Facebook Comments Box
ရွှေတိဂုံ စေတီတော်မြတ် အကြောင်း

စိန်အလုံးပေါင်း ၅၄၄၈ လုံး၊ ရွှေချပ် တန်ချိန် ၆၀ ( ဒေါ်လာ ၈ ဘီလျှံ ကျော် တန်ဘိုးရှိသော ) ရွှေချပ်တွေနဲ့ ကပ်လှူ ပူဇော်ထားတဲ့ ရွှေတိဂုံ စေတီတော်မြတ် အကြောင်း

တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံး ချောပေါင်း ၂၃၁၇ လုံး ကမ္ဘာက သုတေသီတွေ ပြုစုထားတဲ့ စာတမ်းတွေအရ ရွှေတိဂုံစေတီတော်ကို ရွှေတုံး ရွှေပြားများ မရေတွက်နိုင်တဲ့ ကျောက်မျက်ရတနာများနဲ့ ဘုရင်မင်းအဆက်ဆက် ခေတ်အဆက် ဆက် မွမ်းမံတည်ထားခဲ့ကြပြီး ရွှေ တိဂုံ စေတီတော်ရဲ့ လုံးပတ်ကို အ ခေါက်ရွေ တန်ချိန် ၆၀ ဖြင့် ရွှေချပ်အထူတွေ သွန်းပြီး ၀က်အူနဲ့ စုတ်ကာ လှူဒါန်းပူဇော်ထားပါတယ်၊

( ၂၀၁၃ ) ဧပြီလစာရင်းအရ ၃၂၆ ပေ မြင့်တဲ့ ရွှေတိ ဂုံစေတီတော်ရဲ့ လုံးပတ်ကို ရွှေချိန်ရွှေချပ် တန် ၆၀ ( ၈ ဘီလျှံ ဒေါ်လာကျော် လက်ရှိတန်ဘိုးရှိတဲ့ ရွှေချပ်တွေ ) နဲ့ ပတ် ပတ်လည် ၀က်အူစုတ် ထားတာပါ ပင်မ စေတီတော်ရဲ့ အောက်ပိုင်းကို ရွှေပြား ၈၆၈၈ ချပ်နဲ့ တည်ထားပြီး အလယ်ပိုင်းမှာတော့ ၁၃၁၅၃ ချပ် အထက်ပိုင်း မှာတော့ ရွှေစင် ရွှေချပ်တွေ အပြင် တန်ဘိုးကြီးစိန် အ လုံးပေါင်း ၅၄၄၈ လုံး ( ၁၈၀၀ ကာရက် ) နဲ့ ပူဇော်ထားပါတယ်၊

တန်ဘိုးမဖြတ်နိုင်တဲ့ ပတ္တမြား လုံး ချောပေါင်း ၂၃၁၇ လုံးမြောက်များစွာသောနီလာ မရေတွက်နိုင်သော ကျောက်စိမ်း လုံးချောများနဲ့ တစ်ခြားတန်ဘိုးကြီး ရတနာမြောက်များစွာဟာ လက်ရှိကာလ တန်ဘိုး ဖြတ်မရနိုင်အောင် တန်ဘိုးကြီးပါတယ် ၊

ဒါ့အပြင် ရွှေခေါင်းလောင်းပေါင်း ၁၀၆၅ လုံး ( ခန့်မှန်းခြေ ရွှေတန်ချိန် တစ်၀က် ) နဲ့ ထီးတော်ကလည်း ရွှေတန်ချိန် တစ်၀က်ကျော်ရှိပါတယ်၊ စိန်ဖူးတော် ကတော့ (၇၂) ကာရက် ရှိတဲ့ တစ်လုံးထဲ ကမ္ဘာ့ ရှား ပါး စိန်ကြီးဖြစ်ပါတယ် ဒါတွေက စေတီပြင်ပမှာရှိတဲ့ အရေအတွက်တွေပါ ရင်ပြင် ပတ်လည်က အရံစေတီတွေ ရုပ်ထုတော်တွေ မုခ်လေးမုခ်က အ ဆောက်အဦး ဌာပနာတွေ စာရင်းမပါသေးပါဘူး စေတီအတွင်း ဌာပ နာတိုက် လှိုဏ်ခေါင်းထဲက အဖိုးမဖြတ်နိုင်တဲ့ ရွှေသားအတိပြီး ရုပ်တုတွေနဲ့ စေတီအောက်ခြေ ဂူထဲက ရတနာတွေ၊ စေတီအောက်မှာ ပန္နရိုက် ဖောင်ဒေးရှင်း ခင်းထားတဲ့ ရွှေ ချောင်းတွေ မပါသေးပါဘူး၊ လော ကသုံးပါးလုံးမှာ သစ္စာတရား ကလွဲရင် တည်မြဲတဲ့အရာ ဆိုတာ မရှိပါဘူး ဖြစ်ချိန်တန်ရင် ဖြစ်လာမှာဖြစ်သလို ပျက်ချိန်တန်ရင်လည်း တားလို့ ရမှာမဟုတ်ပါ၊

ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်မှာ တစ်ချိန်တစ်ခါက မြန်မာ ရှေးဘိုးဘေးတွေ သဒ္ဓါတရား ထက်သန်စွာ တည်ထားခဲ့တဲ့ ဒဂုံဆံတော်ရှင်ကြီးမှာ ဒီလိုတန်ဘိုး မဖြတ်နိုင်တဲ့ ကမ္ဘာကတောင် သြချရတဲ့ ကမ္ဘာ့တစ်ခုထဲသော ရွှေချပ်တွေနဲ့ တည်ထားတဲ့ အကြီးဆုံးစေတီတော်ကြီး ရှိခဲ့ဘူးတာကို နောင်လာနောက်သား မြေးမြစ်တွေ သိရအောင် မှတ်တမ်းထား ခဲ့ကြပါတယ်၊

မှီငြမ်း~~~ လေးဆူဓာတ်ပုံ ရွှေတိဂုံ သမိုင်း








Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box