Facebook Comments Box
14.10.2021 မှ 20.10.2021 အထိ တစ်ပတ်စာ ရရက်သားသမီးဟောစာတမ်း

14.10.2021 မှ 20.10.2021 အထိ တစ်ပတ်စာ ရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
အရာရာသတိနဲ့ယှဉ်ပြီးဆောင်ရွက်ရမဲ့ကာလပါ။ အမှုမဲ့ အမှတ်မဲ့နေတတ်သူများအတွက် ဒီကာလဟာအဆိုး များပါတယ်။ မိမိပြောလိုက်တဲ့စကား၊ မိမိပြုမူလိုက်တဲ့ ကိုယ်အမူအရာတွေက တစ်ဖက်သားကတစ်ဖက်သားကိုထိ ခိုက်စေတာမျိုးဖြစ်ရင်တော့ တစ်ဖက်လူက ရန်ငြိုးဖွဲ့သွားတတ်တဲ့ကာလမို့ပါ။ အလုပ်ပြောင်း၊နေရာပြောင်း၊ အခြား ဌာနတွေမှာ ယာယီတာဝန်ထမ်းဆောင်ရတာမျိုးတွေကြုံလွယ်တဲ့ကာလပါပဲ။ ဖခင်ကို အတိုက်အခံပြန်လုပ် တာမျိုး ဒီကာလမှာအထူးရှောင်ပါ။ လူကြီးမိဘတွေစိတ်ပျက်အောင်မလုပ်သင့်တဲ့ကာလပဲဖြစ်ပါတယ်။စီးပွားရေးနဲ့ ဆက်စပ် ပြီး တတ်နိုင်သ၍ မျက်မြင်ကိုယ်တွေ အလုပ်တွေပဲလုပ်ပါ။ မမြင်ရတဲ့အလုပ်တွေ၊ သူများစကားယုံပြီးလုပ် တဲ့ အလုပ် တွေ၊အွန်လိုင်းစီးပွားရေးတွေကအထိနာတတ်ပါတယ်။ ငွေကြေးအတွက် ပူပန်စရာမလိုပေမဲ့ သူများကို ချေး ငှားမိရင်ဆုံးသွားတတ်ပါတယ်။ ငွေအထွက်လဲများနေနိုင်ပါတယ်။ ကျန်းမာရေး အညံ့နည်းပေမဲ့ အလုပ်ဒဏ်ပိ တာ တွေ ကြောင့် ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ ဒေါသနဲ့ဖြေရှင်းရာကစလို့ မခေါ်နိုင် မပြော နိုင် သည် အထိဖြစ်ရတတ်ပါတယ်။အိမ်ထောင်ရေးအညံ့အဆိုးသိပ်မတွေ့ရပါဘူး။ပညာရေးကိစ္စများအတွက် စိတ် ပင်ပန်း စရာကြုံရတတ်ပါတယ်။
အကျိုးပေးဂဏန်း ၅/၆/၈
အထူးဟော-အနည်းငယ်သတိထားနေရမဲ့ကာလပါ
ယတြာ တံမြက်စည်းတစ်ချောင်း ဘုရားစေတီမှာလှူလိုက်ပါ.

တနင်္လာ
စိတ်ခံစားမှုတွေပြင်းထန်မဲ့ကာလပါပဲ။မိသားစုအတွက်စိတ်ထဲခံပြင်းဒေါသတွေများနေရတတ်ပါတယ်။ အလုပ်ပိုတွေများနေတတ်တာကိုလဲတွေ့ရပါတယ်။စိတ်ကူးကောင်း တွေ အယူအဆကောင်းတွေကို ထုတ်မသုံးနိုင် တဲ့ကာလပါပဲ။ အလုပ်သစ်နဲ့ပတ်သက်ပြီး ကြုံတွေ့နေရသူများ အခက်အခဲတွေကြုံရတတ်ပါတယ်။ ဒီကာလမှာနိုင်ငံ ခြားငွေကိုင်ထားတာမျိုးတွေမလုပ်ပါနဲ့။ ရပ်ဝေးခရီးကိစ္စတော်တော်များများ သွားဖို့ကြုံလာတတ်ပါတယ်။ ခရီးကိစ္စ တွေအဆင်ပြေပေမဲ့ ခရီးပန်းတာမျိုးဖြစ်တတ်ပါတယ်။ မိမိခန္ဓာကိုယ်က ဒီကာလမှာဒူပေဒါပေမခံပါဘူး။ တစ်ခုခု အစားအသောက်အနေအထိုင်မှားတာနဲ့ကျန်းမာရေးညံ့ဖျင်းသွားတတ်ပါတယ်။ ပြန်ကျဲနေတဲ့ ငွေကြေးတွေပြန်စု ဆောင်းရတတ်ပါတယ်။ လူငယ်များ အရက်သေစာအလွန်အကျွံတွေမသောက်မိပါစေနဲ့။ အရက်ကြောင့် ကျန်းမာ ရေး လူမှုရေးပြင်းထန်စွာ ထိခိုက်သွားတတ်တဲ့ကာလပါပဲ။အလုပ်စီးပွားနဲ့ဆက်စပ်ပြီး မိမိထက်ငယ်သူတွေ ဆီက အကြံဉာဏ်ယူစေချင်ပါတယ်။နည်းပညာနဲ့သက်ဆိုင်သောစီးပွားများ အွန်လိုင်းစီးပွားရေးအလုပ်များ အားကောင်း နေနိုင်တာကိုတွေ့ရပါတယ်။အချစ်ရေးအဆင်ပြေပေမဲ့ အိမ်ထောင်ရေးကတော့ အားနည်းချက်များတာတွေ့ရပါ တယ်။ပညာရှာနေသူများ ပညာအသစအသစ်တွေရလာဖွယ်ရှိပေမဲ့မိမိကသင်ယူလိုစိတ်ကုန်နေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၂/၆/၀
အထူးဟော ကျန်းမာရေးဂရုပြုပါ
ယတြာ အိမ်တွင်းအတူနေသူများအား ကော်ဖီမစ်ထုပ် လက်ဆောင်ဝယ်ပေးပါ

အင်္ဂါ
အလုပ်တွေများနေပေမယ့် လုပ်သမျှအကျိုးခံစားရမဲ့ကာလပါပဲ။ အကြံကောင်းစိတ်ကူးကောင်းတွေထွက် လာတတ်သလို အနာဂတ်အတွက် ကြံစည်စဉ်းစားခြင်းများဆောင်ရွက်သင့်တဲ့ကာလပါပဲ။ ငွေကြေးအမြတ်အစွန်း တွေများနိုင်သလို ငွေကြေးနဲ့ပတ်သက်ပြီး ဝင်စရာရှိတာတွေဝင်လာတတ်ပါတယ်။ တပည့်တပန်းတွေက တန်ဖိုးရှိ ပစ္စည်းတွေလာရောက်ကန်တော့တာမျိုးတွေကြုံရတတ်ပါတယ်။ လူမှုရေးကိစ္စတွေမှာ အရင်က အကြပ်အတည်းရှိ သူဆိုရင်တော့ ဒီကာလမှာ ပြေလည်ခွင့်ရတတ်ပါတယ်။ သတိထားရမှာက ရင်းနှီးမြုပ်နှံမှုကြီးကြီးမားမားတွေရှောင် ပါ။ ရွှေဝယ်ပြီး ရင်းနှီးမြုပ်နှံလို့ကောင်းပေမဲ့ လုပ်ငန်းထဲ ရင်းနှီးမြုပ်နှံမယ်ဆိုရင်တော့ သတိထားပြီးဆောင်ရွက်စေ ချင်ပါတယ်။ လူမှုရေးဖောက်ပြန်သူများ အရှက်တကွဲဖြစ်လွယ်တဲ့ကာလပါပဲ။ ဘာသာရေးအားသန်သူများကုသိုလ် ကံကောင်းလွယ်တဲ့ကာလလဲဖြစ်ပါတယ်။ လှောင်ထားတဲ့လှောင်ကုန်တွေဈေးကောင်းရတတ်ပါတယ်။ စိတ်ထဲလို ချင်တာတွေပြည့်ဝလွယ်တဲ့ကာလပါပဲ။ သားသမီးနဲ့ပတ်သက်ပြီးစိတ်ချမ်းမြေ့ရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေ မှာချစ်သူနဲ့အဆက်အသွယ်အားနည်းသွားတာမျိုးကြုံရလိမ့်မယ်။ အိမ်ထောင်ရေးအတွက် စိတ်ညစ်ရတာလေးတွေ အနည်းငယ်ရှိနေနိုင်ပါတယ်။ ပညာရေးကိစ္စတွေမှာတော့ စိတ်ရှုပ်စရာများပါတယ်။
အကျိုးပေးဂဏန်း ၁/၃/၀
အထူးဟော ကံမြင့်မားနေမယ်
ယတြာ အုန်းနို့ခေါက်ဆွဲဘုရားကပ်ပေးပါ

ဗုဒ္ဓဟူး၊ရာဟု
ဒီကာလအတွင်းမှာတော့ အရာရာကို ဖြန့်ကြန့်တွေးတောနိုင်ဖို့လိုပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ စိတ် ချမ်းသာရတတ်တယ်။ ထီ၊ချဲပေါက်တတ်တဲ့ကာလပဲဖြစ်ပါတယ်။ ငွေကုန်ကြေးကျအလွန်နည်းသွားပါလိမ့်မယ်။ ကုန်စရာတွေရပ်တန့်သွားတတ်ပါတယ်။ ချစ်လို့ခင်လို့ကူညီပေးမဲ့သူတွေရှိနေတတ်ပါတယ်။ သားသမီးတွေက အလုပ်လုပ်ဖို့ တောင်းဆိုတာကြောင့်စီစဉ်ပေးရတာမျိုးတွေကြုံနေရတတ်ပါတယ်။ စိတ်ကောင်းစေတနာကောင်း တွေမိမိရင်မှာပေါ်ထွန်းတတ်ပါတယ်။ ပရဟိတတွေလုပ်ခွင့်ရလာတတ်ပါတယ်။ လူမှုရေး အချစ်ရေးကိစ္စတွေမှာ ကောင်းသောအပြောင်းအလဲတွေကြုံလာရတတ်ပါတယ်။ကျန်းမာရေးမကောင်းသူတွေ ကျန်းမာရေးအကောင်း ဘက်ကိုရောက်လာလိမ့်မယ်။ ငွေကုန်သလောက် ပြန်ဝင်လာတတ်တဲ့ကာလပါပဲ။ ဒီကာလအတွင်းမှာ လက်ထပ်ဖို့ ၊စေ့စပ်ဖို့၊နားဖောက်ဖို့ကိစ္စတွေအဆင်ပြေတတ်ပါတယ်။ ချစ်သူမရှိသေးသူများ ချစ်သူသစ်ရတတ်ပါတယ်။ အိမ် ထောင်ရေးကိစ္စတွေမှာတော့ အိမ်ထောင်ဘက်နဲ့ နားလည်မှုရှိရှိရှေ့ဆက်နိုင်ပါလိမ့်မယ်။လင်မယားနှစ်ယောက်အတူ တူတွဲဖက်တဲ့အလုပ်တွေအဆင်ပြေနိုင်လိမ့်မယ်။ပညာရေးအတွက် စိတ်ချမ်းသာရမဲ့ကာလပဲဖြစ်ပါတယ်။
အကျိုးပေးဂဏန်း ၁/၂/၈
အထူးဟော အလှူအတန်းတွေပြုခွင့်ရလာမယ်။
ယတြာ ပုတီးတစ်ကုံးဝယ်ပြီး ရင်းနှီးသူကို လှူလိုက်ပါ

ကြာသပတေး
မည်သည့်ကိစ္စရပ်မဆို မသေချာမပိုင်နိုင်ဘဲ မစသင့်ပါဘူး။ စမိလိုက်တိုင်း အဆုံးမသတ်ဖြစ် နေရတတ် ပါတယ်။ ခရီးကိစ္စများအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။ ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်းတွေ အထူးကောင်း မွန် လာမဲ့အချိန်ပါ။အလုပ်ကြောင့်သော်လည်ကောင်း ၊လူမှုရေးကိစ္စကြောင့်သော်လည်ကောင်း မိသားစုနဲ့ခွဲခွာနေရ တတ်ပါတယ် ။ငွေကြေးက အထွက်နည်းပါလိမ့်မယ်။ ငွေကြေးချေးဌားခြင်းမျိုးတော့ မလုပ်ပါနဲ့အုံး။ အာမခံ ပေးခြင်း ကတိလွယ်လွယ်ပေးခြင်းများရှောင်လိုက်ပါ။ အချစ်ရေးကံကတော့ သင့်တယ်လိုပဲ ပြောရမှာပါ။ ကိုယ်က ချစ်သူအပေါ် အမိန့်ဆန်ဆန် စကားတွေမပြောမိဖို့တော့ လိုပါတယ်။ အိမ်ထောင်သည်အမျိုးသားများ ဇနီးနဲ့ စကား များရခြင်းမျိုးကြုံရတတ်ပါတယ်။ ပညာရေးကတော့ မိမိရဲ့ ကြိုးစားမှုအပေါ်မှာပဲ မူတည်ပါတယ်။ သတိထားမိတာ က မိမိကိုယ်တိုင်လဲ အထူးဝီရိယထား စာကြိုးစားနေမိတတ်ပါတယ်။ဈေးကွက်ချဲ့ထွင်ခြင်းများနဲ့ မိမိလုပ်ငန်း အတွက် Marketing လုပ်ခြင်းများ အထူးပြုလုပ်လို့သင့်ပါတယ်။ ငွေကံတွေကောင်းနေတတ်ပါတယ်။ အဘက်ဘက် ကငွေတွေဝင်လာဖို့ရှိနေပါတယ်။ဘယ်သူမှမယုံသင့်တဲ့ကာလပါ။ စက်ပစ္စည်းပတ်သက်ပြီးပျောက်တာ ပျက်တာတွေ များနေတတ်ပါတယ်။
အကျိုးပေးဂဏန်း ၂/၃/၇
အထူးဟော အနည်းငယ်ကံအားနည်းမည်
ယတြာ ငှက်ပျောကြော်ဘုရားကပ်လှူလိုက်ပါ

သောကြာ
အကောင်းအဆိုးတွေ ဒွန်တွဲနေတဲ့ကာလပါပဲ။ မိမိကိုယ်တိုင်က စိတ်လိုက်မာန်ပါမလုပ်မိဖို့ရယ်၊ အချိန် ယူမစဉ်းစားဘဲ မလုပ်မိဖို့ရယ်လိုပါတယ်။ ခေါင်းအေးအေးနဲ့ သေချာအချိန်ယူလုပ်မှအဆင်ပြေမဲ့ကာလပါပဲ။ အလုပ် နဲ့ ပတ်သက်ပြီး လုပ်ရတာနဲ့ပြန်ရတာမတန်ဘူးလို့ခံစားနေရတတ်ပါတယ်။ သတိထားရမှာက သူခိုးခိုးခံရတတ် ပါတယ်။ ကိုယ့်ပစ္စည်းတွေရန်သူမျိုးငါးပါးကြောင့် ပျက်စီးလွယ်တဲ့ကာလပါပဲ။ဒီကာလဟာ မိတ်ကောင်းဆွေကောင်း တွေတော့ ပေါတယ် ဗျာ။ ကူညီမဲ့သူတွေတော့ရှိနေတတ်ပါတယ်။လုပ်ငန်းအဆင့်တိုး တက်လာအများနှင့် ဆက်ဆံရေး ကောင်းမွန်လာမည်။ အစားအသောက်အနေ အထိုင် သတိထားပါ။ အစားမှားခြင်းကြောင့်ဝမ်းဗိုက် အစာအိမ်ရောင်ခြင်း၊ဗိုက်အောင့်ခြင်း၊ လေအောင့်ခြင်းဖြစ်တတ် သည်။လုပ်ငန်းများပြားလာသလောက်ငွေပိုမို ဝင် လာ မည်။ကြီးကဲသူများ၊မိဘများ ကိုကောင်းစွာကန်တော့နိုင်ပါလိမ့်မယ်။ငွေကြေးဆုံးရှုံးကံမရှိပါ၊ မိသားစုအတွင်း လုပ်ငန်းသစ် လုပ်ရန်မိမိက ငွေရင်း နှီး ပေးရခြင်းကြုံမည်။ အချစ်ရေး ကံ မကောင်း တတ်ပါ၊သို့သော်အချစ် ဟောင်း ထက် ချစ်သူအသစ်ရတတ်သည်။ အိမ်တွင်းရေးကိစ္စတွေမှာတော့ ရင်းနှီး ကျွမ်းဝင်သောမိသားစု၏ အမှုကိစ္စအတွက် သက်သေလိုက်ပေးရ တတ်သည်။ လူငယ် များ ပညာရေးကံကောင်း မည့်ကာလဖြစ်သည်။
အကျိုးပေးဂဏန်း ၃/၆/၄
အထူးဟော အရာရာပုံမှန်လည်ပတ်နေမည်။
ယတြာ ဆီမီးခွက်လေးတွေ လူကြီးသူမတွေကို လက်ဆောင်ပေးပါ

စနေ
စီးပွားကောင်းမဲ့အချိန်ပါပဲ။အွန်လိုင်းလုပ်ငန်းတိုးတက်ကောင်းမွန်မည်။အများနှင့်ဆက်ဆံရေး အဆင်ပြေ မည်။ လုပ်ငန်းခွင်၌ စိတ်ပျော်ရွှင်ရလိမ့် မည်။ မိတ်ဆွေအသစ်များရရှိမည်။အလုပ်တွင် ရာထူး လုပ်ပိုင်ခွင့်များ ပိုလာမည်။ အပိုဆုကြေးငွေများ ဝင်မည်။ ယခုကာလအတွင်း တရားရှာသူများတရားအသိဉာဏ်များတိုးတက်မည်။ ရေသန့်လုပ်ငန်း၊အချိုရည်လုပ်ငန်း၊ခရီးသွားလုပ်ငန်းလုပ်သူများတိုးတတ်အောင်မြင်မယ်။လုပ်ငန်းအတွက် ငွေကြေး ဆုံးရှုံးကံမရှိပါ။ရင်းနှီးမြုပ်နှံထားတဲ့အလုပ်တွေကနေငွေဝင်လာတတ်ပါတယ်။ပြည်တွင်းအဝေးခရီးစဉ်များ၊ဘုရာဖူး သွားနိုင် သည်။ အုပ်စု အဖွဲ့နှင့် သွားခွင့်ကြုံမည်၊အလုပ်ရုံဆွေးနွေးပွဲများ၊သင်တန်းများ တက်ရောက်ဆွေးနွေးရမည်။ ရွှေလုပ်ငန်း,ဒေါ်လာ ဝယ်ယူစုဆောင်းခြင်းအလုပ်များမသင့်ပါ။ ကံကောင်းချိန်ဖြစ်၍ အချစ်ရေး၌ စိတ်ချမ်းသာရ မည်။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးများလည်း တိုးတက်မည်။ အလှူပွဲ၊မင်္ဂလာပွဲများတက်ရောက် ရမည်။ဒီကာလ ဟာ ညှိနှိုင်းဆောင်ရွက်မှုကိစ္စတွေမှာ အဆင်ပြေအောင်မြင်တတ်ပါတယ်။ စကားနဲ့ရင်းနှီးလုပ်ကိုင် ရတဲ့စီးပွားရေး တွေ ကတော့ တိုးတတ်မဲ့ကာလပါပဲ။ အရွယ်ရောက်ပြီးတဲ့သားသမီးတွေရဲ့ ထောက်ပံ့ကန်တော့ခြင်း တွေလဲကြုံရ တတ်ပါတယ်။
အကျိုးပေးဂဏန်း ၄/၅/၀
အထူးဟော စီးပွားတိုးတတ်မယ်
ယတြာ ကန်စွန်းဥပြုတ်ဘုရားကပ်လှူပေးပါ

ရရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

14.10.2021 မွ 20.10.2021 အထိ တစ္ပတ္စာ ရရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
အရာရာသတိနဲ႔ယွဥ္ၿပီးေဆာင္ရြက္ရမဲ့ကာလပါ။ အမႈမဲ့ အမွတ္မဲ့ေနတတ္သူမ်ားအတြက္ ဒီကာလဟာအဆိုး မ်ားပါတယ္။ မိမိေျပာလိုက္တဲ့စကား၊ မိမိျပဳမူလိုက္တဲ့ ကိုယ္အမူအရာေတြက တစ္ဖက္သားကတစ္ဖက္သားကိုထိ ခိုက္ေစတာမ်ိဳးျဖစ္ရင္ေတာ့ တစ္ဖက္လူက ရန္ၿငိဳးဖြဲ႕သြားတတ္တဲ့ကာလမို႔ပါ။ အလုပ္ေျပာင္း၊ေနရာေျပာင္း၊ အျခား ဌာနေတြမွာ ယာယီတာဝန္ထမ္းေဆာင္ရတာမ်ိဳးေတြၾကဳံလြယ္တဲ့ကာလပါပဲ။ ဖခင္ကို အတိုက္အခံျပန္လုပ္ တာမ်ိဳး ဒီကာလမွာအထူးေရွာင္ပါ။ လူႀကီးမိဘေတြစိတ္ပ်က္ေအာင္မလုပ္သင့္တဲ့ကာလပဲျဖစ္ပါတယ္။စီးပြားေရးနဲ႔ ဆက္စပ္ ၿပီး တတ္နိုင္သ၍ မ်က္ျမင္ကိုယ္ေတြ အလုပ္ေတြပဲလုပ္ပါ။ မျမင္ရတဲ့အလုပ္ေတြ၊ သူမ်ားစကားယုံၿပီးလုပ္ တဲ့ အလုပ္ ေတြ၊အြန္လိုင္းစီးပြားေရးေတြကအထိနာတတ္ပါတယ္။ ေငြေၾကးအတြက္ ပူပန္စရာမလိုေပမဲ့ သူမ်ားကို ေခ်း ငွားမိရင္ဆုံးသြားတတ္ပါတယ္။ ေငြအထြက္လဲမ်ားေနနိုင္ပါတယ္။ က်န္းမာေရး အညံ့နည္းေပမဲ့ အလုပ္ဒဏ္ပိ တာ ေတြ ေၾကာင့္ က်န္းမာေရးကိုထိခိုက္နိုင္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာ ေဒါသနဲ႔ေျဖရွင္းရာကစလို႔ မေခၚနိုင္ မေျပာ နိုင္ သည္ အထိျဖစ္ရတတ္ပါတယ္။အိမ္ေထာင္ေရးအညံ့အဆိုးသိပ္မေတြ႕ရပါဘူး။ပညာေရးကိစၥမ်ားအတြက္ စိတ္ ပင္ပန္း စရာၾကဳံရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၅/၆/၈
အထူးေဟာ-အနည္းငယ္သတိထားေနရမဲ့ကာလပါ
ယၾတာ တံျမက္စည္းတစ္ေခ်ာင္း ဘုရားေစတီမွာလႉလိုက္ပါ

တနလၤာ
စိတ္ခံစားမႈေတြျပင္းထန္မဲ့ကာလပါပဲ။မိသားစုအတြက္စိတ္ထဲခံျပင္းေဒါသေတြမ်ားေနရတတ္ပါတယ္။ အလုပ္ပိုေတြမ်ားေနတတ္တာကိုလဲေတြ႕ရပါတယ္။စိတ္ကူးေကာင္း ေတြ အယူအဆေကာင္းေတြကို ထုတ္မသုံးနိုင္ တဲ့ကာလပါပဲ။ အလုပ္သစ္နဲ႔ပတ္သက္ၿပီး ၾကဳံေတြ႕ေနရသူမ်ား အခက္အခဲေတြၾကဳံရတတ္ပါတယ္။ ဒီကာလမွာနိုင္ငံ ျခားေငြကိုင္ထားတာမ်ိဳးေတြမလုပ္ပါနဲ႔။ ရပ္ေဝးခရီးကိစၥေတာ္ေတာ္မ်ားမ်ား သြားဖို႔ၾကဳံလာတတ္ပါတယ္။ ခရီးကိစၥ ေတြအဆင္ေျပေပမဲ့ ခရီးပန္းတာမ်ိဳးျဖစ္တတ္ပါတယ္။ မိမိခႏၶာကိုယ္က ဒီကာလမွာဒူေပဒါေပမခံပါဘူး။ တစ္ခုခု အစားအေသာက္အေနအထိုင္မွားတာနဲ႔က်န္းမာေရးညံ့ဖ်င္းသြားတတ္ပါတယ္။ ျပန္က်ဲေနတဲ့ ေငြေၾကးေတြျပန္စု ေဆာင္းရတတ္ပါတယ္။ လူငယ္မ်ား အရက္ေသစာအလြန္အကၽြံေတြမေသာက္မိပါေစနဲ႔။ အရက္ေၾကာင့္ က်န္းမာ ေရး လူမႈေရးျပင္းထန္စြာ ထိခိုက္သြားတတ္တဲ့ကာလပါပဲ။အလုပ္စီးပြားနဲ႔ဆက္စပ္ၿပီး မိမိထက္ငယ္သူေတြ ဆီက အႀကံဉာဏ္ယူေစခ်င္ပါတယ္။နည္းပညာနဲ႔သက္ဆိုင္ေသာစီးပြားမ်ား အြန္လိုင္းစီးပြားေရးအလုပ္မ်ား အားေကာင္း ေနနိုင္တာကိုေတြ႕ရပါတယ္။အခ်စ္ေရးအဆင္ေျပေပမဲ့ အိမ္ေထာင္ေရးကေတာ့ အားနည္းခ်က္မ်ားတာေတြ႕ရပါ တယ္။ပညာရွာေနသူမ်ား ပညာအသစအသစ္ေတြရလာဖြယ္ရွိေပမဲ့မိမိကသင္ယူလိုစိတ္ကုန္ေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၂/၆/၀
အထူးေဟာ က်န္းမာေရးဂ႐ုျပဳပါ
ယၾတာ အိမ္တြင္းအတူေနသူမ်ားအား ေကာ္ဖီမစ္ထုပ္ လက္ေဆာင္ဝယ္ေပးပါ

အဂၤါ
အလုပ္ေတြမ်ားေနေပမယ့္ လုပ္သမၽွအက်ိဳးခံစားရမဲ့ကာလပါပဲ။ အႀကံေကာင္းစိတ္ကူးေကာင္းေတြထြက္ လာတတ္သလို အနာဂတ္အတြက္ ႀကံစည္စဥ္းစားျခင္းမ်ားေဆာင္ရြက္သင့္တဲ့ကာလပါပဲ။ ေငြေၾကးအျမတ္အစြန္း ေတြမ်ားနိုင္သလို ေငြေၾကးနဲ႔ပတ္သက္ၿပီး ဝင္စရာရွိတာေတြဝင္လာတတ္ပါတယ္။ တပည့္တပန္းေတြက တန္ဖိုးရွိ ပစၥည္းေတြလာေရာက္ကန္ေတာ့တာမ်ိဳးေတြၾကဳံရတတ္ပါတယ္။ လူမႈေရးကိစၥေတြမွာ အရင္က အၾကပ္အတည္းရွိ သူဆိုရင္ေတာ့ ဒီကာလမွာ ေျပလည္ခြင့္ရတတ္ပါတယ္။ သတိထားရမွာက ရင္းႏွီးျမဳပ္ႏွံမႈႀကီးႀကီးမားမားေတြေရွာင္ ပါ။ ေရႊဝယ္ၿပီး ရင္းႏွီးျမဳပ္ႏွံလို႔ေကာင္းေပမဲ့ လုပ္ငန္းထဲ ရင္းႏွီးျမဳပ္ႏွံမယ္ဆိုရင္ေတာ့ သတိထားၿပီးေဆာင္ရြက္ေစ ခ်င္ပါတယ္။ လူမႈေရးေဖာက္ျပန္သူမ်ား အရွက္တကြဲျဖစ္လြယ္တဲ့ကာလပါပဲ။ ဘာသာေရးအားသန္သူမ်ားကုသိုလ္ ကံေကာင္းလြယ္တဲ့ကာလလဲျဖစ္ပါတယ္။ ေလွာင္ထားတဲ့ေလွာင္ကုန္ေတြေဈးေကာင္းရတတ္ပါတယ္။ စိတ္ထဲလို ခ်င္တာေတြျပည့္ဝလြယ္တဲ့ကာလပါပဲ။ သားသမီးနဲ႔ပတ္သက္ၿပီးစိတ္ခ်မ္းေျမ့ရတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြ မွာခ်စ္သူနဲ႔အဆက္အသြယ္အားနည္းသြားတာမ်ိဳးၾကဳံရလိမ့္မယ္။ အိမ္ေထာင္ေရးအတြက္ စိတ္ညစ္ရတာေလးေတြ အနည္းငယ္ရွိေနနိုင္ပါတယ္။ ပညာေရးကိစၥေတြမွာေတာ့ စိတ္ရႈပ္စရာမ်ားပါတယ္။
အက်ိဳးေပးဂဏန္း ၁/၃/၀
အထူးေဟာ ကံျမင့္မားေနမယ္
ယၾတာ အုန္းနို႔ေခါက္ဆြဲဘုရားကပ္ေပးပါ

ဗုဒၶဟူး၊ရာဟု
ဒီကာလအတြင္းမွာေတာ့ အရာရာကို ျဖန႔္ၾကန႔္ေတြးေတာနိုင္ဖို႔လိုပါတယ္။ေငြေၾကးနဲ႔ပတ္သက္ၿပီးေတာ့ စိတ္ ခ်မ္းသာရတတ္တယ္။ ထီ၊ခ်ဲေပါက္တတ္တဲ့ကာလပဲျဖစ္ပါတယ္။ ေငြကုန္ေၾကးက်အလြန္နည္းသြားပါလိမ့္မယ္။ ကုန္စရာေတြရပ္တန႔္သြားတတ္ပါတယ္။ ခ်စ္လို႔ခင္လို႔ကူညီေပးမဲ့သူေတြရွိေနတတ္ပါတယ္။ သားသမီးေတြက အလုပ္လုပ္ဖို႔ ေတာင္းဆိုတာေၾကာင့္စီစဥ္ေပးရတာမ်ိဳးေတြၾကဳံေနရတတ္ပါတယ္။ စိတ္ေကာင္းေစတနာေကာင္း ေတြမိမိရင္မွာေပၚထြန္းတတ္ပါတယ္။ ပရဟိတေတြလုပ္ခြင့္ရလာတတ္ပါတယ္။ လူမႈေရး အခ်စ္ေရးကိစၥေတြမွာ ေကာင္းေသာအေျပာင္းအလဲေတြၾကဳံလာရတတ္ပါတယ္။က်န္းမာေရးမေကာင္းသူေတြ က်န္းမာေရးအေကာင္း ဘက္ကိုေရာက္လာလိမ့္မယ္။ ေငြကုန္သေလာက္ ျပန္ဝင္လာတတ္တဲ့ကာလပါပဲ။ ဒီကာလအတြင္းမွာ လက္ထပ္ဖို႔ ၊ေစ့စပ္ဖို႔၊နားေဖာက္ဖို႔ကိစၥေတြအဆင္ေျပတတ္ပါတယ္။ ခ်စ္သူမရွိေသးသူမ်ား ခ်စ္သူသစ္ရတတ္ပါတယ္။ အိမ္ ေထာင္ေရးကိစၥေတြမွာေတာ့ အိမ္ေထာင္ဘက္နဲ႔ နားလည္မႈရွိရွိေရွ႕ဆက္နိုင္ပါလိမ့္မယ္။လင္မယားႏွစ္ေယာက္အတူ တူတြဲဖက္တဲ့အလုပ္ေတြအဆင္ေျပနိုင္လိမ့္မယ္။ပညာေရးအတြက္ စိတ္ခ်မ္းသာရမဲ့ကာလပဲျဖစ္ပါတယ္။
အက်ိဳးေပးဂဏန္း ၁/၂/၈
အထူးေဟာ အလႉအတန္းေတြျပဳခြင့္ရလာမယ္။
ယၾတာ ပုတီးတစ္ကုံးဝယ္ၿပီး ရင္းႏွီးသူကို လႉလိုက္ပါ

ၾကာသပေတး
မည္သည့္ကိစၥရပ္မဆို မေသခ်ာမပိုင္နိုင္ဘဲ မစသင့္ပါဘူး။ စမိလိုက္တိုင္း အဆုံးမသတ္ျဖစ္ ေနရတတ္ ပါတယ္။ ခရီးကိစၥမ်ားအဆင္ေျပေခ်ာေမြ႕မဲ့ကာလပါပဲ။ ခရီးသြားလုပ္ငန္း၊ ကုန္သြယ္မႈလုပ္ငန္းေတြ အထူးေကာင္း မြန္ လာမဲ့အခ်ိန္ပါ။အလုပ္ေၾကာင့္ေသာ္လည္ေကာင္း ၊လူမႈေရးကိစၥေၾကာင့္ေသာ္လည္ေကာင္း မိသားစုနဲ႔ခြဲခြာေနရ တတ္ပါတယ္ ။ေငြေၾကးက အထြက္နည္းပါလိမ့္မယ္။ ေငြေၾကးေခ်းဌားျခင္းမ်ိဳးေတာ့ မလုပ္ပါနဲ႔အုံး။ အာမခံ ေပးျခင္း ကတိလြယ္လြယ္ေပးျခင္းမ်ားေရွာင္လိုက္ပါ။ အခ်စ္ေရးကံကေတာ့ သင့္တယ္လိုပဲ ေျပာရမွာပါ။ ကိုယ္က ခ်စ္သူအေပၚ အမိန႔္ဆန္ဆန္ စကားေတြမေျပာမိဖို႔ေတာ့ လိုပါတယ္။ အိမ္ေထာင္သည္အမ်ိဳးသားမ်ား ဇနီးနဲ႔ စကား မ်ားရျခင္းမ်ိဳးၾကဳံရတတ္ပါတယ္။ ပညာေရးကေတာ့ မိမိရဲ့ ႀကိဳးစားမႈအေပၚမွာပဲ မူတည္ပါတယ္။ သတိထားမိတာ က မိမိကိုယ္တိုင္လဲ အထူးဝီရိယထား စာႀကိဳးစားေနမိတတ္ပါတယ္။ေဈးကြက္ခ်ဲ႕ထြင္ျခင္းမ်ားနဲ႔ မိမိလုပ္ငန္း အတြက္ Marketing လုပ္ျခင္းမ်ား အထူးျပဳလုပ္လို႔သင့္ပါတယ္။ ေငြကံေတြေကာင္းေနတတ္ပါတယ္။ အဘက္ဘက္ ကေငြေတြဝင္လာဖို႔ရွိေနပါတယ္။ဘယ္သူမွမယုံသင့္တဲ့ကာလပါ။ စက္ပစၥည္းပတ္သက္ၿပီးေပ်ာက္တာ ပ်က္တာေတြ မ်ားေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၂/၃/၇
အထူးေဟာ အနည္းငယ္ကံအားနည္းမည္
ယၾတာ ငွက္ေပ်ာေၾကာ္ဘုရားကပ္လႉလိုက္ပါ

ေသာၾကာ
အေကာင္းအဆိုးေတြ ဒြန္တြဲေနတဲ့ကာလပါပဲ။ မိမိကိုယ္တိုင္က စိတ္လိုက္မာန္ပါမလုပ္မိဖို႔ရယ္၊ အခ်ိန္ ယူမစဥ္းစားဘဲ မလုပ္မိဖို႔ရယ္လိုပါတယ္။ ေခါင္းေအးေအးနဲ႔ ေသခ်ာအခ်ိန္ယူလုပ္မွအဆင္ေျပမဲ့ကာလပါပဲ။ အလုပ္ နဲ႔ ပတ္သက္ၿပီး လုပ္ရတာနဲ႔ျပန္ရတာမတန္ဘူးလို႔ခံစားေနရတတ္ပါတယ္။ သတိထားရမွာက သူခိုးခိုးခံရတတ္ ပါတယ္။ ကိုယ့္ပစၥည္းေတြရန္သူမ်ိဳးငါးပါးေၾကာင့္ ပ်က္စီးလြယ္တဲ့ကာလပါပဲ။ဒီကာလဟာ မိတ္ေကာင္းေဆြေကာင္း ေတြေတာ့ ေပါတယ္ ဗ်ာ။ ကူညီမဲ့သူေတြေတာ့ရွိေနတတ္ပါတယ္။လုပ္ငန္းအဆင့္တိုး တက္လာအမ်ားႏွင့္ ဆက္ဆံေရး ေကာင္းမြန္လာမည္။ အစားအေသာက္အေန အထိုင္ သတိထားပါ။ အစားမွားျခင္းေၾကာင့္ဝမ္းဗိုက္ အစာအိမ္ေရာင္ျခင္း၊ဗိုက္ေအာင့္ျခင္း၊ ေလေအာင့္ျခင္းျဖစ္တတ္ သည္။လုပ္ငန္းမ်ားျပားလာသေလာက္ေငြပိုမို ဝင္ လာ မည္။ႀကီးကဲသူမ်ား၊မိဘမ်ား ကိုေကာင္းစြာကန္ေတာ့နိုင္ပါလိမ့္မယ္။ေငြေၾကးဆုံးရႈံးကံမရွိပါ၊ မိသားစုအတြင္း လုပ္ငန္းသစ္ လုပ္ရန္မိမိက ေငြရင္း ႏွီး ေပးရျခင္းၾကဳံမည္။ အခ်စ္ေရး ကံ မေကာင္း တတ္ပါ၊သို႔ေသာ္အခ်စ္ ေဟာင္း ထက္ ခ်စ္သူအသစ္ရတတ္သည္။ အိမ္တြင္းေရးကိစၥေတြမွာေတာ့ ရင္းႏွီး ကၽြမ္းဝင္ေသာမိသားစု၏ အမႈကိစၥအတြက္ သက္ေသလိုက္ေပးရ တတ္သည္။ လူငယ္ မ်ား ပညာေရးကံေကာင္း မည့္ကာလျဖစ္သည္။
အက်ိဳးေပးဂဏန္း ၃/၆/၄
အထူးေဟာ အရာရာပုံမွန္လည္ပတ္ေနမည္။
ယၾတာ ဆီမီးခြက္ေလးေတြ လူႀကီးသူမေတြကို လက္ေဆာင္ေပးပါ

စေန
စီးပြားေကာင္းမဲ့အခ်ိန္ပါပဲ။အြန္လိုင္းလုပ္ငန္းတိုးတက္ေကာင္းမြန္မည္။အမ်ားႏွင့္ဆက္ဆံေရး အဆင္ေၿပ မည္။ လုပ္ငန္းခြင္၌ စိတ္ေပ်ာ္ရႊင္ရလိမ့္ မည္။ မိတ္ေဆြအသစ္မ်ားရရွိမည္။အလုပ္တြင္ ရာထူး လုပ္ပိုင္ခြင့္မ်ား ပိုလာမည္။ အပိုဆုေၾကးေငြမ်ား ဝင္မည္။ ယခုကာလအတြင္း တရားရွာသူမ်ားတရားအသိဉာဏ္မ်ားတိုးတက္မည္။ ေရသန႔္လုပ္ငန္း၊အခ်ိဳရည္လုပ္ငန္း၊ခရီးသြားလုပ္ငန္းလုပ္သူမ်ားတိုးတတ္ေအာင္ျမင္မယ္။လုပ္ငန္းအတြက္ ေငြေၾကး ဆုံးရႈံးကံမရွိပါ။ရင္းႏွီးျမဳပ္ႏွံထားတဲ့အလုပ္ေတြကေနေငြဝင္လာတတ္ပါတယ္။ျပည္တြင္းအေဝးခရီးစဥ္မ်ား၊ဘုရာဖူး သြားနိုင္ သည္။ အုပ္စု အဖြဲ႕ႏွင့္ သြားခြင့္ၾကဳံမည္၊အလုပ္႐ုံေဆြးေႏြးပြဲမ်ား၊သင္တန္းမ်ား တက္ေရာက္ေဆြးေႏြးရမည္။ ေရႊလုပ္ငန္း,ေဒၚလာ ဝယ္ယူစုေဆာင္းျခင္းအလုပ္မ်ားမသင့္ပါ။ ကံေကာင္းခ်ိန္ျဖစ္၍ အခ်စ္ေရး၌ စိတ္ခ်မ္းသာရ မည္။ အိမ္တြင္းေရး၊ အိမ္ေထာင္ေရးမ်ားလည္း တိုးတက္မည္။ အလႉပြဲ၊မဂၤလာပြဲမ်ားတက္ေရာက္ ရမည္။ဒီကာလ ဟာ ညႇိႏွိုင္းေဆာင္ရြက္မႈကိစၥေတြမွာ အဆင္ေျပေအာင္ျမင္တတ္ပါတယ္။ စကားနဲ႔ရင္းႏွီးလုပ္ကိုင္ ရတဲ့စီးပြားေရး ေတြ ကေတာ့ တိုးတတ္မဲ့ကာလပါပဲ။ အရြယ္ေရာက္ၿပီးတဲ့သားသမီးေတြရဲ့ ေထာက္ပံ့ကန္ေတာ့ျခင္း ေတြလဲၾကဳံရ တတ္ပါတယ္။
အက်ိဳးေပးဂဏန္း ၄/၅/၀
အထူးေဟာ စီးပြားတိုးတတ္မယ္
ယၾတာ ကန္စြန္းဥျပဳတ္ဘုရားကပ္လႉေပးပါ

ရရက္သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးနိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box