ဘူးလက်လှဆွေ(၂၁)ရက်နေ့ကတည်းက အာမခံနဲ့ပြန်လွတ်၊ ဦးဝီရသူလည်း နောက်လဆန်းထဲ ပြန်လွတ်ဖို့ရှိ..
================
ဖေဖော်ဝါရီ(၂၄)၊ ၂၀၂၁။
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က) နဲ့ တရားစွဲခံထားရတဲ့ ဘူးလက်လှဆွေလို့ခေါ်တဲ့ ဦးလှဆွေဟာ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ကတည်းက အာမခံနဲ့ပြန်လွတ်လာတယ်လို့ အမျိုးသားရေးသမားတွေဆီက သိရပါတယ်။
“သူပြန်လွတ်လာတာဟုတ်ပါတယ်။ သတင်းမှာဖော်ပြရလောက်တဲ့အထိတော့ အကျယ်တဝင့် ကျွန်တော်မပြောတော့ပါဘူး။”လို့ အမျိုးသားရေးသမားရှေ့နေတစ်ယောက်က O Media ကို ပြောပါတယ်။
၂၀၁၉ ခုနှစ် ဩဂုတ်လက ပြုလုပ်ခဲ့တဲ့ပွဲမှာ သူ့ရဲ့ဟောပြောချက်တွေနဲ့ပတ်သက်ပြီး တရားစွဲခံခဲ့ရတာဖြစ်ပါတယ်။
ဘူလက်လှဆွေဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့က ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှာ လာအဖမ်းခံခဲ့တာဖြစ်ပြီး အနောက်ပိုင်းခရိုင်တရားရုံးမှာ ရမန်ယူထားတာဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ဖြစ်တဲ့ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)နဲ့တရားစွဲခံရလို ့ပြစ်မှုထင်ရှားရင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
ဦးလှဆွေအပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့တရားစွဲခံထားရတဲ့ အမျိုးသားရေးဘုန်းကြီး ဦးဝီရသူဟာလည်း မတ်လ (၃) ရက်နေ့မှာ အာမခံရဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Omedia
ဘူးလက္လွေဆြ(၂၁)ရက္ေန႔ကတည္းက အာမခံနဲ႔ျပန္လြတ္၊ ဦးဝီရသူလည္း ေနာက္လဆန္းထဲ ျပန္လြတ္ဖို႔ရွိ
================
ေဖေဖာ္ဝါရီ(၂၄)၊ ၂၀၂၁။
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ ၁၂၄(က) နဲ႔ တရားစြဲခံထားရတဲ့ ဘူးလက္လွေဆြလို႔ေခၚတဲ့ ဦးလွေဆြဟာ ေဖေဖာ္ဝါရီလ(၂၁)ရက္ေန႔ ကတည္းက အာမခံနဲ႔ျပန္လြတ္လာတယ္လို႔ အမ်ိဳးသားေရးသမားေတြဆီက သိရပါတယ္။
“သူျပန္လြတ္လာတာဟုတ္ပါတယ္။ သတင္းမွာေဖာ္ျပရေလာက္တဲ့အထိေတာ့ အက်ယ္တဝင့္ ကြၽန္ေတာ္မေျပာေတာ့ပါဘူး။”လို႔ အမ်ိဳးသားေရးသမားေရွ႕ေနတစ္ေယာက္က O Media ကို ေျပာပါတယ္။
၂၀၁၉ ခုႏွစ္ ဩဂုတ္လက ျပဳလုပ္ခဲ့တဲ့ပြဲမွာ သူ႔ရဲ႕ေဟာေျပာခ်က္ေတြနဲ႔ပတ္သက္ၿပီး တရားစြဲခံခဲ့ရတာျဖစ္ပါတယ္။
ဘူလက္လွေဆြဟာ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ(၂၈)ရက္ေန႔က ရန္ကုန္အေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွာ လာအဖမ္းခံခဲ့တာျဖစ္ၿပီး အေနာက္ပိုင္းခ႐ိုင္တရား႐ုံးမွာ ရမန္ယူထားတာျဖစ္တယ္လို႔ သိရပါတယ္။
ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔ျဖစ္တဲ့ ရာဇသတ္ႀကီးပုဒ္မ ၁၂၄(က)နဲ႔တရားစြဲခံရလို ့ျပစ္မႈထင္ရွားရင္ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းအထိခ်မွတ္ႏိုင္တယ္လို႔ ဥပေဒမွာ ျပဌာန္းထားပါတယ္။
ဦးလွေဆြအျပင္ ႏိုင္ငံေတာ္အၾကည္ညိဳပ်က္ေစမႈနဲ႔တရားစြဲခံထားရတဲ့ အမ်ိဳးသားေရးဘုန္းႀကီး ဦးဝီရသူဟာလည္း မတ္လ (၃) ရက္ေန႔မွာ အာမခံရဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
Omedia
Be the first to comment