Facebook Comments Box
မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်မှု အနဲဆုံး သောကြာဖွားတွေ အကြောင်း

မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်မှု အနဲဆုံး သောကြာဖွားတွေ အကြောင်း

သောကြာနေ့ဖွားတွေသည်…..မိမိကိုယ်မိမိ ထိမ်းချုပ်နိုင်မှု အနဲဆုံး နေ့ဖွားတွေလို့ဆိုနိုင်ပါတယ်။

အဲ…သူတို့က ခိုင်မာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ..ဥပဒေသတွေကိုလည်း
…ကောင်းကောင်းကြီး ချိုးဖောက်နိုင်စွမ်း ရှိကြတယ်ခင်ဗျ။
ဒီလောကတစ်ခွင်လုံးထဲက……မလုပ်ရဘူးဆိုတဲ့ ကိစ္စတော်တော်များများကို …လုပ်သွားကြတဲ့လူအများစုဟာ …သောကြာတွေလို့…ကျွန်တော်ဖြင့် ယူဆမိတာပါပဲ။
ဒါကြောင့်…အလွန်စည်းကမ်းစောင့်ထိမ်းရမယ့် အခန်းကဏ္ဍမျိုးတွေမှာ…သောကြာတစ်ယောက်ယောက် ပါဝင်လာမယ်ဆိုရင်..
အဲဒီ့သောကြာသည်…သံမဏိစည်းရိုးရဲ့…ဟာကွက်.. ပျော့ကွက်လည်း
ဖြစ်ကောင်းဖြစ်နေနိုင်တာကို သတိပြုမိဖို့လိုပါတယ်။
ဒီလိုပြောလို့…သောကြာတွေကို စည်းကမ်းမရှိဘူး၊ သစ္စာမစောင့်ထိမ်းဘူးလို့တော့ တရားသေ မမှတ်ယူလိုက်ပါနဲ့။
ကောင်းတဲ့ဘက်မှာ ကတော့….
ဘယ်လိုမှအကျိုးမဖြစ်တော့တဲ့….အခြေအနေဟောင်းတွေ၊ လုပ်ငန်းဟောင်းတွေကို ပြတ်ပြတ်သားသားစွန့်ပစ်ပြီး…စွန့်စားအောင်မြင်နိုင်စွမ်း အရှိဆုံး…နေ့နံတစ်မျိုးအဖြစ်လည်း…သောကြာတွေကို တွေ့ရနိုင်ပါတယ်။

သောကြာနေ့ဖွားတစ်ယောက်ယောက်ကို….နာမည်အဆုံးစာလုံး တနင်္လာနံနဲ့ မှည့်လိုက်မိပြီဆိုရင်တော့…………………( သွယ်သွယ်ခိုင် ၊ သုတကျော်၊ ဟန်မင်းခန့်)
စည်းကမ်းတွေကို ချိုးဖောက်နိုင်တဲ့ အင်အားဟာ.. အဆမတန် မြင့်တက်သွားပြီလို့သာ အောက်မေ့ထားလိုက်ပါတော့…။
မဟာတံတိုင်းကြီးကာထားလည်း…ထိုနာမည်ရှင်မျိုးသာ ဆန္ဒရှိမယ်ဆိုရင်…မဟာတံတိုင်းကြီးမှာပဲ…မလွယ်ပေါက် ဖောက်ပစ်နိုင်မယ့် အင်အားမျိုး….အပြည့်အ၀ ပိုင်ဆိုင်ထားပါကြောင်း….။

လေးစားစွာဖြင့်..
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။







လေးစားစွာဖြင့်..
ကိုဖုန်း။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box