Facebook Comments Box
နှလုံးလမ်းမှ ကော့တက်နေသော လမ်းသွယ်လေးနှင် လက္ခဏာဆိုင်ရာ မှတ်ချက်များ

နှလုံးလမ်းမှ ကော့တက်နေသော လမ်းသွယ်လေးနှင် လက္ခဏာဆိုင်ရာ မှတ်ချက်များ.

နှလုံးလမ်းကြောင်းမှ အထက်ကို ကော့တက်နေတဲ့ လမ်းကြောင်းအတက်ကလေးတစ်ခုကို လက္ခဏာအတော် များများမှာတွေ့ရတတ်ပါတယ်။ ဒီလိုတွေ့ရတဲ့အခါ အဲဒီလမ်းကြောင်းလေးနဲ့ ပါတ်သက်တဲ့ အကြောင်းအရာကို လက္ခဏာရှင်ရဲ့ လက်ပုံစံနဲ့ အဲဒီလမ်းကြောင်းငယ်လေး တက်နေတဲ့ ဂြိုဟ်ခုံရဲ့ အခြေအနေကို မူတည်ပြီး သေချာစစ်ဆေးဟောပြောရပါတယ်။ လူ့ဘဝအတွက်အရေးကြီးတဲ့ ဟောချက်အချို့ဟာလည်း အဲဒီလမ်းကြောင်းငယ်လေး ကစတင်ကြတာဖြစ်လို့ အလွန်အရေးကြီးတဲ့ လမ်းကြောင်းဖြစ်တယ်။ ဒါကြောင့် ဒီလမ်းကြောင်းနဲ့ ပါတ်သက်တဲ့ မှတ်ချက်အချို့ကို တင်ပြလိုက်ရပါတယ်။ဒီလမ်းကြောင်းငယ်လေးနဲ့ပါတ်သက်တဲ့ အချက်ကိုလေ့လာတဲ့အခါ နှလုံးလမ်းကြောင်းရဲ့ အခြေအနေကိုလည်း သေသေချာချာလေ့လာရတယ်ဆိုတာကိုတော့ မမေ့စေလိုပါဘူး။..

(ပုံ-A)
နှလုံးလမ်းကြောင်းကနေ အပေါ်ကို ကော့တက်နေတဲ့ လမ်းကြောင်းငယ်လေးဟာ ကြာသာပတေးဂြိုဟ်ခုံကို ကော့တက်နေခဲ့မယ်ဆိုရင် (ပုံ-A) အချစ်ကို စီးပွားရေးတွက် တွက်တတ်သူဖြစ်တယ်။ကြီးပွားလိုစိတ်၊အမြတ်ရလိုစိတ်နဲ့ လူတစ်ယောက်ကို ချစ်တတ်တဲ့သူတွေမှာတွေ့ရတာပါ။ အချစ်စစ်နဲ့ချစ်တာထက် ကြီးပွားလိုစိတ်ကပိုများနေတတ်တယ်။ ဒီလိုလူက သူနှလုံးသားက အလွန်ချစ်ရတဲ့သူရှိသော်လည်း ရင်ကွဲခံပြီး သူ့ဘဝချမ်းသာမယ့်သူကို မချစ်ဘဲ လက်ထပ်တတ် တဲ့ သူမျိုးဖြစ်တယ်။(ကြာသာပတေးဂြိုဟ်ခုံတက်နေလို့ ကောင်းရမယ်လို့ ထင်ခဲ့ဖူးပေမယ့် လက်တွေ့သူတေသနမှာ မဟုတ်ပါဘူး) ကောင်းတဲ့အချက်တွေရှိနေပေမယ့် မေတ္တာရေး နှလုံးသားရေးအတွက်ကတော့ ဈေးတွက်တွက်သူဖြစ်လို့ စိတ်ပူစရာပါ။ မိမိရာထူးရရေးအတွက် အထက်ကိုဖားတတ်ပြီး အောက်လက်ကို အပြစ်ပြောတတ်တဲ့သူတွေရဲ့ လက္ခဏာ တွေမှာလည်း တွေ့ရတတ်ပါတယ်။ (နှလုံးလမ်းကြောင်း ကြာသာပတေးဂြိုဟ်ခုံကို တက်နေတာနဲ့ မရောထွေးစေလိုပါ)
နှလုံးသားလမ်းကြောင်းက ထွက်ပေါ်လာတဲ့ လမ်းကြောင်းငယ်ဟာ စနေဂြိုဟ်ခုံကို ကော့တက်နေတယ်ဆိုရင်တော့ ကောင်းတဲ့အချက်တွေများတာကို တွေ့ရတယ်။

(ပုံ-B)
(ပုံ-B) ထူးခြားတာက စနေဂြိုဟ်ခုံကို တက်နေတာ မကောင်းတာများရမှာ မဟုတ်လားလို့ တွေးကြည့်ဖူးပါတယ်။ ဒါပေမယ့် လက်တွေ့အဟောမှာတော့ မဟုတ်ပါဘူး ဒီလိုအတက်လမ်းလေး စနေဂြိုဟ်ခုံကိုကော့တက်နေရင် လက္ခဏာရှင်ဟာ လက်တွေ့လုပ်တဲ့နေရာမှာ အလွန်တော်တဲ့သူတစ်ယောက်ဖြစ်တယ်။ အမိန့်ပေးလို့ လုပ်ရတဲ့ကိစ္စတွေမှာ တိတိကျကျလုပ်ဆောင်တတ်တယ်။ သူတာဝန်ယူရတဲ့ အလုပ်ကို နှလုံးသားနဲ့ သူ့ကိုယ်ပိုင်အလုပ်လိုလုပ်ပေးတတ်တယ်၊

စိတ်ဆန္ဒကြီးမားသူ၊စာပေကျမ်းဂန်တတ်သူတွေကို မြတ်နိုးတန်ဖိုးထားတတ်သူ တွေဖြစ်တယ်။ စိုက်ပျိုးရေး၊သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေမှာ တိုးတက်တဲ့သူတွေဖြစ်ပြီး စိတ်ရှည်ကြပါတယ်။ အချစ်ရေးအနေနဲ့လည်း ပြောသလောက် ပြသနာမရှိတဲ့သူတွေပါဘဲ။တစ်ကယ့်ကို သမာသမတ်ရှိသူ၊ အမျှော်အမြင် ကြီးသူဖြစ်ပြီး ဖြစ်ပေါ်လာမယ့်အန္တရာယ်တွေကိုလည်း ကြိုတင်ကာကွယ်နိုင်သူဖြစ်လို့ ကောင်းတဲ့အချက်တွေ များလှပါတယ်။
နှလုံးလမ်းကြောင်းက ထွက်ပေါ်လာတဲ့ လမ်းကြောင်းတိုလေးဟာ တနင်္ဂနွေဂြိုဟ်ခုံကို ကော့တက်နေမယ် ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာအင်အားကြီးမာခြင်းကို ပြတာဖြစ်တယ်။

(ပုံ-C)
(ပုံ-C) စိတ်ကိုနှစ်ပြီးလုပ်ဆောင်ရတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်တတ်တယ်။ စိတ်ကို အထူးပြုလို့ ပန်းချီဆရာဖြစ်ခဲ့မယ်ဆိုရင်တောင် စိတ္တဇပန်းချီဆရာဖြစ်နေ တတ်တာမျိုးပါ။ ဒီလိုလမ်းကြောင်းပါတဲ့သူက ပန်းချီပညာကို အထူးပြုတတ်ပြီး သူကိုယ်တိုင်မဟုတ်တဲ့ အခြားသော ပန်းချီဆရာတွေကို လေးစားချစ်ခင်တဲ့သူဆိုရင်လည်း မမှားပါဘူး။ဒီအခြေအနေဖြစ်တဲ့သူတွေက သူတို့ဂုဏ်သိက္ခာကို အသက်လောက် အလေးထားတဲ့သူတွေဖြစ်တယ်။ ဒါကြောင့် ဒီလိုလူတွေနဲ့ ပါတ်သက်ရရင် သူတို့ရဲ့သိက္ခာပိုင်းကို မထိခိုက်မိစေဖို့ သတိထားရပါလိမ့်မယ်။ ဒီလိုအခြေအနေရှိတဲ့သူတွေက မတရားတဲ့ကိစ္စကိုမျက်လုံးမိတ်ကြည့် မနေတတ်သူတွေဖြစ်ပြီး နှလုံးသားနဲ့ရင်းပြီး တရားသမှု့ဖြစ်အောင် ကူညီတတ်သူတွေပါ။
နှလုံးလမ်းကြောင်းက ထွက်ပေါ်လာတဲ့ လမ်းငယ်လေးဟာ ဗုဒ္ဓဟူးဂြိုဟ်ခုံကို ကော့တက်နေမယ်ဆိုရင်တော့ စကားပြောကောင်းသူတစ်ယောက်ဖြစ်တယ်လို့ ဦးစွာမှတ်ချက်ပြုလိုပါတယ်။

(ပုံ-D)
(ပုံ-D) စကားပြောတဲ့အခါ နှလုံးသားပါ တဲ့အတွက် သူပြောတဲ့အကြောင်းအရာတွေဟာ မေတ္တာပါနေတာမျိုးဖြစ်လို့ပါ။ ဒါကြောင့် ထင်ရှားတဲ့ တရားဟောဆရာ၊ ဗေဒင်ဆရာ ၊စည်းရုံးရေးဟောပြောသူတွေမှာ ဒီအမှတ်အသားပါရင် အလွန်ကောင်းပါတယ်။လောကဓါတ်ပညာ၊ သိပ္ပံပညာ၊ အတွက်အချက်ပညာတွေမှာ သူမတူအောင် တီထွင်ဆန်းသစ်နိုင်သူဖြစ်တယ်။သူရဲ့တီထွင်မှု့တွေဟာ နှလုံးလမ်းကြောင်းနဲ့ ပါတ်သက်နေလို့ နှလုံးသားနဲ့ ဆောင်ရွက်တယ်လို့ဘဲ ရိုးရိုးသုံးသပ်ရပါတယ်။ကုန်သွယ်စီးပွားနဲ့ပါတ်သက်ရင်လည်း လူချစ်လူခင်ပေါတဲ့ စကားပြောကောင်းသူ ကုန်သည်တစ်ယောက်ဖြစ်လို့နေမှာပါ။ ဒီလိုကုန်သည်တစ်ယောက်ဟာ မှန်မှန်ကန်ကန်လုပ်ကိုင်ရင် တစ်နေ့ အထွဋ်အထိပ်ကိုရောက်မှာဖြစ်တယ်။ သတိထားဖို့တစ်ခုက အဲဒီလမ်းကြောင်းကို အဖျက်မှတ်တစ်ခုက ဖြတ်ထားပြီး လက်သန်းအနေအထိုင်မကောင်းရင်တော့ သူကိုယ်တိုင်မလိမ်ပေမယ့် သူတစ်ပါးလိမ်ရာက လိမ်သလိုဖြစ်ပြီး စွတ်စွဲခံနေရတတ်ပါတယ်။
အထက်ကဖော်ပြခဲ့တာကတော့ အကြမ်းအားဖြင့် ဖော်ပြခြင်းပါ။ အဲဒီလမ်းကြောင်းလေးကို ဥပါဒ်လမ်းကြောင်းဖြတ်လိုက်တာ၊ ကျွန်းပါနေတာ၊ ပြတ်နေတာ၊မှဲ့ကျရောက်နေတာ စသဖြင့် မကောင်းတဲ့ အမှတ်အသား တွေက ဝင်ရောက်ဖျက်ဆီးနေမယ်ဆိုရင်တော့ သေချာချင့်ချိန်ဟောရမှာဖြစ်တယ်။ နောက်တစ်ခုက လမ်းကြောင်းလေးဟာ ဂြိုဟ်ခုံ နှစ်ခုရဲ့ကြားကို ထိုးတက်နေတာလည်း ရှိပါသေးတယ်။ အဲဒီလိုအခြေအနေမှာ ဟောရတဲ့အချက်အလက်တွေက အထက်ကလို ဟုတ်ချင်မှ ဟုတ်တော့မှာဖြစ်တယ်။ နောက်တစ်ခုက မီးလက်ဝါး အမျိုးစားမှာပါတဲ့ လမ်းကြောင်းနဲ့ ရေလက်ဝါးမှာပါတဲ့လမ်းကြောင်း ထပ်တူ တူနေပါစေ အဟောက အလွန်လွဲနေတတ်တာဖြစ်လို့ လက်ပုံစံ၊သူတက်နေတဲ့ ဂြိုဟ်ခုံ စတဲ့ အချက်တွေကို အသေးစိတ်ပေါင်းစပ်ပြီးမှာ အဖြေကို တိတိကျကျဖော်ထုတ်ပြီး တိကျတဲ့အဖြေကို ပေးရပါကြောင်း တင်ပြလိုက်ရပါတယ်။

ဆရာ ကင်္ကသူ

ႏွလုံးလမ္းမွ ေကာ့တက္ေနေသာ လမ္းသြယ္ေလးႏွင္ လကၡဏာဆိုင္ရာ မွတ္ခ်က္မ်ား

ႏွလုံးလမ္းေၾကာင္းမွ အထက္ကို ေကာ့တက္ေနတဲ့ လမ္းေၾကာင္းအတက္ကေလးတစ္ခုကို လကၡဏာအေတာ္ မ်ားမ်ားမွာေတြ႕ရတတ္ပါတယ္။ ဒီလိုေတြ႕ရတဲ့အခါ အဲဒီလမ္းေၾကာင္းေလးနဲ႔ ပါတ္သက္တဲ့ အေၾကာင္းအရာကို လကၡဏာရွင္ရဲ႕ လက္ပုံစံနဲ႔ အဲဒီလမ္းေၾကာင္းငယ္ေလး တက္ေနတဲ့ ၿဂိဳဟ္ခုံရဲ႕ အေျခအေနကို မူတည္ၿပီး ေသခ်ာစစ္ေဆးေဟာေျပာရပါတယ္။ လူ႔ဘဝအတြက္အေရးႀကီးတဲ့ ေဟာခ်က္အခ်ိဳ႕ဟာလည္း အဲဒီလမ္းေၾကာင္းငယ္ေလး ကစတင္ၾကတာျဖစ္လို႔ အလြန္အေရးႀကီးတဲ့ လမ္းေၾကာင္းျဖစ္တယ္။ ဒါေၾကာင့္ ဒီလမ္းေၾကာင္းနဲ႔ ပါတ္သက္တဲ့ မွတ္ခ်က္အခ်ိဳ႕ကို တင္ျပလိုက္ရပါတယ္။ဒီလမ္းေၾကာင္းငယ္ေလးနဲ႔ပါတ္သက္တဲ့ အခ်က္ကိုေလ့လာတဲ့အခါ ႏွလုံးလမ္းေၾကာင္းရဲ႕ အေျခအေနကိုလည္း ေသေသခ်ာခ်ာေလ့လာရတယ္ဆိုတာကိုေတာ့ မေမ့ေစလိုပါဘူး။

(ပုံ-A)
ႏွလုံးလမ္းေၾကာင္းကေန အေပၚကို ေကာ့တက္ေနတဲ့ လမ္းေၾကာင္းငယ္ေလးဟာ ၾကာသာပေတးၿဂိဳဟ္ခုံကို ေကာ့တက္ေနခဲ့မယ္ဆိုရင္ (ပုံ-A) အခ်စ္ကို စီးပြားေရးတြက္ တြက္တတ္သူျဖစ္တယ္။ႀကီးပြားလိုစိတ္၊အျမတ္ရလိုစိတ္နဲ႔ လူတစ္ေယာက္ကို ခ်စ္တတ္တဲ့သူေတြမွာေတြ႕ရတာပါ။ အခ်စ္စစ္နဲ႔ခ်စ္တာထက္ ႀကီးပြားလိုစိတ္ကပိုမ်ားေနတတ္တယ္။ ဒီလိုလူက သူႏွလုံးသားက အလြန္ခ်စ္ရတဲ့သူရွိေသာ္လည္း ရင္ကြဲခံၿပီး သူ႔ဘဝခ်မ္းသာမယ့္သူကို မခ်စ္ဘဲ လက္ထပ္တတ္ တဲ့ သူမ်ိဳးျဖစ္တယ္။(ၾကာသာပေတးၿဂိဳဟ္ခုံတက္ေနလို႔ ေကာင္းရမယ္လို႔ ထင္ခဲ့ဖူးေပမယ့္ လက္ေတြ႕သူေတသနမွာ မဟုတ္ပါဘူး) ေကာင္းတဲ့အခ်က္ေတြရွိေနေပမယ့္ ေမတၱာေရး ႏွလုံးသားေရးအတြက္ကေတာ့ ေဈးတြက္တြက္သူျဖစ္လို႔ စိတ္ပူစရာပါ။ မိမိရာထူးရေရးအတြက္ အထက္ကိုဖားတတ္ၿပီး ေအာက္လက္ကို အျပစ္ေျပာတတ္တဲ့သူေတြရဲ႕ လကၡဏာ ေတြမွာလည္း ေတြ႕ရတတ္ပါတယ္။ (ႏွလုံးလမ္းေၾကာင္း ၾကာသာပေတးၿဂိဳဟ္ခုံကို တက္ေနတာနဲ႔ မေရာေထြးေစလိုပါ)
ႏွလုံးသားလမ္းေၾကာင္းက ထြက္ေပၚလာတဲ့ လမ္းေၾကာင္းငယ္ဟာ စေနၿဂိဳဟ္ခုံကို ေကာ့တက္ေနတယ္ဆိုရင္ေတာ့ ေကာင္းတဲ့အခ်က္ေတြမ်ားတာကို ေတြ႕ရတယ္။

(ပုံ-B)
(ပုံ-B) ထူးျခားတာက စေနၿဂိဳဟ္ခုံကို တက္ေနတာ မေကာင္းတာမ်ားရမွာ မဟုတ္လားလို႔ ေတြးၾကည့္ဖူးပါတယ္။ ဒါေပမယ့္ လက္ေတြ႕အေဟာမွာေတာ့ မဟုတ္ပါဘူး ဒီလိုအတက္လမ္းေလး စေနၿဂိဳဟ္ခုံကိုေကာ့တက္ေနရင္ လကၡဏာရွင္ဟာ လက္ေတြ႕လုပ္တဲ့ေနရာမွာ အလြန္ေတာ္တဲ့သူတစ္ေယာက္ျဖစ္တယ္။ အမိန႔္ေပးလို႔ လုပ္ရတဲ့ကိစၥေတြမွာ တိတိက်က်လုပ္ေဆာင္တတ္တယ္။ သူတာဝန္ယူရတဲ့ အလုပ္ကို ႏွလုံးသားနဲ႔ သူ႔ကိုယ္ပိုင္အလုပ္လိုလုပ္ေပးတတ္တယ္၊

စိတ္ဆႏၵႀကီးမားသူ၊စာေပက်မ္းဂန္တတ္သူေတြကို ျမတ္ႏိုးတန္ဖိုးထားတတ္သူ ေတြျဖစ္တယ္။ စိုက္ပ်ိဳးေရး၊သတၱဳတူးေဖာ္တဲ့ လုပ္ငန္းေတြမွာ တိုးတက္တဲ့သူေတြျဖစ္ၿပီး စိတ္ရွည္ၾကပါတယ္။ အခ်စ္ေရးအေနနဲ႔လည္း ေျပာသေလာက္ ျပသနာမရွိတဲ့သူေတြပါဘဲ။တစ္ကယ့္ကို သမာသမတ္ရွိသူ၊ အေမွ်ာ္အျမင္ ႀကီးသူျဖစ္ၿပီး ျဖစ္ေပၚလာမယ့္အႏၲရာယ္ေတြကိုလည္း ႀကိဳတင္ကာကြယ္ႏိုင္သူျဖစ္လို႔ ေကာင္းတဲ့အခ်က္ေတြ မ်ားလွပါတယ္။
ႏွလုံးလမ္းေၾကာင္းက ထြက္ေပၚလာတဲ့ လမ္းေၾကာင္းတိုေလးဟာ တနဂၤေႏြၿဂိဳဟ္ခုံကို ေကာ့တက္ေနမယ္ ဆိုရင္ေတာ့ စိတ္ပိုင္းဆိုင္ရာအင္အားႀကီးမာျခင္းကို ျပတာျဖစ္တယ္။

(ပုံ-C)
(ပုံ-C) စိတ္ကိုႏွစ္ၿပီးလုပ္ေဆာင္ရတဲ့ လုပ္ငန္းေတြကို လုပ္ေဆာင္တတ္တယ္။ စိတ္ကို အထူးျပဳလို႔ ပန္းခ်ီဆရာျဖစ္ခဲ့မယ္ဆိုရင္ေတာင္ စိတၱဇပန္းခ်ီဆရာျဖစ္ေန တတ္တာမ်ိဳးပါ။ ဒီလိုလမ္းေၾကာင္းပါတဲ့သူက ပန္းခ်ီပညာကို အထူးျပဳတတ္ၿပီး သူကိုယ္တိုင္မဟုတ္တဲ့ အျခားေသာ ပန္းခ်ီဆရာေတြကို ေလးစားခ်စ္ခင္တဲ့သူဆိုရင္လည္း မမွားပါဘူး။ဒီအေျခအေနျဖစ္တဲ့သူေတြက သူတို႔ဂုဏ္သိကၡာကို အသက္ေလာက္ အေလးထားတဲ့သူေတြျဖစ္တယ္။ ဒါေၾကာင့္ ဒီလိုလူေတြနဲ႔ ပါတ္သက္ရရင္ သူတို႔ရဲ႕သိကၡာပိုင္းကို မထိခိုက္မိေစဖို႔ သတိထားရပါလိမ့္မယ္။ ဒီလိုအေျခအေနရွိတဲ့သူေတြက မတရားတဲ့ကိစၥကိုမ်က္လုံးမိတ္ၾကည့္ မေနတတ္သူေတြျဖစ္ၿပီး ႏွလုံးသားနဲ႔ရင္းၿပီး တရားသမႈ႕ျဖစ္ေအာင္ ကူညီတတ္သူေတြပါ။
ႏွလုံးလမ္းေၾကာင္းက ထြက္ေပၚလာတဲ့ လမ္းငယ္ေလးဟာ ဗုဒၶဟူးၿဂိဳဟ္ခုံကို ေကာ့တက္ေနမယ္ဆိုရင္ေတာ့ စကားေျပာေကာင္းသူတစ္ေယာက္ျဖစ္တယ္လို႔ ဦးစြာမွတ္ခ်က္ျပဳလိုပါတယ္။

(ပုံ-D)
(ပုံ-D) စကားေျပာတဲ့အခါ ႏွလုံးသားပါ တဲ့အတြက္ သူေျပာတဲ့အေၾကာင္းအရာေတြဟာ ေမတၱာပါေနတာမ်ိဳးျဖစ္လို႔ပါ။ ဒါေၾကာင့္ ထင္ရွားတဲ့ တရားေဟာဆရာ၊ ေဗဒင္ဆရာ ၊စည္း႐ုံးေရးေဟာေျပာသူေတြမွာ ဒီအမွတ္အသားပါရင္ အလြန္ေကာင္းပါတယ္။ေလာကဓါတ္ပညာ၊ သိပၸံပညာ၊ အတြက္အခ်က္ပညာေတြမွာ သူမတူေအာင္ တီထြင္ဆန္းသစ္ႏိုင္သူျဖစ္တယ္။သူရဲ႕တီထြင္မႈ႕ေတြဟာ ႏွလုံးလမ္းေၾကာင္းနဲ႔ ပါတ္သက္ေနလို႔ ႏွလုံးသားနဲ႔ ေဆာင္႐ြက္တယ္လို႔ဘဲ ႐ိုး႐ိုးသုံးသပ္ရပါတယ္။ကုန္သြယ္စီးပြားနဲ႔ပါတ္သက္ရင္လည္း လူခ်စ္လူခင္ေပါတဲ့ စကားေျပာေကာင္းသူ ကုန္သည္တစ္ေယာက္ျဖစ္လို႔ေနမွာပါ။ ဒီလိုကုန္သည္တစ္ေယာက္ဟာ မွန္မွန္ကန္ကန္လုပ္ကိုင္ရင္ တစ္ေန႔ အထြဋ္အထိပ္ကိုေရာက္မွာျဖစ္တယ္။ သတိထားဖို႔တစ္ခုက အဲဒီလမ္းေၾကာင္းကို အဖ်က္မွတ္တစ္ခုက ျဖတ္ထားၿပီး လက္သန္းအေနအထိုင္မေကာင္းရင္ေတာ့ သူကိုယ္တိုင္မလိမ္ေပမယ့္ သူတစ္ပါးလိမ္ရာက လိမ္သလိုျဖစ္ၿပီး စြတ္စြဲခံေနရတတ္ပါတယ္။
အထက္ကေဖာ္ျပခဲ့တာကေတာ့ အၾကမ္းအားျဖင့္ ေဖာ္ျပျခင္းပါ။ အဲဒီလမ္းေၾကာင္းေလးကို ဥပါဒ္လမ္းေၾကာင္းျဖတ္လိုက္တာ၊ ကြၽန္းပါေနတာ၊ ျပတ္ေနတာ၊မွဲ႔က်ေရာက္ေနတာ စသျဖင့္ မေကာင္းတဲ့ အမွတ္အသား ေတြက ဝင္ေရာက္ဖ်က္ဆီးေနမယ္ဆိုရင္ေတာ့ ေသခ်ာခ်င့္ခ်ိန္ေဟာရမွာျဖစ္တယ္။ ေနာက္တစ္ခုက လမ္းေၾကာင္းေလးဟာ ၿဂိဳဟ္ခုံ ႏွစ္ခုရဲ႕ၾကားကို ထိုးတက္ေနတာလည္း ရွိပါေသးတယ္။ အဲဒီလိုအေျခအေနမွာ ေဟာရတဲ့အခ်က္အလက္ေတြက အထက္ကလို ဟုတ္ခ်င္မွ ဟုတ္ေတာ့မွာျဖစ္တယ္။ ေနာက္တစ္ခုက မီးလက္ဝါး အမ်ိဳးစားမွာပါတဲ့ လမ္းေၾကာင္းနဲ႔ ေရလက္ဝါးမွာပါတဲ့လမ္းေၾကာင္း ထပ္တူ တူေနပါေစ အေဟာက အလြန္လြဲေနတတ္တာျဖစ္လို႔ လက္ပုံစံ၊သူတက္ေနတဲ့ ၿဂိဳဟ္ခုံ စတဲ့ အခ်က္ေတြကို အေသးစိတ္ေပါင္းစပ္ၿပီးမွာ အေျဖကို တိတိက်က်ေဖာ္ထုတ္ၿပီး တိက်တဲ့အေျဖကို ေပးရပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ဆရာ ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box