Cyber Security Law ဆိုပြီး Cyber နဲ့အင်တာနက် လုံခြုံရေးဥပဒေအသစ်ထုတ်မယ်ဆိုတာက ဘယ်အချက်တွေလဲ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်ချုပ်ရေးကောင်စီက ဆိုက်ဘာလုံခြုံရေး ဥပဒေတရပ်ကို မကြာခင်ထုတ်ပြန်ဖို့ ရှိပါတယ်။
အင်တာနက်လူမှုကွန်ရက်ဆက်သွယ်ရေး စနစ်တွေကိုထိန်းချုပ်ပြီး ကန်ုသတ်ချက်ချိုးဖောက်သူတွေကို အပြစ်ဒဏ်ပေးမယ့် ဒီဥပဒေကိုချက်ခြင်းလက်ငင်းအကောင်အထည်ဖေါ်နိုင်ရေးအတွက် လိုအပ်တဲ့နည်းပညာရပ်ဆိုင်ရာ
အထောက်အကူတွေကို တရုတ်နိုင်ငံကနေ မှာယူတင်သွင်းခဲ့ပြီး အင်တာနက်ဆက်သွယ်ရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေဆီ ပေးပို့တပ်ဆင်ခိုင်းနေပြီဖြစ်ကြောင်း
ရန်ကုန်မြို့က ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူပညာရှင်တယောက်ကပြောပါတယ်။ဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းပေးထားပါတယ်။
ဦးသန်းလွင်ထွန်း။ ။
Cyber Security Law ဆိုပြီး Cyber နဲ့အင်တာနက် လုံခြုံရေးဥပဒေအသစ်ထုတ်မယ်ဆိုတာက ဘယ်အချက်တွေကို အခြေခံပြီးပြောနေတာလဲခင်ဗျ။
ဘယ်တော့လောက်မှာ အတည်ပြုမလဲ ခင်ဗျ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
ဟုတ်ကဲ့။ အရေးကြီးတဲ့ ဒီအခြေခံအချက်ကတော့ အွန်လိုင်းမှာ information အရမ်းတွေ ပျံ့နှံ့နေတာပေါ့ နော် ။
အထူးသဖြင့် ဒီ ကျနော်တို့protest တွေမှာ ဘယ်လိုတွေဖြစ်နေတယ်၊ ဟိုတနေ့က နေပြည်တော်မှာ ကောင်မလေး သေနက်နဲ့အပစ်ခံရတာတို့ကို ကွက်ကွက်ကွင်းကွင်းရိုက်ပြီး
တင်ပြတာတို့၊ အဲဒါမျိုးတွေကို သူတို့က ဒါမျိုး stop လုပ်ချင်တဲ့ သဘောရှိတာပေါ့နော်။ ဒီ အခု draft ကို circulate လုပ်ထားတာဟာ ၁၅ ရက်နေ့ ဖေဖော်ဝါရီမှာ
အတည်ပြုမယ်လို့ပြောကြားထားပါတယ်။
ဦးသန်းလွင်ထွန်း။ ။
ဟုတ်ကဲ့။ ကျနော်က အဲဒီ draft ကို ကျနော်တွေ့တယ်။ အဲဒီမှာ Myanmar Cyber Security Law ပေါ့နော်။ အဲဒါက စာမျတ်နှာ (၃၇) မျတ်နှာလောက်ရှိတယ်။
ဒီဟာကို အခုလူတွေကြားထဲမှာ အခု လုပ်ငန်းရှင်တွေကြားထဲမှာ၊ နောက်ပြီးတော့ ကွန်ပြူတာကျွမ်းကျင်သူ ပညာရှင်တွေကြားထဲကို ဖြန့်ပေးထားပြီးတော့ လာမယ့် ၁၅ ရက်နေ့မှာ အတည်ပြုပြီးထုတ်ပြန်မယ်လို့ပြောနေတယ်။
အဲဒီသတင်းကရော အမှန်ပဲလား။ ဘယ်လို ညွှန်ကြားချက်တွေလာတာလဲ ခင်ဗျာ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
မှန်ပါတယ်။ ဒီအခုလောလောဆယ် draft law ကို သူက circulate လုပ်ထားတာကတော့ အင်တာနက် ဆားဗစ် ပရိုဗိုက်တာတွေ၊ တယ်လီကွန်း ပရိုဗိုက်တာတွေ ပြီးတော့
ကွန်ပြူတာအဖွဲ့အစည်းတွေ၊ မြန်မာကွန်ပြူတာ ဖက်ဒရေးရှင်းတို့၊ မြန်မာကွန်ပြူတာ ပရော်ဖက်ရှင်နယ် Association တို့ဆီကို အဲဒီဟာတွေပို့ထားပြီးတော့
Feedback ကို ၁၅ ရက်နေ့မတိုင်ခင် ပြန်ပေးဖို့၊ ထောက်ခံတယ် ဒါမှမဟုတ် ဘယ်နေရာမှာ ပြင်သင့်တယ် ဘာညာ အဲဒါမျိူးကို ၁၅ ရက်နေ့မတိုင်ခင်ပြန်ပေးဖို့ Direction ပေးထားပါတယ် ခင်ဗျ။
ဦးသန်း လွင်ထွန်း။ ။
အိုကေ။ အဲဒီဥပဒေထဲမှာ ပါတဲ့အချက်တွေကို မသွားခင်မှာ တခု လူတွေကြားထဲမှာ ပြောနေတဲ့ အချက်ပေါ့နော် အဲဒါက ဘာလဲဆိုတော့ ဒီ အင်တာနက်နဲ့ပက်သက်တဲ့
ဝန်ဆောင်မှုပေးနေတဲ့ ဌာနတွေ အဖွဲ့အစည်းတွေ၊ လုပ်ငန်း ကုမ္မဏီတွေကို တရုတ်ပြည်ကလာတဲ့ ကြားဖြတ် လုပ်တဲ့ ဟို စောင့်ကြည့်တဲ့စက်တွေကို ပို့ပေးထားပြီးတော့
ဒါတွေကို တပ်ဆင်ဖို့ညွှန်ကြားချက်တွေ လာတယ်ဆိုတာကရော ဟုတ်ပါသလားခင်ဗျ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
ဟုတ်ပါတယ်။ ဒါက တရုတ်ပြည်ကလာတဲ့ ဒီ firewall တွေပေါ့နော်။ ဒီ firewall တွေကို အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီတွေ၊ ပြီးတော့ ဒီ Telecom Provider တွေ
ဥပမာ အော်ရီဒူး၊ တယ်လီနော အဲဒီလိုဟာမျိုးတွေဆီကို သူတို့က လွန်ခဲ့တဲ့ ၂ ရက်လောက်ကစပြီးတော့ ပို့ထားပါတယ်။
ပို့ထားပြီးတော့ ဒီဟာတွေအကုန်လုံးကို ၁၅ ရက်နေ့ဖေဖော်ဝါရီမတိုင်ခင် operational ဖြစ်ရမယ်လို့ညွှန်ကြားချက်ပေးထားပါတယ်။
ညွှန်ကြားချက်ပေးထားတဲ့ အပြင်ကို ဒီ configuration လုပ်တဲ့အခါမှာလည်း draft cyber law ရဲ့ requirement နဲ့တခါထဲ ညီစေဖို့ ပြင်ဆင်ထားဖို့ပြောပါတယ်။
ဥပမာ ဟို log တွေကို သိမ်းထားမယ်ဆိုလို့ရှိရင် ၃ နှစ်စာ သိမ်းရမယ်တို့ဘာတို့၊ အဲဒါတွေအားလုံးကိုပါ ပြင်ဆင်ထားဖို့တခါထဲပြောထားပါတယ်။
ဦးသန်းလွင်ထွန်း။ ။
အဲဒီမှာ အခုပြောသွားတဲ့အထဲမှာ firewall တွေပေါ့။ ဒါက software တွေကို ပြောတာလား။ Hardware တွေကိုပြောတာလား။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
Heardware တွေပါ။ Heardware တွေ ။
ဦးသန်းလွင်ထွန်း။ ။
သူကဘာတွေလုပ်နိုင်တာလဲ။ အထူးသဖြင့် အဲဒီလို ပစ္စည်းတွေက။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဒီဟာတွေက latest technology firewall တွေဖြစ်တယ်။ အဲဒါက ဘာလုပ်လို့ရလဲဆိုတော့ ဥပမာ ကျနော်တို့အင်တာနက်မှာ ဒီ traffic ရှိတာပေါ့နော် ။
traffic ဆိုတာ ဒီကျနော်တို့ရိုးရိုး facebook သုံးတယ်ဆိုရင် ရိုးရိုး traffic ရှိတယ်။ ဒါပေမယ့် ဒီ traffic က encrypted လုပ်ထားတော့ အထဲကဟာကို ကျနော်တို့ကြည့်လို့မရဘူး။
ဆိုတော့ ဘယ်သူက ဘာပို့နေတယ်ဆိုတာ မသိနိုင်ဘူးပေါ့။ ဒါပေမယ့် latest technology firewall မှာ deep packed inspection ဆိုတဲ့ features တွေပါတယ်။
အဲဒါတွေက ဒီ traffic ကို အထဲကို ဝင်ကြည့်လို့ရတယ်။ ပြီးတော့ ဘာ data တွေ transfer လုပ်နေတယ်ဆိုတာကအစ ကြည့်လို့ရတယ်။
ဆိုတော့ latest technology နဲ့ အင်တာနက်ကို ထိန်းချုပ်နိုင်ဖို့ကြိုးစားတယ်လို့ကျနော်မြင်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။
အဲဒီအပြင်ကို ကျနော်တို့ထပ်ပြီးတော့ ညွှန်ကြားချက်က ဒီလို firewall နဲ့ monitor လုပ်တယ်။ စောင့်ကြည်မယ်ပေါ့နော်။ ပြီးတော့ data တွေကို သိမ်းထားမယ်။
သုံးနှစ်တောင် သိမ်းထားရမယ်ဆိုပြီးတော့ ညွှန်ကြားတယ်။ အစိုးရက လိုအပ်လို့ရှိရင် သူတို့က ဒါတွေကို ပေးရမယ်ပေါ့ ဒါတွေကို။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
မှန်ပါတယ်။ အစိုးရက လိုအပ်ရင် တောင်းတာနဲ့ ချက်ချင်းပေးရမယ်။
ဦးသန်းလွင်ထွန်း။ ။
အဲဒီလိုစည်းကမ်းချက်က အရင်တုန်းကရောရှိလား။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မရှိပါဘူးခင်ဗျ။ မရှိပါဘူး။
ဦးသန်းလွင်ထွန်း။ ။
ဟုတ်ပြီ။ အဲဒါက အခုလောလောဆယ်ဘာတွေဖြစ်လာနေလို့အခုဒါက ဒီ ၂ ရက် ၃ ရက်အတွင်းမှာမှ ဒါတွေဖြစ်တယ်။
ဘာကြောင့်လည်း ဆိုတော့ လွန်ခဲ့တဲ့ အပတ်တုန်းက ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တယ်လီဖုန်းဆက်သွယ်ရေးတွေ လျှော့ချ ဖြတ်တောက်တယ်။
နောက်ပြီးတော့ အင်တာနက် speed တွေ နည်းနည်းလျော့လာတယ်။ ပြီးတော့ facebook နဲ့တခြားလူမှုကွန်ရက်ထဲကဟာတွေကိုပေါ့နော် ဒီဘက်က ဝန်ဆောင်မှုပေးတဲ့ဟာတွေကိုလည်း ရပ်ဖို့ညွှန်ကြားချက်တွေ ထုတ်တယ်။ ဒါတွေနဲ့မလုံလောက်ပဲနဲ့အခုဒါက ထက်ပြီးတော့ အခြေအနေကို ပိုပြီးတင်းကြပ်စေတဲ့သဘောလား။ အခြားဘာတွေ ဘာရည်ရွ့ယ်ချက်တွေရှိသေးလဲ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
အဓိကကတော့ဗျာ။ အရင်တုန်းကသူလုပ်နေတဲ့နည်းပေါ့။ ဥပမာ အင်တာနက်ကို ဖြတ်ပစ်တာတို့၊ အင်တာနက်တခုလုံးကို ပိတ်ပစ်တာတို့၊
နောက်ပြီးတော့ ဒီ အကုန်လုံး Ban ပစ်တာတို့ကြတော့ ကျနော်တို့မြန်မာပြည်မှာရှိတဲ့ Business တွေကို ထိခိုက်စေတယ်လေ။ အထူးသဖြင့် Banking Industry ပေါ့။
ကျနော်တို့ရဲ့ Banking Industry က အင်တာနက်ပေါ်မှာပဲ အလုပ်လုပ်နေရတာဆိုတော့ ဒီအင်တာနက်အကုန်လုံးပိတ်လိုက်ရင် ဘဏ်တွေအလုပ်မလုပ်ဘူးဆိုလို့ရှိရင်
ပိုပြီးတော့ issue တွေက ပိုများလာမယ်လေ။ သူတို့အနေနဲ့ဒါကို pinpoint လုပ်ပြီးတော့ block နိုင်ဖို့အတွက် facilities တွေလိုတယ်ပေါ့နော်။
နောက်တခုက ဒီအင်တာနက်ပေါ်မှာ အထူးသဖြင့် information ပျံ့တာကို control လုပ်ချင်တယ်။ အထူးသဖြင့် ဒီ fake news တွေပျံ့တာတို့၊
နောက်ပြီးတော့ ဒီ protest news တွေ၊ abuse report တွေ ဒီလိုမျိူး အွန်လိုင်းတွေလည်းတက်တယ်။ နောက်ပြီးတော့ နိုင်ငံခြားက မီဒီယာတွေနဲ့ဆက်သွယ်ပြီးတော့ information တွေကို မပြတ်ပို့နိုင်နေတာတွေကို သူတို control လုပ်ချင်တယ်။
အထူးသဖြင့် information flow ကို သူတို့control လုပ်ချင်တဲ့သဘောရှိတယ်။ ဒါပေမယ့် အဲဒီလို control လုပ်တဲ့အခါမှာ ဒီဘက်ကနေ side effect မဖြစ်စေဖို့အတွက်
ဒီလိုမျိူး technology ကို လဲရခြင်းဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့အင်တာနက်ကို ပိတ်ချလိုက်လို့ရှိရင် ဗမာပြည်က ဘဏ်တွေတော်တော်များများက အလုပ်မလုပ်တော့ဘူး။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်က ဘဏ်တွေတော်တော်များများက သူတို့ရဲ့ infrastructure က Amazon တို့ Huawei တို့ Microsoft ရဲ့ Cloud တွေပေါ်မှာတင်ထားတာဆိုတော့ ဒါတွေအကုန်လုံးကို ဖြတ်လိုက်လို့မရဘူးဆိုတော့ သူတို့အနေနဲ့ဒီနည်းလမ်းကို သွားတာဖြစ်တယ်။
ဦးသန်းလွင်ထွန်း။ ။
စောစောက ပြောတဲ့ထဲမှာ Huawei ဆိုတာတွေလည်းပါတယ်။ အခုဒီ အင်တာနက်ဝန်ဆောင်မှု ကုမ္မဏီတွေကို ပို့ပေးထားပြီးတော့ ၁၅ ရက်မတိုင်မီ အပြီးတပ်ရမယ်ဆိုတဲ့
ဒီ firewall စက်တွေကလည်း Huawei ကစက်တွေလို့ပြောတယ်နော်။ ဟုတ်တယ်နော် အဲဒါ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
အဲဒါကတော့ကျနော်တို့လည်းကြားပါတယ်။ ဒါပေမယ့် confirm တော့ ကျနော်မသိရသေးပါဘူး။ ဒီလိုပဲ industry ကလူအချင်းချင်းပြောကြတယ်ပေါ့နော်။
သူတို့ဒီဟာတွေကတော့ Huawei ကလာတဲ့ device တွေဖြစ်တယ်လို့တော့ပြောကြပါတယ် ဟုတ်ကဲ့။
ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ ပြီးခဲ့တဲ့ ရက်ပိုင်းပေါ့နော် ။ အဲဒီတုန်းက တရုတ်ပြည်ကလေယာဉ်ပျံတွေ ၅ စီးလောက်ဆင်းလာပြီးတော့ ပစ္စည်းတွေချတယ် ဆိုတဲ့ သတင်းတွေနဲ့ရော ဆက်စပ်နိုင်သလား။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဆက်စပ်နိုင်ပါတယ်။ ဖြစ်နိုင်ပါတယ်ခင်ဗျ။ လတ်လောရောက်ရှိလာတာဖြစ်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲဒီတော့ သဘောက ဒါပြန်ချုပ်ရမယ်ဆိုလို့ရှိရင် အခုလောလောဆယ် အင်တာနက်ဝန်ဆောင်မှု ကုမ္မဏီတွေကို Cyber Security Law လို့ခေါ်တဲ့ စာမျတ်နှာ ၃၇ မျတ်နှာရှိတဲ့
ဥပဒေမူကြမ်းကို ပေးပို့ပြီးတော့ ဒီကိစ္စတွေကို သုံးသပ်ဖို့ ပြီးတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ပြန်ပြီး အကြောင်းကြားဖို့ပြီးတော့ ၁၅ ရက်နေ့မတိုင်ခင်ပေါ့နော် ။
အဲဒီမတိုင်ခင်မှာလည်း ဒါက ဥပဒေကြောင်းအရ။ နောက်တခုကလည်း လိုအပ်တဲ့ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ပစ္စည်းတွေကိုလည်း မဖြစ်မနေတပ်ရမယ်ဆိုပြီး ပေးပို့ထားပြီးပြီ။
ဆိုတော့ ဒါဟာ နှစ်ဘက် ပြိုင်တူချိန်ကိုက်ပြီးလုပ်နေကြတဲ့ သဘောပေါ့နော်။ အဲဒီတော့ ကျနော်ဒီ Cyber Security Law ဆိုတဲ့ ဥပဒေထဲမှာပါတဲ့ အရေးကြီးတဲ့ အချက်ကလေးတွေကို ကျနော်နည်းနည်းဆွေးနွေးချင်တယ်။
ဒီအရေးကြီးတဲ့အချက်အထဲမှာ ကျနော်လည်း အကြမ်းတော့ဖတ်ကြည့်လိုက်တယ်။ ဖတ်ကြည့်လိုက်တဲ့အခါကြတော့ ဝန်ဆောင်မှုကုမ္မဏီတွေအပေါ်ကို ကန့်သတ်တဲ့အချက်က လိုင်စင်တွေပြန်လျှောက်ရမယ်။ နောက်ပြီးတော့ စောစောကပြောတဲ့ ထိန်းချုပ်မှုတွေပေါ့နော်။
အချက်အလက်တွေကို ထိန်းသိမ်းထားရမယ်။ စောင့်ကြည့်ရမယ်။ ဒါတွေအပြင်အခြားထူးထူးခြားခြားဘာပါသေးလဲ။ ဝန်ဆောင်မှုကုမ္မဏီတွေပေါ်ကို တင်းကျပ်တဲ့ကိစ္စ တခြားဘာတွေပါသေးလဲ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဝန်ဆောင်မှုကုမ္မဏီတွေတင်မဟုတ်ဘူး။ ဒီ Access ပေါ်မှာ တင်းကျပ်တယ်ပေါ့နော်။ ဒီ လူတိုင်းရဲ့ information ကို သိရမယ်။ ဒါပေမယ့် သူတို့လုပ်တဲ့ပုံစံက ဘာလဲဆိုတော့ service provider တွေအနေနဲ့က သူတို့ရဲ့ ဆားဗစ်ကို သုံးနေတဲ့ လူတွေရဲ့ information detail အကုန်လုံးကို သူတို့သိထားရမယ်။ ပြီးရင် ဒီ information ကို သူတို့ကို provide လုပ်ရမယ်ဆိုတဲ့ သဘောကို သက်ရောက်နေတယ်။
အထူးသဖြင့်သူတို့ရေးထားတဲ့အထဲမှာ ဒီထဲမှာ အထူးသဖြင့် တခုခုဆိုရင် သူတို့ပိတ်ဆိုရင် အကုန်လုံးက ပိတ်ရမယ်။ ဘာ reason မှ ပေးလို့မရဘူး။ ဘာ business exemption မှ တောင်းလို့မရဘူးဆိုတဲ့သဘောရှိတယ်။ နောက်တခုက practical မကျဟာ တော်တော်များများဟာ ဘာလဲဆိုတော့ server ကို သူပြောတဲ့နေရာမှာပဲထားရမယ်။ ဆိုတော့ Google တို့Facebook တို့ကို ဒီနေရာမှာလာထားပေးဆိုလို့လည်း့ပြောလို့မရဘူးလေ။
သိတယ်မဟုတ်လား။ နောက်တခုက ကျနော်တို့cloud service provider တွေအနေနဲ့လည်း cloud service တွေကို ကျနော်တို့က မြန်မာပြည်မှာပေးလို့မရတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ထားတဲ့ server တွေက ပြည်တွင်းမှာ သူတို့ပြောတဲ့နေရာမှာပဲ ကျနော်တို့က ထားရမယ်ဆိုတဲ့အခါကျတော့ ရှင်းရှင်းပြောရင် တော်တော်ကြီးကို မဆီလျော်တဲ့၊ မကိုက်ညီတဲ့ ဥပဒေမူကြမ်းလိုမျိုးဖြစ်နေပါတယ်ခင်ဗျ။
ဦးသန်းလွင်ထွန်း။ ။ တရုတ်ပြည်မှာရှိတဲ့ data တွေကို country control ပေါ့နော်။ နိုင်ငံထဲမှာပဲ control လုပ်လိုက်တယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့။ တခြား ကမ္ဘာအနှံ့မှာရှိတဲ့ Golbal Store တွေဆီမှာထားတာမဟုတ်ပဲနဲ့ဒီ data တွေ အကုန်လုံးကို နိုင်ငံကပဲ control လုပ်မယ်ဆိုတဲ့ သဘောဖြစ်သွားတာပေါ့။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်ခင်ဗျ။ မှန်ပါတယ်။ data ကို မြန်မာပြည်ထဲမှာပဲ ထားရမယ်။ ရှင်းရှင်းပြောရင် လိုအပ်ရင် ဒီ data ကို မြန်မာပြည်တွင်းမှာပဲ သူတို့သိမ်းပိုက်မယ် ဆိုတဲ့ သဘောမျိုးသက်ရောက်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ စောစောကပြောတဲ့အထဲမှာ နောက်တခုက ဘာလဲဆိုတော့ လူတွေရဲ့ အချက်အလက်တွေအကုန်လုံးကိုသိထားရမယ်။ နောက်ပြီးတော့ ကျနော်ဆက်ဖတ်ကြည့်လိုက်တဲ့ အခါကြတော့လည်း account တွေလုပ်တယ်ပေါ့နော်။ အဲဒီ account တုတွေလုပ်တာကအစ အရေးယူနိုင်တဲ့ပုံစံမျိူးရေးထားတယ်လေ။ ပြစ်ဒဏ်တွေဆိုလို့ရှိရင်လည်း ပုဒ်မ ၆၆ (ဃ) ထက်ပိုပြီး အသေးစိတ်လာတယ်။
အထူးသဖြင့် လူတယောက်ချင်းစီကိုပဲ ဥပမာ အဖွဲ့အစည်းတခုခုကို ထိခိုက်အောင်ရေးတာတို့၊ လိင်မှုကိစ္စဟာတွေကို တင်တာတို့၊ သွေးကွဲအောင်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုး၊ အကောင့်တုပေါ့နော်။ အဲတာမျိုးတွေကအစ ထောင်ဒဏ် ၃ နှစ်ကျမယ် လို့ဆိုတော့။ နောက်ပြီးတော့ ဒဏ်ငွေလည်း သိန်း ၁၀၀ လောက်ရှိမယ်နဲ့တူတယ်။
အဲတာမျိုးတွေ ပါနေတာတွေ့တယ်။ ဆိုတော့ တခြားဒီထက်ပိုပြီး တင်းကျပ်တဲ့၊ တခြားထူးခြားတဲ့ အချက်တွေများရှိရင် အဲတာလေးတွေလည်း ထောက်ပြပါဦး။ ကျနော်လည်း အကြမ်းဖျဉ်းပဲ ဖတ်ရသေးတယ်။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ကျနော်လည်း အကြမ်းဖျင်းပဲ ဖတ်ထားတာပါ။ ပြဿနာက ဘာလည်းဆိုတော့ အကောင့်အတုဖွင့်တာ၊ အွန်းလိုင်းပေါ်မှာ ပို့စ်တင်တာဆိုရင် သူတို့ စွဲချက်နဲ့ ငြိနေတယ်လေ။
ဥပမာ ပုဒ်မ ၆၆ (ဃ)ဆိုရင် လူတယောက်ကို စော်ကားတယ်၊ ထိခိုက်တယ်ဆိုမှ ငြိတာ။ အခုထုတ်ပြန်တဲ့ ဥပဒေမျိုးကတော့ blanket သိမ်းကျုံးပြီးအကုန်လုံးကို ချသလိုဖြစ်သွားတယ်။
သူတို့နဲ့ မဆီလျော်တဲ့ ဟာကိုတင်ရင် ဖမ်းတဲ့ ဆိုတဲ့ ပုံစံမျိုးဖြစ်တယ်။
ဦးသန်းလွင်ထွန်း။ ။ ဒါက အကောင့်တုရှိနေတယ်ဆိုတာကို မြင်တယ်ဆိုရင် အကောင့်တု လုပ်မှုနဲ့အရေးယူခံရမယ်။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်။ ဥပမာ- ကျနော်တို့က ဆန္ဒပြတဲ့အကြောင်းတွေကို တင်ချင်တယ်။ ဒါပေမဲ့ ကိုယ် အကောင့်ကနေ မတင်ပဲ၊ အခြား အကောင့်တခု ဖန်တီးပြီးတော့ ကိုယ့်ဘာသာကိုယ် တင်လိုက်တယ်။
အဲဒါကို သူတို့က သိသွားတယ်ဆိုရင် Internet connection အရ log တွေအရ သူတို့အနေနဲ့ ကျနော့်ကို လာဖမ်းပြီးတော့ အကောင့်အတုလုပ်မှုနဲ့ တရားစွဲလို့ရတယ်။
ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ်၊ နောက်ပြီးတော့ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေအနေနဲ့ ဘယ်လိုတုံ့ပြန်မယ်လို့ ကြားလဲ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မြန်မာ နည်းပညာလုပ်ငန်းမှာရှိနေသူတော်တော်များများကတော့ ဒါကို ဆန့်ကျင်ကြပါတယ်။ အထူးသဖြင့် တရားမဝင်တဲ့ အစိုးရဖြစ်နေတယ်ပေါ့။
ကျနော်တို့ လက်မခံတဲ့ စစ်အစိုးရက ပြဌာန်းတဲ့ ဥပဒေ ဖြစ်နေတဲ့အတွက် အားလုံးက တညီတညွတ်တည်း ကန့်ကွက်ကြပါတယ်။ဒါပေမယ့် မြန်မာ ကွန်ပျူတာ ဖယ်ဒရေးရှင်းကတော့ စစ်အစိုးရရဲ့ လမ်းစဉ်ကို လိုက်ဖို့ရှိပါတယ်။ သူတို့က ဒါကို ထောက်ခံဖို့ရှိပါတယ်။
အဲဒီမှာရှိတဲ့ CEC တော်တော်များများက စစ်အစိုးရနဲ့ ပတ်သက်ပြီး ပရောဂျက်တွေ တော်တော်များယူပြီး လုပ်နေတာတွေရှိတဲ့အတွက် သူတို့က အစိုးရကို လွန်ဆန်နိုင်လိမ့်မယ်လို့ မထင်ဘူး။
နောက်ပြီးတော့ IT industry ကိုလည်း သူတို့ တကယ် represent လုပ်လိမ့်မယ်လို့ ကျနော်တို့ မထင်ပါဘူးခင်ဗျ။
ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကရော ဥပမာ- တယ်လီနော ကုမ္ပဏီလိုမျိုး သူတို့တွေကရော ဘယ်လိုတုံ့ပြန်မယ်လို့ ထင်လဲ။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
ကျနော်ထင်တာကတော့ သူတို့ရဲ့ public engagement ပေါ်လစီနဲ့ပဲ သွားမယ်ထင်ပါတယ်။ မိခင်ကုမ္ပဏီတွေကို ဆက်မေးပြီးတော့ ဒီဟာကို လိုက်နာမလား၊ မလိုက်နာဘူးလားဆိုတာ ပြန်ပြောမှာပေါ့နော်။ ကျနော်ထင်တာကတော့ တယ်လီနော့၊
အော်ရီဒူတို့ကတော့ ထောက်ခံလိမ့်မယ် မထင်ဘူး။ ဒါပေမဲ့ သူတို့ ထောက်ခံ၊ မထောက်ခံ ဒါကတော့ ဥပဒေအနေနဲ့ဖြစ်လာမှာပဲ။
ဦးသန်းလွင်ထွန်း။ ။ ဒီဥပဒေကြီးကလည်း ကြည့်ရတာက နေ့ချင်းညချင်း ဆွဲလိုက်တဲ့ ဥပဒေတော့မဟုတ်ဘူး။ သေချာဆွဲထားပြီးတော့မှ အခု ထုတ်ပြတယ်ဆိုတဲ့ သဘောလား၊အရင်တုန်းက ဒီဥပဒေအကြောင်းကြားဖူးလား။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။
ကျနော်တို့ ကြားဖူးတာကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်မှာ Roland Berger Consulting ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီကတဆင့် ဆက်သွယ်ရေးဝန်ကြီးဌာနကို စင်္ကာပူကုမ္ပဏီ TPC Counsulting နဲ့ ချိတ်ပေးပြီးတော့ ဆိုက်ဘာလုံခြုံရေးဥပဒေ ကြမ်းကို ရေးခိုင်းခဲ့ပါတယ်။
TPC ကရေးပေးတဲ့ ဥပဒေကြမ်းရှိပါတယ်။ အဲဒါကတော့ စင်္ကာပူက ဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ အတော်လေး ဆင်တူပါတယ်။ အဲဒီ ဥပဒေကြမ်းကို ရေးဆွဲပေးချိန်မှာ ဆက်သွယ်ရေးဝန်ကြီးဌာနဘက်က မြန်မာပြည်က တတ်သိပညာရှင်တွေကို မျှဝေပြီး သဘောထား၊ အမြင်၊ အကြံဉာဏ်တောင်းပါတယ်။ စင်္ကာပူရဲ့ဥပဒေက မြန်မာပြည်နဲ့ တိုက်ရိုက်ကြီး မအပ်စပ်ခဲ့တာကို တွေ့ရှိခဲ့တဲ့အတွက် ဒါကို မသုံးသင့်ပဲနဲ့ ဂိုက်လိုင်းအနေနဲ့ သုံးပြီး မြန်မာနိုင်ငံမှာ ကိုယ့်ဘာသာကိုယ် ရေးဆွဲဖို့ဆိုပြီး အကြံပြန်ပြုကြပါတယ်။
အဲဒီအချိန်မှာ ဆက်သွယ်ရေးဝန်ကြီးဌာန နဲ့ TPC အကြီးအကျယ် စကားများပြီး ပိုက်ဆံပြန်တောင်းတဲ့အထိတောင် ဖြစ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဥပဒေကြမ်းကို ပြန်ပြီးမပြင်ပဲနဲ့ ဆက်ပြီးရေးနေတယ်လို့ ကြားရပါတယ်။ ဒါပေမယ့် အခုဒီနေ့မှ ဥပဒေကြမ်းကို ပြန်ပြီး ထုတ်လိုက်တာပါ။
ဦးသန်းလွင်ထွန်း။ ။ အဲတော့ ဒီနေ့ထုတ်လိုက်တဲ့ မူကြမ်းက စင်္ကာပူမှာရှိတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေနဲ့တော်တော်လေးဆင် တယ်လို့ ပြောလို့ရတယ်ပေါ့။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ တော်တော်လေးဆင်ပါတယ်။ စည်းမျဉ်းသတ်မှတ်ချက်အပိုင်းကတော့ တော်တော်လေးဆင်ပါတယ်။ဒါပေမဲ့ intrusive surveillance ထိုးဖောက်ဝင်ရောက် စောင့်ကြည့်တဲ့အပိုင်းကတော့ မြန်မာဘက်ကထည့်တာလို့ ကျနော်မြင်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ စစ်ကောင်စီက ပြဌာန်းတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြစ်ဒဏ်ချမှတ်မှု တို့ဘာတို့ကြတော့ ဒီဘက်ရောက်မှ ထပ်ပြီးထည့်ထားတာနဲ့ တူတယ်။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ မှန်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။ ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဆွေးနွေးဖို့ သတ်မှတ်ထားတဲ့ ရက်က ဘယ်တော့လဲ။ ပြန်ပြောပါဦး။
ဆိုက်ဘာလုံခြုံရေးပညာရှင်။ ။ ဖေဖေါ်ဝါရီ (၁၅) ရက်ပါ။ ဒါကိုနောက်ဆုံးထားပြီးတော့ (၁၅)ရက်နေ့မှာ ပို့ရမယ်လို့ ပြောထားပါတယ်။
ကျနော်မြင်တာတော့ (၁၅)ရက်နေ့ နောက်ပိုင်းမှာ မြန်မာပြည်ထဲကနေပြီးတော့ VPN တွေကျော်ပြီးထွက်တာတို့၊ Facebook ပေါ်တက်တာတို့ တော်တော်များများ လျော့သွားလိမ့်မယ်လို့ ကျနော်မြင်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ဒီဥပဒေကို ပြဌာန်းလိုက်မယ်ဆိုတာနဲ့ စပြီး ထိန်းချုပ်တော့မယ်။ ပြီးလို့ရှိရင် အွန်လိုင်းမှာ active ဖြစ်နေသူတွေ၊ သတင်းပေးတဲ့ သူတွေ အဖမ်းခံရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။
ဦးသန်းလွင်ထွန်း။ ။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
VOA မြန်မာ
C y b e r အင္တာနက္ လုံၿခဳံေရးဥပေဒ အသစ္ေၾကာင့္ ဘာေတြ ထိခိုက္လာႏိုင္လဲ
Cyber Security Law ဆိုၿပီး Cyber နဲ႔အင္တာနက္ လုံၿခဳံေရးဥပေဒအသစ္ထုတ္မယ္ဆိုတာက ဘယ္အခ်က္ေတြလဲ ျမန္မာႏိုင္ငံမွာ အာဏာသိမ္းစစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဆိုက္ဘာလုံၿခဳံေရး ဥပေဒတရပ္ကို မၾကာခင္ထုတ္ျပန္ဖို႔ ရွိပါတယ္။
အင္တာနက္လူမႈကြန္ရက္ဆက္သြယ္ေရး စနစ္ေတြကိုထိန္းခ်ဳပ္ၿပီး ကႏ္ုသတ္ခ်က္ခ်ိဳးေဖာက္သူေတြကို အျပစ္ဒဏ္ေပးမယ့္ ဒီဥပေဒကိုခ်က္ျခင္းလက္ငင္းအေကာင္အထည္ေဖၚႏိုင္ေရးအတြက္ လိုအပ္တဲ့နည္းပညာရပ္ဆိုင္ရာ
အေထာက္အကူေတြကို တ႐ုတ္ႏိုင္ငံကေန မွာယူတင္သြင္းခဲ့ၿပီး အင္တာနက္ဆက္သြယ္ေရးနဲ႔ ဝန္ေဆာင္မႈလုပ္ငန္းကုမၸဏီေတြဆီ ေပးပို႔တပ္ဆင္ခိုင္းေနၿပီျဖစ္ေၾကာင္း
ရန္ကုန္ၿမိဳ႕က ဆိုက္ဘာလုံၿခဳံေရးကြၽမ္းက်င္သူပညာရွင္တေယာက္ကေျပာပါတယ္။ဌာနမႉး ဦးသန္းလြင္ထြန္းက ဆက္သြယ္ေမးျမန္းေပးထားပါတယ္။
ဦးသန္းလြင္ထြန္း။ ။
Cyber Security Law ဆိုၿပီး Cyber နဲ႔အင္တာနက္ လုံၿခဳံေရးဥပေဒအသစ္ထုတ္မယ္ဆိုတာက ဘယ္အခ်က္ေတြကို အေျခခံၿပီးေျပာေနတာလဲခင္ဗ်။
ဘယ္ေတာ့ေလာက္မွာ အတည္ျပဳမလဲ ခင္ဗ်။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
ဟုတ္ကဲ့။ အေရးႀကီးတဲ့ ဒီအေျခခံအခ်က္ကေတာ့ အြန္လိုင္းမွာ information အရမ္းေတြ ပ်ံ႕ႏွံ႔ေနတာေပါ့ ေနာ္ ။
အထူးသျဖင့္ ဒီ က်ေနာ္တို႔protest ေတြမွာ ဘယ္လိုေတြျဖစ္ေနတယ္၊ ဟိုတေန႔က ေနျပည္ေတာ္မွာ ေကာင္မေလး ေသနက္နဲ႔အပစ္ခံရတာတို႔ကို ကြက္ကြက္ကြင္းကြင္း႐ိုက္ၿပီး
တင္ျပတာတို႔၊ အဲဒါမ်ိဳးေတြကို သူတို႔က ဒါမ်ိဳး stop လုပ္ခ်င္တဲ့ သေဘာရွိတာေပါ့ေနာ္။ ဒီ အခု draft ကို circulate လုပ္ထားတာဟာ ၁၅ ရက္ေန႔ ေဖေဖာ္ဝါရီမွာ
အတည္ျပဳမယ္လို႔ေျပာၾကားထားပါတယ္။
ဦးသန္းလြင္ထြန္း။ ။
ဟုတ္ကဲ့။ က်ေနာ္က အဲဒီ draft ကို က်ေနာ္ေတြ႕တယ္။ အဲဒီမွာ Myanmar Cyber Security Law ေပါ့ေနာ္။ အဲဒါက စာမ်တ္ႏွာ (၃၇) မ်တ္ႏွာေလာက္ရွိတယ္။
ဒီဟာကို အခုလူေတြၾကားထဲမွာ အခု လုပ္ငန္းရွင္ေတြၾကားထဲမွာ၊ ေနာက္ၿပီးေတာ့ ကြန္ျပဴတာကြၽမ္းက်င္သူ ပညာရွင္ေတြၾကားထဲကို ျဖန႔္ေပးထားၿပီးေတာ့ လာမယ့္ ၁၅ ရက္ေန႔မွာ အတည္ျပဳၿပီးထုတ္ျပန္မယ္လို႔ေျပာေနတယ္။
အဲဒီသတင္းကေရာ အမွန္ပဲလား။ ဘယ္လို ၫႊန္ၾကားခ်က္ေတြလာတာလဲ ခင္ဗ်ာ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
မွန္ပါတယ္။ ဒီအခုေလာေလာဆယ္ draft law ကို သူက circulate လုပ္ထားတာကေတာ့ အင္တာနက္ ဆားဗစ္ ပ႐ိုဗိုက္တာေတြ၊ တယ္လီကြန္း ပ႐ိုဗိုက္တာေတြ ၿပီးေတာ့
ကြန္ျပဴတာအဖြဲ႕အစည္းေတြ၊ ျမန္မာကြန္ျပဴတာ ဖက္ဒေရးရွင္းတို႔၊ ျမန္မာကြန္ျပဴတာ ပေရာ္ဖက္ရွင္နယ္ Association တို႔ဆီကို အဲဒီဟာေတြပို႔ထားၿပီးေတာ့
Feedback ကို ၁၅ ရက္ေန႔မတိုင္ခင္ ျပန္ေပးဖို႔၊ ေထာက္ခံတယ္ ဒါမွမဟုတ္ ဘယ္ေနရာမွာ ျပင္သင့္တယ္ ဘာညာ အဲဒါမ်ိဴးကို ၁၅ ရက္ေန႔မတိုင္ခင္ျပန္ေပးဖို႔ Direction ေပးထားပါတယ္ ခင္ဗ်။
ဦးသန္း လြင္ထြန္း။ ။
အိုေက။ အဲဒီဥပေဒထဲမွာ ပါတဲ့အခ်က္ေတြကို မသြားခင္မွာ တခု လူေတြၾကားထဲမွာ ေျပာေနတဲ့ အခ်က္ေပါ့ေနာ္ အဲဒါက ဘာလဲဆိုေတာ့ ဒီ အင္တာနက္နဲ႔ပက္သက္တဲ့
ဝန္ေဆာင္မႈေပးေနတဲ့ ဌာနေတြ အဖြဲ႕အစည္းေတြ၊ လုပ္ငန္း ကုမၼဏီေတြကို တ႐ုတ္ျပည္ကလာတဲ့ ၾကားျဖတ္ လုပ္တဲ့ ဟို ေစာင့္ၾကည့္တဲ့စက္ေတြကို ပို႔ေပးထားၿပီးေတာ့
ဒါေတြကို တပ္ဆင္ဖို႔ၫႊန္ၾကားခ်က္ေတြ လာတယ္ဆိုတာကေရာ ဟုတ္ပါသလားခင္ဗ်။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
ဟုတ္ပါတယ္။ ဒါက တ႐ုတ္ျပည္ကလာတဲ့ ဒီ firewall ေတြေပါ့ေနာ္။ ဒီ firewall ေတြကို အင္တာနက္ ဝန္ေဆာင္မႈေပးတဲ့ ကုမၼဏီေတြ၊ ၿပီးေတာ့ ဒီ Telecom Provider ေတြ
ဥပမာ ေအာ္ရီဒူး၊ တယ္လီေနာ အဲဒီလိုဟာမ်ိဳးေတြဆီကို သူတို႔က လြန္ခဲ့တဲ့ ၂ ရက္ေလာက္ကစၿပီးေတာ့ ပို႔ထားပါတယ္။
ပို႔ထားၿပီးေတာ့ ဒီဟာေတြအကုန္လုံးကို ၁၅ ရက္ေန႔ေဖေဖာ္ဝါရီမတိုင္ခင္ operational ျဖစ္ရမယ္လို႔ၫႊန္ၾကားခ်က္ေပးထားပါတယ္။
ၫႊန္ၾကားခ်က္ေပးထားတဲ့ အျပင္ကို ဒီ configuration လုပ္တဲ့အခါမွာလည္း draft cyber law ရဲ႕ requirement နဲ႔တခါထဲ ညီေစဖို႔ ျပင္ဆင္ထားဖို႔ေျပာပါတယ္။
ဥပမာ ဟို log ေတြကို သိမ္းထားမယ္ဆိုလို႔ရွိရင္ ၃ ႏွစ္စာ သိမ္းရမယ္တို႔ဘာတို႔၊ အဲဒါေတြအားလုံးကိုပါ ျပင္ဆင္ထားဖို႔တခါထဲေျပာထားပါတယ္။
ဦးသန္းလြင္ထြန္း။ ။
အဲဒီမွာ အခုေျပာသြားတဲ့အထဲမွာ firewall ေတြေပါ့။ ဒါက software ေတြကို ေျပာတာလား။ Hardware ေတြကိုေျပာတာလား။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
Heardware ေတြပါ။ Heardware ေတြ ။
ဦးသန္းလြင္ထြန္း။ ။
သူကဘာေတြလုပ္ႏိုင္တာလဲ။ အထူးသျဖင့္ အဲဒီလို ပစၥည္းေတြက။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ဒီဟာေတြက latest technology firewall ေတြျဖစ္တယ္။ အဲဒါက ဘာလုပ္လို႔ရလဲဆိုေတာ့ ဥပမာ က်ေနာ္တို႔အင္တာနက္မွာ ဒီ traffic ရွိတာေပါ့ေနာ္ ။
traffic ဆိုတာ ဒီက်ေနာ္တို႔႐ိုး႐ိုး facebook သုံးတယ္ဆိုရင္ ႐ိုး႐ိုး traffic ရွိတယ္။ ဒါေပမယ့္ ဒီ traffic က encrypted လုပ္ထားေတာ့ အထဲကဟာကို က်ေနာ္တို႔ၾကည့္လို႔မရဘူး။
ဆိုေတာ့ ဘယ္သူက ဘာပို႔ေနတယ္ဆိုတာ မသိႏိုင္ဘူးေပါ့။ ဒါေပမယ့္ latest technology firewall မွာ deep packed inspection ဆိုတဲ့ features ေတြပါတယ္။
အဲဒါေတြက ဒီ traffic ကို အထဲကို ဝင္ၾကည့္လို႔ရတယ္။ ၿပီးေတာ့ ဘာ data ေတြ transfer လုပ္ေနတယ္ဆိုတာကအစ ၾကည့္လို႔ရတယ္။
ဆိုေတာ့ latest technology နဲ႔ အင္တာနက္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ႀကိဳးစားတယ္လို႔က်ေနာ္ျမင္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။
အဲဒီအျပင္ကို က်ေနာ္တို႔ထပ္ၿပီးေတာ့ ၫႊန္ၾကားခ်က္က ဒီလို firewall နဲ႔ monitor လုပ္တယ္။ ေစာင့္ၾကည္မယ္ေပါ့ေနာ္။ ၿပီးေတာ့ data ေတြကို သိမ္းထားမယ္။
သုံးႏွစ္ေတာင္ သိမ္းထားရမယ္ဆိုၿပီးေတာ့ ၫႊန္ၾကားတယ္။ အစိုးရက လိုအပ္လို႔ရွိရင္ သူတို႔က ဒါေတြကို ေပးရမယ္ေပါ့ ဒါေတြကို။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
မွန္ပါတယ္။ အစိုးရက လိုအပ္ရင္ ေတာင္းတာနဲ႔ ခ်က္ခ်င္းေပးရမယ္။
ဦးသန္းလြင္ထြန္း။ ။
အဲဒီလိုစည္းကမ္းခ်က္က အရင္တုန္းကေရာရွိလား။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ မရွိပါဘူးခင္ဗ်။ မရွိပါဘူး။
ဦးသန္းလြင္ထြန္း။ ။
ဟုတ္ၿပီ။ အဲဒါက အခုေလာေလာဆယ္ဘာေတြျဖစ္လာေနလို႔အခုဒါက ဒီ ၂ ရက္ ၃ ရက္အတြင္းမွာမွ ဒါေတြျဖစ္တယ္။
ဘာေၾကာင့္လည္း ဆိုေတာ့ လြန္ခဲ့တဲ့ အပတ္တုန္းက ဒီစစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ တယ္လီဖုန္းဆက္သြယ္ေရးေတြ ေလွ်ာ့ခ် ျဖတ္ေတာက္တယ္။
ေနာက္ၿပီးေတာ့ အင္တာနက္ speed ေတြ နည္းနည္းေလ်ာ့လာတယ္။ ၿပီးေတာ့ facebook နဲ႔တျခားလူမႈကြန္ရက္ထဲကဟာေတြကိုေပါ့ေနာ္ ဒီဘက္က ဝန္ေဆာင္မႈေပးတဲ့ဟာေတြကိုလည္း ရပ္ဖို႔ၫႊန္ၾကားခ်က္ေတြ ထုတ္တယ္။ ဒါေတြနဲ႔မလုံေလာက္ပဲနဲ႔အခုဒါက ထက္ၿပီးေတာ့ အေျခအေနကို ပိုၿပီးတင္းၾကပ္ေစတဲ့သေဘာလား။ အျခားဘာေတြ ဘာရည္႐ြ႕ယ္ခ်က္ေတြရွိေသးလဲ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
အဓိကကေတာ့ဗ်ာ။ အရင္တုန္းကသူလုပ္ေနတဲ့နည္းေပါ့။ ဥပမာ အင္တာနက္ကို ျဖတ္ပစ္တာတို႔၊ အင္တာနက္တခုလုံးကို ပိတ္ပစ္တာတို႔၊
ေနာက္ၿပီးေတာ့ ဒီ အကုန္လုံး Ban ပစ္တာတို႔ၾကေတာ့ က်ေနာ္တို႔ျမန္မာျပည္မွာရွိတဲ့ Business ေတြကို ထိခိုက္ေစတယ္ေလ။ အထူးသျဖင့္ Banking Industry ေပါ့။
က်ေနာ္တို႔ရဲ႕ Banking Industry က အင္တာနက္ေပၚမွာပဲ အလုပ္လုပ္ေနရတာဆိုေတာ့ ဒီအင္တာနက္အကုန္လုံးပိတ္လိုက္ရင္ ဘဏ္ေတြအလုပ္မလုပ္ဘူးဆိုလို႔ရွိရင္
ပိုၿပီးေတာ့ issue ေတြက ပိုမ်ားလာမယ္ေလ။ သူတို႔အေနနဲ႔ဒါကို pinpoint လုပ္ၿပီးေတာ့ block ႏိုင္ဖို႔အတြက္ facilities ေတြလိုတယ္ေပါ့ေနာ္။
ေနာက္တခုက ဒီအင္တာနက္ေပၚမွာ အထူးသျဖင့္ information ပ်ံ႕တာကို control လုပ္ခ်င္တယ္။ အထူးသျဖင့္ ဒီ fake news ေတြပ်ံ႕တာတို႔၊
ေနာက္ၿပီးေတာ့ ဒီ protest news ေတြ၊ abuse report ေတြ ဒီလိုမ်ိဴး အြန္လိုင္းေတြလည္းတက္တယ္။ ေနာက္ၿပီးေတာ့ ႏိုင္ငံျခားက မီဒီယာေတြနဲ႔ဆက္သြယ္ၿပီးေတာ့ information ေတြကို မျပတ္ပို႔ႏိုင္ေနတာေတြကို သူတို control လုပ္ခ်င္တယ္။
အထူးသျဖင့္ information flow ကို သူတို႔control လုပ္ခ်င္တဲ့သေဘာရွိတယ္။ ဒါေပမယ့္ အဲဒီလို control လုပ္တဲ့အခါမွာ ဒီဘက္ကေန side effect မျဖစ္ေစဖို႔အတြက္
ဒီလိုမ်ိဴး technology ကို လဲရျခင္းျဖစ္တယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သူတို႔အင္တာနက္ကို ပိတ္ခ်လိုက္လို႔ရွိရင္ ဗမာျပည္က ဘဏ္ေတြေတာ္ေတာ္မ်ားမ်ားက အလုပ္မလုပ္ေတာ့ဘူး။
ဘာျဖစ္လို႔လဲဆိုေတာ့ ျမန္မာျပည္က ဘဏ္ေတြေတာ္ေတာ္မ်ားမ်ားက သူတို႔ရဲ႕ infrastructure က Amazon တို႔ Huawei တို႔ Microsoft ရဲ႕ Cloud ေတြေပၚမွာတင္ထားတာဆိုေတာ့ ဒါေတြအကုန္လုံးကို ျဖတ္လိုက္လို႔မရဘူးဆိုေတာ့ သူတို႔အေနနဲ႔ဒီနည္းလမ္းကို သြားတာျဖစ္တယ္။
ဦးသန္းလြင္ထြန္း။ ။
ေစာေစာက ေျပာတဲ့ထဲမွာ Huawei ဆိုတာေတြလည္းပါတယ္။ အခုဒီ အင္တာနက္ဝန္ေဆာင္မႈ ကုမၼဏီေတြကို ပို႔ေပးထားၿပီးေတာ့ ၁၅ ရက္မတိုင္မီ အၿပီးတပ္ရမယ္ဆိုတဲ့
ဒီ firewall စက္ေတြကလည္း Huawei ကစက္ေတြလို႔ေျပာတယ္ေနာ္။ ဟုတ္တယ္ေနာ္ အဲဒါ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
အဲဒါကေတာ့က်ေနာ္တို႔လည္းၾကားပါတယ္။ ဒါေပမယ့္ confirm ေတာ့ က်ေနာ္မသိရေသးပါဘူး။ ဒီလိုပဲ industry ကလူအခ်င္းခ်င္းေျပာၾကတယ္ေပါ့ေနာ္။
သူတို႔ဒီဟာေတြကေတာ့ Huawei ကလာတဲ့ device ေတြျဖစ္တယ္လို႔ေတာ့ေျပာၾကပါတယ္ ဟုတ္ကဲ့။
ဦးသန္းလြင္ထြန္း။ ။ အဲဒီေတာ့ ၿပီးခဲ့တဲ့ ရက္ပိုင္းေပါ့ေနာ္ ။ အဲဒီတုန္းက တ႐ုတ္ျပည္ကေလယာဥ္ပ်ံေတြ ၅ စီးေလာက္ဆင္းလာၿပီးေတာ့ ပစၥည္းေတြခ်တယ္ ဆိုတဲ့ သတင္းေတြနဲ႔ေရာ ဆက္စပ္ႏိုင္သလား။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ဆက္စပ္ႏိုင္ပါတယ္။ ျဖစ္ႏိုင္ပါတယ္ခင္ဗ်။ လတ္ေလာေရာက္ရွိလာတာျဖစ္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။ အဲဒီေတာ့ သေဘာက ဒါျပန္ခ်ဳပ္ရမယ္ဆိုလို႔ရွိရင္ အခုေလာေလာဆယ္ အင္တာနက္ဝန္ေဆာင္မႈ ကုမၼဏီေတြကို Cyber Security Law လို႔ေခၚတဲ့ စာမ်တ္ႏွာ ၃၇ မ်တ္ႏွာရွိတဲ့
ဥပေဒမူၾကမ္းကို ေပးပို႔ၿပီးေတာ့ ဒီကိစၥေတြကို သုံးသပ္ဖို႔ ၿပီးေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီးေတာ့ ျပန္ၿပီး အေၾကာင္းၾကားဖို႔ၿပီးေတာ့ ၁၅ ရက္ေန႔မတိုင္ခင္ေပါ့ေနာ္ ။
အဲဒီမတိုင္ခင္မွာလည္း ဒါက ဥပေဒေၾကာင္းအရ။ ေနာက္တခုကလည္း လိုအပ္တဲ့ ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတဲ့ စက္ပစၥည္းေတြကိုလည္း မျဖစ္မေနတပ္ရမယ္ဆိုၿပီး ေပးပို႔ထားၿပီးၿပီ။
ဆိုေတာ့ ဒါဟာ ႏွစ္ဘက္ ၿပိဳင္တူခ်ိန္ကိုက္ၿပီးလုပ္ေနၾကတဲ့ သေဘာေပါ့ေနာ္။ အဲဒီေတာ့ က်ေနာ္ဒီ Cyber Security Law ဆိုတဲ့ ဥပေဒထဲမွာပါတဲ့ အေရးႀကီးတဲ့ အခ်က္ကေလးေတြကို က်ေနာ္နည္းနည္းေဆြးေႏြးခ်င္တယ္။
ဒီအေရးႀကီးတဲ့အခ်က္အထဲမွာ က်ေနာ္လည္း အၾကမ္းေတာ့ဖတ္ၾကည့္လိုက္တယ္။ ဖတ္ၾကည့္လိုက္တဲ့အခါၾကေတာ့ ဝန္ေဆာင္မႈကုမၼဏီေတြအေပၚကို ကန႔္သတ္တဲ့အခ်က္က လိုင္စင္ေတြျပန္ေလွ်ာက္ရမယ္။ ေနာက္ၿပီးေတာ့ ေစာေစာကေျပာတဲ့ ထိန္းခ်ဳပ္မႈေတြေပါ့ေနာ္။
အခ်က္အလက္ေတြကို ထိန္းသိမ္းထားရမယ္။ ေစာင့္ၾကည့္ရမယ္။ ဒါေတြအျပင္အျခားထူးထူးျခားျခားဘာပါေသးလဲ။ ဝန္ေဆာင္မႈကုမၼဏီေတြေပၚကို တင္းက်ပ္တဲ့ကိစၥ တျခားဘာေတြပါေသးလဲ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ဝန္ေဆာင္မႈကုမၼဏီေတြတင္မဟုတ္ဘူး။ ဒီ Access ေပၚမွာ တင္းက်ပ္တယ္ေပါ့ေနာ္။ ဒီ လူတိုင္းရဲ႕ information ကို သိရမယ္။ ဒါေပမယ့္ သူတို႔လုပ္တဲ့ပုံစံက ဘာလဲဆိုေတာ့ service provider ေတြအေနနဲ႔က သူတို႔ရဲ႕ ဆားဗစ္ကို သုံးေနတဲ့ လူေတြရဲ႕ information detail အကုန္လုံးကို သူတို႔သိထားရမယ္။ ၿပီးရင္ ဒီ information ကို သူတို႔ကို provide လုပ္ရမယ္ဆိုတဲ့ သေဘာကို သက္ေရာက္ေနတယ္။
အထူးသျဖင့္သူတို႔ေရးထားတဲ့အထဲမွာ ဒီထဲမွာ အထူးသျဖင့္ တခုခုဆိုရင္ သူတို႔ပိတ္ဆိုရင္ အကုန္လုံးက ပိတ္ရမယ္။ ဘာ reason မွ ေပးလို႔မရဘူး။ ဘာ business exemption မွ ေတာင္းလို႔မရဘူးဆိုတဲ့သေဘာရွိတယ္။ ေနာက္တခုက practical မက်ဟာ ေတာ္ေတာ္မ်ားမ်ားဟာ ဘာလဲဆိုေတာ့ server ကို သူေျပာတဲ့ေနရာမွာပဲထားရမယ္။ ဆိုေတာ့ Google တို႔Facebook တို႔ကို ဒီေနရာမွာလာထားေပးဆိုလို႔လည္း့ေျပာလို႔မရဘူးေလ။
သိတယ္မဟုတ္လား။ ေနာက္တခုက က်ေနာ္တို႔cloud service provider ေတြအေနနဲ႔လည္း cloud service ေတြကို က်ေနာ္တို႔က ျမန္မာျပည္မွာေပးလို႔မရေတာ့ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ထားတဲ့ server ေတြက ျပည္တြင္းမွာ သူတို႔ေျပာတဲ့ေနရာမွာပဲ က်ေနာ္တို႔က ထားရမယ္ဆိုတဲ့အခါက်ေတာ့ ရွင္းရွင္းေျပာရင္ ေတာ္ေတာ္ႀကီးကို မဆီေလ်ာ္တဲ့၊ မကိုက္ညီတဲ့ ဥပေဒမူၾကမ္းလိုမ်ိဳးျဖစ္ေနပါတယ္ခင္ဗ်။
ဦးသန္းလြင္ထြန္း။ ။ တ႐ုတ္ျပည္မွာရွိတဲ့ data ေတြကို country control ေပါ့ေနာ္။ ႏိုင္ငံထဲမွာပဲ control လုပ္လိုက္တယ္ဆိုတဲ့ ပုံစံမ်ိဳးျဖစ္ေနတာေပါ့။ တျခား ကမာၻအႏွံ႔မွာရွိတဲ့ Golbal Store ေတြဆီမွာထားတာမဟုတ္ပဲနဲ႔ဒီ data ေတြ အကုန္လုံးကို ႏိုင္ငံကပဲ control လုပ္မယ္ဆိုတဲ့ သေဘာျဖစ္သြားတာေပါ့။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ မွန္ပါတယ္ခင္ဗ်။ မွန္ပါတယ္။ data ကို ျမန္မာျပည္ထဲမွာပဲ ထားရမယ္။ ရွင္းရွင္းေျပာရင္ လိုအပ္ရင္ ဒီ data ကို ျမန္မာျပည္တြင္းမွာပဲ သူတို႔သိမ္းပိုက္မယ္ ဆိုတဲ့ သေဘာမ်ိဳးသက္ေရာက္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။ ေစာေစာကေျပာတဲ့အထဲမွာ ေနာက္တခုက ဘာလဲဆိုေတာ့ လူေတြရဲ႕ အခ်က္အလက္ေတြအကုန္လုံးကိုသိထားရမယ္။ ေနာက္ၿပီးေတာ့ က်ေနာ္ဆက္ဖတ္ၾကည့္လိုက္တဲ့ အခါၾကေတာ့လည္း account ေတြလုပ္တယ္ေပါ့ေနာ္။ အဲဒီ account တုေတြလုပ္တာကအစ အေရးယူႏိုင္တဲ့ပုံစံမ်ိဴးေရးထားတယ္ေလ။ ျပစ္ဒဏ္ေတြဆိုလို႔ရွိရင္လည္း ပုဒ္မ ၆၆ (ဃ) ထက္ပိုၿပီး အေသးစိတ္လာတယ္။
အထူးသျဖင့္ လူတေယာက္ခ်င္းစီကိုပဲ ဥပမာ အဖြဲ႕အစည္းတခုခုကို ထိခိုက္ေအာင္ေရးတာတို႔၊ လိင္မႈကိစၥဟာေတြကို တင္တာတို႔၊ ေသြးကြဲေအာင္လုပ္တယ္ဆိုတဲ့ စြပ္စြဲခ်က္မ်ိဳး၊ အေကာင့္တုေပါ့ေနာ္။ အဲတာမ်ိဳးေတြကအစ ေထာင္ဒဏ္ ၃ ႏွစ္က်မယ္ လို႔ဆိုေတာ့။ ေနာက္ၿပီးေတာ့ ဒဏ္ေငြလည္း သိန္း ၁၀၀ ေလာက္ရွိမယ္နဲ႔တူတယ္။
အဲတာမ်ိဳးေတြ ပါေနတာေတြ႕တယ္။ ဆိုေတာ့ တျခားဒီထက္ပိုၿပီး တင္းက်ပ္တဲ့၊ တျခားထူးျခားတဲ့ အခ်က္ေတြမ်ားရွိရင္ အဲတာေလးေတြလည္း ေထာက္ျပပါဦး။ က်ေနာ္လည္း အၾကမ္းဖ်ဥ္းပဲ ဖတ္ရေသးတယ္။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ က်ေနာ္လည္း အၾကမ္းဖ်င္းပဲ ဖတ္ထားတာပါ။ ျပႆနာက ဘာလည္းဆိုေတာ့ အေကာင့္အတုဖြင့္တာ၊ အြန္းလိုင္းေပၚမွာ ပို႔စ္တင္တာဆိုရင္ သူတို႔ စြဲခ်က္နဲ႔ ၿငိေနတယ္ေလ။
ဥပမာ ပုဒ္မ ၆၆ (ဃ)ဆိုရင္ လူတေယာက္ကို ေစာ္ကားတယ္၊ ထိခိုက္တယ္ဆိုမွ ၿငိတာ။ အခုထုတ္ျပန္တဲ့ ဥပေဒမ်ိဳးကေတာ့ blanket သိမ္းက်ဳံးၿပီးအကုန္လုံးကို ခ်သလိုျဖစ္သြားတယ္။
သူတို႔နဲ႔ မဆီေလ်ာ္တဲ့ ဟာကိုတင္ရင္ ဖမ္းတဲ့ ဆိုတဲ့ ပုံစံမ်ိဳးျဖစ္တယ္။
ဦးသန္းလြင္ထြန္း။ ။ ဒါက အေကာင့္တုရွိေနတယ္ဆိုတာကို ျမင္တယ္ဆိုရင္ အေကာင့္တု လုပ္မႈနဲ႔အေရးယူခံရမယ္။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ မွန္ပါတယ္။ ဥပမာ- က်ေနာ္တို႔က ဆႏၵျပတဲ့အေၾကာင္းေတြကို တင္ခ်င္တယ္။ ဒါေပမဲ့ ကိုယ္ အေကာင့္ကေန မတင္ပဲ၊ အျခား အေကာင့္တခု ဖန္တီးၿပီးေတာ့ ကိုယ့္ဘာသာကိုယ္ တင္လိုက္တယ္။
အဲဒါကို သူတို႔က သိသြားတယ္ဆိုရင္ Internet connection အရ log ေတြအရ သူတို႔အေနနဲ႔ က်ေနာ့္ကို လာဖမ္းၿပီးေတာ့ အေကာင့္အတုလုပ္မႈနဲ႔ တရားစြဲလို႔ရတယ္။
ဦးသန္းလြင္ထြန္း။ ။ အဲေတာ့ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏိုင္ငံ ကြန္ျပဴတာအသင္းခ်ဳပ္၊ ေနာက္ၿပီးေတာ့ ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြအေနနဲ႔ ဘယ္လိုတုံ႔ျပန္မယ္လို႔ ၾကားလဲ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ျမန္မာ နည္းပညာလုပ္ငန္းမွာရွိေနသူေတာ္ေတာ္မ်ားမ်ားကေတာ့ ဒါကို ဆန႔္က်င္ၾကပါတယ္။ အထူးသျဖင့္ တရားမဝင္တဲ့ အစိုးရျဖစ္ေနတယ္ေပါ့။
က်ေနာ္တို႔ လက္မခံတဲ့ စစ္အစိုးရက ျပဌာန္းတဲ့ ဥပေဒ ျဖစ္ေနတဲ့အတြက္ အားလုံးက တညီတၫြတ္တည္း ကန႔္ကြက္ၾကပါတယ္။ဒါေပမယ့္ ျမန္မာ ကြန္ပ်ဴတာ ဖယ္ဒေရးရွင္းကေတာ့ စစ္အစိုးရရဲ႕ လမ္းစဥ္ကို လိုက္ဖို႔ရွိပါတယ္။ သူတို႔က ဒါကို ေထာက္ခံဖို႔ရွိပါတယ္။
အဲဒီမွာရွိတဲ့ CEC ေတာ္ေတာ္မ်ားမ်ားက စစ္အစိုးရနဲ႔ ပတ္သက္ၿပီး ပေရာဂ်က္ေတြ ေတာ္ေတာ္မ်ားယူၿပီး လုပ္ေနတာေတြရွိတဲ့အတြက္ သူတို႔က အစိုးရကို လြန္ဆန္ႏိုင္လိမ့္မယ္လို႔ မထင္ဘူး။
ေနာက္ၿပီးေတာ့ IT industry ကိုလည္း သူတို႔ တကယ္ represent လုပ္လိမ့္မယ္လို႔ က်ေနာ္တို႔ မထင္ပါဘူးခင္ဗ်။
ဦးသန္းလြင္ထြန္း။ ။ အဲေတာ့ ဝန္ေဆာင္မႈေပးေနတဲ့ ႏိုင္ငံျခားကုမၸဏီေတြကေရာ ဥပမာ- တယ္လီေနာ ကုမၸဏီလိုမ်ိဳး သူတို႔ေတြကေရာ ဘယ္လိုတုံ႔ျပန္မယ္လို႔ ထင္လဲ။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
က်ေနာ္ထင္တာကေတာ့ သူတို႔ရဲ႕ public engagement ေပၚလစီနဲ႔ပဲ သြားမယ္ထင္ပါတယ္။ မိခင္ကုမၸဏီေတြကို ဆက္ေမးၿပီးေတာ့ ဒီဟာကို လိုက္နာမလား၊ မလိုက္နာဘူးလားဆိုတာ ျပန္ေျပာမွာေပါ့ေနာ္။ က်ေနာ္ထင္တာကေတာ့ တယ္လီေနာ့၊
ေအာ္ရီဒူတို႔ကေတာ့ ေထာက္ခံလိမ့္မယ္ မထင္ဘူး။ ဒါေပမဲ့ သူတို႔ ေထာက္ခံ၊ မေထာက္ခံ ဒါကေတာ့ ဥပေဒအေနနဲ႔ျဖစ္လာမွာပဲ။
ဦးသန္းလြင္ထြန္း။ ။ ဒီဥပေဒႀကီးကလည္း ၾကည့္ရတာက ေန႔ခ်င္းညခ်င္း ဆြဲလိုက္တဲ့ ဥပေဒေတာ့မဟုတ္ဘူး။ ေသခ်ာဆြဲထားၿပီးေတာ့မွ အခု ထုတ္ျပတယ္ဆိုတဲ့ သေဘာလား၊အရင္တုန္းက ဒီဥပေဒအေၾကာင္းၾကားဖူးလား။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။
က်ေနာ္တို႔ ၾကားဖူးတာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ေလာက္က ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္မွာ Roland Berger Consulting ကမာၻလုံးဆိုင္ရာ ကုမၸဏီကတဆင့္ ဆက္သြယ္ေရးဝန္ႀကီးဌာနကို စကၤာပူကုမၸဏီ TPC Counsulting နဲ႔ ခ်ိတ္ေပးၿပီးေတာ့ ဆိုက္ဘာလုံၿခဳံေရးဥပေဒ ၾကမ္းကို ေရးခိုင္းခဲ့ပါတယ္။
TPC ကေရးေပးတဲ့ ဥပေဒၾကမ္းရွိပါတယ္။ အဲဒါကေတာ့ စကၤာပူက ဆိုက္ဘာလုံၿခဳံေရးဥပေဒနဲ႔ အေတာ္ေလး ဆင္တူပါတယ္။ အဲဒီ ဥပေဒၾကမ္းကို ေရးဆြဲေပးခ်ိန္မွာ ဆက္သြယ္ေရးဝန္ႀကီးဌာနဘက္က ျမန္မာျပည္က တတ္သိပညာရွင္ေတြကို မွ်ေဝၿပီး သေဘာထား၊ အျမင္၊ အႀကံဉာဏ္ေတာင္းပါတယ္။ စကၤာပူရဲ႕ဥပေဒက ျမန္မာျပည္နဲ႔ တိုက္႐ိုက္ႀကီး မအပ္စပ္ခဲ့တာကို ေတြ႕ရွိခဲ့တဲ့အတြက္ ဒါကို မသုံးသင့္ပဲနဲ႔ ဂိုက္လိုင္းအေနနဲ႔ သုံးၿပီး ျမန္မာႏိုင္ငံမွာ ကိုယ့္ဘာသာကိုယ္ ေရးဆြဲဖို႔ဆိုၿပီး အႀကံျပန္ျပဳၾကပါတယ္။
အဲဒီအခ်ိန္မွာ ဆက္သြယ္ေရးဝန္ႀကီးဌာန နဲ႔ TPC အႀကီးအက်ယ္ စကားမ်ားၿပီး ပိုက္ဆံျပန္ေတာင္းတဲ့အထိေတာင္ ျဖစ္ခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီဥပေဒၾကမ္းကို ျပန္ၿပီးမျပင္ပဲနဲ႔ ဆက္ၿပီးေရးေနတယ္လို႔ ၾကားရပါတယ္။ ဒါေပမယ့္ အခုဒီေန႔မွ ဥပေဒၾကမ္းကို ျပန္ၿပီး ထုတ္လိုက္တာပါ။
ဦးသန္းလြင္ထြန္း။ ။ အဲေတာ့ ဒီေန႔ထုတ္လိုက္တဲ့ မူၾကမ္းက စကၤာပူမွာရွိတဲ့ ဆိုက္ဘာလုံၿခဳံေရး ဥပေဒနဲ႔ေတာ္ေတာ္ေလးဆင္ တယ္လို႔ ေျပာလို႔ရတယ္ေပါ့။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ေတာ္ေတာ္ေလးဆင္ပါတယ္။ စည္းမ်ဥ္းသတ္မွတ္ခ်က္အပိုင္းကေတာ့ ေတာ္ေတာ္ေလးဆင္ပါတယ္။ဒါေပမဲ့ intrusive surveillance ထိုးေဖာက္ဝင္ေရာက္ ေစာင့္ၾကည့္တဲ့အပိုင္းကေတာ့ ျမန္မာဘက္ကထည့္တာလို႔ က်ေနာ္ျမင္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။ စစ္ေကာင္စီက ျပဌာန္းတယ္ဆိုတဲ့ ေခါင္းစဥ္နဲ႔ ျပစ္ဒဏ္ခ်မွတ္မႈ တို႔ဘာတို႔ၾကေတာ့ ဒီဘက္ေရာက္မွ ထပ္ၿပီးထည့္ထားတာနဲ႔ တူတယ္။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ မွန္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။ ဒီကိစၥနဲ႔ ပတ္သက္လို႔ သူတို႔ ေဆြးေႏြးဖို႔ သတ္မွတ္ထားတဲ့ ရက္က ဘယ္ေတာ့လဲ။ ျပန္ေျပာပါဦး။
ဆိုက္ဘာလုံၿခဳံေရးပညာရွင္။ ။ ေဖေဖၚဝါရီ (၁၅) ရက္ပါ။ ဒါကိုေနာက္ဆုံးထားၿပီးေတာ့ (၁၅)ရက္ေန႔မွာ ပို႔ရမယ္လို႔ ေျပာထားပါတယ္။
က်ေနာ္ျမင္တာေတာ့ (၁၅)ရက္ေန႔ ေနာက္ပိုင္းမွာ ျမန္မာျပည္ထဲကေနၿပီးေတာ့ VPN ေတြေက်ာ္ၿပီးထြက္တာတို႔၊ Facebook ေပၚတက္တာတို႔ ေတာ္ေတာ္မ်ားမ်ား ေလ်ာ့သြားလိမ့္မယ္လို႔ က်ေနာ္ျမင္ပါတယ္။
ဘာျဖစ္လို႔လည္းဆိုေတာ့ ဒီဥပေဒကို ျပဌာန္းလိုက္မယ္ဆိုတာနဲ႔ စၿပီး ထိန္းခ်ဳပ္ေတာ့မယ္။ ၿပီးလို႔ရွိရင္ အြန္လိုင္းမွာ active ျဖစ္ေနသူေတြ၊ သတင္းေပးတဲ့ သူေတြ အဖမ္းခံရလိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။
ဦးသန္းလြင္ထြန္း။ ။
အခုလို ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
VOA ျမန္မာ
Be the first to comment