Facebook Comments Box
မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးနည်း

မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးနည်း

မဟာလာဘံ လာဘ်ဖွင့် ကန်တော့ပွဲထိုးရာ၌ အောက်ဖော်ပြပါ ကန်တော့ပွဲသုံး ပစ္စည်းများအား အသုံးပြုရမည်…

(၁) အုန်းသီးတစ်လုံး

(၂) ငှက်ပျောသီး(၃)ဖီး

(၃) ကွမ်း ၊ ကွမ်းသီး ၊ ထုံး ၊ ဆေး

(၄) သပြေပန်း

(၅) ထီး ၊ တံခွန် ၊ ကုက္ကား ၊ မုလေးပွား ၊ ယပ် ၊ ကြက်လျှာအစုံ

(၆) ဆီမီး(၁)တိုင်

(၇) ရေတစ်ခွက်

(၈) ခံတောင်း(သို့)ဇလုံတစ်ခု

(၉) အခြားလှူဒါန်းဖွယ်ရာ ပစ္စည်းများ စသည်တို့ဖြစ်သည်

မိမိနေအိမ်ရှိ ဘုရားခန်း၌ ပြုလုပ်နိုင်သည်

မဟာလာဘံ ကန်တော့ပွဲထိုးသည့် အချိန်ကာလမှာ နံနက်ပိုင်းဖြစ်ရမည် မဟာလာဘံ ကန်တော့ပွဲထိုးသင့်သည့်

အခြေအနေမှာ လောကီစီးပွားနှင့် ဓနစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သင့်သည်

မဟာလာဘံ ကန်တော့ပွဲထိုးသည့် ပုဂ္ဂိုလ်အမျိုးအစားနှင့် အရည်အသွေးမှာ ယောကျာ်း|မိန်းမ မရွေးပြုလုပ်နိုင်သော်လည်း

အကျင့်မှန်ကန်၍ စိတ်တည်ငြိမ်သူဖြစ်ကာ လောကီအတတ်ပညာအား တတ်မြောက်ထားသူဖြစ်ပါက ပို၍သင့်လျော်ပေသည်…

မဟာလာဘံကန်တော့ပွဲထိုးခြင်း အကျိုးတရားက ဤကန်တော့ပွဲသည် စီးပွားလာဘ်လာဘနှင့်

ဓနဥစ္စာ ကြွယ်ဝစေရန်အတွက် ရည်ရွယ်၍ ပြုလုပ်သော ကန်တော့ပွဲဖြစ်ခြင်းကြောင့်

(၁)စီးပွားဥစ္စာ ကြွယ်ဝခြင်း (၂)မျက်နှာပွင့်လန်းခြင်း (၃)ငွေကြေးလုံးဝပြတ်လပ်သွားမှုမရှိခြင်း

စသည့် အကျိုးတရားများ ရရှိခံစားရမည် ဖြစ်ပါသည်…

မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲတွင် ထီး|တံခွန်|ယပ် တို့က ဝဲဘက်မှာထားပြီး ကုက္ကား ၊

မုလေးပွားတို့ကို ယာဘက်တွင်ထားပြီး အုန်းညှာတံကို မိမိ၏ ဝဲဘက်၌ထားရှိရမည်

မဟာလာဘံ လာဘ်ဖွင့်ကန်တော့ပွဲထိုးလျှင် (၁)ပွဲသာထိုးရပြီး ပွဲသက်တမ်းသည်(၅)ရက်ထားရပါသည်…။

ဆရာကျော်ဇောဟိန်း

မဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲထိုးနည္း

မဟာလာဘံ လာဘ္ဖြင့္ ကန္ေတာ့ပြဲထိုးရာ၌ ေအာက္ေဖာ္ျပပါ ကန္ေတာ့ပြဲသုံး ပစၥည္းမ်ားအား အသုံးျပဳရမည္…

(၁) အုန္းသီးတစ္လုံး

(၂) ငွက္ေပ်ာသီး(၃)ဖီး

(၃) ကြမ္း ၊ ကြမ္းသီး ၊ ထုံး ၊ ေဆး

(၄) သေျပပန္း

(၅) ထီး ၊ တံခြန္ ၊ ကုကၠား ၊ မုေလးပြား ၊ ယပ္ ၊ ၾကက္လွ်ာအစုံ

(၆) ဆီမီး(၁)တိုင္

(၇) ေရတစ္ခြက္

(၈) ခံေတာင္း(သို႔)ဇလုံတစ္ခု

(၉) အျခားလႉဒါန္းဖြယ္ရာ ပစၥည္းမ်ား စသည္တို႔ျဖစ္သည္

မိမိေနအိမ္ရွိ ဘုရားခန္း၌ ျပဳလုပ္ႏိုင္သည္

မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ အခ်ိန္ကာလမွာ နံနက္ပိုင္းျဖစ္ရမည္ မဟာလာဘံ ကန္ေတာ့ပြဲထိုးသင့္သည့္

အေျခအေနမွာ ေလာကီစီးပြားႏွင့္ ဓနစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္သင့္သည္

မဟာလာဘံ ကန္ေတာ့ပြဲထိုးသည့္ ပုဂၢိဳလ္အမ်ိဳးအစားႏွင့္ အရည္အေသြးမွာ ေယာက်ာ္း|မိန္းမ မေ႐ြးျပဳလုပ္ႏိုင္ေသာ္လည္း

အက်င့္မွန္ကန္၍ စိတ္တည္ၿငိမ္သူျဖစ္ကာ ေလာကီအတတ္ပညာအား တတ္ေျမာက္ထားသူျဖစ္ပါက ပို၍သင့္ေလ်ာ္ေပသည္…

မဟာလာဘံကန္ေတာ့ပြဲထိုးျခင္း အက်ိဳးတရားက ဤကန္ေတာ့ပြဲသည္ စီးပြားလာဘ္လာဘႏွင့္

ဓနဥစၥာ ႂကြယ္ဝေစရန္အတြက္ ရည္႐ြယ္၍ ျပဳလုပ္ေသာ ကန္ေတာ့ပြဲျဖစ္ျခင္းေၾကာင့္

(၁)စီးပြားဥစၥာ ႂကြယ္ဝျခင္း (၂)မ်က္ႏွာပြင့္လန္းျခင္း (၃)ေငြေၾကးလုံးဝျပတ္လပ္သြားမႈမရွိျခင္း

စသည့္ အက်ိဳးတရားမ်ား ရရွိခံစားရမည္ ျဖစ္ပါသည္…

မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲတြင္ ထီး|တံခြန္|ယပ္ တို႔က ဝဲဘက္မွာထားၿပီး ကုကၠား ၊

မုေလးပြားတို႔ကို ယာဘက္တြင္ထားၿပီး အုန္းညႇာတံကို မိမိ၏ ဝဲဘက္၌ထားရွိရမည္

မဟာလာဘံ လာဘ္ဖြင့္ကန္ေတာ့ပြဲထိုးလွ်င္ (၁)ပြဲသာထိုးရၿပီး ပြဲသက္တမ္းသည္(၅)ရက္ထားရပါသည္…။

ဆရာေက်ာ္ေဇာဟိန္း

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box