တစ်ယောက်နဲ့ တစ်ယောက်အသက်ပေးမတတ် ချစ်နေပေမယ့် အကြောင်းကြောင်းကြောင့် ဝေးရမလိုဖြစ်နေတဲ့ ချစ်သူတွေအတွက်.
တစ်ယောက်နဲ့ တစ်ယောက် အသက်ပေးမတတ် ချစ်နေကြပေမယ့် အကြောင်းကြောင်းကြောင့် ဝေးရမလိုဖြစ်နေတဲ့ ချစ်သူတွေ. ဘဝခရီးကို ရာသက်ပန်လျှောက်လှမ်းနိုင်ဖို့
ယတြာ.လိုအပ်တာတွေက..
၁။ ရေတော်ကပ်လှူဖို့ ဖန်ခွက်အကြည် ၂လုံး
၂။ ပန်းကန်ပြား အလတ်( quater plate)၁ချပ်
၃။အပြစ်အနာအဆာကင်းတဲ့ စွယ်တော်ရွက် ၁ ရွက် ။
ဆောင်ရွက်ရမှာက
၁။ အပြစ်အနာအဆာကင်းတဲ့ စွယ်တော်ရွက် ၁ ရွက်ကို ဖုံနဲ့ အညစ်အကြေးတွေ သေသေ ချာချာသန့်စင်ပြီး ချစ်သူနှစ်ဦးရဲ့ မွေးနံနဲ့ နာမည်တွေကို စွယ်တော်ရွက်ရဲ့ ရွက်လွှာတစ်လွှာစီမှာ ရေးရမယ် ။
ဥပမာ။ ။ တနင်္ဂနွေသား အောင်အောင် ကို ဝဲဖက်ရက်လွှာမှာ ရေး ကြာသပတေးသမီး မိုးမိုး ကို ယာဖက် ရွက်လွှာမှာရေး ။
မွေးနံနဲ့ နာမည်တွေရေးရာမှာ ball point နဲ့ ရေးလို့ရတယ် ၊ ရေးရင် စွယ်တော်ရွက်ကို အနာအဆာ မဖြစ်ဖို့ သတိထားရေးရမယ်။
၂။ နှစ်ဦးသားရဲ့ မွေးနံနဲ့ အမည်တွေ ရေးထားတဲ့ စွယ်တော်ရွက်ကို ပန်းကန်ပြားပေါ် သပ်သပ်ရပ်ရပ်တင်။
၃။ စွယ်တော်ရွက်ပေါ်မှာရေတော်ဖန်ခွက်အကြည် နှစ်လုံးကို ထိအောင်ထား၊ ရေတော်ဖြည့်၊ပြီးရင် ရေတော်ကို မြတ်ဗုဒ္ဓအား ရည်မှန်းပြီးလှူပါ။
၄။ လှူဒါန်းရာမှာ မြတ်ဗုဒ္ဓရဲ့ ဂုဏ်တော်များကိုပွားထုံပြီးမှ ဆက်ကပ်လှူဒါန်းပါ။
၅။ ရေတော်ကို လှူဒါန်းပြီးရင် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကိုသက်သေထားပြီးသစ္စာပြုပါ။ မိမိတို့ အဆင်ပြေသလို သစ္စာစကားဆိုပြီးသစ္စာပြုနိုင်ပါတယ်။
သစ္စာဆိုပြီးရင် တူနှစ်ကိုယ် ဘဝခရီးကို ရာသက်ပန် အတူတကွ လျှောက်လှမ်းရပါစေကြောင်း ဆုတောင်းပါ။
၆။ ဒီရေတော်အလှူ ယတြာကို မိမိတို့အိမ်မှာပူဇော်ထားတဲ့ ဘုရားမှာဖြစ်စေ၊ စေတီတစ်ဆူဆူကဘုရားမှာဖြစ်စေ လှူဒါန်းပြုလုပ်နိုင်ပါတယ်။
ဘယ်နှစ်ကြိမ်ဖြစ်ဖြစ် လှူဒါန်းပြုလုပ်နိုင်ပါတယ်။ အကြိမ်များလေလေ ပိုမို အဆင်ပြေနိင်လေလေပါ ။
ရေတော်အလှူယတြာ ပိုမိုစွမ်းစေဖို့ ရေတော်မလှူမီ ရတနာသုံးပါး မိဘဆရာသမားများကို သေသေချာချာကန်တော့ ၊ ငါးပါးသီလ ခံယူဆောက်တည်ပါ ။
မှတ်ချက်။ ။ အခုပြောပြတဲ့ ရေတော်အလှူယတြာဟာ တစ်ယောက်နဲ့ တစ်ယောက် အမှန်တကယ် သစ္စာရှိရှိနဲ့ ချစ်မြတ်နိုးကြသူတွေအတွက်သာ အစွမ်းထက်နိုင်ပါတယ်။
ကိုယ့်ဖက်ကပဲ တစ်ဖက်သတ် ချစ်နေရင် ဆောင်ရွက်လို့ မအောင်မြင်နိုင်ပါ။ မဖြစ်နိုင်ပါ။ ပြီးတော့ အပျော်သဘောနဲ့ ကြံစည်ကြသူတွေအတွက်လည်း လုံးဝ အောက်မြင်မည်မဟုတ်ပါ။
တူနှစ်ကိုယ်ချစ်ခရီးလမ်းကို အဟန့်အတားအဆီးအတားဖြစ်စေအောင် ဖန်တီးနေသူတွေအပေါ် မေတ္တာမပျက်ပါနဲ့ ။ စိတ်ရှည်ရှည်ထားပြီး သည်းခံပေးပါ ။
(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေရှင် ဗေဒင် ဆရာမ အင်ကြင်းမေ
တစ္ေယာက္နဲ႔ တစ္ေယာက္အသက္ေပးမတတ္ ခ်စ္ေနေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေဝးရမလိုျဖစ္ေနတဲ့ ခ်စ္သူေတြအတြက္
တစ္ေယာက္နဲ႔ တစ္ေယာက္ အသက္ေပးမတတ္ ခ်စ္ေနၾကေပမယ့္ အေၾကာင္းေၾကာင္းေၾကာင့္ ေဝးရမလိုျဖစ္ေနတဲ့ ခ်စ္သူေတြ. ဘဝခရီးကို ရာသက္ပန္ေလွ်ာက္လွမ္းႏိုင္ဖို႔
ယၾတာ.လိုအပ္တာေတြက..
၁။ ေရေတာ္ကပ္လႉဖို႔ ဖန္ခြက္အၾကည္ ၂လုံး
၂။ ပန္းကန္ျပား အလတ္( quater plate)၁ခ်ပ္
၃။အျပစ္အနာအဆာကင္းတဲ့ စြယ္ေတာ္႐ြက္ ၁ ႐ြက္ ။
ေဆာင္႐ြက္ရမွာက
၁။ အျပစ္အနာအဆာကင္းတဲ့ စြယ္ေတာ္႐ြက္ ၁ ႐ြက္ကို ဖုံနဲ႔ အညစ္အေၾကးေတြ ေသေသ ခ်ာခ်ာသန႔္စင္ၿပီး ခ်စ္သူႏွစ္ဦးရဲ႕ ေမြးနံနဲ႔ နာမည္ေတြကို စြယ္ေတာ္႐ြက္ရဲ႕ ႐ြက္လႊာတစ္လႊာစီမွာ ေရးရမယ္ ။
ဥပမာ။ ။ တနဂၤေႏြသား ေအာင္ေအာင္ ကို ဝဲဖက္ရက္လႊာမွာ ေရး ၾကာသပေတးသမီး မိုးမိုး ကို ယာဖက္ ႐ြက္လႊာမွာေရး ။
ေမြးနံနဲ႔ နာမည္ေတြေရးရာမွာ ball point နဲ႔ ေရးလို႔ရတယ္ ၊ ေရးရင္ စြယ္ေတာ္႐ြက္ကို အနာအဆာ မျဖစ္ဖို႔ သတိထားေရးရမယ္။
၂။ ႏွစ္ဦးသားရဲ႕ ေမြးနံနဲ႔ အမည္ေတြ ေရးထားတဲ့ စြယ္ေတာ္႐ြက္ကို ပန္းကန္ျပားေပၚ သပ္သပ္ရပ္ရပ္တင္။
၃။ စြယ္ေတာ္႐ြက္ေပၚမွာေရေတာ္ဖန္ခြက္အၾကည္ ႏွစ္လုံးကို ထိေအာင္ထား၊ ေရေတာ္ျဖည့္၊ၿပီးရင္ ေရေတာ္ကို ျမတ္ဗုဒၶအား ရည္မွန္းၿပီးလႉပါ။
၄။ လႉဒါန္းရာမွာ ျမတ္ဗုဒၶရဲ႕ ဂုဏ္ေတာ္မ်ားကိုပြားထုံၿပီးမွ ဆက္ကပ္လႉဒါန္းပါ။
၅။ ေရေတာ္ကို လႉဒါန္းၿပီးရင္ သမၼာေဒဝနတ္ေကာင္းနတ္ျမတ္မ်ားကိုသက္ေသထားၿပီးသစၥာျပဳပါ။ မိမိတို႔ အဆင္ေျပသလို သစၥာစကားဆိုၿပီးသစၥာျပဳႏိုင္ပါတယ္။
သစၥာဆိုၿပီးရင္ တူႏွစ္ကိုယ္ ဘဝခရီးကို ရာသက္ပန္ အတူတကြ ေလွ်ာက္လွမ္းရပါေစေၾကာင္း ဆုေတာင္းပါ။
၆။ ဒီေရေတာ္အလႉ ယၾတာကို မိမိတို႔အိမ္မွာပူေဇာ္ထားတဲ့ ဘုရားမွာျဖစ္ေစ၊ ေစတီတစ္ဆူဆူကဘုရားမွာျဖစ္ေစ လႉဒါန္းျပဳလုပ္ႏိုင္ပါတယ္။
ဘယ္ႏွစ္ႀကိမ္ျဖစ္ျဖစ္ လႉဒါန္းျပဳလုပ္ႏိုင္ပါတယ္။ အႀကိမ္မ်ားေလေလ ပိုမို အဆင္ေျပနိင္ေလေလပါ ။
ေရေတာ္အလႉယၾတာ ပိုမိုစြမ္းေစဖို႔ ေရေတာ္မလႉမီ ရတနာသုံးပါး မိဘဆရာသမားမ်ားကို ေသေသခ်ာခ်ာကန္ေတာ့ ၊ ငါးပါးသီလ ခံယူေဆာက္တည္ပါ ။
မွတ္ခ်က္။ ။ အခုေျပာျပတဲ့ ေရေတာ္အလႉယၾတာဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အမွန္တကယ္ သစၥာရွိရွိနဲ႔ ခ်စ္ျမတ္ႏိုးၾကသူေတြအတြက္သာ အစြမ္းထက္ႏိုင္ပါတယ္။
ကိုယ့္ဖက္ကပဲ တစ္ဖက္သတ္ ခ်စ္ေနရင္ ေဆာင္႐ြက္လို႔ မေအာင္ျမင္ႏိုင္ပါ။ မျဖစ္ႏိုင္ပါ။ ၿပီးေတာ့ အေပ်ာ္သေဘာနဲ႔ ႀကံစည္ၾကသူေတြအတြက္လည္း လုံးဝ ေအာက္ျမင္မည္မဟုတ္ပါ။
တူႏွစ္ကိုယ္ခ်စ္ခရီးလမ္းကို အဟန႔္အတားအဆီးအတားျဖစ္ေစေအာင္ ဖန္တီးေနသူေတြအေပၚ ေမတၱာမပ်က္ပါနဲ႔ ။ စိတ္ရွည္ရွည္ထားၿပီး သည္းခံေပးပါ ။
(၇)ရက္ သားသမီးမ်ား စိတ္၏ခ်မ္းသာ၊ ကိုယ္၏က်န္းမာျခင္း တို႔ျဖင့္ ျပည့္စုံၾကပါေစရွင္ ေဗဒင္ ဆရာမ အင္ၾကင္းေမ
Be the first to comment