Facebook Comments Box
သင်အမြဲကိုင်လေ့ရှိတဲ့ ခွက်ကိုင်ပုံကတစ်ဆင့် သင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြမယ်

သင်အမြဲကိုင်လေ့ရှိတဲ့ ခွက်ကိုင်ပုံကတစ်ဆင့် သင်က ဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြမယ်

၁။ လက်နှစ်ဖက်နဲ့ ကိုင်သောက်မယ်
သင်ဟာ ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ လူတစ်ယောက်ပါ။ အလုပ်တစ်ခု လုပ်ဆောင်တဲ့နေရာမှာ အသင်းအဖွဲ့၊ အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုကောင်းတဲ့ရလဒ်တွေကို ဖန်တီးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံ မိမိဘာသာဆုံးဖြတ်ပြီး တစ်ယောက်တည်း ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိပဲ မသေမချာဖြစ်နေတတ်ပါတယ်။ သင့်စိတ်ကူးတွေ၊ သင့်လုပ်ဆောင်မှုတွေကို ဘေးလူတွေက ပံ့ပိုးကူညီပြီး အားပေးမှသာလျှင် ကိုယ့်ကိုယ်ကို ပိုယုံကြည်မှုရှိပြီး ဆောင်ရွက်နိုင်ပါတယ်။.

၂။ ဖန်ခွက်ထိပ်ကနေ ကိုင်သောက်မယ်
သင်ဟာ အပျင်းကြီးပြီး ပူပင်ကြောင့်ကြမှုနည်းတဲ့ လူတစ်ယောက်ပါ။ စိတ်ဖိစီးမှုဆိုတာ သင်နဲ့လုံးလုံး မသက်ဆိုင်တဲ့အရာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ သင်ဟာ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကို ကျေနပ်ပြီး ပျော်ပျော်နေတတ်ပါတယ်။ ဒါ့အပြင် ပျော်ပျော်နေတတ်ပြီး ဖော်ရွေတဲ့အကျင့်ကြောင့် လူတိုင်းက သင့်ကိုသဘောကျပါတယ်။ ဒါပေမယ့် သင်ဟာ တာဝန်မဲ့တဲ့လူဆိုပြီး တချို့လူတွေက တစ်ခါတစ်လေ မှတ်ချက်ပေးတတ်ပါတယ်။ အပျင်းကြီးတယ် ဆိုပေမယ့်လည်း ဘယ်တော့မှ လုပ်လက်စအလုပ်တစ်ခုကို တစ်ဝက်တစ်ပျက် ထားခဲ့လေ့မရှိပါဘူး။

၃။ လက်သန်းလေးပင့်ပြီး ဖန်ခွက်ကိုင်မယ်
သင်ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူတစ်ယောက်ပါ။ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာကို အတိအကျသိပြီး ကိုယ့်ဘဝမှာ ကိုယ်သာလျှင် ပဲ့ကိုင်ရှင်လို့ ခံယူထားပါတယ်။ ဘယ်သူကမှ သင့်ကို ထိန်းချုပ်ပြီး အမိန့်ပေးနိုင်စွမ်း မရှိပါဘူး။ ဆုံးဖြတ်ပြီးရင်လည်း မရရအောင် လုပ်ဆောင်တတ်တဲ့အကျင့်ကြောင့် တစ်ခါတစ်လေ မောက်မာတယ်လို့ မှတ်ချက်ပေးခံရတတ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင်က ပျော်ပျော်နေတတ်ပြီး ဖော်ရွေတဲ့အပြင် လူတိုင်းနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်တဲ့ လူတစ်ယောက်ပါ။

၄။ ဖန်ခွက်အောက်ခြေကနေ ကိုင်သောက်မယ်
သင်ဟာ သတိဝီရိယနဲ့ အမြဲနေတတ်တဲ့ လူတစ်ယောက်ပါ။ အလုပ်တစ်ခုမလုပ်ခင် ထပ်ခါထပ်ခါ တွေးတော စဉ်းစားဆင်ခြင်ပြီးမှ လုပ်ဆောင်တတ်ပြီး ကိုယ်မစဉ်းစားထားတဲ့ အရာတစ်ခုကို ဘယ်တော့မှ လက်တွေ့အကောင်အထည် ဖော်လေ့ မရှိပါဘူး။ အရမ်းဉာဏ်ကောင်းပြီး ထက်မြက်တဲ့လူတစ်ယောက် ဖြစ်တဲ့အလျှောက် ကိုယ့်အရည်အချင်းတွေကို အမြဲတိုးတက်အောင် ပညာရပ်အသစ်တွေကို လေ့လာဆည်းပူးနေတတ်ပါတယ်။

credit lotaya funny

သင္အၿမဲကိုင္ေလ့ရွိတဲ့ ခြက္ကိုင္ပုံကတစ္ဆင့္ သင္က ဘယ္လိုလူစားမ်ိဳးလဲဆိုတာ ေျပာျပမယ္

၁။ လက္ႏွစ္ဖက္နဲ႔ ကိုင္ေသာက္မယ္
သင္ဟာ ပြင့္ပြင့္လင္းလင္းေနတတ္တဲ့ လူတစ္ေယာက္ပါ။ အလုပ္တစ္ခု လုပ္ေဆာင္တဲ့ေနရာမွာ အသင္းအဖြဲ႕၊ အဖြဲ႕အစည္းနဲ႔ ပူးေပါင္းေဆာင္႐ြက္ရင္ ပိုေကာင္းတဲ့ရလဒ္ေတြကို ဖန္တီးႏိုင္မယ္လို႔ ယုံၾကည္ထားပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ရံ မိမိဘာသာဆုံးျဖတ္ၿပီး တစ္ေယာက္တည္း ေဆာင္႐ြက္ရမယ့္ကိစၥေတြမွာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈမရွိပဲ မေသမခ်ာျဖစ္ေနတတ္ပါတယ္။ သင့္စိတ္ကူးေတြ၊ သင့္လုပ္ေဆာင္မႈေတြကို ေဘးလူေတြက ပံ့ပိုးကူညီၿပီး အားေပးမွသာလွ်င္ ကိုယ့္ကိုယ္ကို ပိုယုံၾကည္မႈရွိၿပီး ေဆာင္႐ြက္ႏိုင္ပါတယ္။

၂။ ဖန္ခြက္ထိပ္ကေန ကိုင္ေသာက္မယ္
သင္ဟာ အပ်င္းႀကီးၿပီး ပူပင္ေၾကာင့္ၾကမႈနည္းတဲ့ လူတစ္ေယာက္ပါ။ စိတ္ဖိစီးမႈဆိုတာ သင္နဲ႔လုံးလုံး မသက္ဆိုင္တဲ့အရာလို႔ ေျပာရင္ ပိုမွန္ပါလိမ့္မယ္။ ဆန႔္က်င္ဘက္အေနနဲ႔ သင္ဟာ ကိုယ္ပိုင္ဆိုင္ထားတဲ့အရာေတြကို ေက်နပ္ၿပီး ေပ်ာ္ေပ်ာ္ေနတတ္ပါတယ္။ ဒါ့အျပင္ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ေဖာ္ေ႐ြတဲ့အက်င့္ေၾကာင့္ လူတိုင္းက သင့္ကိုသေဘာက်ပါတယ္။ ဒါေပမယ့္ သင္ဟာ တာဝန္မဲ့တဲ့လူဆိုၿပီး တခ်ိဳ႕လူေတြက တစ္ခါတစ္ေလ မွတ္ခ်က္ေပးတတ္ပါတယ္။ အပ်င္းႀကီးတယ္ ဆိုေပမယ့္လည္း ဘယ္ေတာ့မွ လုပ္လက္စအလုပ္တစ္ခုကို တစ္ဝက္တစ္ပ်က္ ထားခဲ့ေလ့မရွိပါဘူး။

၃။ လက္သန္းေလးပင့္ၿပီး ဖန္ခြက္ကိုင္မယ္
သင္ဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့ လူတစ္ေယာက္ပါ။ ကိုယ္ျဖစ္ခ်င္တာ၊ ကိုယ္လိုခ်င္တာကို အတိအက်သိၿပီး ကိုယ့္ဘဝမွာ ကိုယ္သာလွ်င္ ပဲ့ကိုင္ရွင္လို႔ ခံယူထားပါတယ္။ ဘယ္သူကမွ သင့္ကို ထိန္းခ်ဳပ္ၿပီး အမိန႔္ေပးႏိုင္စြမ္း မရွိပါဘူး။ ဆုံးျဖတ္ၿပီးရင္လည္း မရရေအာင္ လုပ္ေဆာင္တတ္တဲ့အက်င့္ေၾကာင့္ တစ္ခါတစ္ေလ ေမာက္မာတယ္လို႔ မွတ္ခ်က္ေပးခံရတတ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သင္က ေပ်ာ္ေပ်ာ္ေနတတ္ၿပီး ေဖာ္ေ႐ြတဲ့အျပင္ လူတိုင္းနဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေနတတ္တဲ့ လူတစ္ေယာက္ပါ။

၄။ ဖန္ခြက္ေအာက္ေျခကေန ကိုင္ေသာက္မယ္
သင္ဟာ သတိဝီရိယနဲ႔ အၿမဲေနတတ္တဲ့ လူတစ္ေယာက္ပါ။ အလုပ္တစ္ခုမလုပ္ခင္ ထပ္ခါထပ္ခါ ေတြးေတာ စဥ္းစားဆင္ျခင္ၿပီးမွ လုပ္ေဆာင္တတ္ၿပီး ကိုယ္မစဥ္းစားထားတဲ့ အရာတစ္ခုကို ဘယ္ေတာ့မွ လက္ေတြ႕အေကာင္အထည္ ေဖာ္ေလ့ မရွိပါဘူး။ အရမ္းဉာဏ္ေကာင္းၿပီး ထက္ျမက္တဲ့လူတစ္ေယာက္ ျဖစ္တဲ့အေလွ်ာက္ ကိုယ့္အရည္အခ်င္းေတြကို အၿမဲတိုးတက္ေအာင္ ပညာရပ္အသစ္ေတြကို ေလ့လာဆည္းပူးေနတတ္ပါတယ္။

credit lotaya funny

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box