမ်းကြောင်းနဲ့ ပါတ်သက်လာရင် အကြမ်းအားဖြင့် အောက်ပါအချက်များကို မှတ်ချက်အနေနဲ့ မှတ်သားထားရပါတယ်။

- အောင်မြင်ရေးလမ်းကြောင်းမပါရှိသူသည် ဘဝတွင် အထွဋ်အထိပ်အောင်မြင်မှု့မရနိုင်( ရပါကလည်း ခဏတာသာဖြစ်ပြီး မကြာခင် ပြန်လည်ပျက်စီးရတတ်သည်)

- အောင်မြင်ရေးလမ်းကြောင်းပါသော်လည်း မထင်ရှားခြင်း၊အပြတ်အတောက်ရှိခြင်း၊ကျွန်း၊အဖျက်မှတ်ရှိခြင်းများ ပါရှိနေပါက အောင်မြင်မှု့ရရှိရန် အလွန်ခက်ခဲတတ်သည်၊ အောင်မြင်ပြီး ပြန်လည်ကျဆုံးတတ်သည်။

- အောင်မြင်ရေးလမ်းကြောင်းသည် လက္ခဏာရှင်၏ ဂုဏ်၊သိက္ခာရှိခြင်းနှင့် သြဇာကြီးခြင်းကိုလည်း ပြသည်။

- ကံလမ်းကြောင်းလုံးဝမပါရှိသူအတွက် ကံလမ်းကြောင်း၏ ကိုယ်စားလှယ်အဖြစ်ထမ်းဆောင်သည်။

- အောင်မြင်ရေးလမ်းကြောင်းကို ကြည့်ရတွင် ဘယ်လက်နှင့် ညာလက်နှစ်ဘက်လုံးကြည်ရန်လိုအပ်သည်။

အောင်မြင်ရေးလမ်းကြောင်းသည် လူတစ်ယောက်အတွက် အလွန်အရေးကြီးလှသောလမ်းကြောင်းကြီးဖြစ်လို့ အသေးစိတ်လေ့လာရန်လိုအပ်ပါသည်။လက်ပုံစံ၊ဂြိုဟ်ခုံများ နှင့် အခြားသောလမ်းကြောင်းများကို အသေးစိတ်ပေါင်း စပ်လေ့လာပြီးမှ အောင်မြင်မည်အချိန်ကာလ၊လုပ်ငန်း တို့ကို စနစ်တကျ လမ်းညွှန်ပေးနိုင်ပါကြောင်း တင်ပြရပါသည်။

ကင်္ကသူ

ေအာင္ျမင္ေရးလမ္းေၾကာင္း ႏွင့္ သင့္ဘဝ သင့္ကံၾကမၼာ

တနဂၤေႏြၿဂိဳဟ္ခုံေပၚသို႔ တက္လာေသာ လမ္းေၾကာင္းကို ေအာင္ျမင္ေရးလမ္းေၾကာင္း (Apollo Line) အျဖင့္ သတ္မွတ္ၾကၿပီး လူတစ္ေယာက္ရဲ႕ ဘဝအထြဋ္အထိပ္ေအာင္ျမင္ျခင္းႏွင့္ ပါတ္သက္ေသာ အေၾကာင္းအရာမ်ားကို ေဖာ္ျပေသာ လမ္းေၾကာင္းႀကီးျဖစ္သည္။ထင္ရွားေကာင္းမြန္ၿပီး အဖ်က္ကင္းေသာ ေအာင္ျမင္ေရးလမ္းေၾကာင္းသည္ လကၡဏာရွင္အတြက္ ကံၾကမၼာလမ္းေၾကာင္းမပါရွိေစကာမူ ထိုကံၾကမၼာလမ္းေၾကာင္း၏ ကိုယ္စားလွယ္အျဖစ္လည္း ေဆာင္႐ြက္ၿပီး လူတစ္ေယာက္အတြက္ ကံေကာင္းျခင္းမ်ားကိုလည္း ေပးတတ္ေသာေၾကာင့္ အလြန္အေရးပါလွေသာ လမ္းေၾကာင္းျဖစ္သည္။လူတိုင္းေအာင္ျမင္ျခင္းကို လိုလားၾကသည္ျဖစ္သျဖင့္ ေအာင္ျမင္ေရးလမ္းေၾကာင္းေကာင္းတစ္ခု သင့္မွပါရွိေနၿပီဆိုပါက ဘယ္အခ်ိန္မွာ ဘယ္လိုေသာအေၾကာင္းကိစၥႏွင့္ ဘယ္ေလာက္အထိ ေအာင္ျမင္မည္ကို ေျပာျပႏိုင္မည္သာျဖစ္သည္။

ထင္ရွားေသာ အႏုပညာရွင္၊ရသေျမာက္လွေသာ စာေရးဆရာႀကီးမ်ား၊ေက်ာ္ၾကားေသာ ေတးဂီတပညာရွင္ မ်ားသည္ အလြန္ေကာင္းေသာ ေအာင္ျမင္ေရးလမ္းေၾကာင္း၏ အေထာက္အပံ့ေကာင္း ရရွိၾကသူ မ်ားပင္ျဖစ္ၾကသည္။ လက္ေကာက္ဝတ္အထက္နားကပင္ စတင္ေသာေအာင္ျမင္ေရးလမ္းေၾကာင္းသည္ ငယ္စဥ္အခ်ိန္ကပင္ ေအာင္ျမင္ျခင္း မ်ားကို ရရွိခဲ့သူျဖစ္သည္။ အသက္အ႐ြယ္ႏွင့္ လိုက္ဘက္ေသာ ေအာင္ျမင္ျခင္းမ်ားျဖင့္ စတင္ခဲ့သူျဖစ္မည့္ သူျဖစ္သည္။ အဂၤါလြင္ျပင္က စတင္သူအေနျဖင့္ အသက္ (၂၀) ဝန္းက်င္းေလာက္ကစၿပီး ဘဝရဲ႕ အခက္အခဲမ်ားကို ရင္ဆိုင္ေက်ာ္လြားၿပီး ခက္ခဲေသာခရီးလမ္းေပၚမွ ထင္းရွားေက်ာ္ၾကားလာမည့္သူျဖစ္သည္၊ အကယ္၍ တနလၤာၿဂိဳဟ္ခုံက စတင္သူျဖစ္ပါက ထူးျခားေသာ အႏုပညာဆိုင္ရာေအာင္ျမင္မႈ႕ႀကီးကို ခက္ခက္ခဲခဲရရွိၿပီး လူအမ်ားကေထာက္ခံေသာ ေအာင္ျမင္မႈ႕ ရရွိမည့္သူျဖစ္သည္။ ကံလမ္းေၾကာင္းေကာင္းမြန္သူျဖစ္ပါက အထြဋ္အထိပ္ကို ေက်ာ္ၾကားၿပီး ပရိသတ္လက္ခံ သူျဖစ္လာပါလိမ့္မည္။

ဦးေခါင္းလမ္းေၾကာင္းက စတင္ေသာ ေအာင္ျမင္ေရးလမ္းေၾကာင္းပိုင္ရွင္အေနျဖင့္ အသက္ ၃ဝေက်ာ္ ၃၅ ႏွစ္တြင္ ဘဝရဲ႕ေအာင္ျမင္ျခင္းမ်ားစတင္ရရွိလာသည့္အခ်ိန္ျဖစ္ေၾကာင္းနားလည္ရမည္။ ကံလမ္းေၾကာင္းေကာင္းပါရွိသူျဖစ္ပါက ကံေကာင္းျခင္းမ်ားစတင္ခ်ိန္လို႔လည္းေျပာလို႔ရတဲ့အခ်ိန္ျဖစ္တယ္။ ဒီလမ္းေၾကာင္းပိုင္ရွင္မ်ားဟာ ဦးေဏွာက္သုံးရတဲ့ အသိပညာ၊အတတ္ပညာဆိုင္ရာကိစၥရပ္မ်ား၊အင္ဂ်င္နီယာဆိုင္ရာတြက္ခ်က္ျခင္း၊ စီးပြားေရး၊စာရင္းအင္းဆိုင္ရာကိစၥရပ္မ်ား ေၾကာင့္ ထင္းရွားလာမည့္သူျဖစ္သည္။ အေတြးအေခၚေကာင္းမ်ားႏွင့္ ဒသနဆိုင္ရာစာေပမ်ားျဖင့္လည္း ထင္ရွားေက်ာ္ၾကား သူမ်ား ျဖစ္လာပါတယ္။ ပရိတ္သတ္အားေပးလက္ခံသူျဖစ္ၿပီး ႏိုင္ငံေရး၊စီးပြားေရးမ်ားတြင္ ထူးျခားေသာ အေတြးမ်ားေၾကာင္း ထင္ရွားသူမ်ားတြင္ ေတြ႕ရတတ္ပါတယ္။

ႏွလုံးလမ္းေၾကာင္းကေန ထြက္ေပၚလာတဲ့ ေအာင္ျမင္ေရးလမ္းေၾကာင္းေကာင္းကို ပိုင္ဆိုင္ထားသူျဖစ္ခဲ့ရင္ေတာ့ အသက္ ၄၅ ေက်ာ္ကာလမွစတင္ၿပီး ၅၀ ေက်ာ္တြင္ အထြဋ္အထိပ္ကို ေရာက္ရွိခံစားရၿပီျဖစ္သည္။ ဒီလမ္းေၾကာင္းပိုင္ရွင္ေတြဟာ ေမတၱာတရားႀကီးမားသူေတြျဖစ္တာမ်ားၿပီး သူတို႔ဘဝေလ်ာက္လမ္းခဲ့တဲ့ အေတြ႕အႀကဳံ ေတြကို အေကာင္းဆုံးျပန္ၿပီး အသုံးခ်ႏိုင္တဲ့သူေတြအျဖစ္ေတြ႕ရပါတယ္။ စာေပ၊ဂီတ၊အႏုပညာဘက္မွာ ထူးခြၽန္ၾကၿပီး လူမႈ႕ေရး၊ပရဟိတလုပ္ငန္းမ်ားႏွင့္ အက်ိဳးျပဳပညာရပ္ဆိုင္ရာ စာေပေရးသားျခင္း၊က်မ္းျပဳစုျခင္းႏွင့္ အေကာင္းဆုံးေသာ အႀကံေပးမ်ားအျဖစ္ထင္ရွားတတ္ပါတယ္။ ထိုလမ္းေၾကာင္းပါရွိသူတို႔အေနျဖင့္ ဘဝတစ္သက္တာပင္ပန္းခဲ့ တာေတြရွိေသာ္လည္း အသက္ ၅၀ ေက်ာ္အခ်ိန္ေအာင္ျမင္ေက်ာ္ၾကားၿပီးသည့္ေနာက္ပိုင္း အသက္ဆုံးသည့္အခ်ိန္အထိ ေက်ာ္ၾကားေနတတ္သူမ်ားျဖစ္သည္။ အဆုံးတြင္ ခရင္းခြပုံစံ ႏွစ္ခြပါရွိပါက ေသလြန္ၿပီးသည့္တိုင္ေအာင္ သူဖန္တီးခဲ့ေသာ အႏုပညာ၊စာေပ၊က်မ္းမ်ားသည္ ဆက္လက္ထင္ရွားေနမည္သာျဖစ္သည္။ လူေသေသာ္လည္း အမည္မေသသည္အထိ ေက်ာ္ၾကားေအာင္ျမင္တတ္သည့္သေဘာျဖစ္သည္။

ေအာင္ျမင္ေရးလမ္းေၾကာင္းနဲ႔ ပါတ္သက္လာရင္ အၾကမ္းအားျဖင့္ ေအာက္ပါအခ်က္မ်ားကို မွတ္ခ်က္အေနနဲ႔ မွတ္သားထားရပါတယ္။

- ေအာင္ျမင္ေရးလမ္းေၾကာင္းမပါရွိသူသည္ ဘဝတြင္ အထြဋ္အထိပ္ေအာင္ျမင္မႈ႕မရႏိုင္( ရပါကလည္း ခဏတာသာျဖစ္ၿပီး မၾကာခင္ ျပန္လည္ပ်က္စီးရတတ္သည္)

- ေအာင္ျမင္ေရးလမ္းေၾကာင္းပါေသာ္လည္း မထင္ရွားျခင္း၊အျပတ္အေတာက္ရွိျခင္း၊ကြၽန္း၊အဖ်က္မွတ္ရွိျခင္းမ်ား ပါရွိေနပါက ေအာင္ျမင္မႈ႕ရရွိရန္ အလြန္ခက္ခဲတတ္သည္၊ ေအာင္ျမင္ၿပီး ျပန္လည္က်ဆုံးတတ္သည္။

- ေအာင္ျမင္ေရးလမ္းေၾကာင္းသည္ လကၡဏာရွင္၏ ဂုဏ္၊သိကၡာရွိျခင္းႏွင့္ ၾသဇာႀကီးျခင္းကိုလည္း ျပသည္။

- ကံလမ္းေၾကာင္းလုံးဝမပါရွိသူအတြက္ ကံလမ္းေၾကာင္း၏ ကိုယ္စားလွယ္အျဖစ္ထမ္းေဆာင္သည္။

- ေအာင္ျမင္ေရးလမ္းေၾကာင္းကို ၾကည့္ရတြင္ ဘယ္လက္ႏွင့္ ညာလက္ႏွစ္ဘက္လုံးၾကည္ရန္လိုအပ္သည္။

ေအာင္ျမင္ေရးလမ္းေၾကာင္းသည္ လူတစ္ေယာက္အတြက္ အလြန္အေရးႀကီးလွေသာလမ္းေၾကာင္းႀကီးျဖစ္လို႔ အေသးစိတ္ေလ့လာရန္လိုအပ္ပါသည္။လက္ပုံစံ၊ၿဂိဳဟ္ခုံမ်ား ႏွင့္ အျခားေသာလမ္းေၾကာင္းမ်ားကို အေသးစိတ္ေပါင္း စပ္ေလ့လာၿပီးမွ ေအာင္ျမင္မည္အခ်ိန္ကာလ၊လုပ္ငန္း တို႔ကို စနစ္တက် လမ္းၫႊန္ေပးႏိုင္ပါေၾကာင္း တင္ျပရပါသည္။

ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box