Facebook Comments Box
မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် အမျိုးသမီး လက္ခဏာ

မိဖုရားတစ်ဦးကဲ့သို့ အဆင့်အတန်းနှင့်နေရမည့် အမျိုးသမီး လက္ခဏာ

အလွန်တွေ့ရခဲသော အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုဖြစ်သည်။ ကျွန်ုပ်၏ လက္ခဏာဟောပြောမှု သက်တမ်းတစ်လျှောက်မှာတော့ တစ်ကြိမ်တစ်ခါမျှမတွေ့ဖူးခဲ့ရပေ။တွေ့ခဲ့ရသောအမှတ်အသားများကား ဆုံးဖြတ်ရ ခက်ခဲသော၊ ပုံသဏ္ဍာန်အားဖြင့်ရှုပ်ထွေးသောပုံစံများနှင့်သာကြုံတွေ့ခဲ့ရသည်။

ဆရာကြီးစံတင်အောင်(ရွှေဘို) ကလည်းဤကဲ့သို့သောလက္ခဏာရှင်ကို တွေ့ခဲ့ဘူးသည်ဟု သူ၏လက္ခဏာသင်တန်းမူ နှင့် ကိုယ်တွေ့ကျွမ်းများတွင် ဖော်ပြသည်ကို မဖတ်ခဲ့ဘူးပါ။

” ဆရာကြီးမင်းသိင်္ခ ” က ထိုလမ်းကြောင်းကို “ကျေးတောသူမှ မိဖုရားခေါင်ကြီးသို့”ဟု သူ၏ (၉) နှစ်ဟောစာတမ်းစာအုပ်ငယ်တွင် ၁၆-ရာစုလက်ဝါးပြင်ပုံစံနှင့်အတူဖော်ပြထားသည်ကို ဖတ်ရှုရခဲ့သည်။

ဆရာကြီးကိုင်ရို၏ကိုယ်တွေ့လက္ခဏာကျမ်းတစ်နေရာ၌ ဤသို့ဖော်ပြထားသည်ကိုတွေ့ရသည်။

တစ်နေ့သ၌ ကျွန်ုပ်သည် ဝါရှင်တန်မြို့၌ ဟောပြောစဉ် သားအမိနှစ်ဦးတို့ ကျွန်ုပ်ထံလက္ခဏာလာရောက် ကြည့်ရှုကြသည်။ မိခင်ဖြစ်သူက သူမ၏သမီးကို လက္ခဏာဖတ်ပေးရန် ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်သည်။

ကျွန်ုပ်သည် Miss Lester ၏ လက်ဝါးပြင်အား သေချာစွာကြည့်ရှုစစ်ဆေးကာ သူမ၏ မိခင်ကြီးရှေ့တွင် ပင် ” သင်ဟာ သင်နှင့်မျိုးရိုးမတူသော လူမျိုးကွဲနှင့်လက်ထပ်ရမယ်။

အိမ်ထောင်ရှင်ဘဝရောက်ရှိပြီး ပင်လယ်ရပ်ခြားတိုင်းပြည် တစ်ခုမှာ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့ တူညီသောဘဝမျိုးနဲ့ နေရလိမ့်မယ် ” လို့ဟောခဲ့သည်။

ဒီလိုတစ်ထစ်ချဟောရခြင်းကတော့ Miss Lester ရဲ့ အိမ်ထောင်ရေးလမ်းကြောင်းမှ လမ်းခွဲတစ်ခုက အောင်မြင်ရေးလမ်းကြောင်းကို ထိတွေ့ရပ်တည်နေလို့ပါဘဲ။

Miss Lester ဟာ ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝသော လူမျိုးခြား လောကဇွန်းနဲ့လက်ထပ်ပြီး နှစ်အနည်း ငယ်အကြာမှာ လောကဇွန်းဟာ အိန္ဒိယနိုင်ငံရဲ့ ဘုရင်ခံချုပ်ဖြစ်လာပြီး သူမသည်လည်း ဘုရင်ခံချုပ်ရဲ့မိဖုရားဖြစ်ခဲ့ သည်။

ဆရာကြီးကိုင်ရိုဟာ Miss Lester ရဲ့အိမ်ထောင်ရေးလမ်းကြောင်းက လမ်းခွဲတစ်ခုက အောင်မြင်ရေး လမ်းကြောင်းကို ထိသောကြောင့် လူမျိုးကွဲနဲ့ညားပြီး မိဖုရားအဆင့်အတန်းနဲ့ နေရမယ်လို့ဟောခဲ့ပါတယ်။

ဒါဟာအိမ်ထောင် ရေးလမ်းကြောင်း အဖျားနှစ်ခု ကွဲထွက်ပြီး ခက်ရင်းသဏ္ဍန်ဟာ လူမျိုးကွဲ ဘာသာခြားနဲ့အိမ်ထောင်ကျ တတ်ကြောင်း သက်သေခံနေပါတယ်။

ထို့ကြောင့်ကျွန်ုပ်၏ “လက္ခဏာဆရာဖြစ်သင်ကျမ်း “တွင် အိမ်ထောင်ရေးလမ်းကြောင်းအဖျား၌ ခရင်းခွသဏ္ဍာန်အမှတ်သားကိုတွေ့ရမည်ဆိုလျှင်၊ လက္ခဏာရှင်သည် လူမျိုးကွဲဘာသာခြားနှင့်လက်ထပ်ရမည်၊

(သို့တည်းမဟုတ်) မိမိနှင့်အယူအဆ မတူသူတစ်ဦးနှင့် လက်ထပ်ရလိမ့်မည်ဟု ဆရာကြီးကိုင်ရို၏ အဟောကျမ်းကိုကိုးကားပြီး ထည့်သွင်းဖော်ပြထားခဲ့ပါတယ်။

ပုံမှာပြထားသော လက္ခဏာပုံစံကတော့ အိမ်ထောင်ရေးလမ်းကြောင်းတစ်ခုက အောင်မြင်ရေးလမ်း ကြောင်းကို ထိထားတဲ့ပုံစံဖော်ပြထားပါတယ်။

ပြထားတဲ့ပုံမှာကတော့ အိမ်ထောင်ရေးလမ်းကြောင်းမှာ ခရင်းခွသဏ္ဍာန်အမှတ်အသားမပါဘဲပြထားပါတယ်။

ဒါကြောင့် အနှီပုံစံကတော့ ချမ်းသာကြွယ်ဝတဲ့သူနဲ့အိမ်ထောင်ကျပြီး၊ မိဖုရားတစ်ဦးရဲ့ အဆင့်အတန်းနဲ့နေရမယ်လို့ အဓိပ္ပါယ်ရစေပါတယ်။

နန်းမတော်မယ်နုက သာမာန်ကျေးတောသူမှ ဘုရင်မိဖုရားခေါင်ကြီးဖြစ်လာရတာဟာ ဒီလိုပုံစံဖြစ်နိုင်တယ်လို့ ဆရာကြီးမင်းသိင်္ခၤက ယူဆထားပုံပေါ်ပါတယ်။

ယနေ့မှာတော့ ဒီလိုပုံစံမျိုးတွေ့ရဖို့ ခက်ခဲပါတယ်…..။ တွေ့ရရင်တော့ ထိုလက်ပိုင်ရှင်မိန်းကလေးဟာ မြန်မာပြည် အတွက်တော့( Fist Lady ) သမ္မတကတော်ဖြစ်ရမှာ ဧကန်မလွဲတော့ပေ။

ဆရာရွှေမင်း(လက္ခဏာပါရဂူ)

မိဖုရားတစ္ဦးကဲ့သို႔ အဆင့္အတန္းႏွင့္ေနရမည့္ အမ်ိဳးသမီး လကၡဏာ

အလြန္ေတြ႕ရခဲေသာ အိမ္ေထာင္ေရးလမ္းေၾကာင္းတစ္ခုျဖစ္သည္။ ကြၽႏ္ုပ္၏ လကၡဏာေဟာေျပာမႈ သက္တမ္းတစ္ေလွ်ာက္မွာေတာ့ တစ္ႀကိမ္တစ္ခါမွ်မေတြ႕ဖူးခဲ့ရေပ။ေတြ႕ခဲ့ရေသာအမွတ္အသားမ်ားကား ဆုံးျဖတ္ရ ခက္ခဲေသာ၊ ပုံသ႑ာန္အားျဖင့္ရႈပ္ေထြးေသာပုံစံမ်ားႏွင့္သာႀကဳံေတြ႕ခဲ့ရသည္။

ဆရာႀကီးစံတင္ေအာင္(ေ႐ႊဘို) ကလည္းဤကဲ့သို႔ေသာလကၡဏာရွင္ကို ေတြ႕ခဲ့ဘူးသည္ဟု သူ၏လကၡဏာသင္တန္းမူ ႏွင့္ ကိုယ္ေတြ႕ကြၽမ္းမ်ားတြင္ ေဖာ္ျပသည္ကို မဖတ္ခဲ့ဘူးပါ။

” ဆရာႀကီးမင္းသိခၤ ” က ထိုလမ္းေၾကာင္းကို “ေက်းေတာသူမွ မိဖုရားေခါင္ႀကီးသို႔”ဟု သူ၏ (၉) ႏွစ္ေဟာစာတမ္းစာအုပ္ငယ္တြင္ ၁၆-ရာစုလက္ဝါးျပင္ပုံစံႏွင့္အတူေဖာ္ျပထားသည္ကို ဖတ္ရႈရခဲ့သည္။

ဆရာႀကီးကိုင္႐ို၏ကိုယ္ေတြ႕လကၡဏာက်မ္းတစ္ေနရာ၌ ဤသို႔ေဖာ္ျပထားသည္ကိုေတြ႕ရသည္။

တစ္ေန႔သ၌ ကြၽႏ္ုပ္သည္ ဝါရွင္တန္ၿမိဳ႕၌ ေဟာေျပာစဥ္ သားအမိႏွစ္ဦးတို႔ ကြၽႏ္ုပ္ထံလကၡဏာလာေရာက္ ၾကည့္ရႈၾကသည္။ မိခင္ျဖစ္သူက သူမ၏သမီးကို လကၡဏာဖတ္ေပးရန္ ေရာက္ရွိလာခဲ့ျခင္းလည္းျဖစ္သည္။

ကြၽႏ္ုပ္သည္ Miss Lester ၏ လက္ဝါးျပင္အား ေသခ်ာစြာၾကည့္ရႈစစ္ေဆးကာ သူမ၏ မိခင္ႀကီးေရွ႕တြင္ ပင္ ” သင္ဟာ သင္ႏွင့္မ်ိဳး႐ိုးမတူေသာ လူမ်ိဳးကြဲႏွင့္လက္ထပ္ရမယ္။

အိမ္ေထာင္ရွင္ဘဝေရာက္ရွိၿပီး ပင္လယ္ရပ္ျခားတိုင္းျပည္ တစ္ခုမွာ မိဖုရားတစ္ဦးရဲ႕ အဆင့္အတန္းနဲ႔ တူညီေသာဘဝမ်ိဳးနဲ႔ ေနရလိမ့္မယ္ ” လို႔ေဟာခဲ့သည္။

ဒီလိုတစ္ထစ္ခ်ေဟာရျခင္းကေတာ့ Miss Lester ရဲ႕ အိမ္ေထာင္ေရးလမ္းေၾကာင္းမွ လမ္းခြဲတစ္ခုက ေအာင္ျမင္ေရးလမ္းေၾကာင္းကို ထိေတြ႕ရပ္တည္ေနလို႔ပါဘဲ။

Miss Lester ဟာ ပစၥည္းဥစၥာခ်မ္းသာႂကြယ္ဝေသာ လူမ်ိဳးျခား ေလာကဇြန္းနဲ႔လက္ထပ္ၿပီး ႏွစ္အနည္း ငယ္အၾကာမွာ ေလာကဇြန္းဟာ အိႏၵိယႏိုင္ငံရဲ႕ ဘုရင္ခံခ်ဳပ္ျဖစ္လာၿပီး သူမသည္လည္း ဘုရင္ခံခ်ဳပ္ရဲ႕မိဖုရားျဖစ္ခဲ့ သည္။

ဆရာႀကီးကိုင္႐ိုဟာ Miss Lester ရဲ႕အိမ္ေထာင္ေရးလမ္းေၾကာင္းက လမ္းခြဲတစ္ခုက ေအာင္ျမင္ေရး လမ္းေၾကာင္းကို ထိေသာေၾကာင့္ လူမ်ိဳးကြဲနဲ႔ညားၿပီး မိဖုရားအဆင့္အတန္းနဲ႔ ေနရမယ္လို႔ေဟာခဲ့ပါတယ္။

ဒါဟာအိမ္ေထာင္ ေရးလမ္းေၾကာင္း အဖ်ားႏွစ္ခု ကြဲထြက္ၿပီး ခက္ရင္းသ႑န္ဟာ လူမ်ိဳးကြဲ ဘာသာျခားနဲ႔အိမ္ေထာင္က် တတ္ေၾကာင္း သက္ေသခံေနပါတယ္။

ထို႔ေၾကာင့္ကြၽႏ္ုပ္၏ “လကၡဏာဆရာျဖစ္သင္က်မ္း “တြင္ အိမ္ေထာင္ေရးလမ္းေၾကာင္းအဖ်ား၌ ခရင္းခြသ႑ာန္အမွတ္သားကိုေတြ႕ရမည္ဆိုလွ်င္၊ လကၡဏာရွင္သည္ လူမ်ိဳးကြဲဘာသာျခားႏွင့္လက္ထပ္ရမည္၊

(သို႔တည္းမဟုတ္) မိမိႏွင့္အယူအဆ မတူသူတစ္ဦးႏွင့္ လက္ထပ္ရလိမ့္မည္ဟု ဆရာႀကီးကိုင္႐ို၏ အေဟာက်မ္းကိုကိုးကားၿပီး ထည့္သြင္းေဖာ္ျပထားခဲ့ပါတယ္။

ပုံမွာျပထားေသာ လကၡဏာပုံစံကေတာ့ အိမ္ေထာင္ေရးလမ္းေၾကာင္းတစ္ခုက ေအာင္ျမင္ေရးလမ္း ေၾကာင္းကို ထိထားတဲ့ပုံစံေဖာ္ျပထားပါတယ္။

ျပထားတဲ့ပုံမွာကေတာ့ အိမ္ေထာင္ေရးလမ္းေၾကာင္းမွာ ခရင္းခြသ႑ာန္အမွတ္အသားမပါဘဲျပထားပါတယ္။

ဒါေၾကာင့္ အႏွီပုံစံကေတာ့ ခ်မ္းသာႂကြယ္ဝတဲ့သူနဲ႔အိမ္ေထာင္က်ၿပီး၊ မိဖုရားတစ္ဦးရဲ႕ အဆင့္အတန္းနဲ႔ေနရမယ္လို႔ အဓိပၸါယ္ရေစပါတယ္။

နန္းမေတာ္မယ္ႏုက သာမာန္ေက်းေတာသူမွ ဘုရင္မိဖုရားေခါင္ႀကီးျဖစ္လာရတာဟာ ဒီလိုပုံစံျဖစ္ႏိုင္တယ္လို႔ ဆရာႀကီးမင္းသိခၤကၤ ယူဆထားပုံေပၚပါတယ္။

ယေန႔မွာေတာ့ ဒီလိုပုံစံမ်ိဳးေတြ႕ရဖို႔ ခက္ခဲပါတယ္…..။ ေတြ႕ရရင္ေတာ့ ထိုလက္ပိုင္ရွင္မိန္းကေလးဟာ ျမန္မာျပည္ အတြက္ေတာ့( Fist Lady ) သမၼတကေတာ္ျဖစ္ရမွာ ဧကန္မလြဲေတာ့ေပ။

ဆရာေ႐ႊမင္း(လကၡဏာပါရဂူ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box