Facebook Comments Box
လက်စွပ် ဝတ်ထားတာတဲ့ လက်ချောင်းကို ကြည့်ပြီး သိနိုင်မယ့် သင့်အကြောင်း

လက်စွပ် ဝတ်ထားတာတဲ့ လက်ချောင်းကို ကြည့်ပြီး သိနိုင်မယ့် သင့်အကြောင်း

သင်ဟာ အရမ်းလှတဲ့ လက်စွပ်တစ်ကွင်းကို ဝယ်လိုက်တယ်ဆိုပါတော့။ ဘယ်လက်ချောင်းမှာ စွပ်ရတာအကြိုက်ဆုံးလဲ။ ကဲ ရွေးပြီးပြီဆိုရင်တော့ အဖြေလေးကို ကြည့်လိုက်နော်။

(၁) လက်မ

လက်မမှာ လက်စွပ်ဝတ်တတ်တဲ့ သူတွေဟာ ဘယ်လောက်ခက်ခဲတဲ့ အခြေအနေတွေကိုမဆို သူတို့ဘာသာသူတို့ ကောင်းကောင်း ထိန်းနိုင်ကြတဲ့အထိ စိတ်ခွန်အားကြီးသူတွေပါ။

(၂) လက်ညှိုး

လက်ညှိုးမှာ ဝတ်တတ်သူဆိုရင်တော့ သင်ဟာ တစ်ခါတလေ မာန်မာနကြီးလွန်းသူ တစ်ယောက်ဖြစ်သလို၊ သူတစ်ပါးနဲ့မတူပဲ ကွဲထွက်နေတတ်သူပါ။ ဘယ်လိုပဲဖြစ်ဖြစ် လက်ညှိုးမှာ လက်စွပ်ဝတ်တတ် သူတွေဟာ ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသူတွေပါ။ ချမ်းသာကြွယ်ဝမယ့် သူတွေလည်းဖြစ်ပါတယ်။

(၃) လက်ခလယ်

လက်ခလယ်မှာ လက်စွပ်ဝတ်တတ်သူတွေဟာ မျှတတဲ့သဘော လက္ခဏာရှိသူတွေပါ။ သူတစ်ပါးနဲ့ဖြစ်စေ၊ အရာအားလုံးနဲ့ သင့်တင့်မျှတစွာ နေထိုင်တတ်သူ တစ်ယောက်ပါ။ လက်ခလယ်မှာ လက်စွပ်ဝတ်တဲ့သူတွေဟာ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ကြပါတယ်။

(၄) လက်သန်းကြွယ်

လက်ထပ်လက်စွပ် မဟုတ်ပဲ လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ရတာ နှစ်သက်တဲ့သူတွေဟာ လက်ထပ်ချင်တဲ့ စိတ်ဆန္ဒရှိသူတွေပါ။ နောက်တစ်မျိုးကတော့ သူတို့ဟာ အောင်မြင်ခြင်းတွေကို ရရှိမယ့်သူတွေပါ။ အလှအပနဲ့ တီထွင်ဖန်တီးရတာကို နှစ်သက်သူတွေဖြစ်ပါတယ်။

(၅) လက်သန်း

လက်သန်းမှာဆိုရင်တော့ သင်ဟာ အရမ်းလူမှုဆက်ဆံရေး ကောင်းမွန်တဲ့သူပါ။ စကားလည်းများသလို ပွင့်လင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပြီး ဉာဏ်ရည်မြင့်မားခြင်းရဲ့ လက္ခဏာတစ်ခုလည်း ဖြစ်ပါတယ်။

Em Em



(၁) လက်မ


(၂) လက်ညှိုး


(၃) လက်ခလယ်


(၄) လက်သန်းကြွယ်


(၅) လက်သန်း


Em Em

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box