Facebook Comments Box
ဆရာငြိမ်း၏ (20.5.2021 မှ 26.5.2021) တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

ဆရာငြိမ်း၏ ( 20.5.2021 မှ 26.5.2021 ) တစ်ပတ်စာ ၇ရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ
ဒီတစ်ပတ်အတွင်း အနည်းငယ်စိတ်ရှုပ်စရာလေးတွေရှိနေတတ်ပါတယ်။ လူကြီးမိဘတွေအတွက်ပူပန်ရမဲ့ ကာလတစ်ခုပါပဲ။ကျန်းမာရေးအားနည်းနေတဲ့မိဘတွေကို ဂရုစိုက်ပေးပါ။ စိတ်ကူးထားတာတွေ လက်တွေ့အကောင် အထည်မဖော်သင့်ပါဘူး။ ဖြစ်ချင်တာတွေဖြစ်လာဖို့အချိန်ယူစောင့်ဆိုင်းရပါလိမ့်မယ်။ ငွေကရှာရလွယ်နေရင် တောင်မှ အကုန်အကျတွေကလဲ အထူးများနေတတ်ပါတယ်။ တာဝန်ယူချင်စိတ်ပျောက်ပြီးတော့ ကိုယ်လွတ်ရုန်းချင် စိတ်တွေ များနေတတ်ပါတယ်။ မသွားချင်တဲ့ခရီးတွေလဲ မဖြစ်မနေမို့ သွားနေရတတ်ပါတယ်။ မင်းအစိုးရ၊ဉပဒေနဲ့ မလွတ်ကင်းတဲ့အလုပ်တွေကို လုပ်ထားမိရင်တတ်နိုင်သလောက် သတိနဲ့နေထိုင် သွားလာပါ။ စီးပွားရေးနဲ့ပတ်သက် ပြီးလုပ်နေကျအလုပ်ကလွဲလို့ အသစ်လုပ်တာမျိုး၊ မလုပ်ဘူးတဲ့အလုပ်တွေ လုပ်တာမျိုးတွေအထူးရှောင်စေချင်ပါ တယ်။ ဒီကာလမှာ အိမ်ပြောင်း၊နေရာပြောင်းတွေလဲ ကြုံရတတ်ပါတယ်။ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်တာ မျိုးတွေ၊ဒါမှမဟုတ် အိမ်ထောင်ဘက်က ခရီးလွန်နေတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ အချစ်ရေးကိစ္စတွေမှာ ချစ်သူက ကိုယ့်ကို ဂရုမစိုက်တာ၊ အချစ်လျော့နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ မိမိကျန်းမာရေးအတွက်တော့ အထူးစိတ်ပူဖို့မလိုသေးပါဘူး။ ပညာရေးအတွက် ရတက်မအေးဖြစ်ရတတ်တဲ့ကာလပါပဲ။
အကျိုးပေးဂဏန်း ၁/၃/၅
အထူးဟော-အလုပ်ရှုပ်ပြီး စိတ်ညစ်စရာတွေများနေတတ်ပါတယ်။
ယတြာ-ဆပ်ပြာမွှေး ရဟန်းတစ်ပါးကိုလှူလိုက်ပါ။

တနင်္လာ
ဒီကာလမှာ စိုးရိမ်စရာရှိတာက မိသားစုဝင်တစ်ဦးတစ်ယောက်ဒုက္ခရောက်တာမျိုး၊ အလုပ်ပြုတ်တာမျိုးတွေ မြင်ရကြားရတတ်ပါတယ်။ အလုပ်တွေများနေတာကြောင့် ပိတ်ရက်တွေတောင် အနားမရဘဲ လုပ်နေရတတ်တဲ့ ကာလပါပဲ။ ကျန်းမာရေးကိုတော့ မပေါ့သင့်ပါဘူး။ ကူးစက်ရောဂါတွေဖြစ်လွယ်ပါတယ်။ လူထူထပ်တဲ့နေရာတွေကို တတ်နိုင်သလောက်မသွားဘဲနေနိုင်ရင်ပိုကောင်းပါတယ်။ အလုပ်တွေ တိုးတတ်လာတဲ့ကာလဖြစ်တာမို့ အလုပ် အော်ဒါ တွေများလာတာ၊ဖောက်သည်သစ်တွေတိုးလာတာမျိုးတွေကြုံနေရတတ်ပါတယ်။ ငွေကြေးကံ မြင့်မားနေ ပေမယ့် ဝယ်ချင်တာတွေလဲ ရှိတာမို့လက်ထဲငွေကတော့ မမြဲနိုင်ဖြစ်ရတတ်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး ငွေကစားတာမျိုးတွေ၊ ငွေကြေးလဲလှယ်ပေးတာမျိုးတွေသတိနဲ့လုပ်ပါ။ လူငယ်များ မိဘက ဟိုမသွားရ၊ဒီမသွားရနဲ့ တားမြစ်နေတာကြောင့် စိတ်ကျဉ်းကြပ်ပင်ပန်းတယ်လို့ ထင်နေတတ်ပါတယ်။ အလုပ်ရှာနေသူများ မိမိနဲ့သင့်တော် တဲ့အလုပ်နေရာတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ အပူကိစ္စတွေများနေတတ်ပါတယ်။ အိမ်ထောင် ဘက်နဲ့ ပတ်သက်တဲ့ အမှုကိစ္စတွေကြုံနေရတတ်ပါတယ်။ အချစ်ရေးမှာတော့ ချစ်သူကအလုပ်များနေတာမို့ မိမိကို အဆက်အသွယ်လုပ်တာ နည်းနေပါလိမ့်မယ်။ ပညာရေးမှာတော့ ကိုယ်တိုင်က သင်ယူလိုစိတ်၊သင်ကြားလိုစိတ် ကင်းဝေးနေတတ်ပါတယ်။
အကျိုးပေးဂဏန်း-၂/၆/ဝ
အထူးဟော-ကျန်းမာရေးအနည်းငယ်အားနည်းနေတတ်ပါတယ်
ယတြာ-ပဲပလာတာ ဘုရားကပ်ပါ

အင်္ဂါ
စိတ်ချမ်းသာစရာတွေများနေတတ်ပါတယ်။ အောက်လက်ငယ်သား၊သားသမီးတွေကြောင့် မိမိတို့ဂုဏ်တတ် တာမျိုးတွေကြုံရတတ်ပါတယ်။ ဝယ်လိုတဲ့ အိုင်တီပစ္စည်းများ ဝယ်လို့ကောင်းတဲ့ကာလပါပဲ။ စူးစမ်းလိုစိတ်များတဲ့ သူတွေ၊ အမြဲတမ်းအလုပ်အပေါ်ဆင်ခြင်သုံးသပ်နေတဲ့သူတွေကတော့ အခွင့်အလမ်းကောင်းတွေကိုဖမ်းဆုပ်ယူနိုင် ပါလိမ့်မယ်။ နေ့ချင်းပြန်ခရီးတိုလေးတွေသွားနေရတတ်ပါတယ်။ ကောင်းသောခရီး ၊အဆင်ပြေသောခရီးတွေဖြစ်ပါ လိမ့်မယ်။ လေးလေးနက်နက် တွေးတောလုပ်ကိုင်ရတဲ့ အလုပ်တွေဒီကာလမှာ အထူးဦးစားပေးလုပ်ကိုင်လိုက်ပါ။ လူမှုရေးကိစ္စတွေမှာ အားကောင်းနေတတ်သလို ပေါင်းသင်းဆက်ဆံရေးနယ်ပယ်ကျယ်ပြန့်လာတတ်ပါတယ်။ ကြွား ဝါတာမျိုးတွေ၊လူအထင်ကြီးစေချင်တဲ့စိတ်ကြောင့်အတွင်းရေးထုတ်ဖော်ပြောမိတာမျိုးတွေတော့ရှောင်ပါ။ ကိုယ့် သေတွင်းကိုယ်တူးသလိုဖြစ်သွားတတ်ပါတယ်။ စုတ်ကိစ္စအရှုပ်အထွေးတွေ ဝင်လာတတ်ပါတယ်။ တတ်နိုင်သ၍ ကင်းကင်းရှင်းရှင်းနေနိုင်ဖို့လိုပါတယ်။ ကျန်းမာရေး အားနည်းတာမျိုးမတွေ့ရပါဘူး။ ကျန်းမာရေးအားကောင်းနေ တတ်ပါတယ်။အချစ်ရေးမှာ လူကြီးမိဘတွေရဲ့အနှောင့်အယှက်တွေ ကြုံရတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အဆင်ပြေချောမွေ့တာများပါတယ်။ ပညာရှာနေသူများ ကိုယ်တိုင်က အသစ်အသစ်တွေကိုပဲသင်ချင်စိတ်ဖြစ်နေရ တတ်ပါတယ်။
အကျိုးပေးဂဏန်း-၁/၃/၇
အထူးဟော-ကံမြင့်မားနေမည်
ယတြာ..အသုပ်စုံဘုရားကပ်လှူလိုက်ပါ..

ဗုဒ္ဓဟူး၊ရာဟု
ဒီကာလအတွင်းအလုပ်အကိုင်စီးပွားတွေတိုးတတ်လာနိုင်ပါတယ်။ မိမိဖြစ်ချင်တာတွေ ဖြစ်လာနိုင်တဲ့ကာလ ပါပဲ။ စိတ်ချမ်းသာစရာကိစ္စတွေများနေတတ်ပါတယ်။ လူသိများတာ၊ကျော်ကြားတာ၊သတင်းကောင်းနဲ့ ကျော်ကြား တာမျိုးတွေရှိလာတတ်ပါတယ်။ ကြားကနေ ညှိနှိုင်းပေးတာတွေ အကျိုးဆောင်ပေးတာတွေ လုပ်ရတတ်ပါတယ်။ ပွဲစားအလုပ်များအထူးအားကောင်းနေတတ်ပါတယ်။ ငွေရှာရလွယ်ပေမဲ့ အလှူအတန်းကိစ္စတွေကြောင့်ငွေကုန်လူ ပန်းဆိုတာမျိုးတွေဖြစ်ရတတ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီကြောင့် အလုပ်ကောင်းတွေရလာ တတ်ပါတယ်။ ရွှေဝင်လာတတ်ပါတယ်။ ရပ်ဝေးကနေ မိမိကြားချင်နေတဲ့သတင်းကောင်းတွေကြားလာရတတ်ပါ တယ်။စိတ်ကူးတွေထဲမှာတော့ တွေးထားပြီး လက်တွေ့မလုပ်ဖြစ်သေးတဲ့အလုပ်တွေ စတင်လုပ်ကိုင်နိုင်ပါလိမ့်မယ်။ ကျန်းမာရေးကံအားကောင်းပါတယ်။ ဒါပေမယ့် အရက်သောက်တတ်သူများဒီကာလမှာ သတိထားရမယ်။ အရက် ကြောင့် ရောဂါဖြစ်လာတတ်လို့ပါပဲ။ အချစ်ရေး စန်းအားကောင်းနေတဲ့အတွက် ချစ်သူခင်သူပေါများတာတွေ ဖြစ်ရတတ်ပါတယ်။ချစ်သူသစ်တွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးလဲ စိတ်ချမ်းသာရမယ့် ကာလပါပဲ။ ပညာ ရေးအတွက် စိတ်အေးချမ်းရမယ့်ကာလတွေလဲဖြစ်ပါတယ်။
အကျိုးပေးဂဏန်း..၁/၉/၄
အထူးဟော-ပျော်စရာအချိန်တွေပဲဖြစ်ပါတယ်။
ယတြာ..အကြော်စုံဘုရားကပ်လှူလိုက်ပါ

ကြာသပတေး
စိတ်ပူစရာအနေအထားမဟုတ်ပေမဲ့ ဒီကာလဟာ အဘက်ဘက်ကကံအင်အားနည်းပါးနေတာကိုမြင်ရပါ တယ်။အထူးသဖြင့် ငွေကြေးစီးဆင်းမှုအပိုင်းအားနည်းချက်များတာကိုတွေ့ရတတ်ပါတယ်။ အလုပ်အကိုင်နဲ့ ပတ်သတ်ပြီး လုပ်တော့လုပ်ရပါရဲ့ လုပ်အားခကြန့်ကြာတာမျိုးတွေဖြစ်နေရတတ်ပါတယ်။ အတိတ်က မိတ်ဆွေတွေ ဆီကနေတော့ အဆက်အသွယ်တွေရလာတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုအပိုင်းတွေအားနည်းတာမို့ ဒီကာလမှာ ဘာမှ ရင်းနှီးမြုပ်နှံမှုတွေမလုပ်ပါနဲ့။ ခက်ခဲနေတဲ့ဆရာသမားတွေကို ကူညီပေးရတတ်ပါတယ်။ ပရဟိတလုပ်နေကြတဲ့သူ တွေကတော့ အညံ့တွေကြားတွေက ကံကောင်းမှုတွေကြုံနေရတတ်ပါတယ်။ စိတ်ပင်ပန်းစရာတွေများနေတော့ တတ်နိုင်သလောက်စိတ်ကိုဖြေလျော့သင့်တဲ့ကာလပဲဖြစ်ပါတယ်။ ကျန်းမာရေး အညံ့အဆိုးသိပ်မရှိပေမဲ့ ဝမ်းဗိုက် အစာအိမ်အားနည်းချက်ရှိပါတယ်။ အစားမှားလို့မဖြစ်တဲ့ကာလပဲဖြစ်ပါတယ်။ အချစ်ရေးကံကတော့ အားကောင်း နေတဲ့ ကာလပါပဲ။ ချစ်သူအတွက် အချိန်ပေးနိုင်ဖို့တော့လိုအပ်ပါတယ်။ချစ်သူနဲ့စိတ်ချင်းဆက်နေတဲ့ကာလပါပဲ။ အိမ်ထောင်ရေးကတော့ သာယာပျော်ရွှင်ရမဲ့ကာလပါပဲ။ ပျော်ရွှင်တဲ့မိသားစုဘဝကိုရလွယ်နိုင်တဲ့ကာလပဲဖြစ်ပါ တယ်။ပညာရေးမှာတော့ ဒီကာလဟာအားနည်းချက်များပါတယ်။ ပညာရေးမှာ သင်ကြားပေးရသူရော၊ သင်ယူနေ တဲ့ကျောင်းသားရော ပညာရေးအတွက်စိတ်ရှုပ်နေရချိန်ပါပဲ။
အကျိုးပေးဂဏန်း-၂/၃/၉
အထူးဟော-ကံအနည်းငယ်ညံ့ဖျင်းနေတတ်ပါတယ်
ယတြာ-မှိုနဲ့ကန်စွန်းရွက် ကြော်ပြီးဘုရားကပ်ပါ

သောကြာ
ဒီကာလမှာ ကြိုတင်ကြံရွယ်ပြီးလုပ်ဆောင်တဲ့အလုပ်တွေက အဆင်မပြေဖြစ်ရတတ်ပါတယ်။ဘာလုပ်လုပ် မီးစင်ပြီးကမှအဆင်ပြေတတ်ပါတယ်။ Plan ချပြီးလုပ်လေလေအလွဲအချော်များလေပါပဲ။ ခရီးရှည်တွေသွားဖို့ စီစဉ် ထားရင်ပြတ်သွားတတ်ပါတယ်။ ဒီကာလအတွင်း စကြုံလာတဲ့ အလုပ်သစ်၊စီးပွားသစ်၊လမ်းကြောင်းသစ်တွေက ထူးခြားတဲ့တက်လမ်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။ မိသားစုအတွက် ငွေကုန်စရာလေးတွေပေါ်လာရတတ်ပါတယ်။ မိမိ အတွက်ထက် အများအတွက်စိတ်ရောကိုယ်ပါကူညီပေးရတတ်ပါတယ်။ အိမ်ခေါင်းရင်းဘက်ကမီးဖွားတဲ့သတင်း တွေကြားလာရင်တော့ ထီထိုးလိုက်ပါ။ လူငယ်များ လူကြီးမိဘတွေဆီက အကူအညီတွေအထောက်အပံ့တွေရလာ တတ်ပါတယ်။ စိတ်ထဲ မတင်မကျဖြစ်စရာ ဆုံးဖြတ်ရခက်စရာအနေအထားလေးတွေကြုံရတတ်ပါတယ်။ စန်းအား ကောင်းနေတော့ လူချစ်လူခင်များပြီးမိတ်ဆွေတွေတိုးပွားလာနိုင်တာကိုတွေ့ရပါတယ်။ ကျန်းမာရေးကတော့အထူး အားနည်းနေတာကိုတွေ့ရပါတယ်။ အချဉ်တွေအစားများပြီးဝမ်းပျက်ဝမ်းလျောဆိုတာမျိုးဖြစ်တတ်ပါတယ်။ အချစ် ရေး မှာတော့ ချစ်သူနဲ့ စိတ်ကူးက အစ တစ်ထပ်တည်းကျနေတာကိုတွေ့ရပါတယ်။ အိမ်ထောင်ရေးအားနည်း ချက် တွေများနေရတတ်ပါတယ်။ အိမ်တွင်းရေးအပူရှိနေတတ်ပါတယ်။ ပညာရေးမှာတော့ ငွေကြေးရင်းနှီးမှုများတဲ့ ပညာ ရပ်တွေကိုအကုန် အကျခံသင်နေရတတ်ပါတယ်။
အကျိုးပေးဂဏန်း-၄/၈/၆
အထူးဟော-ထင်သလောက်တော့မလွယ်ကူတဲ့ကာလပါ
ယတြာ…သရက်သီး ဆယ်စိပ်ဘုရားလှူပါ

စနေ
အလုပ်ကို ဘယ်လိုအားထည့်ပြီးလုပ်မလဲဆိုတာမျိုးတွေးထား၊စဉ်းစားထားပါ။ အလုပ်အကိုင်အခွင့်အလမ်း သစ်တွေရလာတတ်ပါတယ်။စီးပွားရေးပြန်လည်ဦးမော့လာတတ်ပါတယ်။ အလုပ်အတွက် အချိန်ပေးဆောင်ရွက် နိုင်ဖို့လိုပါတယ်။ ချဲ့ထွင်ထားတဲ့အလုပ်တွေ၊ ရပ်ဝေးကအလုပ်တွေအဆင်ပြေလာတတ်ပါတယ်။ မိမိဝန်ထမ်းတွေကို အားထားရမဲ့ကာလပါပဲ။ ဘာလုပ်လုပ် လူငယ်တွေနဲ့တိုင်ပင်ပြီးလုပ်ကြည့်တာက ပိုမိုအဆင်ပြေတတ်ပါတယ်။ နေရာအပြောင်းအလဲ ရှိနေမည်။ မိသားစုတွင် ခြံ၊ ကား၊ အခန်းနှင့် ပတ်သက်၍ စကားပြောဆိုရတတ်သည်။ စကားပြောဆိုမှုများ အောင်မြင်မည်။ ကံတတ်လမ်းပွင့်မည်။ မိတ်သစ်၊ ဆွေသစ် တိုးပွားမည်။ ခရီးဝေး၊ အရပ်ဝေး သွားရောက်ရန် ရည်ရွယ်ချက်များ ရှိပါက ယခုကာလများအတွင်း အလိုရှိရာ စီစဉ်ဆောင်ရွက်ပါ။ အမျိုးသမီး မိတ်ဆွေ၊ အကြီးအကဲ အကူအညီကောင်းများ ရရှိမည်။အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူကမိမိအပေါ် စိတ်ပျက် နေတတ်ပါတယ်။ ချစ်သူကို သံသယတွေနဲ့ပြောဆိုတာမျိုးတွေတတ်နိုင်သလောက်ရှောင်ပါ။ အိမ်ထောင်ရေးမှာ တော့ စိတ်ညစ်စရာမရှိပေမဲ့ အိမ်ထောင်ဘက်ရဲ့အမျိုးတွေက စိတ်ဒုက္ခပေးတတ်ပါတယ်။ ပညာရေးမှာတော့လိုချင် နေတဲ့ပညာရေးတွေ သင်ခွင့်ရလာတတ်ပါတယ်။ ကျန်းမာရေးကတော့ စိတ်ပူစရာမရှိပါဘူး။ အကြောတတ်စေမယ့် သွေးတိုးစေမယ့်အစားသောက်တွေရှောင်ဖို့ပဲလိုပါတယ်။
အကျိုးပေးဂဏန်း-၄/၅/ဝ
အထူးဟော-အလုပ်တွေကောင်းလာမယ်..
ယတြာ-လက်ဖက်သုပ်ဘုရားကပ်လှူပါ
၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ
ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

ဆရာၿငိမ္း၏ ( 20.5.2021 မွ 26.5.2021 ) တစ္ပတ္စာ ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ
ဒီတစ္ပတ္အတြင္း အနည္းငယ္စိတ္ရႈပ္စရာေလးေတြရွိေနတတ္ပါတယ္။ လူႀကီးမိဘေတြအတြက္ပူပန္ရမဲ့ ကာလတစ္ခုပါပဲ။က်န္းမာေရးအားနည္းေနတဲ့မိဘေတြကို ဂ႐ုစိုက္ေပးပါ။ စိတ္ကူးထားတာေတြ လက္ေတြ႕အေကာင္ အထည္မေဖာ္သင့္ပါဘူး။ ျဖစ္ခ်င္တာေတြျဖစ္လာဖို႔အခ်ိန္ယူေစာင့္ဆိုင္းရပါလိမ့္မယ္။ ေငြကရွာရလြယ္ေနရင္ ေတာင္မွ အကုန္အက်ေတြကလဲ အထူးမ်ားေနတတ္ပါတယ္။ တာဝန္ယူခ်င္စိတ္ေပ်ာက္ၿပီးေတာ့ ကိုယ္လြတ္႐ုန္းခ်င္ စိတ္ေတြ မ်ားေနတတ္ပါတယ္။ မသြားခ်င္တဲ့ခရီးေတြလဲ မျဖစ္မေနမို႔ သြားေနရတတ္ပါတယ္။ မင္းအစိုးရ၊ဉပေဒနဲ႔ မလြတ္ကင္းတဲ့အလုပ္ေတြကို လုပ္ထားမိရင္တတ္ႏိုင္သေလာက္ သတိနဲ႔ေနထိုင္ သြားလာပါ။ စီးပြားေရးနဲ႔ပတ္သက္ ၿပီးလုပ္ေနက်အလုပ္ကလြဲလို႔ အသစ္လုပ္တာမ်ိဳး၊ မလုပ္ဘူးတဲ့အလုပ္ေတြ လုပ္တာမ်ိဳးေတြအထူးေရွာင္ေစခ်င္ပါ တယ္။ ဒီကာလမွာ အိမ္ေျပာင္း၊ေနရာေျပာင္းေတြလဲ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ အဆင္မေျပျဖစ္တာ မ်ိဳးေတြ၊ဒါမွမဟုတ္ အိမ္ေထာင္ဘက္က ခရီးလြန္ေနတာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ အခ်စ္ေရးကိစၥေတြမွာ ခ်စ္သူက ကိုယ့္ကို ဂ႐ုမစိုက္တာ၊ အခ်စ္ေလ်ာ့ေနတာမ်ိဳးေတြျဖစ္ေနတတ္ပါတယ္။ မိမိက်န္းမာေရးအတြက္ေတာ့ အထူးစိတ္ပူဖို႔မလိုေသးပါဘူး။ ပညာေရးအတြက္ ရတက္မေအးျဖစ္ရတတ္တဲ့ကာလပါပဲ။
အက်ိဳးေပးဂဏန္း ၁/၃/၅
အထူးေဟာ-အလုပ္ရႈပ္ၿပီး စိတ္ညစ္စရာေတြမ်ားေနတတ္ပါတယ္။
ယၾတာ-ဆပ္ျပာေမႊး ရဟန္းတစ္ပါးကိုလႉလိုက္ပါ။

တနလၤာ
ဒီကာလမွာ စိုးရိမ္စရာရွိတာက မိသားစုဝင္တစ္ဦးတစ္ေယာက္ဒုကၡေရာက္တာမ်ိဳး၊ အလုပ္ျပဳတ္တာမ်ိဳးေတြ ျမင္ရၾကားရတတ္ပါတယ္။ အလုပ္ေတြမ်ားေနတာေၾကာင့္ ပိတ္ရက္ေတြေတာင္ အနားမရဘဲ လုပ္ေနရတတ္တဲ့ ကာလပါပဲ။ က်န္းမာေရးကိုေတာ့ မေပါ့သင့္ပါဘူး။ ကူးစက္ေရာဂါေတြျဖစ္လြယ္ပါတယ္။ လူထူထပ္တဲ့ေနရာေတြကို တတ္ႏိုင္သေလာက္မသြားဘဲေနႏိုင္ရင္ပိုေကာင္းပါတယ္။ အလုပ္ေတြ တိုးတတ္လာတဲ့ကာလျဖစ္တာမို႔ အလုပ္ ေအာ္ဒါ ေတြမ်ားလာတာ၊ေဖာက္သည္သစ္ေတြတိုးလာတာမ်ိဳးေတြႀကဳံေနရတတ္ပါတယ္။ ေငြေၾကးကံ ျမင့္မားေန ေပမယ့္ ဝယ္ခ်င္တာေတြလဲ ရွိတာမို႔လက္ထဲေငြကေတာ့ မၿမဲႏိုင္ျဖစ္ရတတ္ပါတယ္။ ေငြေၾကးနဲ႔ ပတ္သတ္ၿပီး ေငြကစားတာမ်ိဳးေတြ၊ ေငြေၾကးလဲလွယ္ေပးတာမ်ိဳးေတြသတိနဲ႔လုပ္ပါ။ လူငယ္မ်ား မိဘက ဟိုမသြားရ၊ဒီမသြားရနဲ႔ တားျမစ္ေနတာေၾကာင့္ စိတ္က်ဥ္းၾကပ္ပင္ပန္းတယ္လို႔ ထင္ေနတတ္ပါတယ္။ အလုပ္ရွာေနသူမ်ား မိမိနဲ႔သင့္ေတာ္ တဲ့အလုပ္ေနရာေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ အပူကိစၥေတြမ်ားေနတတ္ပါတယ္။ အိမ္ေထာင္ ဘက္နဲ႔ ပတ္သက္တဲ့ အမႈကိစၥေတြႀကဳံေနရတတ္ပါတယ္။ အခ်စ္ေရးမွာေတာ့ ခ်စ္သူကအလုပ္မ်ားေနတာမို႔ မိမိကို အဆက္အသြယ္လုပ္တာ နည္းေနပါလိမ့္မယ္။ ပညာေရးမွာေတာ့ ကိုယ္တိုင္က သင္ယူလိုစိတ္၊သင္ၾကားလိုစိတ္ ကင္းေဝးေနတတ္ပါတယ္။
အက်ိဳးေပးဂဏန္း-၂/၆/ဝ
အထူးေဟာ-က်န္းမာေရးအနည္းငယ္အားနည္းေနတတ္ပါတယ္
ယၾတာ-ပဲပလာတာ ဘုရားကပ္ပါ

အဂၤါ
စိတ္ခ်မ္းသာစရာေတြမ်ားေနတတ္ပါတယ္။ ေအာက္လက္ငယ္သား၊သားသမီးေတြေၾကာင့္ မိမိတို႔ဂုဏ္တတ္ တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။ ဝယ္လိုတဲ့ အိုင္တီပစၥည္းမ်ား ဝယ္လို႔ေကာင္းတဲ့ကာလပါပဲ။ စူးစမ္းလိုစိတ္မ်ားတဲ့ သူေတြ၊ အၿမဲတမ္းအလုပ္အေပၚဆင္ျခင္သုံးသပ္ေနတဲ့သူေတြကေတာ့ အခြင့္အလမ္းေကာင္းေတြကိုဖမ္းဆုပ္ယူႏိုင္ ပါလိမ့္မယ္။ ေန႔ခ်င္းျပန္ခရီးတိုေလးေတြသြားေနရတတ္ပါတယ္။ ေကာင္းေသာခရီး ၊အဆင္ေျပေသာခရီးေတြျဖစ္ပါ လိမ့္မယ္။ ေလးေလးနက္နက္ ေတြးေတာလုပ္ကိုင္ရတဲ့ အလုပ္ေတြဒီကာလမွာ အထူးဦးစားေပးလုပ္ကိုင္လိုက္ပါ။ လူမႈေရးကိစၥေတြမွာ အားေကာင္းေနတတ္သလို ေပါင္းသင္းဆက္ဆံေရးနယ္ပယ္က်ယ္ျပန႔္လာတတ္ပါတယ္။ ႂကြား ဝါတာမ်ိဳးေတြ၊လူအထင္ႀကီးေစခ်င္တဲ့စိတ္ေၾကာင့္အတြင္းေရးထုတ္ေဖာ္ေျပာမိတာမ်ိဳးေတြေတာ့ေရွာင္ပါ။ ကိုယ့္ ေသတြင္းကိုယ္တူးသလိုျဖစ္သြားတတ္ပါတယ္။ စုတ္ကိစၥအရႈပ္အေထြးေတြ ဝင္လာတတ္ပါတယ္။ တတ္ႏိုင္သ၍ ကင္းကင္းရွင္းရွင္းေနႏိုင္ဖို႔လိုပါတယ္။ က်န္းမာေရး အားနည္းတာမ်ိဳးမေတြ႕ရပါဘူး။ က်န္းမာေရးအားေကာင္းေန တတ္ပါတယ္။အခ်စ္ေရးမွာ လူႀကီးမိဘေတြရဲ႕အေႏွာင့္အယွက္ေတြ ႀကဳံရတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အဆင္ေျပေခ်ာေမြ႕တာမ်ားပါတယ္။ ပညာရွာေနသူမ်ား ကိုယ္တိုင္က အသစ္အသစ္ေတြကိုပဲသင္ခ်င္စိတ္ျဖစ္ေနရ တတ္ပါတယ္။
အက်ိဳးေပးဂဏန္း-၁/၃/၇
အထူးေဟာ-ကံျမင့္မားေနမည္
ယၾတာ..အသုပ္စုံဘုရားကပ္လႉလိုက္ပါ..

ဗုဒၶဟူး၊ရာဟု
ဒီကာလအတြင္းအလုပ္အကိုင္စီးပြားေတြတိုးတတ္လာႏိုင္ပါတယ္။ မိမိျဖစ္ခ်င္တာေတြ ျဖစ္လာႏိုင္တဲ့ကာလ ပါပဲ။ စိတ္ခ်မ္းသာစရာကိစၥေတြမ်ားေနတတ္ပါတယ္။ လူသိမ်ားတာ၊ေက်ာ္ၾကားတာ၊သတင္းေကာင္းနဲ႔ ေက်ာ္ၾကား တာမ်ိဳးေတြရွိလာတတ္ပါတယ္။ ၾကားကေန ညႇိႏႈိင္းေပးတာေတြ အက်ိဳးေဆာင္ေပးတာေတြ လုပ္ရတတ္ပါတယ္။ ပြဲစားအလုပ္မ်ားအထူးအားေကာင္းေနတတ္ပါတယ္။ ေငြရွာရလြယ္ေပမဲ့ အလႉအတန္းကိစၥေတြေၾကာင့္ေငြကုန္လူ ပန္းဆိုတာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ မိတ္ေဆြသူငယ္ခ်င္းေတြရဲ႕အကူအညီေၾကာင့္ အလုပ္ေကာင္းေတြရလာ တတ္ပါတယ္။ ေ႐ႊဝင္လာတတ္ပါတယ္။ ရပ္ေဝးကေန မိမိၾကားခ်င္ေနတဲ့သတင္းေကာင္းေတြၾကားလာရတတ္ပါ တယ္။စိတ္ကူးေတြထဲမွာေတာ့ ေတြးထားၿပီး လက္ေတြ႕မလုပ္ျဖစ္ေသးတဲ့အလုပ္ေတြ စတင္လုပ္ကိုင္ႏိုင္ပါလိမ့္မယ္။ က်န္းမာေရးကံအားေကာင္းပါတယ္။ ဒါေပမယ့္ အရက္ေသာက္တတ္သူမ်ားဒီကာလမွာ သတိထားရမယ္။ အရက္ ေၾကာင့္ ေရာဂါျဖစ္လာတတ္လို႔ပါပဲ။ အခ်စ္ေရး စန္းအားေကာင္းေနတဲ့အတြက္ ခ်စ္သူခင္သူေပါမ်ားတာေတြ ျဖစ္ရတတ္ပါတယ္။ခ်စ္သူသစ္ေတြရလာတတ္ပါတယ္။ အိမ္ေထာင္ေရးလဲ စိတ္ခ်မ္းသာရမယ့္ ကာလပါပဲ။ ပညာ ေရးအတြက္ စိတ္ေအးခ်မ္းရမယ့္ကာလေတြလဲျဖစ္ပါတယ္။
အက်ိဳးေပးဂဏန္း..၁/၉/၄
အထူးေဟာ-ေပ်ာ္စရာအခ်ိန္ေတြပဲျဖစ္ပါတယ္။
ယၾတာ..အေၾကာ္စုံဘုရားကပ္လႉလိုက္ပါ

ၾကာသပေတး
စိတ္ပူစရာအေနအထားမဟုတ္ေပမဲ့ ဒီကာလဟာ အဘက္ဘက္ကကံအင္အားနည္းပါးေနတာကိုျမင္ရပါ တယ္။အထူးသျဖင့္ ေငြေၾကးစီးဆင္းမႈအပိုင္းအားနည္းခ်က္မ်ားတာကိုေတြ႕ရတတ္ပါတယ္။ အလုပ္အကိုင္နဲ႔ ပတ္သတ္ၿပီး လုပ္ေတာ့လုပ္ရပါရဲ႕ လုပ္အားခၾကန႔္ၾကာတာမ်ိဳးေတြျဖစ္ေနရတတ္ပါတယ္။ အတိတ္က မိတ္ေဆြေတြ ဆီကေနေတာ့ အဆက္အသြယ္ေတြရလာတတ္ပါတယ္။ ရင္းႏွီးျမဳပ္ႏွံမႈအပိုင္းေတြအားနည္းတာမို႔ ဒီကာလမွာ ဘာမွ ရင္းႏွီးျမဳပ္ႏွံမႈေတြမလုပ္ပါနဲ႔။ ခက္ခဲေနတဲ့ဆရာသမားေတြကို ကူညီေပးရတတ္ပါတယ္။ ပရဟိတလုပ္ေနၾကတဲ့သူ ေတြကေတာ့ အညံ့ေတြၾကားေတြက ကံေကာင္းမႈေတြႀကဳံေနရတတ္ပါတယ္။ စိတ္ပင္ပန္းစရာေတြမ်ားေနေတာ့ တတ္ႏိုင္သေလာက္စိတ္ကိုေျဖေလ်ာ့သင့္တဲ့ကာလပဲျဖစ္ပါတယ္။ က်န္းမာေရး အညံ့အဆိုးသိပ္မရွိေပမဲ့ ဝမ္းဗိုက္ အစာအိမ္အားနည္းခ်က္ရွိပါတယ္။ အစားမွားလို႔မျဖစ္တဲ့ကာလပဲျဖစ္ပါတယ္။ အခ်စ္ေရးကံကေတာ့ အားေကာင္း ေနတဲ့ ကာလပါပဲ။ ခ်စ္သူအတြက္ အခ်ိန္ေပးႏိုင္ဖို႔ေတာ့လိုအပ္ပါတယ္။ခ်စ္သူနဲ႔စိတ္ခ်င္းဆက္ေနတဲ့ကာလပါပဲ။ အိမ္ေထာင္ေရးကေတာ့ သာယာေပ်ာ္႐ႊင္ရမဲ့ကာလပါပဲ။ ေပ်ာ္႐ႊင္တဲ့မိသားစုဘဝကိုရလြယ္ႏိုင္တဲ့ကာလပဲျဖစ္ပါ တယ္။ပညာေရးမွာေတာ့ ဒီကာလဟာအားနည္းခ်က္မ်ားပါတယ္။ ပညာေရးမွာ သင္ၾကားေပးရသူေရာ၊ သင္ယူေန တဲ့ေက်ာင္းသားေရာ ပညာေရးအတြက္စိတ္ရႈပ္ေနရခ်ိန္ပါပဲ။
အက်ိဳးေပးဂဏန္း-၂/၃/၉
အထူးေဟာ-ကံအနည္းငယ္ညံ့ဖ်င္းေနတတ္ပါတယ္
ယၾတာ-မႈိနဲ႔ကန္စြန္း႐ြက္ ေၾကာ္ၿပီးဘုရားကပ္ပါ

ေသာၾကာ
ဒီကာလမွာ ႀကိဳတင္ႀကံ႐ြယ္ၿပီးလုပ္ေဆာင္တဲ့အလုပ္ေတြက အဆင္မေျပျဖစ္ရတတ္ပါတယ္။ဘာလုပ္လုပ္ မီးစင္ၿပီးကမွအဆင္ေျပတတ္ပါတယ္။ Plan ခ်ၿပီးလုပ္ေလေလအလြဲအေခ်ာ္မ်ားေလပါပဲ။ ခရီးရွည္ေတြသြားဖို႔ စီစဥ္ ထားရင္ျပတ္သြားတတ္ပါတယ္။ ဒီကာလအတြင္း စႀကဳံလာတဲ့ အလုပ္သစ္၊စီးပြားသစ္၊လမ္းေၾကာင္းသစ္ေတြက ထူးျခားတဲ့တက္လမ္းကို ျဖစ္ေပၚေစပါလိမ့္မယ္။ မိသားစုအတြက္ ေငြကုန္စရာေလးေတြေပၚလာရတတ္ပါတယ္။ မိမိ အတြက္ထက္ အမ်ားအတြက္စိတ္ေရာကိုယ္ပါကူညီေပးရတတ္ပါတယ္။ အိမ္ေခါင္းရင္းဘက္ကမီးဖြားတဲ့သတင္း ေတြၾကားလာရင္ေတာ့ ထီထိုးလိုက္ပါ။ လူငယ္မ်ား လူႀကီးမိဘေတြဆီက အကူအညီေတြအေထာက္အပံ့ေတြရလာ တတ္ပါတယ္။ စိတ္ထဲ မတင္မက်ျဖစ္စရာ ဆုံးျဖတ္ရခက္စရာအေနအထားေလးေတြႀကဳံရတတ္ပါတယ္။ စန္းအား ေကာင္းေနေတာ့ လူခ်စ္လူခင္မ်ားၿပီးမိတ္ေဆြေတြတိုးပြားလာႏိုင္တာကိုေတြ႕ရပါတယ္။ က်န္းမာေရးကေတာ့အထူး အားနည္းေနတာကိုေတြ႕ရပါတယ္။ အခ်ဥ္ေတြအစားမ်ားၿပီးဝမ္းပ်က္ဝမ္းေလ်ာဆိုတာမ်ိဳးျဖစ္တတ္ပါတယ္။ အခ်စ္ ေရး မွာေတာ့ ခ်စ္သူနဲ႔ စိတ္ကူးက အစ တစ္ထပ္တည္းက်ေနတာကိုေတြ႕ရပါတယ္။ အိမ္ေထာင္ေရးအားနည္း ခ်က္ ေတြမ်ားေနရတတ္ပါတယ္။ အိမ္တြင္းေရးအပူရွိေနတတ္ပါတယ္။ ပညာေရးမွာေတာ့ ေငြေၾကးရင္းႏွီးမႈမ်ားတဲ့ ပညာ ရပ္ေတြကိုအကုန္ အက်ခံသင္ေနရတတ္ပါတယ္။
အက်ိဳးေပးဂဏန္း-၄/၈/၆
အထူးေဟာ-ထင္သေလာက္ေတာ့မလြယ္ကူတဲ့ကာလပါ
ယၾတာ…သရက္သီး ဆယ္စိပ္ဘုရားလႉပါ

စေန
အလုပ္ကို ဘယ္လိုအားထည့္ၿပီးလုပ္မလဲဆိုတာမ်ိဳးေတြးထား၊စဥ္းစားထားပါ။ အလုပ္အကိုင္အခြင့္အလမ္း သစ္ေတြရလာတတ္ပါတယ္။စီးပြားေရးျပန္လည္ဦးေမာ့လာတတ္ပါတယ္။ အလုပ္အတြက္ အခ်ိန္ေပးေဆာင္႐ြက္ ႏိုင္ဖို႔လိုပါတယ္။ ခ်ဲ႕ထြင္ထားတဲ့အလုပ္ေတြ၊ ရပ္ေဝးကအလုပ္ေတြအဆင္ေျပလာတတ္ပါတယ္။ မိမိဝန္ထမ္းေတြကို အားထားရမဲ့ကာလပါပဲ။ ဘာလုပ္လုပ္ လူငယ္ေတြနဲ႔တိုင္ပင္ၿပီးလုပ္ၾကည့္တာက ပိုမိုအဆင္ေျပတတ္ပါတယ္။ ေနရာအေျပာင္းအလဲ ရွိေနမည္။ မိသားစုတြင္ ၿခံ၊ ကား၊ အခန္းႏွင့္ ပတ္သက္၍ စကားေျပာဆိုရတတ္သည္။ စကားေျပာဆိုမႈမ်ား ေအာင္ျမင္မည္။ ကံတတ္လမ္းပြင့္မည္။ မိတ္သစ္၊ ေဆြသစ္ တိုးပြားမည္။ ခရီးေဝး၊ အရပ္ေဝး သြားေရာက္ရန္ ရည္႐ြယ္ခ်က္မ်ား ရွိပါက ယခုကာလမ်ားအတြင္း အလိုရွိရာ စီစဥ္ေဆာင္႐ြက္ပါ။ အမ်ိဳးသမီး မိတ္ေဆြ၊ အႀကီးအကဲ အကူအညီေကာင္းမ်ား ရရွိမည္။အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူကမိမိအေပၚ စိတ္ပ်က္ ေနတတ္ပါတယ္။ ခ်စ္သူကို သံသယေတြနဲ႔ေျပာဆိုတာမ်ိဳးေတြတတ္ႏိုင္သေလာက္ေရွာင္ပါ။ အိမ္ေထာင္ေရးမွာ ေတာ့ စိတ္ညစ္စရာမရွိေပမဲ့ အိမ္ေထာင္ဘက္ရဲ႕အမ်ိဳးေတြက စိတ္ဒုကၡေပးတတ္ပါတယ္။ ပညာေရးမွာေတာ့လိုခ်င္ ေနတဲ့ပညာေရးေတြ သင္ခြင့္ရလာတတ္ပါတယ္။ က်န္းမာေရးကေတာ့ စိတ္ပူစရာမရွိပါဘူး။ အေၾကာတတ္ေစမယ့္ ေသြးတိုးေစမယ့္အစားေသာက္ေတြေရွာင္ဖို႔ပဲလိုပါတယ္။
အက်ိဳးေပးဂဏန္း-၄/၅/ဝ
အထူးေဟာ-အလုပ္ေတြေကာင္းလာမယ္..
ယၾတာ-လက္ဖက္သုပ္ဘုရားကပ္လႉပါ
၇ရက္သားသမီးအေပါင္း ေကာင္းေသာလိုအင္ဆႏၵေတြျပည့္ဝပါေစ
ဆရာၿငိမ္းေအးလူ(ေဗဒင္သုေတသီ)

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box