Facebook Comments Box
အမျှအတမ်း ပေးဝေခြင်းအကျိုး

အမျှအတမ်း ပေးဝေခြင်းအကျိုး

မိမိတို့ အ ပေါ် ကျေးဇူး ရှိတဲ့ ပုဂ္ဂိုလ်တွေ တမလွန် ဘဝ ရောက်သွားပြီ ဆိုတဲ့ အခါ ကျေးဇူးဆပ်တဲ့ အ နေ နဲ့ ကုသိုလ် ကောင်းမှု ပြုလုပ်ပြီး အမျှ ဝေ ရ တယ် ။

အမျှ အတမ်း ပေးဝေ တာကို မြတ်စွာဘုရား က ဉာတိဓမ္မ ဆွေမျိုးတွေ လိုက်နာ ကျင့်သုံး ရ မယ့် ဝတ္တရား အဖြစ်ဖြင့် ဟောကြားတာ ဖြစ် လို့ လုပ် သင့် လုပ်ထိုက်တဲ့ ကိစ္စကို ပြုလုပ် ဆောင်ရွက်ခြင်း ဖြစ် တယ် ၊ လုပ်ရမယ့် ကိစ္စ ထဲမှာ လည်း အကျိုး ရှိတဲ့ လုပ်ရပ် တစ်ခု ဖြစ် တယ် ။

ဘာကြောင့် အကျိုးရှိ တယ်လို့ ပြောရ တုန်း ဆို ရင်…

နံပါတ် ( ၁ )

ကုသိုလ်ကောင်းမှု ပြုရင် ပြုတဲ့ ပုဂ္ဂိုလ်မှာ အကျိုး ဖြစ်ထွန်း စေ တယ် ၊ ဒါက တစ်ခု ။

နံပါတ် ( ၂ )

မိမိ ရည်စူးတဲ့ ပုဂ္ဂိုလ်က အမျှ ရနိုင်တဲ့ ဘုံဘဝမှာ ရောက် နေ ရင် ကုသိုလ် ကောင်းမှု ရဲ့ အကျိုး ကျေးဇူးကို ခံစား ရမယ် ၊ ဒါ အကျိုးရှိခြင်း တစ်ခု ။

နံပါတ် ( ၃ )

သံဃာတော် အရှင်မြတ်များမှ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားကို လှူဒါန်း ထောက်ပံ့ပြီး ဖြစ်တယ် ။ ဒါ အကျိုးရှိခြင်း တစ်ခု ။

နံပါတ် ( ၄ )

မိမိတို့ ကိုယ်တိုင်လည်း ကုသိုလ်ကောင်းမှုတွေ ဆည်းပူး အားထုတ်ပြီး ဖြစ် တယ် ။ ဒါ အကျိုး တစ်ခု ။

အဲဒီ အကျိုး လေးမျိုးကို ရရှိ နိုင်စေတဲ့ ကုသိုလ်ကောင်းမှု ဖြစ်လို့ မြတ်စွာဘုရားက အကျိုးရှိတဲ့ လုပ်ငန်းလို့ ဟောကြားတာ ဖြစ် တယ် ။

(ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ) [ အထင်မှားအမြင်မှား တရားတော်မှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။]

အမွ်အတမ္း ေပးေဝျခင္းအက်ိဳး

မိမိတို႔ အ ေပၚ ေက်းဇူး ရွိတဲ့ ပုဂၢိဳလ္ေတြ တမလြန္ ဘဝ ေရာက္သြားၿပီ ဆိုတဲ့ အခါ ေက်းဇူးဆပ္တဲ့ အ ေန နဲ႔ ကုသိုလ္ ေကာင္းမႈ ျပဳလုပ္ၿပီး အမွ် ေဝ ရ တယ္ ။

အမွ် အတမ္း ေပးေဝ တာကို ျမတ္စြာဘုရား က ဉာတိဓမၼ ေဆြမ်ိဳးေတြ လိုက္နာ က်င့္သုံး ရ မယ့္ ဝတၱရား အျဖစ္ျဖင့္ ေဟာၾကားတာ ျဖစ္ လို႔ လုပ္ သင့္ လုပ္ထိုက္တဲ့ ကိစၥကို ျပဳလုပ္ ေဆာင္႐ြက္ျခင္း ျဖစ္ တယ္ ၊ လုပ္ရမယ့္ ကိစၥ ထဲမွာ လည္း အက်ိဳး ရွိတဲ့ လုပ္ရပ္ တစ္ခု ျဖစ္ တယ္ ။

ဘာေၾကာင့္ အက်ိဳးရွိ တယ္လို႔ ေျပာရ တုန္း ဆို ရင္…

နံပါတ္ ( ၁ )

ကုသိုလ္ေကာင္းမႈ ျပဳရင္ ျပဳတဲ့ ပုဂၢိဳလ္မွာ အက်ိဳး ျဖစ္ထြန္း ေစ တယ္ ၊ ဒါက တစ္ခု ။

နံပါတ္ ( ၂ )

မိမိ ရည္စူးတဲ့ ပုဂၢိဳလ္က အမွ် ရႏိုင္တဲ့ ဘုံဘဝမွာ ေရာက္ ေန ရင္ ကုသိုလ္ ေကာင္းမႈ ရဲ႕ အက်ိဳး ေက်းဇူးကို ခံစား ရမယ္ ၊ ဒါ အက်ိဳးရွိျခင္း တစ္ခု ။

နံပါတ္ ( ၃ )

သံဃာေတာ္ အရွင္ျမတ္မ်ားမွ မိမိတို႔ ကိုးကြယ္ရာ ဘာသာတရားကို လႉဒါန္း ေထာက္ပံ့ၿပီး ျဖစ္တယ္ ။ ဒါ အက်ိဳးရွိျခင္း တစ္ခု ။

နံပါတ္ ( ၄ )

မိမိတို႔ ကိုယ္တိုင္လည္း ကုသိုလ္ေကာင္းမႈေတြ ဆည္းပူး အားထုတ္ၿပီး ျဖစ္ တယ္ ။ ဒါ အက်ိဳး တစ္ခု ။

အဲဒီ အက်ိဳး ေလးမ်ိဳးကို ရရွိ ႏိုင္ေစတဲ့ ကုသိုလ္ေကာင္းမႈ ျဖစ္လို႔ ျမတ္စြာဘုရားက အက်ိဳးရွိတဲ့ လုပ္ငန္းလို႔ ေဟာၾကားတာ ျဖစ္ တယ္ ။

(ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ) [ အထင္မွားအျမင္မွား တရားေတာ္မွ ေကာက္ႏုတ္ထားျခင္း ျဖစ္ပါသည္။]

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box