Facebook Comments Box
နှလုံးလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ အသက်လမ်းကြောင်း အားနည်းခြင်း ဆိုင်ရာ လက္ခဏာများ

နှလုံးလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်း၊ အသက်လမ်းကြောင်း အားနည်းခြင်း ဆိုင်ရာ လက္ခဏာများ

အားလုံးပဲမဂ်လာပါ..ဒီနေ့လဲဗဟုသုတရရှိနိုင်အောင်
လက္ခဏာပုံဖြင့် ပညာပြန်လည်မျှဝေပေးချင်ပါတယ်
ဒီလိုမျိုးလက္ခဏာပါသူတွေအများဆုံးရှိကြပါလိမ့်မယ်…အဓိကလူအများစုပါတက်ကြသော….
နှလုံးလမ်းကြောင်း၊ ဦးခေါင်းလမ်းကြောင်းနဲ့ အသက်လမ်းကြောင်းသာအများစုပါတက်ကြပါတယ်….ပထမဆုံးအနေနဲ့…....

(က) နှလုံးလမ်းကြောင်းအားနည်းခြင်း
နှလုံးလမ်းကြောင်းအားနည်းတာကြောင့်…ထိုသူသည်…အချစ်ရေးနဲ့ မေတ္တာရေးမှာ တော်တော်ကိုစိတ်ထိခိုက်..စိတ်ညစ်ရမယ်….စိတ်သောကများနေတက်ပါတယ်…အချစ်ရေးကံမကောင်းဘူးလို့ပြောရမယ်.မိမိချစ်သူဒါမှမဟုတ် မိမိသက်ဆိုင်သူနဲ့
ကွဲကွာရတက်ပြီး….ခွဲခွာသွားရတက်ပါတယ်…
မေတ္တာရေးအရမ်းကြီးမထားသင့်ဘူး…မိမိချစ်သူနဲ့ အဆက်အသွယ်များလဲအလိုလိုပြတ်တောက်သွားရတက်ပါတယ်…ဒါကြောင့်…သူတို့ရဲ့အဓိကအားနည်းမှုသည်…မေတ္တာတရားကိုအရမ်းကြီးမထားပါနဲ့…ဖြစ်နိုင်ရင်စိတ်ခံစားချက်ကိုဦးစားမပေးပါနဲ့… ဒါမှ သူ့အတွက်စိတ်သက်သာရစေလိမ့်မယ်…

(ခ)ဦးခေါင်းလမ်းကြောင်းလဲအားနည်းခြင်း….
ဦးခေါင်းလမ်းကြောင်းအားနည်းတာကြောင့်…လက္ခဏာရှင်သည်…အလုပ်အကိုင်များအဆင်မပြေတာ…အလုပ်ကိစ္စတွေ အောက်ဘက်သို့ကျရောက်တက်ပြီး…..စီးပွားရေးကျဆင်းသွားရတက်ပါတယ်…စိတ်ခံစားချက်ကြောင့်ဘာလုပ်လုပ်အဆင်မပြေပဲ…နှောင့်နှေးနေရတက်ပါတယ်…ကြာလာတာနဲ့အမျှကျန်းမာရေးပိုပြီး…ဂရုစိုက်ရတက်ပါတယ်…
လက္ခဏာရှင်အနေနဲ့ စိတ်ဖိစီးမှု…စိတ်ညစ်မှုကိုအတက်နိုင်ဆုံးမေ့ပျောက်ထားပြီး…အလုပ်ကိစ္စတွေကိုအားပြုလုပ်ပေးရပါလိမ့်မယ်…ကံအားနည်းမှုကြောင့်…ကိုယ်တိုင်ကြိုးစားပေးနေမှ အဆင်ပြေစေလိမ့်မယ်…အဓိက စီးပွားရေးပိုင်းညံ့နေပါလိမ့်မယ်…

(ဂ) အသက်လမ်းကြောင်းအားနည်းခြင်း
အသက်လမ်းကြောင်းအားနည်းတယ်ဆိုပေမယ့်…
အသက်နဲ့အဝေးကြီးပါ…အသက်ရှည်ပါတယ်…
ဒါပေမယ့်….ကျန်းမာရေးခဏခဏညံ့နေလိမ့်မယ်…
ရောဂါဝေဒနာများ ခံစားရပိုလွယ်စေပါတယ်…လက္ခဏာပိုင်ရှင်သည်…ဆေးထိုးဆေးသောက်ပြု၍ ခဏခဏကုသနေရတက်ပါတယ်…
ရောဂါအနေနဲ့ နှလုံးပိုင်းအားနည်းတာ၊ ခေါင်းကိုက်၊ခေါင်းမူးဝေဒနါရပ်တွေပိုပြီး ခံစားရတက်ပါတယ်..
ကျန်းမာရေးညံ့မယ်…လက္ခဏာ မျိုးလို့ပြောလို့ရပါတယ်….သူ့အနေနဲ့ ကိုးကွယ်ရာဘာသာကိုမမေ့သင့်ဘူး…ကောင်းမွန်မှုကိုအမြဲလုပ်ဆောင်နေမှ ပုံမှန်လေးလည်ပတ်မှုကိုရရှိပါလိမ့်မယ်….
ဆရာအနေနဲ့ အသေးစိတ်သိလိုသမျှကိုဟောကြားပေးလိုက်ပါတယ်….ဗဟုသုတရကြပါစေ….
ဆရာသက်ပိုင်





ဆရာသက်ပိုင်

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box