Facebook Comments Box
ကဆုန်လဆန်း (11.5.2021) မှ (9.6.2021)အထိ တစ်လလုံးအတွက် ယတြာ
ကဆုန်လအတွက်အကောင်းဆုံးယတြာ
ကဆုန်လဆန်း (11.5.2021) မှ (9.6.2021)အထိ တစ်လလုံးအတွက် ယတြာ.
ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် ညောင်ရွက်အသန့်
တစ်ရွက်ကို ဖြန့်ခင်းလိုက်ပါ…။ထို‌ညောင်ရွက်ပေါ်တွင်
သကြားခွက် တစ်ခွက်ကိုတင်‌ပေးလိုက်ပါ။
ထိုသကြားခွက်ထဲတွင် ကြက်လျှာ (၂)ချောင်းကို
စိုက်ထည့်လိုက်ပါ။အားလုံးစီရင်လုပ်ဆောင်ပြီးပါက
မိမိအိမ်ဘုရားကျောင်းဆောင်ရှိ မြတ်စွာဘုရားရှင်အား
ရိုသေစွာဖြင့် လှူဒါန်း ပေးထားရပါမယ်ခင်ဗျ…..။.
ယခုလတစ်လတာတွင် သောက်ဝောာ်ရေ နှစ်ခွက်ကိုနေ့စဉ်မြတ်စွာဘုရားရှင်အား ကပ်လှူပေးနေရမည်။
နေ့စဉ်ကပ်လှူထားသော သောက်တော်ရေများကို
ပြန်လည်ချီးမြှင့်ပြီး နီးစပ်ရာ ညောင်ပင် တစ်ပင်၌
ရေသွန်းလောင်းပေးနေခြင်းဖြင့် ထူးခြားမှူဖြစ်စဉ်များ
ကောင်းကျိုးများစွာကိုလည်း ရရှိခံစားရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။
နေ့စဉ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။
ဣတိပိသောဘဂဝါ သမ္မာသံဗု‌ဒ္ဓေါ=၈ခေါက်
ဣတိပိသောဘဂဝါ သတ္တာဒေဝမနုဿာနံ=၂၁ခေါက်
ဣတိပိသောဘဂဝါ အရဟံ=၁၅ခေါက်
ကဆုန်လအတွက်နေ့စဉ်လာဘ်ပွင့်အရပ်မျက်နှာများ
တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဉ်အရပ်မျက်နှာမူ
ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။
ဆုတောင်းစာ
"အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံး
ကဆုန်လ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်‌၍
စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေရပါလို၏။"
ညောင်ရွက် နှင့် သကြားများကို နှစ်ရက်လျှင်
တစ်ကြိမ် အသစ် ထပ်မံ လှဲလှယ် ပေးနေရပြီး
အထက်ပါနည်းအတိုင်း ယတြာကို တိကျစွာ
ပြုလုပ်ပေး ရပါမယ်ခင်ဗျ။
ကြက်လျှာ များကိုမူ (၁၀)ရက် တစ်ကြိမ် ‌အသစ်
လှဲလှယ်ပေးရမည်။ကြက်လျှာ အရောင် သတ်မှတ်
ထားခြင်းမရှိပါဘူး။ ယခင်ကြက်လျှာများကို
ရေရှင်တွင် မျှောပေးလိုက်ပါ ခင်ဗျ….။
ဤယတြာကို ကဆုန်လ တစ်လတာလုံးအတွင်း
မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက်
ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက
ကဆုန်လ တစ်လတာလုံး ဘေးဘယကင်းဝေး၍
စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်စေရမည်။
ယုံကြည် အားကိုး ဆန္ဒရှိသူများအတွက်
ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
ဆရာပေါက်ကျိုင်း
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
ဆုတောင်းစာ
ထားခြင်းမရှိပါဘူး။ ယခင်ကြက်လျှာများကို
ဆရာပေါက်ကျိုင်း
Facebook Comments Box
Be the first to comment
Leave a Reply
Your email address will not be published.
*
Facebook Comments Box