လူတိုင်းကျန်းမာရေးကို အထူးအလေးပေးကြသည်ပင်ဖြစ်သည်။ ကျန်းမာခြင်းသည် လဒ်ကြီးတစ်ပါးဖြစ်ရာ ကျန်းမာမှသာ လူ့ဘဝတွင် ပျော်ရွှင်စွာနေထိုင်လှုပ်ရှားနိုင်ပြီး စိတ်သွားတိုင်းကိုယ်ပါမည်ဖြစ်သည်။ ကျန်းမာရေးညံ့နေပါက မည်မျှချမ်းသာသည်ဖြစ်စေ၊ ရာထူးမည်မျှရှိသည်ဖြစ်စေ ထိုရာထူးချမ်းသာဖြင်းများကို ခံစားနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် အလွန်အရေးကြီးသော ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို လူတစ်ဦးချင်းစီအတွက် အကောင်းဆုံးတိတိ ကျကျပြောပြနေသည်မှာ လက္ခဏာပညာပင်ဖြစ်သည်။ လက်ဖဝါးပြင်တွင် လူတစ်ယောက်ချင်းစီအတွက် ကျန်းမာရေးနှင့် ဆိုင်သည့် အချက်များ များစွာပါရှိသဖြင့် အနောက်နိုင်ငံကြီးများရှိ လက္ခဏာဆိုင်ရာ သုတေသနဌာနများက ကျန်းမာရေးနှင့် ဆေးပညာဆိုင်ရာ လက္ခဏာပညာ ဟု၍ ဘာသာရပ်ကြီးတစ်ခုခွဲခြားဆောင်ရွက်လျှက်ရှိပေသည်။
လူတစ်ယောက်ရဲ့ လက္ခဏာတွင် ကျန်းမာရေးနှင့် ဆိုင်သော ကျန်းမာရေးလမ်းကြောင်းဆိုတာရှိပါတယ်။ လက်သန်းခြေရင်းကနေ အသက်လမ်းကြောင်းဘက်ကို ဦးတည်ပြီးဆင်းလာတဲ့ လမ်းကြောင်းကို ကျန်းမာရေးလမ်း ကြောင်းလို့ ခေါ်တာဖြစ်ပါတယ်။ ဒီလမ်းကြောင်းဟာ ဖျောင့်ပြီး ထင်ရှားတဲ့လမ်းကြောင်းအဖြစ် မတွေ့ရတတ်ပါဘူး။ အပြတ်အတောက်လေးတွေအနေနဲ့ တွေ့ရတာများပါတယ်။ ထင်ရှားတဲ့လမ်းကြောင်းအဖြစ် တွေ့ရတာက အလွန်နည်း တယ်လို့ ပြောရမှာပါ။ ဒီကျန်းမာရေးလမ်းကြောင်းကို လေ့လာတဲ့အခါ လက္ခဏာရှင်အတွက် -
- ကျန်းမာရေးကောင်း-မကောင်း
- ချူချာမယ့်အချိန်အတိုင်းအတာ (အသက်ပိုင်းဖြတ်ကြည့်ရမယ်)
- ဆေးရုံတက်ရမယ့်အခြေအနေ( ဘာရောဂါ၊ဘယ်အချိန်မှာ ဘယ်အတိုင်းအတာနဲ့)
- ဘယ်လိုရောဂါခံစားရမလည်း (ကုသရင် ပျောက်မလား-မပျောက်ဘူးလား)
- ခွဲစိတ်ကုသရခြင်းရှိ-မရှိ
- နာတာရှည်ရောဂါ(ကင်ဆာ-လေဖြတ်) ရမရ
- ထိခိုက်ဒဏ်ရာရရှိရာမှ ဒုက္ခိတ ဖြစ်ရမလား
စတဲ့ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အချက်တွေကို ပြောပြနိုင်ပါတယ်။
ဒီလမ်းကြောင်းကို အချို့သော ကျမ်းတွေမှာ အသဲလမ်းကြောင်းလို့ ခေါ်ကြသလို အချို့ကလည်း ဗုဒ္ဓဟူးဂြိုဟ်ခုံက ဆင်းလာတာဖြစ်လို့ ဗုဒ္ဓဟူးလမ်းကြောင်းလို့လည်းခေါ်ပါတယ်။သဲခြေ လမ်းကြောင်းလို့ ရေးတဲ့ ကျမ်းကိုလည်း ဖတ်ဖူး ပါတယ်။ ဘယ်လိုဖြစ်ပါစေ ကျန်းမာရေးကို ဖော်ပြတဲ့ ကျန်းမာရေးလမ်းကြောင်းရဲ့ အဓိပ္ပါယ်တွေက တော့အတူတူပါဘဲ။
ကျန်းမာရေးလမ်းကြောင်းဟာ ဦးခေါင်းလမ်းကြောင်းကိုဖြတ်တဲ့နေရာနဲ့ ဦးခေါင်းလမ်းကြောင်းအောက်နေရာမှာ ကျွန်းပုံပါရှိနေတဲ့အခါ ၊ဒါမှမဟုတ် လမ်းကြောင်းအပြားကြီးနေတဲ့အခါ အစာအိမ်ရောဂါရရှိမယ့်သူဖြစ်တယ်။ သာမန်မဟုတ်ဘဲ ဆေးရုံ။ဆေးခန်းပြရတဲ့အခြေအနေ အထိဖြစ်နိုင်ပါတယ်။အစားအသောက်မမှန်လို့ ဖြစ်တတ်တဲ့ရောဂါ တွေလည်း ပါလာတတ်ပြီး ဆက်စပ်တဲ့ အူလမ်းကြောင်း၊ အူအတက်ပေါက်လို့ ခွဲစိတ်ရတဲ့ အခြေအနေများကို လည်း ဒီအခြေအနေကို ကြည့်ပြီး ပြောပြနိုင်ပါတယ်။
ကျန်းမာရေးလမ်းကြောင်းဟာ ဗူဒ္ဓဟူးဂြိုဟ်ခုံကဆင်းလာပြီး အသက်လမ်းကြောင်းကို ဦးတည်တဲ့အခါ လမ်းကြောင်းအမြှင်လေးတွေများစွာနဲ့ တည်ဆောက်လာတဲ့သူဖြစ်ရင်တော့ ဒီလက္ခဏာရှင်ဟာ မကြခဏဆိုသလို ဖျားနေတတ်တယ်၊ ရာသီပေါ်ရောဂါတွေရနေတတ်တယ်၊ ချူခြာတယ်၊ အခြာရောဂါတွေ သူ့အပေါ် ကူးစက်မယ်ဆိုရင် ကူးစက်လွယ်တယ်လို့ ပြောရမှပါ။
ကျန်းမာရေးလမ်းကြောင်းမှာပါတဲ့ ကျွန်းအမှတ်အသားဟာ ဦးခေါင်းလမ်းကြာင်းကို ဖြတ်တဲ့နေရာ လောက်ကနေ ကျွန်းအမှတ်အသားတစ်ခု ထင်းရှားနေမယ်ဆိုရင် အဆုတ်ရောဂါ၊လေရှူတာနဲ့ပါတ်သက်တဲ့ ရောဂါ ရရှိနိုင်ပါတယ်။ ဒီအမှတ်အသားမှာ အခြားသော အားနည်းတဲ့ လမ်းကြောင်းတွေနဲ့ ဂြိုဟ်ခုံတွေကို ပေါင်းကြည့်မယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ( ခေတ်ပေါ်ပြောရရင် covid-19) မျိုးဖြစ်တတ်တယ်လို့ ပြောရမှာဖြစ်တယ်။
ကျန်းမာရေးလမ်းကြောင်းအမြွားလေးတွေထဲက တစ်ကြောင်းက အသက်လမ်းကြောင်းကို ထိရင် ခွဲစိတ်ကူသ ရတတ်တယ်၊ နှစ်ကြောင်းထိရင် နှစ်ခါ အထက်တောင်ခွဲရတတ်တယ်။ အသက်ပိုင်းခြားတိုးတာခြင်းကို အထူးသတိပြုတိုင်း တာရမှာဖြစ်တယ်။
ဒါကြောင့် ကျန်းမာရေးလမ်းကြောင်းဟာ လက္ခဏာမပါသင့်ဘူးလို့ အချို့ကပြောပါတယ်။ ကျန်းမာရေးလမ်း ကြောင်းပါလာရင် ဒီလမ်းကြောင်းရဲ့ အခြေအနေကိုကြည့်ပြီး ကျန်းမာရေးအခြေအနေကို လက်ပုံစံ ၊ဂြိုဟ်လုံတွေရဲ့သဘော၊ လမ်းကြောင်းတွေနဲ့ ထူးခြားအမှတ်အသားတွေကို သေချာပေါင်းစပ်ပြီး လူတစ်ယောက်ချင်းစီ အတွက် အကောင်းဆုံးကျန်းမာရေးဟောချက်တွေကို ပြောပြနိုင်ပါကြောင်း တင်ပြရပါတယ်။
ဆရာ ကင်္ကသူ
သင့္လက္ဖဝါးျပင္ကေျပာေသာ သင့္က်န္းမာေရး<<<
လူတိုင္းက်န္းမာေရးကို အထူးအေလးေပးၾကသည္ပင္ျဖစ္သည္။ က်န္းမာျခင္းသည္ လဒ္ႀကီးတစ္ပါးျဖစ္ရာ က်န္းမာမွသာ လူ႔ဘဝတြင္ ေပ်ာ္႐ႊင္စြာေနထိုင္လႈပ္ရွားႏိုင္ၿပီး စိတ္သြားတိုင္းကိုယ္ပါမည္ျဖစ္သည္။ က်န္းမာေရးညံ့ေနပါက မည္မွ်ခ်မ္းသာသည္ျဖစ္ေစ၊ ရာထူးမည္မွ်ရွိသည္ျဖစ္ေစ ထိုရာထူးခ်မ္းသာျဖင္းမ်ားကို ခံစားႏိုင္ေတာ့မည္မဟုတ္ေပ။ ထို႔ေၾကာင့္ အလြန္အေရးႀကီးေသာ က်န္းမာေရးဆိုင္ရာကိစၥရပ္မ်ားကို လူတစ္ဦးခ်င္းစီအတြက္ အေကာင္းဆုံးတိတိ က်က်ေျပာျပေနသည္မွာ လကၡဏာပညာပင္ျဖစ္သည္။ လက္ဖဝါးျပင္တြင္ လူတစ္ေယာက္ခ်င္းစီအတြက္ က်န္းမာေရးႏွင့္ ဆိုင္သည့္ အခ်က္မ်ား မ်ားစြာပါရွိသျဖင့္ အေနာက္ႏိုင္ငံႀကီးမ်ားရွိ လကၡဏာဆိုင္ရာ သုေတသနဌာနမ်ားက က်န္းမာေရးႏွင့္ ေဆးပညာဆိုင္ရာ လကၡဏာပညာ ဟု၍ ဘာသာရပ္ႀကီးတစ္ခုခြဲျခားေဆာင္႐ြက္လွ်က္ရွိေပသည္။
လူတစ္ေယာက္ရဲ႕ လကၡဏာတြင္ က်န္းမာေရးႏွင့္ ဆိုင္ေသာ က်န္းမာေရးလမ္းေၾကာင္းဆိုတာရွိပါတယ္။ လက္သန္းေျခရင္းကေန အသက္လမ္းေၾကာင္းဘက္ကို ဦးတည္ၿပီးဆင္းလာတဲ့ လမ္းေၾကာင္းကို က်န္းမာေရးလမ္း ေၾကာင္းလို႔ ေခၚတာျဖစ္ပါတယ္။ ဒီလမ္းေၾကာင္းဟာ ေဖ်ာင့္ၿပီး ထင္ရွားတဲ့လမ္းေၾကာင္းအျဖစ္ မေတြ႕ရတတ္ပါဘူး။ အျပတ္အေတာက္ေလးေတြအေနနဲ႔ ေတြ႕ရတာမ်ားပါတယ္။ ထင္ရွားတဲ့လမ္းေၾကာင္းအျဖစ္ ေတြ႕ရတာက အလြန္နည္း တယ္လို႔ ေျပာရမွာပါ။ ဒီက်န္းမာေရးလမ္းေၾကာင္းကို ေလ့လာတဲ့အခါ လကၡဏာရွင္အတြက္ -
- က်န္းမာေရးေကာင္း-မေကာင္း
- ခ်ဴခ်ာမယ့္အခ်ိန္အတိုင္းအတာ (အသက္ပိုင္းျဖတ္ၾကည့္ရမယ္)
- ေဆး႐ုံတက္ရမယ့္အေျခအေန( ဘာေရာဂါ၊ဘယ္အခ်ိန္မွာ ဘယ္အတိုင္းအတာနဲ႔)
- ဘယ္လိုေရာဂါခံစားရမလည္း (ကုသရင္ ေပ်ာက္မလား-မေပ်ာက္ဘူးလား)
- ခြဲစိတ္ကုသရျခင္းရွိ-မရွိ
- နာတာရွည္ေရာဂါ(ကင္ဆာ-ေလျဖတ္) ရမရ
- ထိခိုက္ဒဏ္ရာရရွိရာမွ ဒုကၡိတ ျဖစ္ရမလား
စတဲ့ က်န္းမာေရးနဲ႔ ဆိုင္တဲ့ အခ်က္ေတြကို ေျပာျပႏိုင္ပါတယ္။
ဒီလမ္းေၾကာင္းကို အခ်ိဳ႕ေသာ က်မ္းေတြမွာ အသဲလမ္းေၾကာင္းလို႔ ေခၚၾကသလို အခ်ိဳ႕ကလည္း ဗုဒၶဟူးၿဂိဳဟ္ခုံက ဆင္းလာတာျဖစ္လို႔ ဗုဒၶဟူးလမ္းေၾကာင္းလို႔လည္းေခၚပါတယ္။သဲေျခ လမ္းေၾကာင္းလို႔ ေရးတဲ့ က်မ္းကိုလည္း ဖတ္ဖူး ပါတယ္။ ဘယ္လိုျဖစ္ပါေစ က်န္းမာေရးကို ေဖာ္ျပတဲ့ က်န္းမာေရးလမ္းေၾကာင္းရဲ႕ အဓိပၸါယ္ေတြက ေတာ့အတူတူပါဘဲ။
က်န္းမာေရးလမ္းေၾကာင္းဟာ ဦးေခါင္းလမ္းေၾကာင္းကိုျဖတ္တဲ့ေနရာနဲ႔ ဦးေခါင္းလမ္းေၾကာင္းေအာက္ေနရာမွာ ကြၽန္းပုံပါရွိေနတဲ့အခါ ၊ဒါမွမဟုတ္ လမ္းေၾကာင္းအျပားႀကီးေနတဲ့အခါ အစာအိမ္ေရာဂါရရွိမယ့္သူျဖစ္တယ္။ သာမန္မဟုတ္ဘဲ ေဆး႐ုံ။ေဆးခန္းျပရတဲ့အေျခအေန အထိျဖစ္ႏိုင္ပါတယ္။အစားအေသာက္မမွန္လို႔ ျဖစ္တတ္တဲ့ေရာဂါ ေတြလည္း ပါလာတတ္ၿပီး ဆက္စပ္တဲ့ အူလမ္းေၾကာင္း၊ အူအတက္ေပါက္လို႔ ခြဲစိတ္ရတဲ့ အေျခအေနမ်ားကို လည္း ဒီအေျခအေနကို ၾကည့္ၿပီး ေျပာျပႏိုင္ပါတယ္။
က်န္းမာေရးလမ္းေၾကာင္းဟာ ဗူဒၶဟူးၿဂိဳဟ္ခုံကဆင္းလာၿပီး အသက္လမ္းေၾကာင္းကို ဦးတည္တဲ့အခါ လမ္းေၾကာင္းအျမႇင္ေလးေတြမ်ားစြာနဲ႔ တည္ေဆာက္လာတဲ့သူျဖစ္ရင္ေတာ့ ဒီလကၡဏာရွင္ဟာ မၾကခဏဆိုသလို ဖ်ားေနတတ္တယ္၊ ရာသီေပၚေရာဂါေတြရေနတတ္တယ္၊ ခ်ဴျခာတယ္၊ အျခာေရာဂါေတြ သူ႔အေပၚ ကူးစက္မယ္ဆိုရင္ ကူးစက္လြယ္တယ္လို႔ ေျပာရမွပါ။
က်န္းမာေရးလမ္းေၾကာင္းမွာပါတဲ့ ကြၽန္းအမွတ္အသားဟာ ဦးေခါင္းလမ္းၾကာင္းကို ျဖတ္တဲ့ေနရာ ေလာက္ကေန ကြၽန္းအမွတ္အသားတစ္ခု ထင္းရွားေနမယ္ဆိုရင္ အဆုတ္ေရာဂါ၊ေလရႉတာနဲ႔ပါတ္သက္တဲ့ ေရာဂါ ရရွိႏိုင္ပါတယ္။ ဒီအမွတ္အသားမွာ အျခားေသာ အားနည္းတဲ့ လမ္းေၾကာင္းေတြနဲ႔ ၿဂိဳဟ္ခုံေတြကို ေပါင္းၾကည့္မယ္ဆိုရင္ အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ( ေခတ္ေပၚေျပာရရင္ covid-19) မ်ိဳးျဖစ္တတ္တယ္လို႔ ေျပာရမွာျဖစ္တယ္။
က်န္းမာေရးလမ္းေၾကာင္းအႁမြားေလးေတြထဲက တစ္ေၾကာင္းက အသက္လမ္းေၾကာင္းကို ထိရင္ ခြဲစိတ္ကူသ ရတတ္တယ္၊ ႏွစ္ေၾကာင္းထိရင္ ႏွစ္ခါ အထက္ေတာင္ခြဲရတတ္တယ္။ အသက္ပိုင္းျခားတိုးတာျခင္းကို အထူးသတိျပဳတိုင္း တာရမွာျဖစ္တယ္။
ဒါေၾကာင့္ က်န္းမာေရးလမ္းေၾကာင္းဟာ လကၡဏာမပါသင့္ဘူးလို႔ အခ်ိဳ႕ကေျပာပါတယ္။ က်န္းမာေရးလမ္း ေၾကာင္းပါလာရင္ ဒီလမ္းေၾကာင္းရဲ႕ အေျခအေနကိုၾကည့္ၿပီး က်န္းမာေရးအေျခအေနကို လက္ပုံစံ ၊ၿဂိဳဟ္လုံေတြရဲ႕သေဘာ၊ လမ္းေၾကာင္းေတြနဲ႔ ထူးျခားအမွတ္အသားေတြကို ေသခ်ာေပါင္းစပ္ၿပီး လူတစ္ေယာက္ခ်င္းစီ အတြက္ အေကာင္းဆုံးက်န္းမာေရးေဟာခ်က္ေတြကို ေျပာျပႏိုင္ပါေၾကာင္း တင္ျပရပါတယ္။
ဆရာ ကကၤသူ
Be the first to comment