Facebook Comments Box
ဒုတိယကမ္ဘာစစ်အတွင်း ၈လနဲ့၅ရက် ဂျာမန်တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတာကို ခံခဲ့ရတဲ့ ဗြိတိန်တို့ ဘယ်လိုကြံကြံခံကျော်ဖြတ်ခဲ့လဲ

ဒုတိယကမ္ဘာစစ်အတွင်း ၈လနဲ့၅ရက် ဂျာမန်တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတာကို ခံခဲ့ရတဲ့ ဗြိတိန်တို့ ဘယ်လိုကြံကြံခံကျော်ဖြတ်ခဲ့လဲ.

ကမ္ဘာ့သမိုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တို့ရဲ့ လေကြောင်းကနေ ဗုံးကြဲတာကို ခံခဲ့ရတဲ့ ဗြိတိန်လောက် ကြံ့ကြံ့ခံခဲ့ရတဲ့နိုင်ငံ မရှိခဲ့ပါဘူး။ ရှစ်လနဲ့ ငါးရက်တိုင်တိုင် ညစဉ်မပြတ် ဗုံးတန်ချိန်ပေါင်းများစွာ ကြဲချခံရချိန်ဗြိတိသျှတို့ ဘယ်လိုများ ထိုအခက်အခဲကို ကျော်ဖြတ်ခဲ့သလဲဆိုတာ အလွန်စိတ်ဝင်စားဖို့ ကောင်းတယ်။

တစ်ညထဲ လူထောင်ချီ သေတယ်။ ဗုံးခိုကျင်းထဲ ဗုံးကျလာရင် တစ်လုံးထဲနဲ့ ဒါဇင်နဲ့ချီ သေတယ်။ ကလေးတစ်ယောက်ရဲ့ လက်မောင်းပြတ်ကို ခွေးချီသွားတာမျိုး၊ ကလေးမလေးတစ်ယောက် တစ်ကိုယ်လုံး မြောက်တက်ပြီး အခြားခြံထဲ ပစ်ကျသေသွားတာမျိုးတွေဟာ မြင်ရိုးမြင်စဉ်လိုကို ဖြစ်ခဲ့တယ်။

ဒါပေမယ့် နီရှေးပြောသလို ‘အသက်ရှင်ချင်တဲ့သူဟာ အသက်ရှင်မယ့် နည်းလမ်းကို သိသလို’ ဗြိတိသျှတွေ အသက်ရှင်အောင် ကျင့်ကြံနေထိုင်နိုင်ခဲ့တယ်။

နိုင်ငံတစ်ခုဟာ အခက်အခဲကြုံတိုင်း ဂျာမန်တို့ရဲ့ ဗုံးဒဏ်ကို ကြံ့ကြံ့ခံခဲ့တဲ့ ဗြိတိသျှတို့ရဲ့ သမိုင်းဝင်စိတ်ဓာတ်ကို ပြန်ကြည့်ရစမြဲပဲ။ ဂျာမန်ဗုံးဒဏ်ကို ဗြိတိသျှတို့ ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့သလဲဆိုတော့

1️⃣ ကယ်သူမဲ့ မဖြစ်အောင်နေ

ဂျာမန်လေတပ် ဗုံးလာကြဲတိုင်း ဗြိတိသျှ တော်ဝင်လေတပ်ဟာ ရှိသမျှ လေယာဉ်တွေနဲ့ ပျံတက်ပြီး ခုခံတိုက်ခိုက်တယ်။ ခေါင်မိုးထိပ်တွေကနေ လေယာဉ်ပစ် သေနတ်တွေနဲ့ ပြန်ပစ်ကြတယ်။ ညအချိန်မျိုးမှာ လေယာဉ်ပစ်သေနတ်နဲ့ ဂျာမန်လေယာဉ်ကို ပျက်ကျလာအောင် ပစ်ချဖို့ဆိုတာ မလွယ်တာ ဗြိတိသျှတို့ သိပါတယ်။ ဒါပေမယ့် သူတို့လိုချင်တာက သူတို့ဟာ ကယ်သူမဲ့ မဟုတ်ဘူး။ လည်စင်းပေးနေသူတွေ မဟုတ်ဘူး။ ရသမျှနဲ့ ခုခံနေတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး။ ဒီစိတ်ဓာတ်ဟာ အလွန်အရေးပါခဲ့တယ်။

2️⃣ စုစုစည်းစည်းနေ

ဗုံးခိုကျင်းတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် ခေါင်းချင်းရိုက်ပြီး အိပ်ခဲ့ကြရတယ်။ အခက်အခဲတွေကို အတူရင်ဆိုင်ခဲ့ကြတယ်။ အဆိုတော်တွေဟာ အခမဲ့ ဖျော်ဖြေပေးသလို သူတို့ပွဲတွေမှာလည်း လူက ကြိတ်ကြိတ်တိုး။ တစ်ယောက်ထဲ အထီးကျန်နေတာမျိုး မခံစားရအောင် အချင်းချင်း အမြဲထိတွေ့နေတယ်။ နေ့စဉ် ပျော်စရာ၊ ရယ်စရာ၊ စိတ်ထွက်ပေါက်ရစရာတွေကို ရှာကြံလုပ်ကြတယ်။ အချင်းချင်း အားပေးကူညီကြတယ်။

3️⃣ ရယ်ရယ်မောမောနေ

ပျက်စီးဆုံးရှုံးမှုတွေကိုတောင် ရယ်စရာအဖြစ် ပြောင်းပြောကြတယ်။ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ရာမှာ ဒါဟာ အလွန်အသုံးဝင်တယ်။

4️⃣ ယုံကြည်မှု

ဗြိတိသျှတွေဟာ သူတို့ရပ်တည်ချက်သည် မှန်ကန်သော ရပ်တည်ချက်၊ ဟစ်တလာသည် မကောင်းဆိုးဝါး။ ဒါကြောင့် သူတို့ခံနိုင်ရည် ရှိရမယ်ဆိုတဲ့ စွဲမြဲတဲ့ ယုံကြည်မှုကို ကိုင်စွဲထားကြတယ်။

5️⃣ တန်းတူညီမျှမှု

ပဋိပက္ခ ပရမ်းပတာဖြစ်တိုင်း ဆင်းရဲသားတွေဟာ တန်းတူမဆက်ဆံခံရဘူးဆိုတဲ့ အတွေးဝင်တာ ထုံးစံပဲ။ ဗုံးလာကြဲတိုင်း အလုပ်သမား လူတန်းစားတွေဟာ ဇိမ်ခံဟော်တယ်ကြီးတွေထဲက ဗုံးခိုကျင်းတွေထဲ လုဝင်ကြတယ်။ သူတို့မှာလည်း ဒီလိုအခွင့်အရေးရှိတယ်လို့ ယူဆကြတယ်။ အစိုးရကလည်း တတ်နိုင်သမျှ တန်းတူဖြစ်အောင် လုပ်ပေးတယ်။ ရာရှင်ပေးရာမှာ အားလုံးညီတူပဲ။ ဘက်ကင်ဟမ်နန်းတော် ဗုံးထိတာကို မိဖုရားကြီးက သူလည်း ပြည်သူနဲ့အတူ ဗုံးဒဏ်ခံရတယ်ဆိုပြီး ဝမ်းသာတယ်။

ဂျာမန်တို့ ဗုံးအကြီးအကျယ် လာမချခင် တစ်ညနေမှာ ဗုံးဒဏ်အကြီးအကျယ်ခံရမယ့် နေရာကို ဝန်ကြီးချုပ် ချာချီ ကားနဲ့ပတ်ကြည့်တယ်။ ဝန်ကြီးချုပ်ဟာ ပြည်သူတွေနည်းတူ အန္တရာယ်ကြားမှာ သွားလာနေတာကို ပြည်သူတွေ မြင်ရသလို၊ ဗုံးကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ နေရာတွေကို ဝန်ကြီးချုပ် ပတ်ကြည့်တာလည်း ခဏခဏပဲ။ ချာချီဟာ တစ်ခါတလေ လူမြင်ကွင်းထဲမှာ ကျူကျူပါအောင် ငိုချင်ငိုချလိုက်သေးတာ မဟုတ်လား။

Ref: ‘How to Survive the Blitz’, David Brooks, MARCH 29, 2020, The Atlantic.

Credit: NWM

ဒုတိယကမာၻစစ္အတြင္း ၈လနဲ႔၅ရက္ ဂ်ာမန္တို႔ရဲ႕ ေလေၾကာင္းကေန ဗုံးႀကဲတာကို ခံခဲ့ရတဲ့ ၿဗိတိန္တို႔ ဘယ္လိုႀကံႀကံခံေက်ာ္ျဖတ္ခဲ့လဲ

ကမာၻ႔သမိုင္းမွာ ဒုတိယကမာၻစစ္အတြင္း ဂ်ာမန္တို႔ရဲ႕ ေလေၾကာင္းကေန ဗုံးႀကဲတာကို ခံခဲ့ရတဲ့ ၿဗိတိန္ေလာက္ ႀကံ့ႀကံ့ခံခဲ့ရတဲ့ႏိုင္ငံ မရွိခဲ့ပါဘူး။ ရွစ္လနဲ႔ ငါးရက္တိုင္တိုင္ ညစဥ္မျပတ္ ဗုံးတန္ခ်ိန္ေပါင္းမ်ားစြာ ႀကဲခ်ခံရခ်ိန္ၿဗိတိသွ်တို႔ ဘယ္လိုမ်ား ထိုအခက္အခဲကို ေက်ာ္ျဖတ္ခဲ့သလဲဆိုတာ အလြန္စိတ္ဝင္စားဖို႔ ေကာင္းတယ္။

တစ္ညထဲ လူေထာင္ခ်ီ ေသတယ္။ ဗုံးခိုက်င္းထဲ ဗုံးက်လာရင္ တစ္လုံးထဲနဲ႔ ဒါဇင္နဲ႔ခ်ီ ေသတယ္။ ကေလးတစ္ေယာက္ရဲ႕ လက္ေမာင္းျပတ္ကို ေခြးခ်ီသြားတာမ်ိဳး၊ ကေလးမေလးတစ္ေယာက္ တစ္ကိုယ္လုံး ေျမာက္တက္ၿပီး အျခားၿခံထဲ ပစ္က်ေသသြားတာမ်ိဳးေတြဟာ ျမင္႐ိုးျမင္စဥ္လိုကို ျဖစ္ခဲ့တယ္။

ဒါေပမယ့္ နီေရွးေျပာသလို ‘အသက္ရွင္ခ်င္တဲ့သူဟာ အသက္ရွင္မယ့္ နည္းလမ္းကို သိသလို’ ၿဗိတိသွ်ေတြ အသက္ရွင္ေအာင္ က်င့္ႀကံေနထိုင္ႏိုင္ခဲ့တယ္။

ႏိုင္ငံတစ္ခုဟာ အခက္အခဲႀကဳံတိုင္း ဂ်ာမန္တို႔ရဲ႕ ဗုံးဒဏ္ကို ႀကံ့ႀကံ့ခံခဲ့တဲ့ ၿဗိတိသွ်တို႔ရဲ႕ သမိုင္းဝင္စိတ္ဓာတ္ကို ျပန္ၾကည့္ရစၿမဲပဲ။ ဂ်ာမန္ဗုံးဒဏ္ကို ၿဗိတိသွ်တို႔ ဘယ္လိုရင္ဆိုင္ ေက်ာ္လႊားခဲ့သလဲဆိုေတာ့

1️⃣ ကယ္သူမဲ့ မျဖစ္ေအာင္ေန

ဂ်ာမန္ေလတပ္ ဗုံးလာႀကဲတိုင္း ၿဗိတိသွ် ေတာ္ဝင္ေလတပ္ဟာ ရွိသမွ် ေလယာဥ္ေတြနဲ႔ ပ်ံတက္ၿပီး ခုခံတိုက္ခိုက္တယ္။ ေခါင္မိုးထိပ္ေတြကေန ေလယာဥ္ပစ္ ေသနတ္ေတြနဲ႔ ျပန္ပစ္ၾကတယ္။ ညအခ်ိန္မ်ိဳးမွာ ေလယာဥ္ပစ္ေသနတ္နဲ႔ ဂ်ာမန္ေလယာဥ္ကို ပ်က္က်လာေအာင္ ပစ္ခ်ဖို႔ဆိုတာ မလြယ္တာ ၿဗိတိသွ်တို႔ သိပါတယ္။ ဒါေပမယ့္ သူတို႔လိုခ်င္တာက သူတို႔ဟာ ကယ္သူမဲ့ မဟုတ္ဘူး။ လည္စင္းေပးေနသူေတြ မဟုတ္ဘူး။ ရသမွ်နဲ႔ ခုခံေနတယ္ဆိုတဲ့ စိတ္ဓာတ္မ်ိဳး။ ဒီစိတ္ဓာတ္ဟာ အလြန္အေရးပါခဲ့တယ္။

2️⃣ စုစုစည္းစည္းေန

ဗုံးခိုက်င္းေတြထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ ေခါင္းခ်င္း႐ိုက္ၿပီး အိပ္ခဲ့ၾကရတယ္။ အခက္အခဲေတြကို အတူရင္ဆိုင္ခဲ့ၾကတယ္။ အဆိုေတာ္ေတြဟာ အခမဲ့ ေဖ်ာ္ေျဖေပးသလို သူတို႔ပြဲေတြမွာလည္း လူက ႀကိတ္ႀကိတ္တိုး။ တစ္ေယာက္ထဲ အထီးက်န္ေနတာမ်ိဳး မခံစားရေအာင္ အခ်င္းခ်င္း အၿမဲထိေတြ႕ေနတယ္။ ေန႔စဥ္ ေပ်ာ္စရာ၊ ရယ္စရာ၊ စိတ္ထြက္ေပါက္ရစရာေတြကို ရွာႀကံလုပ္ၾကတယ္။ အခ်င္းခ်င္း အားေပးကူညီၾကတယ္။

3️⃣ ရယ္ရယ္ေမာေမာေန

ပ်က္စီးဆုံးရႈံးမႈေတြကိုေတာင္ ရယ္စရာအျဖစ္ ေျပာင္းေျပာၾကတယ္။ စိတ္ဖိစီးမႈေတြကို ေျဖေဖ်ာက္ရာမွာ ဒါဟာ အလြန္အသုံးဝင္တယ္။

4️⃣ ယုံၾကည္မႈ

ၿဗိတိသွ်ေတြဟာ သူတို႔ရပ္တည္ခ်က္သည္ မွန္ကန္ေသာ ရပ္တည္ခ်က္၊ ဟစ္တလာသည္ မေကာင္းဆိုးဝါး။ ဒါေၾကာင့္ သူတို႔ခံႏိုင္ရည္ ရွိရမယ္ဆိုတဲ့ စြဲၿမဲတဲ့ ယုံၾကည္မႈကို ကိုင္စြဲထားၾကတယ္။

5️⃣ တန္းတူညီမွ်မႈ

ပဋိပကၡ ပရမ္းပတာျဖစ္တိုင္း ဆင္းရဲသားေတြဟာ တန္းတူမဆက္ဆံခံရဘူးဆိုတဲ့ အေတြးဝင္တာ ထုံးစံပဲ။ ဗုံးလာႀကဲတိုင္း အလုပ္သမား လူတန္းစားေတြဟာ ဇိမ္ခံေဟာ္တယ္ႀကီးေတြထဲက ဗုံးခိုက်င္းေတြထဲ လုဝင္ၾကတယ္။ သူတို႔မွာလည္း ဒီလိုအခြင့္အေရးရွိတယ္လို႔ ယူဆၾကတယ္။ အစိုးရကလည္း တတ္ႏိုင္သမွ် တန္းတူျဖစ္ေအာင္ လုပ္ေပးတယ္။ ရာရွင္ေပးရာမွာ အားလုံးညီတူပဲ။ ဘက္ကင္ဟမ္နန္းေတာ္ ဗုံးထိတာကို မိဖုရားႀကီးက သူလည္း ျပည္သူနဲ႔အတူ ဗုံးဒဏ္ခံရတယ္ဆိုၿပီး ဝမ္းသာတယ္။

ဂ်ာမန္တို႔ ဗုံးအႀကီးအက်ယ္ လာမခ်ခင္ တစ္ညေနမွာ ဗုံးဒဏ္အႀကီးအက်ယ္ခံရမယ့္ ေနရာကို ဝန္ႀကီးခ်ဳပ္ ခ်ာခ်ီ ကားနဲ႔ပတ္ၾကည့္တယ္။ ဝန္ႀကီးခ်ဳပ္ဟာ ျပည္သူေတြနည္းတူ အႏၲရာယ္ၾကားမွာ သြားလာေနတာကို ျပည္သူေတြ ျမင္ရသလို၊ ဗုံးေၾကာင့္ အႀကီးအက်ယ္ ပ်က္စီးသြားတဲ့ ေနရာေတြကို ဝန္ႀကီးခ်ဳပ္ ပတ္ၾကည့္တာလည္း ခဏခဏပဲ။ ခ်ာခ်ီဟာ တစ္ခါတေလ လူျမင္ကြင္းထဲမွာ က်ဴက်ဴပါေအာင္ ငိုခ်င္ငိုခ်လိုက္ေသးတာ မဟုတ္လား။

Ref: ‘How to Survive the Blitz’, David Brooks, MARCH 29, 2020, The Atlantic.

Credit: NWM

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box