
ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်မှ အလွဲသုံးစား မလုပ်ဖူးကြောင်း ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့ သမီးဖြစ်သူ သစ္စာဆိုဖွင့်ဟ
ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်)ဒေါ်ရွှေဇီးကွက်တို့ဟာ ပြည်သူလူထုက ယုံကြည် စွာလှူဒါန်းထားတဲ့ငွေနဲ့ ဝတ္ထုပစ္စည်းတွေကို ဘယ်တုန်းကမှ ကိုယ်ရေးကိုယ်တာ ကိုယ်ကျိုးအတွက် ငွေတပြားတကျပ်ကိုမှ အလွဲသုံးစားမလုပ်ခဲ့ကြောင်း ၎င်းတို့ရဲ့သ မီးဖြစ်သူက လူမှုကွန်ရက်စာမျက်နှာမှာ ဒီနေ့မတ်လ ၉ ရက်နေ့မနက်ပိုင်းက အခုလို ရေးသားထားပါတယ်။

"နာရေးကူညီမှုအသင်း(ရန်ကုန်) ဘဘဦးသုခတို့နှင့်အတူ ၂၀၀၁ခုနှစ်တွင် စတင် တည်ထောင်တုန်းကလည်း စတင်မတည်ငွေအဖြစ် မိမိ မိဘများမှ ငွေဒါနပြုခဲ့သည်။ နာ/ကူအသင်း သက်တမ်းတလျှောက်လုံးတွင်လည်း မိမိ မိဘများမှ လူအား၊ အချိန်အား၊ငွေအားစိုက်ကာ ငွေတစ်ပြားတစ်ကျပ်မှမယူပဲ စစ်မှန်သောပရဟိတ စိတ်ဖြင့်သာ ပြည်သူများအပေါ်တွင် အလုပ်အကျွေးပြုနေခြင်းသာ ဖြစ်ပါသည်။ မိမိ မိဘများသည် သူတပါး၏ ပစ္စည်းဥစ္စာကို အဘယ်သော်အခါကမှ အဓမ္မဖြင့် လိမ်ညာအမြတ်ထုတ်ချင်း မလုပ်ခဲ့ဖူးပါ။ အထက်ပါအချက်များကို မိမိအသက်ဖြင့် သစ္စာဆိုရဲသည်"သည် စသဖြင့် ရေးသားထားတာဖြစ်ပါတယ်။
နာရေးကူညီမှုအသင်းရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဘဏ္ဍာရေးမှူးဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီက မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားပါတယ်။ နာကူအသင်းရန်ကုန်ရုံးကိုလည်း တပ်နဲ့ရဲက ဝင်ရောက်စီးနင်း ရှာဖွေထားပြီး စာရွက်စာတမ်းတွေနဲ့ ပစ္စည်းတွေကို သိမ်းဆည်းယူဆောင်သွားတယ်လို့ အခင်းဖြစ်စဉ်မှာ ရှိနေတဲ့သူတွေက ပြောကြားထားပါတယ်။
credit bbc

ကိုယ္က်ိဳးအတြက္ ေငြတျပားတက်ပ္မွ အလြဲသုံးစား မလုပ္ဖူးေၾကာင္း ဦးေက်ာ္သူနဲ႔ ေဒၚေ႐ႊဇီးကြက္တို႔ရဲ႕ သမီးျဖစ္သူ သစၥာဆိုဖြင့္ဟ
ဦးေက်ာ္သူနဲ႔ ေဒၚျမင့္ျမင့္ခင္ေဖ(ေခၚ)ေဒၚေ႐ႊဇီးကြက္တို႔ဟာ ျပည္သူလူထုက ယုံၾကည္ စြာလႉဒါန္းထားတဲ့ေငြနဲ႔ ဝတၳဳပစၥည္းေတြကို ဘယ္တုန္းကမွ ကိုယ္ေရးကိုယ္တာ ကိုယ္က်ိဳးအတြက္ ေငြတျပားတက်ပ္ကိုမွ အလြဲသုံးစားမလုပ္ခဲ့ေၾကာင္း ၎တို႔ရဲ႕သ မီးျဖစ္သူက လူမႈကြန္ရက္စာမ်က္ႏွာမွာ ဒီေန႔မတ္လ ၉ ရက္ေန႔မနက္ပိုင္းက အခုလို ေရးသားထားပါတယ္။
"နာေရးကူညီမႈအသင္း(ရန္ကုန္) ဘဘဦးသုခတို႔ႏွင့္အတူ ၂၀၀၁ခုႏွစ္တြင္ စတင္ တည္ေထာင္တုန္းကလည္း စတင္မတည္ေငြအျဖစ္ မိမိ မိဘမ်ားမွ ေငြဒါနျပဳခဲ့သည္။ နာ/ကူအသင္း သက္တမ္းတေလွ်ာက္လုံးတြင္လည္း မိမိ မိဘမ်ားမွ လူအား၊ အခ်ိန္အား၊ေငြအားစိုက္ကာ ေငြတစ္ျပားတစ္က်ပ္မွမယူပဲ စစ္မွန္ေသာပရဟိတ စိတ္ျဖင့္သာ ျပည္သူမ်ားအေပၚတြင္ အလုပ္အေကြၽးျပဳေနျခင္းသာ ျဖစ္ပါသည္။ မိမိ မိဘမ်ားသည္ သူတပါး၏ ပစၥည္းဥစၥာကို အဘယ္ေသာ္အခါကမွ အဓမၼျဖင့္ လိမ္ညာအျမတ္ထုတ္ခ်င္း မလုပ္ခဲ့ဖူးပါ။ အထက္ပါအခ်က္မ်ားကို မိမိအသက္ျဖင့္ သစၥာဆိုရဲသည္"သည္ စသျဖင့္ ေရးသားထားတာျဖစ္ပါတယ္။
နာေရးကူညီမႈအသင္းရန္ကုန္ ဥကၠ႒ ဦးေက်ာ္သူနဲ႔ ဘ႑ာေရးမႉးေဒၚေ႐ႊဇီးကြက္တို႔ကို စစ္ေကာင္စီက မရမ္းကုန္းၿမိဳ႕နယ္ရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅(က) နဲ႔ အမႈဖြင့္ထားပါတယ္။ နာကူအသင္းရန္ကုန္႐ုံးကိုလည္း တပ္နဲ႔ရဲက ဝင္ေရာက္စီးနင္း ရွာေဖြထားၿပီး စာ႐ြက္စာတမ္းေတြနဲ႔ ပစၥည္းေတြကို သိမ္းဆည္းယူေဆာင္သြားတယ္လို႔ အခင္းျဖစ္စဥ္မွာ ရွိေနတဲ့သူေတြက ေျပာၾကားထားပါတယ္။
credit bbc
Be the first to comment