အိမ်ထောင်ရေးကောင်းမလား၊ဘယ်လိုအိမ်ထောက်ဘက်မျိုးနှင့် ဖူးစာပါမလည်း?
အထက်ပါမေးခွန်းကို ဖြေရမည်ဆိုပါက လက္ခဏာရှင်၏ ဘယ်၊ညာ လက်ဖဝါးပြင်နှစ်ခုကို အသေးစိတ် သေချာစစ်ဆေးရပါလိမ့်မည်။ အိမ်ထောင်ရေးကောင်းခြင်း/မကောင်းခြင်းနှင့် ဘယ်လိုအိမ်ထောက်ဘက်နှင့် ဖူးစာပါရှိမည်ကို အသေးစိတ်သိရှိနိုင်ဖို့အတွက် အဓိကအားဖြင့် နှလုံးလမ်းကြောင်းကိုကြည့်ရမည်ဖြစ်သည်။ အိမ်ထောင်ရေးဆိုင်ရာ ကိစ္စအတွက် အိမ်ထောင်ရေးလမ်းကြောင်းကို စစ်ဆေးရမည်၊ အဆိုပါလမ်းကြောင်းကြီးနှစ်ခုကို စစ်ဆေးရာတွင် ဦးခေါင်းလမ်းကြောင်းကို ထောက်တိုင်အဖြစ်ထည့်သွင်းစဉ်းစားရသည်။ ထိုနောက် အဖြေထုတ်ရာတွင် လက်ပုံစံကို အခြေခံသော အဖြေဖြစ်ရန်လည်း လိုအပ်ပေသည်။
နှလုံးလမ်းကြောင်းကိုလေ့လာရာတွင် နှလုံးလမ်းကြောင်းသည် လက်ညိုးအောက် ကြာသာပတေး ဂြိုဟ်ခုံအောက်ကထွက်ရှိတတ်သလို လက်ညိုးနှင့် လက်ခလယ်ကြားနေရာ ၊ကြာသာပတေးဂြိုဟ်ခုံနှင့် စနေဂြိုဟ်ခုံ ကြားမှလည်း စတင်တတ်ပေသည်။ထိုကြားနေရာမှ စတင်သူတို့သည်မေတ္တာရေးနှင့်ပါတ်သက်လျှင် အဘက်ဘက်မှ ချင့်ချိန်ပြီးမှ အိမ်ထောင်ရေးကို စဉ်စားမည့်သူဖြစ်သည်။ ထိုသူတို့သည် ချစ်တာတစ်ခုထဲကို မမူတည်ဘဲ အိမ်ထောင်ဘက်၏ အကျင့်စာရိတ္တ၊အနေအထိုင်၊အပြောအဆို၊အသွားအလာနှင့် အစစအရာရာသော လူမှု့ဘဝနေထိုင်ပုံများ၊ လက်ထပ်မည့်သူ၏ မိသားစု ဆွေမျိုးများ၏ အခြေအနေများအထိ သေချာချင့်ချိန်စဉ်းစားပြီးမှ ဆောင်ရွက်မည့် သူဖြစ်ပေသည်။ထိုသူ၏နှလုံးလမ်းကြောင်းသည် အပြစ်အနာအဆာကင်းပြီး အဖျက်အမှတ်များဖြစ်သည့် အမျှင်၊အပြတ်၊အမွှာထွက်ခြင်း၊အဖြတ်အတောက်ရှိခြင်း၊ကျွန်းခံခြင်း၊မှဲ့ကျခြင်း၊ ထူးလွန်-ပါးလွန်းခြင်း၊ မထင်ရှားခြင်း တို့ကင်းပါက လက္ခဏာရှင်သည် သူလက်ထပ်မည့်သူကို သူ့စိတ်ကြိုက်ရွေးချယ်ပြီးနောက် မေတ္တာစစ်၊မေတ္တာမှန်ဖြင့် သေတပန်သက်ဆုံး သစ္စာရှိရှိ အိုအောင်မင်းအောင် တစ်လင်တစ်မယား ပေါင်းမည့်သူဖြစ်သည်။ ရှေ့မှာရော၊ကွယ်ရာမှာပါ သစ္စာမပျက် သစ္စာရှင်အဖြစ် ရှိနေမည့်သူဖြစ်သည်။ ( အိမ်ထောင်ရေးလမ်းကြောင်းကို ပူတွဲစစ်ဆေးရမည်ဖြစ်ပြီး ထိုလမ်းကြောင်းအခြေအနေအရ ချင့်ချိန်ဟောရမည်)
အိမ်ထောင်ရေးလမ်းကြောင်းကို ကြည့်ရာတွင် အိမ်ထောင်ရေးလမ်းကြောင်း (၂) ကြောင်းနှင့် (၂) ကြောင်းအထက် ပါရှိစေကာမူ အိမ်ထောင်ဆက်များမည်၊အိမ်ထောင် နှစ်ဆက်နှင့်အထက် ရမည်ဟု လုံးဝမဆိုလိုပါ။ အိမ်ထောင်ရေးလမ်းကြောင်း၏ အခြေအနေများဖြစ်သော လမ်းကြောင်းသန့်ရှင်ခြင်းရှိမရှိ၊ ကျွန်းပါရှိသလား၊အခွပါရှိသလား၊ မှဲ့နက်ပါရှိသလား စသဖြင့် အချက်အလက်တွေကို ကြည့်ရမည်ပင်ဖြစ်သည်။ အထက်ကဆိုခဲ့သလို နှလုံးလမ်းကြောင်း အခြေအနေကောင်းသဖြင့် သစ္စာရှင်ဖြစ်သော်လည်း အိမ်ထောင်ရေးလမ်းကြောင်းတွင် ပါရှိသည့် အဖျက်မှတ်တစ်ခုကြောင့် အိမ်ထောင်ဘက်သည် ရုတ်တရက် မတော်တဆမှု့တစ်ခုတွင် အသက်ဆုံးရပြီး သေကွဲ ကွဲနိုင်သေးသည်။ ထို့အခါ လက္ခဏရှင်သည် သစ္စာရှိစွာ သေသည်အထိ အိမ်ထောင်ထပ်မပြုဘဲ နေမည်လား၊ သို့မဟုတ် တစ်ပင်လှဲတစ်ပင်ထူလို့ နောက်အိမ်ထောင်တစ်ခု ထပ်ဖြစ်မလား ၊နောက်အိမ်ထောင်အပေါ် ပထမအိမ်ထောင်ကဲ့သို့ သစ္စာရှင်ဖြစ်မည်လား မဖြစ်ဘူးလားဆိုတာ အလွန်အရေးကြီးသည်။
နှလုံးလမ်းကြောင်းသည် ပထမပိုင်း အသက် (၄၅) အထိ အထက်ကဆိုခဲ့သလို အလွန်သစ္စာရှိသော သစ္စာရှင်ဖြစ်နိုင်သော်လည်း အိမ်ထောင်ဘက် သေဆုံးပြီး နောက်အိမ်ထောင်ပြုရာတွင် သစ္စာရှင်မဟုတ်ဘဲ ဖောက်ပြန်သူဖြစ်လာနိုင်သေးသည်။ ထိုအခြေအနေမျိုးကို ကျွန်ုပ်သုတေသနပြုဖူးပါသည်။
နှလုံးလမ်းကြောင်း၏ သန့်ရှင်းစင်ကြယ်ခြင်းသည် အသက် (၄၅) အထိသာဖြစ်ပြီး နောက်ပိုင်းအခြေအနေသည် အဖျက်မှတ်များဖြင့် ပြည့်နေသော လက္ခဏာအမျိုးအစားတွင် တွေ့နိုင်သည်။ လက္ခဏာသည် အလွန်ထူးဆန်းပါပေသည်။ အချို့သောလက္ခဏာရှင်များတွင် အသက် (၄၀) အထိ မသန့်ရှင်းသော နှလုံးလမ်းကြောင်းပါရှိပြီး ငယ်စဉ်အခါက ဖောက်ပြန်တတ်သူဖြစ်သော်လည်း အသက် (၄၀) နောက်ပိုင်းတွင် သစ္စာရှိသူဖြစ်လာကြသည်လည်းရှိသည်။ ထို့ကြောင့် မေတ္တာရေး၊အချစ်ရေး၊အိမ်ထောင်ရေးတို့သည် အလွန်ထူးဆန်းလှသည်ဖြစ်ရာ သူတို့၏လက္ခဏာသည်လည်း ထူးဆန်းလှပေသည်။
အထက်က ဆိုခဲ့သည့် နှလုံးလမ်းကြောင်းနှင့် အိမ်ထောင်ရေးလမ်းကြောင်းကို ကြည့်ပြီးနောက် အဖြေထုတ်ရန်အတွက် လက္ခဏာရှင်၏ ဦးခေါင်းလမ်းကြောင်းကိုလည်း စစ်ဆေးရပြန်သည်။ ဦးခေါင်းလမ်းကြောင်းနှင့် အသက်လမ်းကြောင်း အနေတော်ကွာဟနေပါက ထိုသူသည် စိတ်တွင်မထားတတ်၊ဝမ်းထဲမျိုသိပ်မထားတတ်သူဖြစ်ပြီး ပြောစရာရှိတာကို ပြောလိုက်တတ်သူဖြစ်သည်၊ပွင့်ပွင့်လင်းလင်းပြောတတ်သူဖြစ်မည် ၊ ထိုအချက်ကြောင့် အိမ်ထောင်ရေး၊ မေတ္တာရေးတွင် မကြာခဏာ အနည်းငယ် အညင်းအခုံဖြစ်ရသော်လည်း ပြသနာကြီးမရှိသောကြောင့် အိမ်ထောင်ရေး တည်မြဲနိုင်ပေသည်။ အသက်လမ်းကြောင်းနှင့် ဦးခေါင်းလမ်းကြောင်း အလွန်ကွာသွားပါက တဇွတ်ထိုး၊ ခေါင်းမာသူ ဖြစ်လာသဖြင့် အိမ်ထောင်ရေးတွင် အဖုအထစ်များဖြစ်လာပြီး သတိထားရပေမည်။ ဦးခေါင်းလမ်းကြောင်း ဖျောင့်တန်းပါက မှန်ကန်ရိုးသားပြီး သစ္စာရှိသူဖြစ်သည်။ဦးခေါင်းလမ်းကြောင်း ရှည်ပါက သစ္စာရှိယုံတင်မက စိတ်ပါရှည်မည့်သူဖြစ်သည်။ ဦးခေါင်းလမ်းကြောင်းတွင် အဖျက်မှတ်များဖြစ်သည့် အမျှင်၊အပြတ်၊အမွှာထွက်ခြင်း၊ အဖြတ်အတောက်ရှိခြင်း၊ ကျွန်းခံခြင်း၊ မှဲ့ကျခြင်း၊ ထူးလွန်-ပါးလွန်းခြင်း၊ မထင်ရှားခြင်း တို့ကင်းပါက လက္ခဏာရှင်သည် အလွန်ကောင်းသော အိမ်ထောင်ရေးကိုရရှိပြီး သိခံ၊စိတ်ရှည်ပြီး သစ္စာရှိမည်ပင်ဖြစ်သည်။
ထို့ကြောင့် အိမ်ထောင်ရေးဟုဆိုပါက အထက်ဆိုခဲ့သလို လမ်းကြောင်းကြီးများကို ပေါင်းစပ်ပြီး အသေးစိတ်စစ်ဆေးရသည်။
စစ်ဆေးပြီး ရရှိလာသည့် အဖြေပေါ်မူတည်ပြီး ကောင်းခြင်းများပါရှိပါက ထိုကောင်းခြင်းများကို တည်မြဲနေစေရန်နှင့် အကယ်၍ မကောင်းသည့်အချက်များ ပါရှိပါကလည်း ထိုအချက်များကို အထူးသတိပြုပြီး ဂရုစိုက်ကာ အတတ်နိုင်ဆုံးဆင်ခြင်ပြီး အိမ်ထောင်ရေး၊မေတ္တာရေးကို အကောင်းဆုံးခရီးဆက်ရန်လိုသည်။ ထို့ကြောင့် မိမိ၏ အိမ်ထောင်ရေးနှင့်ပါတ်သက်သော ကံတရားသည် ဘယ်လိုကံတရားဖြစ်သလည်း၊ မိမိနှင့် လက်ထပ်ရမည့်သူသည် ဘယ်လိုအိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်မည့်သူဖြစ်သလည်း ဆိုသည်ကို သိရှိထားရန်လိုသည်။ ထိုအချက်ကိုသိရှိရမှ အိမ်ထောင်ရေး ခိုမြဲမည်ဖြစ်သည်။နက္ခတ်ဇာတာဖြင့် ဇာတာနှစ်ပါးတိုက်ဆိုင်စစ်ဆေးခြင်းကို ဆောင်ရွက်ပြီးသည့်အခါ လက္ခဏာဖြင့် အိမ်ထောင်ရေးအခြေအနေကို အသေးစိတ်သုံးသပ်ရန်လိုသည်။
အိမ်ထောင်ပြုတော့မည့် ချစ်သူနှစ်ဦးအတွက် အိမ်ထောင်ပြုပြီးပါက ဖြစ်တည်လာမည့် ကံတရားကို သိရှိရန်၊ တစ်ဦး၏ အိမ်ထောင်ရေးဖြတ်သန်းရမည့် ကံတရားနှင့် နောက်တစ်ဦး၏ ကံတရားတို့ တူညီနေသလား မတူဘူးလား ဘာတွေအဆင်မပြေတာ၊မကိုက်ညီတာရှိသလည်း ဆိုတာ အသေးစိတ်သိရှိသည့်အခါ ထိုက်ဆိုင်စစ်ဆေးပြီး တစ်ယောက်နှင့်တစ်ယောက် မတူညီသည့်အချက်များကို သိခံခြင်း၊နားလည်ပေးခြင်းတို့ဖြင့် အကောင်းဆုံး အခြေအနေတစ်ခုကို ညှိနှိုင်းနိုင်သည့်အခါ ပျော်ရွှင်စရာကောင်းသည့် အိမ်ထောင်ရေး၊မေတ္တာရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း တင်ပြရပါသည်။
ဆရာကင်္ကသူ
အိမ္ေထာင္ေရးေကာင္းမလား၊ဘယ္လိုအိမ္ေထာက္ဘက္မ်ိဳးႏွင့္ ဖူးစာပါမလည္း?
အထက္ပါေမးခြန္းကို ေျဖရမည္ဆိုပါက လကၡဏာရွင္၏ ဘယ္၊ညာ လက္ဖဝါးျပင္ႏွစ္ခုကို အေသးစိတ္ ေသခ်ာစစ္ေဆးရပါလိမ့္မည္။ အိမ္ေထာင္ေရးေကာင္းျခင္း/မေကာင္းျခင္းႏွင့္ ဘယ္လိုအိမ္ေထာက္ဘက္ႏွင့္ ဖူးစာပါရွိမည္ကို အေသးစိတ္သိရွိႏိုင္ဖို႔အတြက္ အဓိကအားျဖင့္ ႏွလုံးလမ္းေၾကာင္းကိုၾကည့္ရမည္ျဖစ္သည္။ အိမ္ေထာင္ေရးဆိုင္ရာ ကိစၥအတြက္ အိမ္ေထာင္ေရးလမ္းေၾကာင္းကို စစ္ေဆးရမည္၊ အဆိုပါလမ္းေၾကာင္းႀကီးႏွစ္ခုကို စစ္ေဆးရာတြင္ ဦးေခါင္းလမ္းေၾကာင္းကို ေထာက္တိုင္အျဖစ္ထည့္သြင္းစဥ္းစားရသည္။ ထိုေနာက္ အေျဖထုတ္ရာတြင္ လက္ပုံစံကို အေျခခံေသာ အေျဖျဖစ္ရန္လည္း လိုအပ္ေပသည္။
ႏွလုံးလမ္းေၾကာင္းကိုေလ့လာရာတြင္ ႏွလုံးလမ္းေၾကာင္းသည္ လက္ညိဳးေအာက္ ၾကာသာပေတး ၿဂိဳဟ္ခုံေအာက္ကထြက္ရွိတတ္သလို လက္ညိဳးႏွင့္ လက္ခလယ္ၾကားေနရာ ၊ၾကာသာပေတးၿဂိဳဟ္ခုံႏွင့္ စေနၿဂိဳဟ္ခုံ ၾကားမွလည္း စတင္တတ္ေပသည္။ထိုၾကားေနရာမွ စတင္သူတို႔သည္ေမတၱာေရးႏွင့္ပါတ္သက္လွ်င္ အဘက္ဘက္မွ ခ်င့္ခ်ိန္ၿပီးမွ အိမ္ေထာင္ေရးကို စဥ္စားမည့္သူျဖစ္သည္။ ထိုသူတို႔သည္ ခ်စ္တာတစ္ခုထဲကို မမူတည္ဘဲ အိမ္ေထာင္ဘက္၏ အက်င့္စာရိတၱ၊အေနအထိုင္၊အေျပာအဆို၊အသြားအလာႏွင့္ အစစအရာရာေသာ လူမႈ႕ဘဝေနထိုင္ပုံမ်ား၊ လက္ထပ္မည့္သူ၏ မိသားစု ေဆြမ်ိဳးမ်ား၏ အေျခအေနမ်ားအထိ ေသခ်ာခ်င့္ခ်ိန္စဥ္းစားၿပီးမွ ေဆာင္႐ြက္မည့္ သူျဖစ္ေပသည္။ထိုသူ၏ႏွလုံးလမ္းေၾကာင္းသည္ အျပစ္အနာအဆာကင္းၿပီး အဖ်က္အမွတ္မ်ားျဖစ္သည့္ အမွ်င္၊အျပတ္၊အမႊာထြက္ျခင္း၊အျဖတ္အေတာက္ရွိျခင္း၊ကြၽန္းခံျခင္း၊မွဲ႔က်ျခင္း၊ ထူးလြန္-ပါးလြန္းျခင္း၊ မထင္ရွားျခင္း တို႔ကင္းပါက လကၡဏာရွင္သည္ သူလက္ထပ္မည့္သူကို သူ႔စိတ္ႀကိဳက္ေ႐ြးခ်ယ္ၿပီးေနာက္ ေမတၱာစစ္၊ေမတၱာမွန္ျဖင့္ ေသတပန္သက္ဆုံး သစၥာရွိရွိ အိုေအာင္မင္းေအာင္ တစ္လင္တစ္မယား ေပါင္းမည့္သူျဖစ္သည္။ ေရွ႕မွာေရာ၊ကြယ္ရာမွာပါ သစၥာမပ်က္ သစၥာရွင္အျဖစ္ ရွိေနမည့္သူျဖစ္သည္။ ( အိမ္ေထာင္ေရးလမ္းေၾကာင္းကို ပူတြဲစစ္ေဆးရမည္ျဖစ္ၿပီး ထိုလမ္းေၾကာင္းအေျခအေနအရ ခ်င့္ခ်ိန္ေဟာရမည္)
အိမ္ေထာင္ေရးလမ္းေၾကာင္းကို ၾကည့္ရာတြင္ အိမ္ေထာင္ေရးလမ္းေၾကာင္း (၂) ေၾကာင္းႏွင့္ (၂) ေၾကာင္းအထက္ ပါရွိေစကာမူ အိမ္ေထာင္ဆက္မ်ားမည္၊အိမ္ေထာင္ ႏွစ္ဆက္ႏွင့္အထက္ ရမည္ဟု လုံးဝမဆိုလိုပါ။ အိမ္ေထာင္ေရးလမ္းေၾကာင္း၏ အေျခအေနမ်ားျဖစ္ေသာ လမ္းေၾကာင္းသန႔္ရွင္ျခင္းရွိမရွိ၊ ကြၽန္းပါရွိသလား၊အခြပါရွိသလား၊ မွဲ႔နက္ပါရွိသလား စသျဖင့္ အခ်က္အလက္ေတြကို ၾကည့္ရမည္ပင္ျဖစ္သည္။ အထက္ကဆိုခဲ့သလို ႏွလုံးလမ္းေၾကာင္း အေျခအေနေကာင္းသျဖင့္ သစၥာရွင္ျဖစ္ေသာ္လည္း အိမ္ေထာင္ေရးလမ္းေၾကာင္းတြင္ ပါရွိသည့္ အဖ်က္မွတ္တစ္ခုေၾကာင့္ အိမ္ေထာင္ဘက္သည္ ႐ုတ္တရက္ မေတာ္တဆမႈ႕တစ္ခုတြင္ အသက္ဆုံးရၿပီး ေသကြဲ ကြဲႏိုင္ေသးသည္။ ထို႔အခါ လကၡဏရွင္သည္ သစၥာရွိစြာ ေသသည္အထိ အိမ္ေထာင္ထပ္မျပဳဘဲ ေနမည္လား၊ သို႔မဟုတ္ တစ္ပင္လွဲတစ္ပင္ထူလို႔ ေနာက္အိမ္ေထာင္တစ္ခု ထပ္ျဖစ္မလား ၊ေနာက္အိမ္ေထာင္အေပၚ ပထမအိမ္ေထာင္ကဲ့သို႔ သစၥာရွင္ျဖစ္မည္လား မျဖစ္ဘူးလားဆိုတာ အလြန္အေရးႀကီးသည္။
ႏွလုံးလမ္းေၾကာင္းသည္ ပထမပိုင္း အသက္ (၄၅) အထိ အထက္ကဆိုခဲ့သလို အလြန္သစၥာရွိေသာ သစၥာရွင္ျဖစ္ႏိုင္ေသာ္လည္း အိမ္ေထာင္ဘက္ ေသဆုံးၿပီး ေနာက္အိမ္ေထာင္ျပဳရာတြင္ သစၥာရွင္မဟုတ္ဘဲ ေဖာက္ျပန္သူျဖစ္လာႏိုင္ေသးသည္။ ထိုအေျခအေနမ်ိဳးကို ကြၽႏ္ုပ္သုေတသနျပဳဖူးပါသည္။
ႏွလုံးလမ္းေၾကာင္း၏ သန႔္ရွင္းစင္ၾကယ္ျခင္းသည္ အသက္ (၄၅) အထိသာျဖစ္ၿပီး ေနာက္ပိုင္းအေျခအေနသည္ အဖ်က္မွတ္မ်ားျဖင့္ ျပည့္ေနေသာ လကၡဏာအမ်ိဳးအစားတြင္ ေတြ႕ႏိုင္သည္။ လကၡဏာသည္ အလြန္ထူးဆန္းပါေပသည္။ အခ်ိဳ႕ေသာလကၡဏာရွင္မ်ားတြင္ အသက္ (၄၀) အထိ မသန႔္ရွင္းေသာ ႏွလုံးလမ္းေၾကာင္းပါရွိၿပီး ငယ္စဥ္အခါက ေဖာက္ျပန္တတ္သူျဖစ္ေသာ္လည္း အသက္ (၄၀) ေနာက္ပိုင္းတြင္ သစၥာရွိသူျဖစ္လာၾကသည္လည္းရွိသည္။ ထို႔ေၾကာင့္ ေမတၱာေရး၊အခ်စ္ေရး၊အိမ္ေထာင္ေရးတို႔သည္ အလြန္ထူးဆန္းလွသည္ျဖစ္ရာ သူတို႔၏လကၡဏာသည္လည္း ထူးဆန္းလွေပသည္။
အထက္က ဆိုခဲ့သည့္ ႏွလုံးလမ္းေၾကာင္းႏွင့္ အိမ္ေထာင္ေရးလမ္းေၾကာင္းကို ၾကည့္ၿပီးေနာက္ အေျဖထုတ္ရန္အတြက္ လကၡဏာရွင္၏ ဦးေခါင္းလမ္းေၾကာင္းကိုလည္း စစ္ေဆးရျပန္သည္။ ဦးေခါင္းလမ္းေၾကာင္းႏွင့္ အသက္လမ္းေၾကာင္း အေနေတာ္ကြာဟေနပါက ထိုသူသည္ စိတ္တြင္မထားတတ္၊ဝမ္းထဲမ်ိဳသိပ္မထားတတ္သူျဖစ္ၿပီး ေျပာစရာရွိတာကို ေျပာလိုက္တတ္သူျဖစ္သည္၊ပြင့္ပြင့္လင္းလင္းေျပာတတ္သူျဖစ္မည္ ၊ ထိုအခ်က္ေၾကာင့္ အိမ္ေထာင္ေရး၊ ေမတၱာေရးတြင္ မၾကာခဏာ အနည္းငယ္ အညင္းအခုံျဖစ္ရေသာ္လည္း ျပသနာႀကီးမရွိေသာေၾကာင့္ အိမ္ေထာင္ေရး တည္ၿမဲႏိုင္ေပသည္။ အသက္လမ္းေၾကာင္းႏွင့္ ဦးေခါင္းလမ္းေၾကာင္း အလြန္ကြာသြားပါက တဇြတ္ထိုး၊ ေခါင္းမာသူ ျဖစ္လာသျဖင့္ အိမ္ေထာင္ေရးတြင္ အဖုအထစ္မ်ားျဖစ္လာၿပီး သတိထားရေပမည္။ ဦးေခါင္းလမ္းေၾကာင္း ေဖ်ာင့္တန္းပါက မွန္ကန္႐ိုးသားၿပီး သစၥာရွိသူျဖစ္သည္။ဦးေခါင္းလမ္းေၾကာင္း ရွည္ပါက သစၥာရွိယုံတင္မက စိတ္ပါရွည္မည့္သူျဖစ္သည္။ ဦးေခါင္းလမ္းေၾကာင္းတြင္ အဖ်က္မွတ္မ်ားျဖစ္သည့္ အမွ်င္၊အျပတ္၊အမႊာထြက္ျခင္း၊ အျဖတ္အေတာက္ရွိျခင္း၊ ကြၽန္းခံျခင္း၊ မွဲ႔က်ျခင္း၊ ထူးလြန္-ပါးလြန္းျခင္း၊ မထင္ရွားျခင္း တို႔ကင္းပါက လကၡဏာရွင္သည္ အလြန္ေကာင္းေသာ အိမ္ေထာင္ေရးကိုရရွိၿပီး သိခံ၊စိတ္ရွည္ၿပီး သစၥာရွိမည္ပင္ျဖစ္သည္။
ထို႔ေၾကာင့္ အိမ္ေထာင္ေရးဟုဆိုပါက အထက္ဆိုခဲ့သလို လမ္းေၾကာင္းႀကီးမ်ားကို ေပါင္းစပ္ၿပီး အေသးစိတ္စစ္ေဆးရသည္။
စစ္ေဆးၿပီး ရရွိလာသည့္ အေျဖေပၚမူတည္ၿပီး ေကာင္းျခင္းမ်ားပါရွိပါက ထိုေကာင္းျခင္းမ်ားကို တည္ၿမဲေနေစရန္ႏွင့္ အကယ္၍ မေကာင္းသည့္အခ်က္မ်ား ပါရွိပါကလည္း ထိုအခ်က္မ်ားကို အထူးသတိျပဳၿပီး ဂ႐ုစိုက္ကာ အတတ္ႏိုင္ဆုံးဆင္ျခင္ၿပီး အိမ္ေထာင္ေရး၊ေမတၱာေရးကို အေကာင္းဆုံးခရီးဆက္ရန္လိုသည္။ ထို႔ေၾကာင့္ မိမိ၏ အိမ္ေထာင္ေရးႏွင့္ပါတ္သက္ေသာ ကံတရားသည္ ဘယ္လိုကံတရားျဖစ္သလည္း၊ မိမိႏွင့္ လက္ထပ္ရမည့္သူသည္ ဘယ္လိုအိမ္ေထာင္ေရးမ်ိဳးကို ပိုင္ဆိုင္မည့္သူျဖစ္သလည္း ဆိုသည္ကို သိရွိထားရန္လိုသည္။ ထိုအခ်က္ကိုသိရွိရမွ အိမ္ေထာင္ေရး ခိုၿမဲမည္ျဖစ္သည္။နကၡတ္ဇာတာျဖင့္ ဇာတာႏွစ္ပါးတိုက္ဆိုင္စစ္ေဆးျခင္းကို ေဆာင္႐ြက္ၿပီးသည့္အခါ လကၡဏာျဖင့္ အိမ္ေထာင္ေရးအေျခအေနကို အေသးစိတ္သုံးသပ္ရန္လိုသည္။
အိမ္ေထာင္ျပဳေတာ့မည့္ ခ်စ္သူႏွစ္ဦးအတြက္ အိမ္ေထာင္ျပဳၿပီးပါက ျဖစ္တည္လာမည့္ ကံတရားကို သိရွိရန္၊ တစ္ဦး၏ အိမ္ေထာင္ေရးျဖတ္သန္းရမည့္ ကံတရားႏွင့္ ေနာက္တစ္ဦး၏ ကံတရားတို႔ တူညီေနသလား မတူဘူးလား ဘာေတြအဆင္မေျပတာ၊မကိုက္ညီတာရွိသလည္း ဆိုတာ အေသးစိတ္သိရွိသည့္အခါ ထိုက္ဆိုင္စစ္ေဆးၿပီး တစ္ေယာက္ႏွင့္တစ္ေယာက္ မတူညီသည့္အခ်က္မ်ားကို သိခံျခင္း၊နားလည္ေပးျခင္းတို႔ျဖင့္ အေကာင္းဆုံး အေျခအေနတစ္ခုကို ညႇိႏႈိင္းႏိုင္သည့္အခါ ေပ်ာ္႐ႊင္စရာေကာင္းသည့္ အိမ္ေထာင္ေရး၊ေမတၱာေရးကို တည္ေဆာက္ႏိုင္မည္ျဖစ္ပါေၾကာင္း တင္ျပရပါသည္။
ဆရာကကၤသူ
Be the first to comment