Facebook Comments Box
ကြာသပတေးသားသမီးများရဲ့ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

ကြာသပတေးသားသမီးများရဲ့ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ
ကြာသပတေးသားသမီးတွေကတော့ အခြားနေ့သားသမီးတွေနဲ့ မတူတာက ငယ်ရွယ်စဉ်ကာလ ကျောင်းပြီးချိန်လောက်ကစပြီး..အောင်မြင်ဖို့ အခွင့်အလမ်းတွေ၊ လမ်းစတွေ ပေါ်လာတတ်စမြဲပါပဲ။သူများတွေ ဝေလေ လေဖြစ်နေချိန်တွေမှာ ကြိုးစားနိုင်မှ တော်ကာကျပါလိမ့်မယ်။ ငယ်ရွယ်စဉ်အခွင့်အရေးပေးချိန်မှာ ဖမ်းဆုပ်ယူထား နိုင်သူတွေ ဖြစ်ကြပါစေ။ ကြုံလို့ပြောပေးတာပါ။

ကြာသပတေးသားသမီးတွေအတွက် ကံအခွင့်အရေးပေးချိန်တွေ ကတော့….
အသက် ၇နှစ်၊ ၁လ ၁၅ရက်မှစ၍ အသက် ၉နှစ် ၆လအထိကာလ
အသက် ၂၂နှစ်တင်းတင်းပြည့်ချိန်မှ စ၍ အသက် ၂၃နှစ် ၆လအထိကာလ
အသက် ၃၃နှစ် ၇လ ၁၅ရက်မှ စ၍ အသက်၃၆နှစ်၊၃လအထိကာလ
အသက် ၅၂နှစ်တင်းတင်းပြည့်ချိန်မှ စ၍ အသက် ၅၂နှစ် ၉လအထိကာလ
အသက် ၇၁နှစ် ၁လ ၁၅ရက်မှ စ၍ အသက် ၇၃နှစ်အထိကာလ
အသက် ၇၉နှစ်တင်းတင်းပြည့်ချိန်မှ စ၍ အသက်၈၀ တင်းတင်းပြည့်ချိန်အထိကာလများသည် ကြာသပတေး သားသမီးတွေအတွက် လုပ်တိုင်းဖြစ်တဲ့ ကံအထောက်အပံ့ရနေချိန်တွေဖြစ်ပါတယ်…။ဒီအသက်အပိုင်းအခြားတွေ မှာ ရည်ရွယ်ထားတာတွေ အကောင်အထည်ဖော်လိုက်ပါ။ ဖြစ်ချင်တာတွေကိုဖြစ်ဖို့အတွက် အားထည့်ဆောင်ရွက် လိုက်ပါ။စိတ်ထဲဖြစ်ချင်တာတွေဖြစ်လာတတ်တဲ့ကာလ အပိုင်းအခြားတွေပါပဲ…

ကြာသပတေးသားသမီးများ ကံညံ့ချိန်၊ ကံအင်အားနည်းနေချိန်တွေကတော့
အသက် ၁၁နှစ် ၁၀လ ၁၅ရက်မှစ၍.. အသက် ၁၄နှစ် ၃လအထိကာလ
အသက်၂၅နှစ်တင်းတင်းပြည့်ချိန်မှစ၍… အသက် ၂၆နှစ် ၆လ အထိကာလ
အသက်၃၈နှစ် ၁၀လ ၁၅ရက်မှစ၍… အသက် ၄၁နှစ် ၆လအထိကာလ
အသက်၅၃နှစ် ၆လမှစ၍.. အသက် ၅၄နှစ် ၃လအထိကာလ
အသက် ၅၉နှစ် ၁၀လ ၁၅ရက်မှစ၍ အသက် ၆၁နှစ် ၉လအထိကာလတွေပါပဲ။
ဒီကာလတွေဟာ အဆိုးလောကဓံ တွေနဲ့ကြုံရတတ်ပြီးတော့ အကောင်းလောကဓံတွေမေ့မျော အိပ်ပျော်နေတတ်ချိန်ပဲဖြစ်ပါတယ်…။ဒါကြောင့် ခံနိုင် ရည်ရှိစွာနဲ့ကျော်ဖြတ်နိုင်ဖို့အထူးလိုပါတယ်။ ဒါကြောင့်ပဲဒီလိုနှစ်အပိုင်းအခြားတွေက ရေလိုက်ငါးလိုက်နေသွားဖို့ အထူးလိုအပ်ပါတယ်။ ကံကြမ္မာကို အာ..မခံသင့်တဲ့နှစ်အပိုင်းအခြားတွေဆိုလဲ မမှားပါဘူး။

ကြာသပတေးသားသမီးများအားလုံး
ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပါစေ
ဆရာငြိမ်းအေးလူ

ၾကာသပေတးသားသမီးမ်ားရဲ႕ သားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ၾကာသပေတးသားသမီးမ်ားရဲ႕ တစ္သက္တာကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္ အသက္အပိုင္း အျခားမ်ား
ၾကာသပေတးသားသမီးေတြကေတာ့ အျခားေန႔သားသမီးေတြနဲ႔ မတူတာက ငယ္႐ြယ္စဥ္ကာလ ေက်ာင္းၿပီးခ်ိန္ေလာက္ကစၿပီး..ေအာင္ျမင္ဖို႔ အခြင့္အလမ္းေတြ၊ လမ္းစေတြ ေပၚလာတတ္စၿမဲပါပဲ။သူမ်ားေတြ ေဝေလ ေလျဖစ္ေနခ်ိန္ေတြမွာ ႀကိဳးစားႏိုင္မွ ေတာ္ကာက်ပါလိမ့္မယ္။ ငယ္႐ြယ္စဥ္အခြင့္အေရးေပးခ်ိန္မွာ ဖမ္းဆုပ္ယူထား ႏိုင္သူေတြ ျဖစ္ၾကပါေစ။ ႀကဳံလို႔ေျပာေပးတာပါ။

ၾကာသပေတးသားသမီးေတြအတြက္ ကံအခြင့္အေရးေပးခ်ိန္ေတြ ကေတာ့….
အသက္ ၇ႏွစ္၊ ၁လ ၁၅ရက္မွစ၍ အသက္ ၉ႏွစ္ ၆လအထိကာလ
အသက္ ၂၂ႏွစ္တင္းတင္းျပည့္ခ်ိန္မွ စ၍ အသက္ ၂၃ႏွစ္ ၆လအထိကာလ
အသက္ ၃၃ႏွစ္ ၇လ ၁၅ရက္မွ စ၍ အသက္၃၆ႏွစ္၊၃လအထိကာလ
အသက္ ၅၂ႏွစ္တင္းတင္းျပည့္ခ်ိန္မွ စ၍ အသက္ ၅၂ႏွစ္ ၉လအထိကာလ
အသက္ ၇၁ႏွစ္ ၁လ ၁၅ရက္မွ စ၍ အသက္ ၇၃ႏွစ္အထိကာလ
အသက္ ၇၉ႏွစ္တင္းတင္းျပည့္ခ်ိန္မွ စ၍ အသက္၈၀ တင္းတင္းျပည့္ခ်ိန္အထိကာလမ်ားသည္ ၾကာသပေတး သားသမီးေတြအတြက္ လုပ္တိုင္းျဖစ္တဲ့ ကံအေထာက္အပံ့ရေနခ်ိန္ေတြျဖစ္ပါတယ္…။ဒီအသက္အပိုင္းအျခားေတြ မွာ ရည္႐ြယ္ထားတာေတြ အေကာင္အထည္ေဖာ္လိုက္ပါ။ ျဖစ္ခ်င္တာေတြကိုျဖစ္ဖို႔အတြက္ အားထည့္ေဆာင္႐ြက္ လိုက္ပါ။စိတ္ထဲျဖစ္ခ်င္တာေတြျဖစ္လာတတ္တဲ့ကာလ အပိုင္းအျခားေတြပါပဲ…

ၾကာသပေတးသားသမီးမ်ား ကံညံ့ခ်ိန္၊ ကံအင္အားနည္းေနခ်ိန္ေတြကေတာ့
အသက္ ၁၁ႏွစ္ ၁၀လ ၁၅ရက္မွစ၍.. အသက္ ၁၄ႏွစ္ ၃လအထိကာလ
အသက္၂၅ႏွစ္တင္းတင္းျပည့္ခ်ိန္မွစ၍… အသက္ ၂၆ႏွစ္ ၆လ အထိကာလ
အသက္၃၈ႏွစ္ ၁၀လ ၁၅ရက္မွစ၍… အသက္ ၄၁ႏွစ္ ၆လအထိကာလ
အသက္၅၃ႏွစ္ ၆လမွစ၍.. အသက္ ၅၄ႏွစ္ ၃လအထိကာလ
အသက္ ၅၉ႏွစ္ ၁၀လ ၁၅ရက္မွစ၍ အသက္ ၆၁ႏွစ္ ၉လအထိကာလေတြပါပဲ။
ဒီကာလေတြဟာ အဆိုးေလာကဓံ ေတြနဲ႔ႀကဳံရတတ္ၿပီးေတာ့ အေကာင္းေလာကဓံေတြေမ့ေမ်ာ အိပ္ေပ်ာ္ေနတတ္ခ်ိန္ပဲျဖစ္ပါတယ္…။ဒါေၾကာင့္ ခံႏိုင္ ရည္ရွိစြာနဲ႔ေက်ာ္ျဖတ္ႏိုင္ဖို႔အထူးလိုပါတယ္။ ဒါေၾကာင့္ပဲဒီလိုႏွစ္အပိုင္းအျခားေတြက ေရလိုက္ငါးလိုက္ေနသြားဖို႔ အထူးလိုအပ္ပါတယ္။ ကံၾကမၼာကို အာ..မခံသင့္တဲ့ႏွစ္အပိုင္းအျခားေတြဆိုလဲ မမွားပါဘူး။

ၾကာသပေတးသားသမီးမ်ားအားလုံး
ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝႏိုင္ၾကပါေစ
ဆရာၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box