Facebook Comments Box
သောကြာ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

သောကြာ သားသမီးများအတွက် တစ်သက်တာ ကံကောင်းချိန်၊ကံညံ့ချိန်များ

ဗေဒင်ပညာမှာ ဒသာကောက်ကိန်းဆိုတာမျိုးရှိပါတယ်။ ဒါကလက်ဆန်းမှာရော လက်ရိုးမှာရောရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာချိန်မှာ လက်ဆန်းကို အထူးပြုလေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက် ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-studyလုပ်ဖို့ အထိုက်အလျောက် လက်လှမ်း မီတယ်လို့ ဆိုရမှာပါ။
တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ ထိုဆရာက ကောဇာအစီးအနင်း ထက် ဒသာနဲ့ ဟောတာကို အားသန်တဲ့သူပါ။ သူ ကျွန်တော်ကို ဒသာအပိုင်းအခြား တွေနဲ့ဟောတာ အလွန်မှန်ကန် တာတွေ့ရတယ်။
ဒါကြောင့် ဒသာအပိုင်းအခြားတွေ ဘယ်လောက်များများထိ ရှိနေလဲ။ ဘယ်လောက်မှန်ကန်မှုရှိလဲ လေ့လာ ခဲ့ပါတယ်။ လက်ဆန်းမှာလဲ ဒဿကောက်ကိန်းတွေ အများအပြားတွေ့ရပါတယ်။ အတော်လဲ မှန်ကန်တာကို တွေ့ရပါတယ်။
ဒသာဟောကိန်းတွေကို လက်တွေ့မှာ ချိန်ထိုးကြည့်တာ အတော့်ကိုမှန်ကန်ပါတယ်။ အခုပြောပြချင်တာက နေ့နံအလိုက် ကံကောင်းချိန်၊ ကံညံ့ချိန်တွေကို ပြောပြချင်တာပါ။ လူတစ်ယောက်ချင်း စီးရဲ့ ဖွားဇာတာအရ၊ နာမည်အရ၊ ပစ္စပ္ပုန်ကြိုးစားမှုတွေအရ အခုရေးပေးမယ့် အချိန်ကာလတွေထဲက ကံကောင်းချိန်ကာလ၊ ကံညံ့ချိန် ကာလ တွေက မိတ်ဆွေတို့အတွက် ၁၀၀%မမှန်ကန်နိုင်ပါ။
ဒါပေမယ့် ၇၀%လောက်သော သူတွေအတွက်မှန်ကန် နိုင်ပြီးတော့ ၃၀%သောသူတွေအတွက် လွဲချော်မှုတွေ ရှိနေပါလိမ့်မယ်။

သောကြာသားသမီးတွေအတွက် ကံအခွင့်အရေးပေးချိန်တွေ ကတော့
အသက် ၅နှစ် ၃လမှစ၍ အသက် ၇နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၂၁နှစ် ၉လမှ စ၍အသက် ၂၂နှစ် ၆လအထိကာလ
အသက်၂၇နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၂၈နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၄၉နှစ် တင်းတင်းပြည့်ချိန်မှစ၍ အသက်၅၀တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၆၂နှစ် ၉လမှစ၍ အသက် ၆၄နှစ် ၁၀လ ၁၅ရက်အထိကာလ
အသက် ၇၃နှစ် ၃လမှစ၍ အသက် ၇၄နှစ် ၆လအထိကာလများဟာ
အဘက်ဘက်က ကံအထောက်အပံ့ရလွယ် တယ် လို့ ယေဘုယျမှတ်ယူရပါလိမ့်မယ်။ဒီကာလအတွင်း အလုပ်မှန်၊လမ်းကြောင်းမှန်ပေါ် ရောက်တတ်သလို၊ လုပ်တိုင်းဖြစ်မယ့် အချိန်အခါလဲဖြစ်ပါတယ်။ ကံပေးချိန်မို့ ဉာဏ်ဝီရိယသာ ကူလိုက်မယ်ဆိုရင် အောင်ပန်းကို ဆွတ်ခူးယူနိုင်မယ့်ကာလတွေပါ။ သောကြာသားသမီးများအတွက် ယေဘုယျအားဖြင့် အိုအေစစ်ကာလ တွေလို့ ဆိုချင်ပါတယ်။ တစ်ဦးချင်းစီရဲ့ မွေးဇာတာ၊နာမည်တွေအရ အပြောင်းအလဲရှိပေမယ့် ယေဘုယျအားဖြင့် တော့ ကံကောင်းချိန်တွေလို့သတ်မှတ်ရမှာ ဖြစ်ပါတယ်။

သောကြာသားသမီးများ ကံညံ့ချိန်၊ ကံအင်အားနည်းနေချိန်တွေကတော့
အသက် ၁၀နှစ် ၆လမှစ၍ အသက်၁၃နှစ် ၁လ ၁၅ရက်အထိကာလ
အသက် ၂၃နှစ် ၃လမှစ၍ အသက် ၂၄နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၃၀နှစ် ၉လမှစ၍ အသက် ၃၂နှစ် ၇လ ၁၅ရက်အထိကာလ
အသက်၄၃နှစ်တင်းတင်းပြည့်ချိန်မှစ၍ အသက် ၄၄နှစ်တင်းတင်းပြည့်ချိန်အထိကာလ
အသက် ၇၅နှစ် ၉လမှစ၍ အသက် ၇၇နှစ်တင်းတင်းပြည့်ချိန်အထိ ကာလအပိုင်းအခြားတွေက
အဘက်ဘက်က အခက်အခဲတွေပိုစေနိုင်တဲ့ ကာလအပိုင်းအခြားပဲဖြစ်ပါတယ်။ ဒီကာလတွေအတွင်းမှာ အရာရာ သတိနဲ့ယှဉ်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။စိတ်လိုက်မာန်ပါလုပ်တာတွေ ဒေါသရှေ့ထားတာမျိုးတွေကို ဒီအသက် အပိုင်းအခြားတွေ မှာ လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုလုပ်မယ်ကြံစည်တိုင်း တက်နိုင်သမျှ နားလည်တက် ကျွမ်းသူတွေနဲ့တိုင်ပင် စေချင်ပါတယ်။

၇ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။
ဆရာငြိမ်းအေးလူ

ေသာၾကာ သားသမီးမ်ားအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္၊ကံညံ့ခ်ိန္မ်ား

ေဗဒင္ပညာမွာ ဒသာေကာက္ကိန္းဆိုတာမ်ိဳးရွိပါတယ္။ ဒါကလက္ဆန္းမွာေရာ လက္႐ိုးမွာေရာရွိေနတာပါ။ ကြၽန္ေတာ္ ေဗဒင္ပညာကို စတင္ေလ့လာခ်ိန္မွာ လက္ဆန္းကို အထူးျပဳေလ့လာခဲ့သူပါ။ ဆရာနဲ႔ အခ်ိန္ျပည့္ လက္ ထက္သင္ခြင့္ မရႏိုင္ေတာ့ လက္ဆန္း ပညာက ကိုယ္တိုင္ self-studyလုပ္ဖို႔ အထိုက္အေလ်ာက္ လက္လွမ္း မီတယ္လို႔ ဆိုရမွာပါ။
တစ္ရက္ေတာ့ မွတ္မွတ္ရရ လက္႐ိုးဆရာ တစ္ေယာက္နဲ႔ ဆုံပါတယ္။ ထိုဆရာက ေကာဇာအစီးအနင္း ထက္ ဒသာနဲ႔ ေဟာတာကို အားသန္တဲ့သူပါ။ သူ ကြၽန္ေတာ္ကို ဒသာအပိုင္းအျခား ေတြနဲ႔ေဟာတာ အလြန္မွန္ကန္ တာေတြ႕ရတယ္။
ဒါေၾကာင့္ ဒသာအပိုင္းအျခားေတြ ဘယ္ေလာက္မ်ားမ်ားထိ ရွိေနလဲ။ ဘယ္ေလာက္မွန္ကန္မႈရွိလဲ ေလ့လာ ခဲ့ပါတယ္။ လက္ဆန္းမွာလဲ ဒႆေကာက္ကိန္းေတြ အမ်ားအျပားေတြ႕ရပါတယ္။ အေတာ္လဲ မွန္ကန္တာကို ေတြ႕ရပါတယ္။
ဒသာေဟာကိန္းေတြကို လက္ေတြ႕မွာ ခ်ိန္ထိုးၾကည့္တာ အေတာ့္ကိုမွန္ကန္ပါတယ္။ အခုေျပာျပခ်င္တာက ေန႔နံအလိုက္ ကံေကာင္းခ်ိန္၊ ကံညံ့ခ်ိန္ေတြကို ေျပာျပခ်င္တာပါ။ လူတစ္ေယာက္ခ်င္း စီးရဲ႕ ဖြားဇာတာအရ၊ နာမည္အရ၊ ပစၥပၸဳန္ႀကိဳးစားမႈေတြအရ အခုေရးေပးမယ့္ အခ်ိန္ကာလေတြထဲက ကံေကာင္းခ်ိန္ကာလ၊ ကံညံ့ခ်ိန္ ကာလ ေတြက မိတ္ေဆြတို႔အတြက္ ၁၀၀%မမွန္ကန္ႏိုင္ပါ။
ဒါေပမယ့္ ၇၀%ေလာက္ေသာ သူေတြအတြက္မွန္ကန္ ႏိုင္ၿပီးေတာ့ ၃၀%ေသာသူေတြအတြက္ လြဲေခ်ာ္မႈေတြ ရွိေနပါလိမ့္မယ္။

ေသာၾကာသားသမီးေတြအတြက္ ကံအခြင့္အေရးေပးခ်ိန္ေတြ ကေတာ့
အသက္ ၅ႏွစ္ ၃လမွစ၍ အသက္ ၇ႏွစ္ ၁၀လ ၁၅ရက္အထိကာလ
အသက္ ၂၁ႏွစ္ ၉လမွ စ၍အသက္ ၂၂ႏွစ္ ၆လအထိကာလ
အသက္၂၇ႏွစ္တင္းတင္းျပည့္ခ်ိန္မွစ၍ အသက္ ၂၈ႏွစ္ ၁၀လ ၁၅ရက္အထိကာလ
အသက္ ၄၉ႏွစ္ တင္းတင္းျပည့္ခ်ိန္မွစ၍ အသက္၅၀တင္းတင္းျပည့္ခ်ိန္အထိကာလ
အသက္ ၆၂ႏွစ္ ၉လမွစ၍ အသက္ ၆၄ႏွစ္ ၁၀လ ၁၅ရက္အထိကာလ
အသက္ ၇၃ႏွစ္ ၃လမွစ၍ အသက္ ၇၄ႏွစ္ ၆လအထိကာလမ်ားဟာ
အဘက္ဘက္က ကံအေထာက္အပံ့ရလြယ္ တယ္ လို႔ ေယဘုယ်မွတ္ယူရပါလိမ့္မယ္။ဒီကာလအတြင္း အလုပ္မွန္၊လမ္းေၾကာင္းမွန္ေပၚ ေရာက္တတ္သလို၊ လုပ္တိုင္းျဖစ္မယ့္ အခ်ိန္အခါလဲျဖစ္ပါတယ္။ ကံေပးခ်ိန္မို႔ ဉာဏ္ဝီရိယသာ ကူလိုက္မယ္ဆိုရင္ ေအာင္ပန္းကို ဆြတ္ခူးယူႏိုင္မယ့္ကာလေတြပါ။ ေသာၾကာသားသမီးမ်ားအတြက္ ေယဘုယ်အားျဖင့္ အိုေအစစ္ကာလ ေတြလို႔ ဆိုခ်င္ပါတယ္။ တစ္ဦးခ်င္းစီရဲ႕ ေမြးဇာတာ၊နာမည္ေတြအရ အေျပာင္းအလဲရွိေပမယ့္ ေယဘုယ်အားျဖင့္ ေတာ့ ကံေကာင္းခ်ိန္ေတြလို႔သတ္မွတ္ရမွာ ျဖစ္ပါတယ္။

ေသာၾကာသားသမီးမ်ား ကံညံ့ခ်ိန္၊ ကံအင္အားနည္းေနခ်ိန္ေတြကေတာ့
အသက္ ၁၀ႏွစ္ ၆လမွစ၍ အသက္၁၃ႏွစ္ ၁လ ၁၅ရက္အထိကာလ
အသက္ ၂၃ႏွစ္ ၃လမွစ၍ အသက္ ၂၄ႏွစ္တင္းတင္းျပည့္ခ်ိန္အထိကာလ
အသက္ ၃၀ႏွစ္ ၉လမွစ၍ အသက္ ၃၂ႏွစ္ ၇လ ၁၅ရက္အထိကာလ
အသက္၄၃ႏွစ္တင္းတင္းျပည့္ခ်ိန္မွစ၍ အသက္ ၄၄ႏွစ္တင္းတင္းျပည့္ခ်ိန္အထိကာလ
အသက္ ၇၅ႏွစ္ ၉လမွစ၍ အသက္ ၇၇ႏွစ္တင္းတင္းျပည့္ခ်ိန္အထိ ကာလအပိုင္းအျခားေတြက
အဘက္ဘက္က အခက္အခဲေတြပိုေစႏိုင္တဲ့ ကာလအပိုင္းအျခားပဲျဖစ္ပါတယ္။ ဒီကာလေတြအတြင္းမွာ အရာရာ သတိနဲ႔ယွဥ္ၿပီး ေဆာင္႐ြက္ရပါလိမ့္မယ္။စိတ္လိုက္မာန္ပါလုပ္တာေတြ ေဒါသေရွ႕ထားတာမ်ိဳးေတြကို ဒီအသက္ အပိုင္းအျခားေတြ မွာ ေလွ်ာ့ခ်ႏိုင္ဖို႔ လိုအပ္ပါတယ္။ တစ္ခုခုလုပ္မယ္ႀကံစည္တိုင္း တက္ႏိုင္သမွ် နားလည္တက္ ကြၽမ္းသူေတြနဲ႔တိုင္ပင္ ေစခ်င္ပါတယ္။

၇ရက္သားသမီးမ်ားအားလုံး ေတြးဆ ဆင္ျခင္ႏိုင္ၾကပါေစ။
ဆရာၿငိမ္းေအးလူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box