Facebook Comments Box
မျက်ခမ်း ဘာကြောင့်လှုပ်ရသလဲ

မျက်ခမ်း ဘာကြောင့်လှုပ်ရသလဲ

    မျက်ခမ်း (အထူးသဖြင့် အပေါ်မျက်ခမ်း)က သူ့အလိုလိုလှုပ်တတ်ပါတယ်။ တစ်ခါတစ်လေ မျက်လုံးနှစ် ဘက်စလုံးလှုပ်တတ်ပြီး မျက်ခမ်းက တစ်ခါလှုပ်ရင် တစ်မိနစ်၊ နှစ်မိနစ်ခန့်နဲ့ စက္ကန့်အနည်းငယ်ကြာ ရင် တစ်ကြိမ်လှုပ်တတ်ပါတယ်။

    မျက်ခမ်းလှုပ်ခြင်းက နာကျင်ခြင်းမရှိ၊ အန္တရာယ်လည်းမပေးဘဲနဲ့ သူ့အလိုလိုပြန်ပျောက် သွားလေ့ရှိပါတယ်။ တစ်ခါတရံ လှုပ်တာအရမ်းပြင်းထန်ရင်တော့ မျက်ခွံလုံးဝပိတ်သွားပြီး နောက်မှပြန်ပွင့် လာတာမျိုးနဲ့ ကြုံရနိုင်ပါတယ်။

မျက်ခမ်းလှုပ်တာမရပ်ရင်ဘာတွေဖြစ်နိုင်သလဲ?

     အချို့လူတွေမှာ တစ်နေ့လုံး(သို့) ရက်၊ ရက်သတ္တပတ်၊ လအတော်ကြာအောင်တောင် ဆက်လှုပ်နေတတ်ပြီး ဘဝနေထိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဖြစ်တော့ဖြစ်ခဲပေမယ့် တကယ်လို့ မျက်ခမ်းလှုပ်တာက အချိန်အတော်ကြာအောင်ပျောက်မသွားဘူးဆိုရင် တစ်ချိန်လုံးမျက်တောင် ပုတ်ခတ်ပုတ်ခတ်ဖြစ်ခြင်း (သို့) မျက်စိစွေပြီးကြည့်ခြင်းတွေ ဖြစ်စေပါတယ်။ မျက်လုံးပြန်မဖွင့်နိုင်တော့ရင် ကြည့်ဖို့အခက်အခဲဖြစ်ဖြစ်စေပါမယ်။

တစ်ခါတစ်ရံအောက်ပါရောဂါတွေကြောင့် မျက်ခမ်းလှုပ်နိုင်ပါတယ်

  • မျက်ခမ်းရောင်ခြင်း
  • မျက်လုံးခြောက်သွေ့ခြင်း
  • အလင်းရောင်ဒဏ် မခံနိုင်ခြင်း
  • မျက်ဖြူသားရောင်ခြင်း
  • ဦးနှောက် (သို့) အာရုံကြောထိခိုက်တဲ့လက္ခဏာလည်းဖြစ်နိုင်ပါတယ်။ (ဖြစ်ခဲပါတယ်။)
  • Bell’s palsy (မျက်နှာတစ်ခြမ်းလေဖြတ်ခြင်း)
  • တစ်သျှူးတောင့်တင်းမှုပျက်စီးခြင်း
  • Parkinson’s disease (ခြေလက်တုန်ယင်ခြင်း၊ လမ်းလျှောက်လျှင်ခြေတရွတ်ဆွဲခြင်း စသည့်လက္ခဏာများရှိသည့် အာရုံကြော အဖွဲ့အစည်းရောဂါတစ်မျိုး)
  • စိတ်ရောဂါကုဆေးတွေနဲ့ အတက်ကျဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်းဖြစ်တတ်ပါတယ်။

မျက်ခမ်းလှုပ်ခြင်းအမျိုးအစားများ

    မျက်ခမ်းလှုပ်ခြင်း အမျိုးအစား သုံးမျိုးရှိပါတယ်။
  1. အဖြစ်အများဆုံးကတော့ မျက်ခမ်းအနည်းငယ်လှုပ်ခြင်းဖြစ်ပြီး လူနေမှုပုံစံတွေကြောင့်ဖြစ်နိုင်ပါတယ်။
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အိပ်မပျော်ခြင်း
  • အရက်၊ ဆေးရွက်ကြီး၊ ကဖင်းများ သောက်သုံးခြင်း
  • အလင်းရောင်စူးစူး၊ လေတိုက်ခြင်း၊ လေထုညစ်ညမ်းခြင်း
  • မျက်ကြည်လွှာနဲ့ မျက်ဖြူသားတွေကို ထိခိုက်မှုတစ်ခုခုကြုံတွေ့ရရင်လည်းဖြစ်နိုင်ပါတယ်။
  1. မျက်ကြောလိုက်ခြင်း လူလတ်ပိုင်းအစပိုင်းကနေ အကြီးပိုင်းအထိဖြစ်တတ်ပြီး တဖြည်းဖြည်းပိုဆိုးလာလေ့ရှိပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် 2 ဆပိုဖြစ်လေ့ရှိပါတယ်။ အစပိုင်းမှာ မျက်တောင် အဆက်မပြတ်ခတ်နေတတ်ပြီး ပိုဆိုးလာရင် အလင်းရောင်ကိုမခံနိုင်ဖြစ်လာပြီး အမြင်ဝါးခြင်းနဲ့ မျက်နှာလေဖြတ်ခြင်းတွေဖြစ်စေနိုင်ပါတယ်။ ဆိုးရွားလာလျှင် မျက်ခွံက နာရီအတော်ကြာအောင် ပိတ်နေနိုင်ပါတယ်။ သုတေသီတွေကတော့ ပတ်ဝန်းကျင်နဲ့မျိုးရိုးဗီဇကြောင့် မျက်ခမ်းလှုပ်ခြင်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါက ဘယ်သူမှာမဆိုဖြစ်လေ့ရှိပေမယ့် မျိုးရိုးလိုက်တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့-
  • ပင်ပန်းနွမ်းနယ်ခြင်း
  • စိတ်ဖိစီးမှုများခြင်း
  • အလင်းရောင်စူးစူး၊ လေတိိုက်ခြင်း၊ လေထုညစ်ညမ်းမှုများ စသည်တို့ကြောင့်ဖြစ်နိုင်ပါတယ်။
  1. မျက်နှာတစ်ခြမ်းအကြောလိုက်ခြင်း ဖြစ်ခဲပါတယ်။ ပါးစပ်နဲ့ မျက်ခမ်းဝန်းကျင်မှာရှိတဲ့ ကြွက်သားတွေပါပါတယ်။ အခြားနှစ်မျိုးနဲ့မတူတာကတော့ မျက်နှာတစ်ခြမ်းပဲထိတာဖြစ်ပြီး အဖြစ်များဆုံးအကြောင်းရင်းကတော့ မျက်နှာမှာရှိတဲ့အာရုံကြောကို သွေးလွှတ်ကြောက ဖိနှိပ်ထားခြင်းကြောင့်ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆေးခန်းသွားသင့်ပြီလဲ

  • မျက်ခမ်းလှုပ်ခြင်းက တစ်ပတ်ထက်ပိုကြာခြင်း
  • မျက်ခွံလုံးဝပိတ်သွားခြင်း
  • အကြောဆွဲခြင်းက အခြားမျက်နှာကြွက်သားတွေကိုပါ ထိခြင်း
  • မျက်လုံးနီခြင်း၊ ရောင်ခြင်းနှင့် မျက်ဝတ်ထွက်ခြင်း
  • အပေါ်မျက်ခွံပြုတ်ကျခြင်း စသည်များဖြစ်လျှင် ဆရာဝန်နဲ့သွားပြပါ။

ဆရာဝန်က ဦးနှောက် (သို့) အာရုံကြောထိခိုက်တယ်လို့ သံသယရှိရင် အခြားဖြစ်လေ့ရှိတဲ့လက္ခဏာတွေကိုစစ်ကြည့်ပြီး လိုအပ်ရင် ဦးနှောက်နဲ့အာရုံကြောအထူးကုဆီကို လွှဲပေးပါလိမ့်မယ်။

ကုထုံးများ

      အများအားဖြင့်တော့ မျက်ခမ်းအနည်းငယ်လှုပ်ခြင်းက သူ့အလိုလိုပျောက်သွားလေ့ ရှိပါတယ်။ ပြည့်ပြည့်ဝဝအနားယူပါ။ အရက်၊ ဆေးလိပ်၊ ကဖင်းဓာတ်တွေကို ဖြတ်ပါ။

     မျက်လုံးခြောက်ခြင်း၊ မျက်လုံးခိုးလိုးခုလုဖြစ်ခြင်းကြောင့်ဆိုရင်တော့ မျက်ရည်အတုဖြစ်စေခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

     မျက်ကြောလိုက်ခြင်းကို ကုသတဲ့နည်းလမ်းမရှိသော်လည်း ပိုဆိုးခြင်းကိုသက်သာစေမယ့် ကုထုံးအမျိုးမျိုးရှိပါတယ်။ အသုံးများဆုံးကတော့ botulinum toxin (Botox, Dysport, Xeomin) စတဲ့ဆေးတွေကို မျက်လုံးကြွက်သားထဲကို အနည်းငယ်ထိုးထည့်ခြင်းဖြင့် အကြောဆွဲခြင်းကို သက်သာစေနိုင် ပါတယ်။ ကုသမှုအကျိုးက လအနည်းငယ်ခံပြီး ဓာတ်ပြယ်သွားရင် ထပ်ပြီးဆေးထိုးဖို့လိုအပ်ပါတယ်။

Credit: Dr. Mya Myo Myo Swe

မ်က္ခမ္း ဘာေၾကာင့္လႈပ္ရသလဲ

    မ်က္ခမ္း (အထူးသျဖင့္ အေပၚမ်က္ခမ္း)က သူ႔အလိုလိုလႈပ္တတ္ပါတယ္။ တစ္ခါတစ္ေလ မ်က္လုံးႏွစ္ ဘက္စလုံးလႈပ္တတ္ၿပီး မ်က္ခမ္းက တစ္ခါလႈပ္ရင္ တစ္မိနစ္၊ ႏွစ္မိနစ္ခန႔္နဲ႔ စကၠန႔္အနည္းငယ္ၾကာ ရင္ တစ္ႀကိမ္လႈပ္တတ္ပါတယ္။

    မ်က္ခမ္းလႈပ္ျခင္းက နာက်င္ျခင္းမရွိ၊ အႏၲရာယ္လည္းမေပးဘဲနဲ႔ သူ႔အလိုလိုျပန္ေပ်ာက္ သြားေလ့ရွိပါတယ္။ တစ္ခါတရံ လႈပ္တာအရမ္းျပင္းထန္ရင္ေတာ့ မ်က္ခြံလုံးဝပိတ္သြားၿပီး ေနာက္မွျပန္ပြင့္ လာတာမ်ိဳးနဲ႔ ႀကဳံရႏိုင္ပါတယ္။

မ်က္ခမ္းလႈပ္တာမရပ္ရင္ဘာေတြျဖစ္ႏိုင္သလဲ?

     အခ်ိဳ႕လူေတြမွာ တစ္ေန႔လုံး(သို႔) ရက္၊ ရက္သတၱပတ္၊ လအေတာ္ၾကာေအာင္ေတာင္ ဆက္လႈပ္ေနတတ္ၿပီး ဘဝေနထိုင္မႈကို အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ ျဖစ္ေတာ့ျဖစ္ခဲေပမယ့္ တကယ္လို႔ မ်က္ခမ္းလႈပ္တာက အခ်ိန္အေတာ္ၾကာေအာင္ေပ်ာက္မသြားဘူးဆိုရင္ တစ္ခ်ိန္လုံးမ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္ျဖစ္ျခင္း (သို႔) မ်က္စိေစြၿပီးၾကည့္ျခင္းေတြ ျဖစ္ေစပါတယ္။ မ်က္လုံးျပန္မဖြင့္ႏိုင္ေတာ့ရင္ ၾကည့္ဖို႔အခက္အခဲျဖစ္ျဖစ္ေစပါမယ္။

တစ္ခါတစ္ရံေအာက္ပါေရာဂါေတြေၾကာင့္ မ်က္ခမ္းလႈပ္ႏိုင္ပါတယ္

  • မ်က္ခမ္းေရာင္ျခင္း
  • မ်က္လုံးေျခာက္ေသြ႕ျခင္း
  • အလင္းေရာင္ဒဏ္ မခံႏိုင္ျခင္း
  • မ်က္ျဖဴသားေရာင္ျခင္း
  • ဦးေႏွာက္ (သို႔) အာ႐ုံေၾကာထိခိုက္တဲ့လကၡဏာလည္းျဖစ္ႏိုင္ပါတယ္။ (ျဖစ္ခဲပါတယ္။)
  • Bell’s palsy (မ်က္ႏွာတစ္ျခမ္းေလျဖတ္ျခင္း)
  • တစ္သွ်ဴးေတာင့္တင္းမႈပ်က္စီးျခင္း
  • Parkinson’s disease (ေျခလက္တုန္ယင္ျခင္း၊ လမ္းေလွ်ာက္လွ်င္ေျခတ႐ြတ္ဆြဲျခင္း စသည့္လကၡဏာမ်ားရွိသည့္ အာ႐ုံေၾကာ အဖြဲ႕အစည္းေရာဂါတစ္မ်ိဳး)
  • စိတ္ေရာဂါကုေဆးေတြနဲ႔ အတက္က်ေဆးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးအေနနဲ႔လည္းျဖစ္တတ္ပါတယ္။

မ်က္ခမ္းလႈပ္ျခင္းအမ်ိဳးအစားမ်ား

    မ်က္ခမ္းလႈပ္ျခင္း အမ်ိဳးအစား သုံးမ်ိဳးရွိပါတယ္။
  1. အျဖစ္အမ်ားဆုံးကေတာ့ မ်က္ခမ္းအနည္းငယ္လႈပ္ျခင္းျဖစ္ၿပီး လူေနမႈပုံစံေတြေၾကာင့္ျဖစ္ႏိုင္ပါတယ္။
  • ပင္ပန္းႏြမ္းနယ္ျခင္း
  • စိတ္ဖိစီးမႈမ်ားျခင္း
  • အိပ္မေပ်ာ္ျခင္း
  • အရက္၊ ေဆး႐ြက္ႀကီး၊ ကဖင္းမ်ား ေသာက္သုံးျခင္း
  • အလင္းေရာင္စူးစူး၊ ေလတိုက္ျခင္း၊ ေလထုညစ္ညမ္းျခင္း
  • မ်က္ၾကည္လႊာနဲ႔ မ်က္ျဖဴသားေတြကို ထိခိုက္မႈတစ္ခုခုႀကဳံေတြ႕ရရင္လည္းျဖစ္ႏိုင္ပါတယ္။
  1. မ်က္ေၾကာလိုက္ျခင္း လူလတ္ပိုင္းအစပိုင္းကေန အႀကီးပိုင္းအထိျဖစ္တတ္ၿပီး တျဖည္းျဖည္းပိုဆိုးလာေလ့ရွိပါတယ္။ အမ်ိဳးသမီးေတြမွာ အမ်ိဳးသားေတြထက္ 2 ဆပိုျဖစ္ေလ့ရွိပါတယ္။ အစပိုင္းမွာ မ်က္ေတာင္ အဆက္မျပတ္ခတ္ေနတတ္ၿပီး ပိုဆိုးလာရင္ အလင္းေရာင္ကိုမခံႏိုင္ျဖစ္လာၿပီး အျမင္ဝါးျခင္းနဲ႔ မ်က္ႏွာေလျဖတ္ျခင္းေတြျဖစ္ေစႏိုင္ပါတယ္။ ဆိုး႐ြားလာလွ်င္ မ်က္ခြံက နာရီအေတာ္ၾကာေအာင္ ပိတ္ေနႏိုင္ပါတယ္။ သုေတသီေတြကေတာ့ ပတ္ဝန္းက်င္နဲ႔မ်ိဳး႐ိုးဗီဇေၾကာင့္ မ်က္ခမ္းလႈပ္ျခင္းျဖစ္တယ္လို႔ ယုံၾကည္ၾကပါတယ္။ ဒါက ဘယ္သူမွာမဆိုျဖစ္ေလ့ရွိေပမယ့္ မ်ိဳး႐ိုးလိုက္တတ္ပါတယ္။ ျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြကေတာ့-
  • ပင္ပန္းႏြမ္းနယ္ျခင္း
  • စိတ္ဖိစီးမႈမ်ားျခင္း
  • အလင္းေရာင္စူးစူး၊ ေလတိိုက္ျခင္း၊ ေလထုညစ္ညမ္းမႈမ်ား စသည္တို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။
  1. မ်က္ႏွာတစ္ျခမ္းအေၾကာလိုက္ျခင္း ျဖစ္ခဲပါတယ္။ ပါးစပ္နဲ႔ မ်က္ခမ္းဝန္းက်င္မွာရွိတဲ့ ႂကြက္သားေတြပါပါတယ္။ အျခားႏွစ္မ်ိဳးနဲ႔မတူတာကေတာ့ မ်က္ႏွာတစ္ျခမ္းပဲထိတာျဖစ္ၿပီး အျဖစ္မ်ားဆုံးအေၾကာင္းရင္းကေတာ့ မ်က္ႏွာမွာရွိတဲ့အာ႐ုံေၾကာကို ေသြးလႊတ္ေၾကာက ဖိႏွိပ္ထားျခင္းေၾကာင့္ျဖစ္ပါတယ္။

ဘယ္အခ်ိန္မွာ ေဆးခန္းသြားသင့္ၿပီလဲ

  • မ်က္ခမ္းလႈပ္ျခင္းက တစ္ပတ္ထက္ပိုၾကာျခင္း
  • မ်က္ခြံလုံးဝပိတ္သြားျခင္း
  • အေၾကာဆြဲျခင္းက အျခားမ်က္ႏွာႂကြက္သားေတြကိုပါ ထိျခင္း
  • မ်က္လုံးနီျခင္း၊ ေရာင္ျခင္းႏွင့္ မ်က္ဝတ္ထြက္ျခင္း
  • အေပၚမ်က္ခြံျပဳတ္က်ျခင္း စသည္မ်ားျဖစ္လွ်င္ ဆရာဝန္နဲ႔သြားျပပါ။

ဆရာဝန္က ဦးေႏွာက္ (သို႔) အာ႐ုံေၾကာထိခိုက္တယ္လို႔ သံသယရွိရင္ အျခားျဖစ္ေလ့ရွိတဲ့လကၡဏာေတြကိုစစ္ၾကည့္ၿပီး လိုအပ္ရင္ ဦးေႏွာက္နဲ႔အာ႐ုံေၾကာအထူးကုဆီကို လႊဲေပးပါလိမ့္မယ္။

ကုထုံးမ်ား

      အမ်ားအားျဖင့္ေတာ့ မ်က္ခမ္းအနည္းငယ္လႈပ္ျခင္းက သူ႔အလိုလိုေပ်ာက္သြားေလ့ ရွိပါတယ္။ ျပည့္ျပည့္ဝဝအနားယူပါ။ အရက္၊ ေဆးလိပ္၊ ကဖင္းဓာတ္ေတြကို ျဖတ္ပါ။

     မ်က္လုံးေျခာက္ျခင္း၊ မ်က္လုံးခိုးလိုးခုလုျဖစ္ျခင္းေၾကာင့္ဆိုရင္ေတာ့ မ်က္ရည္အတုျဖစ္ေစျခင္းျဖင့္ သက္သာေစႏိုင္ပါတယ္။

     မ်က္ေၾကာလိုက္ျခင္းကို ကုသတဲ့နည္းလမ္းမရွိေသာ္လည္း ပိုဆိုးျခင္းကိုသက္သာေစမယ့္ ကုထုံးအမ်ိဳးမ်ိဳးရွိပါတယ္။ အသုံးမ်ားဆုံးကေတာ့ botulinum toxin (Botox, Dysport, Xeomin) စတဲ့ေဆးေတြကို မ်က္လုံးႂကြက္သားထဲကို အနည္းငယ္ထိုးထည့္ျခင္းျဖင့္ အေၾကာဆြဲျခင္းကို သက္သာေစႏိုင္ ပါတယ္။ ကုသမႈအက်ိဳးက လအနည္းငယ္ခံၿပီး ဓာတ္ျပယ္သြားရင္ ထပ္ၿပီးေဆးထိုးဖို႔လိုအပ္ပါတယ္။

Credit: Dr. Mya Myo Myo Swe

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box