Facebook Comments Box
တရုတ်သမိုင်းထဲမှာ အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုအကြောင်း

တရုတ်သမိုင်းထဲမှာ အဆိုးရွားဆုံး ငွေကြေးဖောင်းပွမှုအကြောင်း

တရုတ်သမိုင်းထဲက ဖြစ်ရပ်တစ်ခုကိုတော့ ပြောပြချင်ပါတယ်။
တရုတ်တော်လှန်ရေးဇာတ်ကား ၁ ကားမှာ ကူမင်တန်စစ်ဗိုလ်ဟာ စားသောက်ဆိုင်မှာ ကောင်မလေးနဲ့အတူ ခေါက်ဆွဲမှာစားပါတယ်။ အစမှာတော့ တစ်ပွဲ ၅၀၀၀ ကျပ်ပေါ့။ စားရင်းနဲ့ ​ဈေးတက်တာ တပွဲ ၁၀၀၀၀၊ စားလို့လဲပြီးရော တစ်ပွဲ ၂၀၀၀၀ နှုန်းနဲ့ စစ်ဗိုလ်က ပိုက်ဆံရှင်းရပါတယ်။ ဒါဟာ တရုတ်သမ္မတနိုင်ငံ 中華民國 မင်ကော်ခေတ် 民國 ရဲ့ ကြောက်ခမန်းလိလိ ကုန်စျေးနှုန်းတက်ပုံ၊ ငွေဖောင်းပွမှုကို ဖော်ပြသွားတဲ့ ဇာတ်ကွက်တစ်ခုပဲ ဖြစ်ပါတယ်။

၁၉၄၉ ခုနှစ်မှာ ချန်ကေရှိတ်ရဲ့ ကူမင်တန်အစိုးရ (တရုတ်အမျိုးသားပါတီအစိုးရ 國民黨) ဟာ တရုတ်ပြည်မှာ မော်စီတုန်းတို့ ကွန်မြူနစ်တွေရဲ့ ဖြုတ်ချခြင်းကို ခံခဲ့ရတာဟာ ငွေကြေးဖောင်းပွမှု မထိန်းနိုင်လို့လဲပါတယ်။ ၁၉၃၇ ခုနှစ်မှာ တရုတ်-ဂျပန် စစ်ပွဲဖြစ်တော့ ဂျပန်ဟာ တရုတ်ပြည်က ချန်ကေရှိတ်အစိုးရပြုတ်ကျအောင် တရုတ်ပြည်တစ်ဝက်လောက် သိမ်းထားတဲ့ ဘဏ်တွေထဲက ရွှေငွေတွေကို အကုန် ဂျပန်ပြည်သို့ပြန်ပို့ပြီး တန်ဖိုးမရှိတဲ့ ဂျပန်ငွေစက္ကူတွေကို (ငွေလဲလှယ်ခွင့်ကူပွန်) ရိုက်ထုတ်ပါတယ်။ အဲ့ဒီ ငွေစက္ကူတွေဟာ မိုနိုပိုလီကစားဝိုင်းထဲက စက္ကူငွေသာသာပဲ ရှိပါတယ်။ အဲ့မှာ တရုတ်ပြည်သူတွေဟာ ရွှေကို အလုအယက်ဝယ်ရာကနေ တရုတ်ပြည်တွင် ကုန်စျေးနှုန်းကြီးလာပါတော့တယ်။
ချန်ကေရှိတ်အစိုးရဟာ စီးပွားရေးအချက်အချာကျတဲ့ ရှန့်ဟိုင်၊ ဖူကျန့် စတဲ့ ပင်လယ်ဆိပ်ကမ်းနယ်တွေအပြင် တွင်းထွက်ပေါတဲ့ မန်ချူးကိုပါ ဂျပန်တွေ သိမ်းထားတဲ့အတွက် စစ်စရိတ်ကိုတရုတ်ဘဏ် ၄ ဘဏ်ကနေ ငွေသား ၁၀၃၁၉၃၂ သန်း ရိုက်နှိပ်ထုတ်ဝေပြီး ခုခံတိုက်ခိုက်ခဲ့ပါတယ်။ အဲ့အကျိုးဆက်က ကုန်စျေးနှုန်းကို ပိုကြီးလာစေပါတယ်။

၁၉၄၅ ခုနှစ်မှာ ဂျပန်ကိုစစ်နိုင်တော့ အဲ့ဒီ မင်ကော်ခေတ်သုံးငွေကြေး တရုတ်ငွေ 法幣 ၅၅၁၉၀၀ သန်း ရိုက်နှိပ်ပြီးချိန် တစ်ဒေါ်လာကို တရုတ်ငွေ ၂၀ ပေါက်ဈေးရှိခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်မှာ ကွန်မြူနစ်ကို နှိမ်နှင်းဖို့ စစ်စရိတ်လိုတဲ့အခါ ထပ်ပြီး ၆၄၀၀၀၀၀၀ သန်းကို ထပ်မံရိုက်နှိပ်ပြန်ပါတယ်။ အဲ့ဒီ ၁၉၄၇ ခုနှစ်မှာတင် တစ်ဒေါ်လာကို တရုတ်ငွေ ၅၀၀၀၀ ဖြစ်သွားပါပြီ။ ရှန်ဟိုင်းမှာ လူ ၃၀၀၀၀ လောက် ရွှေကို တန်းစီဝယ်ရာကနေ နင်းမိလို့ ၉ ယောက်သေ၊ ၄၅ ယောက် ဒဏ်ရာရပါတယ်။ တရုတ်ပြည်သူတွေက ရွှေတွေအလုအယက်ဝယ်၊ ဒေါ်လာတွေ အလုအယက်ဝယ်တော့ ချန်ကေရှိတ်အစိုးရက တရားဝင်ရောင်းချခွင့်ကို ပိတ်ပင်လိုက်ပါတယ်။ အပြင်မှာ မှောင်ခိုမိရင် သိမ်းပါတယ်။ ရွှေနဲ့ ဒေါ်လာ ဝယ်မရတဲ့ တရုတ်ပြည်သူဟာ ဆန်တွေကို အလုအယက် ၀ယ်ပါတော့တယ်။ ဒီကြားထဲမှာ တရုတ်ကွန်မြူနစ်တွေကလဲ ငွေအတုတွေကို ရိုက်ထုတ်ပြီး ချန်ကေရှိတ်အစိုးရကို ထိုးနှက်တော်လှန်ပါသေးတယ်။

၁၉၄၇ ခုနှစ် ဖေဖဝါရီလမှာတော့ ဆန် ၁ တင်း သိန်း ၃၀ ကနေ ၆ လပိုင်းကျ ဆန် ၁ တင်းကို သိန်း ၁၀၀ ပေါက်ဈေး ဖြစ်သွားပါတယ်။ ဖေဖဝါရီလတုန်းက တစ်ဒေါ်လာကို တရုတ်ငွေ ၁၆ သိန်း၊ ရွှေ ၁ လျံကို သိန်း ၈၀၀ ပေါက်စျေးပါ။ ၁၉၄၈ ခုနှစ် ဇူလိုင်လမှာတော့ ဆန် ၁ တင်း သိန်း ၃၀၀၊ ဆန် ၁ ပြည် သိန်း၂၀၊ ၁၉၄၈ ခုနှစ် ဩဂုတ်လမှာတော့ တစ်ဒေါ်လာ သိန်း ၂၀၊ စီးကရက်တစ်ဘူး ၂ သိန်း၊ ရွှေတစ်လျံ သိန်း ၆၀၀၀ ဆိုတဲ့ မပေါက်တဲ့ဈေးတွေ ဖြစ်လာပါတော့တယ်။ ၁၉၄၉ ခုနှစ်မှာတော့ စစ်ရေး၊ စီးပွါးရေးနဲ့ အဖက်ဖက်က အရေးနိမ့်လာတဲ့ ချန်ကေရှိတ်အစိုးရဟာ ကွမ်ကျိုး၊ ရှန့်ဟိုင်စတဲ့ ဘဏ်ကြီးတွေကနေ ရွှေချောင်းတန်ပေါင်းများစွာကို သင်္ဘောနဲ့သယ်ပြီး ထိုင်ဝမ်ကို ဆုတ်ခွာသွားပါတော့တယ်။

၁၉၄၉ ခုနှစ်မှာတော့ တရုတ်ပြည်မကြီးကို မော်စီတုန်းတို့ ကွန်မြူနစ်ပါတီက သိမ်းပိုက်လိုက်ပါတော့တယ်။
အဲ့ဒီလိုနဲ့ တရုတ်ပြည်မကို မော်စီတုန်းတို့က တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် 中華人民共和國 ဆိုတဲ့ နာမည်နဲ့ တည်ထောင်လိုက်ပါတော့တယ်။ ချန်ကေရှိတ်ကလည်း ထိုင်ဝမ်ကျွန်းမှာ တရုတ်သမ္မတနိုင်ငံ 中華民國 ဆိုတဲ့အမည်နဲ့ ဒီကနေ့အထိ ဆက်လက်ရပ်တည်နေဆဲပါ။
Credit-

တ႐ုတ္သမိုင္းထဲမွာ အဆိုး႐ြားဆုံး ေငြေၾကးေဖာင္းပြမႈအေၾကာင္း

တ႐ုတ္သမိုင္းထဲက ျဖစ္ရပ္တစ္ခုကိုေတာ့ ေျပာျပခ်င္ပါတယ္။
တ႐ုတ္ေတာ္လွန္ေရးဇာတ္ကား ၁ ကားမွာ ကူမင္တန္စစ္ဗိုလ္ဟာ စားေသာက္ဆိုင္မွာ ေကာင္မေလးနဲ႔အတူ ေခါက္ဆြဲမွာစားပါတယ္။ အစမွာေတာ့ တစ္ပြဲ ၅၀၀၀ က်ပ္ေပါ့။ စားရင္းနဲ႔ ​ေဈးတက္တာ တပြဲ ၁၀၀၀၀၊ စားလို႔လဲၿပီးေရာ တစ္ပြဲ ၂၀၀၀၀ ႏႈန္းနဲ႔ စစ္ဗိုလ္က ပိုက္ဆံရွင္းရပါတယ္။ ဒါဟာ တ႐ုတ္သမၼတႏိုင္ငံ 中華民國 မင္ေကာ္ေခတ္ 民國 ရဲ႕ ေၾကာက္ခမန္းလိလိ ကုန္ေစ်းႏႈန္းတက္ပုံ၊ ေငြေဖာင္းပြမႈကို ေဖာ္ျပသြားတဲ့ ဇာတ္ကြက္တစ္ခုပဲ ျဖစ္ပါတယ္။

၁၉၄၉ ခုႏွစ္မွာ ခ်န္ေကရွိတ္ရဲ႕ ကူမင္တန္အစိုးရ (တ႐ုတ္အမ်ိဳးသားပါတီအစိုးရ 國民黨) ဟာ တ႐ုတ္ျပည္မွာ ေမာ္စီတုန္းတို႔ ကြန္ျမဴနစ္ေတြရဲ႕ ျဖဳတ္ခ်ျခင္းကို ခံခဲ့ရတာဟာ ေငြေၾကးေဖာင္းပြမႈ မထိန္းႏိုင္လို႔လဲပါတယ္။ ၁၉၃၇ ခုႏွစ္မွာ တ႐ုတ္-ဂ်ပန္ စစ္ပြဲျဖစ္ေတာ့ ဂ်ပန္ဟာ တ႐ုတ္ျပည္က ခ်န္ေကရွိတ္အစိုးရျပဳတ္က်ေအာင္ တ႐ုတ္ျပည္တစ္ဝက္ေလာက္ သိမ္းထားတဲ့ ဘဏ္ေတြထဲက ေ႐ႊေငြေတြကို အကုန္ ဂ်ပန္ျပည္သို႔ျပန္ပို႔ၿပီး တန္ဖိုးမရွိတဲ့ ဂ်ပန္ေငြစကၠဴေတြကို (ေငြလဲလွယ္ခြင့္ကူပြန္) ႐ိုက္ထုတ္ပါတယ္။ အဲ့ဒီ ေငြစကၠဴေတြဟာ မိုႏိုပိုလီကစားဝိုင္းထဲက စကၠဴေငြသာသာပဲ ရွိပါတယ္။ အဲ့မွာ တ႐ုတ္ျပည္သူေတြဟာ ေ႐ႊကို အလုအယက္ဝယ္ရာကေန တ႐ုတ္ျပည္တြင္ ကုန္ေစ်းႏႈန္းႀကီးလာပါေတာ့တယ္။
ခ်န္ေကရွိတ္အစိုးရဟာ စီးပြားေရးအခ်က္အခ်ာက်တဲ့ ရွန႔္ဟိုင္၊ ဖူက်န႔္ စတဲ့ ပင္လယ္ဆိပ္ကမ္းနယ္ေတြအျပင္ တြင္းထြက္ေပါတဲ့ မန္ခ်ဴးကိုပါ ဂ်ပန္ေတြ သိမ္းထားတဲ့အတြက္ စစ္စရိတ္ကိုတ႐ုတ္ဘဏ္ ၄ ဘဏ္ကေန ေငြသား ၁၀၃၁၉၃၂ သန္း ႐ိုက္ႏွိပ္ထုတ္ေဝၿပီး ခုခံတိုက္ခိုက္ခဲ့ပါတယ္။ အဲ့အက်ိဳးဆက္က ကုန္ေစ်းႏႈန္းကို ပိုႀကီးလာေစပါတယ္။

၁၉၄၅ ခုႏွစ္မွာ ဂ်ပန္ကိုစစ္ႏိုင္ေတာ့ အဲ့ဒီ မင္ေကာ္ေခတ္သုံးေငြေၾကး တ႐ုတ္ေငြ 法幣 ၅၅၁၉၀၀ သန္း ႐ိုက္ႏွိပ္ၿပီးခ်ိန္ တစ္ေဒၚလာကို တ႐ုတ္ေငြ ၂၀ ေပါက္ေဈးရွိခဲ့ပါတယ္။ ၁၉၄၇ ခုႏွစ္မွာ ကြန္ျမဴနစ္ကို ႏွိမ္ႏွင္းဖို႔ စစ္စရိတ္လိုတဲ့အခါ ထပ္ၿပီး ၆၄၀၀၀၀၀၀ သန္းကို ထပ္မံ႐ိုက္ႏွိပ္ျပန္ပါတယ္။ အဲ့ဒီ ၁၉၄၇ ခုႏွစ္မွာတင္ တစ္ေဒၚလာကို တ႐ုတ္ေငြ ၅၀၀၀၀ ျဖစ္သြားပါၿပီ။ ရွန္ဟိုင္းမွာ လူ ၃၀၀၀၀ ေလာက္ ေ႐ႊကို တန္းစီဝယ္ရာကေန နင္းမိလို႔ ၉ ေယာက္ေသ၊ ၄၅ ေယာက္ ဒဏ္ရာရပါတယ္။ တ႐ုတ္ျပည္သူေတြက ေ႐ႊေတြအလုအယက္ဝယ္၊ ေဒၚလာေတြ အလုအယက္ဝယ္ေတာ့ ခ်န္ေကရွိတ္အစိုးရက တရားဝင္ေရာင္းခ်ခြင့္ကို ပိတ္ပင္လိုက္ပါတယ္။ အျပင္မွာ ေမွာင္ခိုမိရင္ သိမ္းပါတယ္။ ေ႐ႊနဲ႔ ေဒၚလာ ဝယ္မရတဲ့ တ႐ုတ္ျပည္သူဟာ ဆန္ေတြကို အလုအယက္ ၀ယ္ပါေတာ့တယ္။ ဒီၾကားထဲမွာ တ႐ုတ္ကြန္ျမဴနစ္ေတြကလဲ ေငြအတုေတြကို ႐ိုက္ထုတ္ၿပီး ခ်န္ေကရွိတ္အစိုးရကို ထိုးႏွက္ေတာ္လွန္ပါေသးတယ္။

၁၉၄၇ ခုႏွစ္ ေဖဖဝါရီလမွာေတာ့ ဆန္ ၁ တင္း သိန္း ၃၀ ကေန ၆ လပိုင္းက် ဆန္ ၁ တင္းကို သိန္း ၁၀၀ ေပါက္ေဈး ျဖစ္သြားပါတယ္။ ေဖဖဝါရီလတုန္းက တစ္ေဒၚလာကို တ႐ုတ္ေငြ ၁၆ သိန္း၊ ေ႐ႊ ၁ လ်ံကို သိန္း ၈၀၀ ေပါက္ေစ်းပါ။ ၁၉၄၈ ခုႏွစ္ ဇူလိုင္လမွာေတာ့ ဆန္ ၁ တင္း သိန္း ၃၀၀၊ ဆန္ ၁ ျပည္ သိန္း၂၀၊ ၁၉၄၈ ခုႏွစ္ ဩဂုတ္လမွာေတာ့ တစ္ေဒၚလာ သိန္း ၂၀၊ စီးကရက္တစ္ဘူး ၂ သိန္း၊ ေ႐ႊတစ္လ်ံ သိန္း ၆၀၀၀ ဆိုတဲ့ မေပါက္တဲ့ေဈးေတြ ျဖစ္လာပါေတာ့တယ္။ ၁၉၄၉ ခုႏွစ္မွာေတာ့ စစ္ေရး၊ စီးပြါးေရးနဲ႔ အဖက္ဖက္က အေရးနိမ့္လာတဲ့ ခ်န္ေကရွိတ္အစိုးရဟာ ကြမ္က်ိဳး၊ ရွန႔္ဟိုင္စတဲ့ ဘဏ္ႀကီးေတြကေန ေ႐ႊေခ်ာင္းတန္ေပါင္းမ်ားစြာကို သေဘၤာနဲ႔သယ္ၿပီး ထိုင္ဝမ္ကို ဆုတ္ခြာသြားပါေတာ့တယ္။

၁၉၄၉ ခုႏွစ္မွာေတာ့ တ႐ုတ္ျပည္မႀကီးကို ေမာ္စီတုန္းတို႔ ကြန္ျမဴနစ္ပါတီက သိမ္းပိုက္လိုက္ပါေတာ့တယ္။
အဲ့ဒီလိုနဲ႔ တ႐ုတ္ျပည္မကို ေမာ္စီတုန္းတို႔က တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံေတာ္ 中華人民共和國 ဆိုတဲ့ နာမည္နဲ႔ တည္ေထာင္လိုက္ပါေတာ့တယ္။ ခ်န္ေကရွိတ္ကလည္း ထိုင္ဝမ္ကြၽန္းမွာ တ႐ုတ္သမၼတႏိုင္ငံ 中華民國 ဆိုတဲ့အမည္နဲ႔ ဒီကေန႔အထိ ဆက္လက္ရပ္တည္ေနဆဲပါ။
Credit-

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box