Facebook Comments Box
သင်သောက်တဲ့ကော်ဖီအမျိုးအစားက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

သင်သောက်တဲ့ကော်ဖီအမျိုးအစားက ပြောပြပေးမယ့် သင့်ရဲ့စိတ်နေစိတ်ထား

(1) Black Coffee
black coffee ကြိုက်နှစ်သက်သူဆိုရင် သင်ဟာ လူတိုင်းက မှီခိုအားထားရတဲ့ လူမျိုးပါ။ အမြဲရိုးရိုးရှင်းရှင်းနေတတ်ပြီး စိတ်ရှည်သည်းခံတတ်တဲ့ အကျင့်လေးရှိပါတယ်။ လောကဓံရဲ့ရိုက်ခက်မှုဒဏ်ကို ခံနိုင်ရည်အားရှိပြီး ဘယ်အရာကိုမဆို စည်းစနစ်တကျ သူ့နေရာနဲ့သူလုပ်တတ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့မကောင်းတဲ့အချက်လေးကတော့ ခေါင်းထဲမှာပေါ်လာတာမှန်သမျှကို ရှေ့နောက်မစဉ်းစားပဲ ပါးစပ်ကနေ လွှတ်ခနဲ ပြောတတ်တာမျိုးပါ။ နောက်တစ်ချက်က တစ်ခုခုဆို စိတ်အပြောင်းအလဲမြန်ပြီး စကားအပြောအဆို မပြေပြစ်ပါဘူး။.

(2) Espresso
Espresso ကြိုက်နှစ်သက်သူဆိုရင် သင်ဟာ ထက်ထက်မြက်မြက်ရှိပြီး ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ ပြည်ဝသူတစ်ယောက်ပါ။ ဘယ်အရာကိုမဆို တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိပါတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အလုပ်ကြိုးစားတတ်ပေမယ့် တစ်ခါတစ်လေ စိတ်အပြောင်းအလဲမြန်တတ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာကို ဘယ်လိုရအောင်ယူမလဲဆိုတာကို သေချာသိပြီး ရအောင် ယူတတ်ပါတယ်။

(3) Latte
Latte ကြိုက်နှစ်သက်သူဆိုရင်တော့ သင်ဟာ ပေးကမ်းရက်ရောတတ်ပြီး ကိုယ်နှုတ်အမှုအရာ ယဉ်ကျေးသူတစ်ယောက်ဖြစ်ပါတယ်။ သင်ဟာ လူတွေကို ပျော်ရွှင်အောင် လုပ်ပေးတတ်ပြီး အမြဲကူညီပေးတတ်ပါတယ်။ သင့်ရဲ့မကောင်းတဲ့အချက်လေးကတော့ တစ်ခါတစ်ရံဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာ မပြတ်သားတတ်ကြပါဘူး။ ဒါကလည်း သင့်ရဲ့နူးညံ့တဲ့စိတ်ထားလေးကြောင့် ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိုယ်ကို ဂရုမစိုက်ပဲ ဖြစ်သလိုနေတတ်တဲ့ အကျင့်လေးတော့ ရှိပါတယ်။

(4) Cappuccino
Cappuccion ကြိုက်နှစ်သက်သူဆိုရင်တော့ သင့်မှာနွေးထွေးတဲ့နှလုံးသားတစ်စုံရှိပြီး သင်ဟာ အစွဲအလမ်းကြီးတတ်ပါတယ်။ ရိုးရိုးသားသားနဲ့ တတ်တတ်ကြွကြွနေတတ်ပြီး တီထွင်ဖန်တီးနိုင်စွမ်းတွေရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်းအလွယ်တစ်ကူ ဖွဲ့နိုင်ပေမယ့် စာအုပ်ကြီးအတိုင်း ကျင့်သုံးတတ်တဲ့လူတွေနဲ့တော့ ကြာကြာမပေါင်းသင်းနိုင်ပါဘူး။

(5) အသင့်ဖျော်ကော်ဖီ
အသင့်ဖျော်ကော်ဖီ ကြိုက်နှစ်သက်သူဆိုရင်တော့ သင်ဟာ ပျော်ပျော်နေတတ်ပြီး အကောင်းမြင်စိတ်ရှိပါတယ်။ ဘယ်အရာကိုမဆို စိတ်ထဲမှာအရမ်းမထားပဲ သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး ဖြေရှင်းလေ့ရှိပါတယ်။ ဒါပေမယ့် အလုပ်တစ်ခုလုပ်ရင်တော့ အချိန်ဆွဲပြီးလုပ်တတ်ပါတယ်။ ဒါကလည်း အေးအေးဆေးဆေးလုပ်နေတော့ အချိန်ဆွဲပြီးလုပ်တယ်လို့ ထင်ရတာမျိုးဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ရဲ့ကျန်းမာရေးကို ဂရုမစိုက်တတ်ပါဘူး။ ဒါ့အပြင် ဘယ်အရာကိုမဆို သေချာစီစဉ်ပြီး လုပ်ဆောင်တဲ့နေရာမှာ အားနည်းတတ်ပါတယ်။

(6) ကော်ဖီအေး
ကော်ဖီအေး ကြိုက်နှစ်သက်သူဆိုရင်တော့ သင်ဟာ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိပြီး ဒရမ်မာတွေလုပ်ဖို့ အချိန်မရှိပါဘူး။ သင်ဟာ ဘယ်အရာကိုမဆို လေးလေးနက်နက်နဲ့ သေချာစဉ်းစားပြီးလုပ်ဆောင်တတ်တဲ့ အကျင့်ရှိပါတယ်။ ဒါ့အပြင် ဘယ်နေရာမှာ ဘယ်လိုပျော်ရမလဲဆိုတာကိုလည်း သိနေတတ်ပါသေးတယ်။ ပြောရမယ်ဆိုရင် ပျော်ရွှင်မှုတွေကို ဘယ်နေရာမှာ ဘယ်လိုဖန်တီးရမလဲဆိုတာကို သိနေတာမျိုးပါ။ ဒါ့အပြင် အမြဲကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့လည်း နေတတ်ပါသေးတယ်။

credit to lotaya

သင္ေသာက္တဲ့ေကာ္ဖီအမ်ိဳးအစားက ေျပာျပေပးမယ့္ သင့္ရဲ႕စိတ္ေနစိတ္ထား

(1) Black Coffee
black coffee ႀကိဳက္ႏွစ္သက္သူဆိုရင္ သင္ဟာ လူတိုင္းက မွီခိုအားထားရတဲ့ လူမ်ိဳးပါ။ အၿမဲ႐ိုး႐ိုးရွင္းရွင္းေနတတ္ၿပီး စိတ္ရွည္သည္းခံတတ္တဲ့ အက်င့္ေလးရွိပါတယ္။ ေလာကဓံရဲ႕႐ိုက္ခက္မႈဒဏ္ကို ခံႏိုင္ရည္အားရွိၿပီး ဘယ္အရာကိုမဆို စည္းစနစ္တက် သူ႔ေနရာနဲ႔သူလုပ္တတ္ပါတယ္။ ဒါေပမယ့္ သင့္ရဲ႕မေကာင္းတဲ့အခ်က္ေလးကေတာ့ ေခါင္းထဲမွာေပၚလာတာမွန္သမွ်ကို ေရွ႕ေနာက္မစဥ္းစားပဲ ပါးစပ္ကေန လႊတ္ခနဲ ေျပာတတ္တာမ်ိဳးပါ။ ေနာက္တစ္ခ်က္က တစ္ခုခုဆို စိတ္အေျပာင္းအလဲျမန္ၿပီး စကားအေျပာအဆို မေျပျပစ္ပါဘူး။

(2) Espresso
Espresso ႀကိဳက္ႏွစ္သက္သူဆိုရင္ သင္ဟာ ထက္ထက္ျမက္ျမက္ရွိၿပီး ေခါင္းေဆာင္ေကာင္းတစ္ေယာက္ရဲ႕ အရည္အခ်င္းေတြနဲ႔ ျပည္ဝသူတစ္ေယာက္ပါ။ ဘယ္အရာကိုမဆို တာဝန္ယူမႈနဲ႔ တာဝန္ခံမႈရွိပါတယ္။ ေပါင္းသင္းဆက္ဆံေရးေကာင္းမြန္ၿပီး အလုပ္ႀကိဳးစားတတ္ေပမယ့္ တစ္ခါတစ္ေလ စိတ္အေျပာင္းအလဲျမန္တတ္ပါတယ္။ ကိုယ္လိုခ်င္တဲ့အရာကို ဘယ္လိုရေအာင္ယူမလဲဆိုတာကို ေသခ်ာသိၿပီး ရေအာင္ ယူတတ္ပါတယ္။

(3) Latte
Latte ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ သင္ဟာ ေပးကမ္းရက္ေရာတတ္ၿပီး ကိုယ္ႏႈတ္အမႈအရာ ယဥ္ေက်းသူတစ္ေယာက္ျဖစ္ပါတယ္။ သင္ဟာ လူေတြကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးတတ္ၿပီး အၿမဲကူညီေပးတတ္ပါတယ္။ သင့္ရဲ႕မေကာင္းတဲ့အခ်က္ေလးကေတာ့ တစ္ခါတစ္ရံဆုံးျဖတ္ခ်က္ေတြ ခ်တဲ့ေနရာမွာ မျပတ္သားတတ္ၾကပါဘူး။ ဒါကလည္း သင့္ရဲ႕ႏူးညံ့တဲ့စိတ္ထားေလးေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ကိုယ့္ကိုယ္ကို ဂ႐ုမစိုက္ပဲ ျဖစ္သလိုေနတတ္တဲ့ အက်င့္ေလးေတာ့ ရွိပါတယ္။

(4) Cappuccino
Cappuccion ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ သင့္မွာေႏြးေထြးတဲ့ႏွလုံးသားတစ္စုံရွိၿပီး သင္ဟာ အစြဲအလမ္းႀကီးတတ္ပါတယ္။ ႐ိုး႐ိုးသားသားနဲ႔ တတ္တတ္ႂကြႂကြေနတတ္ၿပီး တီထြင္ဖန္တီးႏိုင္စြမ္းေတြရွိပါတယ္။ မိတ္ေဆြအေပါင္းအသင္းအလြယ္တစ္ကူ ဖြဲ႕ႏိုင္ေပမယ့္ စာအုပ္ႀကီးအတိုင္း က်င့္သုံးတတ္တဲ့လူေတြနဲ႔ေတာ့ ၾကာၾကာမေပါင္းသင္းႏိုင္ပါဘူး။

(5) အသင့္ေဖ်ာ္ေကာ္ဖီ
အသင့္ေဖ်ာ္ေကာ္ဖီ ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ သင္ဟာ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အေကာင္းျမင္စိတ္ရွိပါတယ္။ ဘယ္အရာကိုမဆို စိတ္ထဲမွာအရမ္းမထားပဲ သက္ေတာင့္သက္သာနဲ႔ ေအးေအးေဆးေဆး ေျဖရွင္းေလ့ရွိပါတယ္။ ဒါေပမယ့္ အလုပ္တစ္ခုလုပ္ရင္ေတာ့ အခ်ိန္ဆြဲၿပီးလုပ္တတ္ပါတယ္။ ဒါကလည္း ေအးေအးေဆးေဆးလုပ္ေနေတာ့ အခ်ိန္ဆြဲၿပီးလုပ္တယ္လို႔ ထင္ရတာမ်ိဳးျဖစ္ႏိုင္ပါတယ္။ တစ္ခါတစ္ေလ ကိုယ့္ရဲ႕က်န္းမာေရးကို ဂ႐ုမစိုက္တတ္ပါဘူး။ ဒါ့အျပင္ ဘယ္အရာကိုမဆို ေသခ်ာစီစဥ္ၿပီး လုပ္ေဆာင္တဲ့ေနရာမွာ အားနည္းတတ္ပါတယ္။

(6) ေကာ္ဖီေအး
ေကာ္ဖီေအး ႀကိဳက္ႏွစ္သက္သူဆိုရင္ေတာ့ သင္ဟာ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္ရွိၿပီး ဒရမ္မာေတြလုပ္ဖို႔ အခ်ိန္မရွိပါဘူး။ သင္ဟာ ဘယ္အရာကိုမဆို ေလးေလးနက္နက္နဲ႔ ေသခ်ာစဥ္းစားၿပီးလုပ္ေဆာင္တတ္တဲ့ အက်င့္ရွိပါတယ္။ ဒါ့အျပင္ ဘယ္ေနရာမွာ ဘယ္လိုေပ်ာ္ရမလဲဆိုတာကိုလည္း သိေနတတ္ပါေသးတယ္။ ေျပာရမယ္ဆိုရင္ ေပ်ာ္႐ႊင္မႈေတြကို ဘယ္ေနရာမွာ ဘယ္လိုဖန္တီးရမလဲဆိုတာကို သိေနတာမ်ိဳးပါ။ ဒါ့အျပင္ အၿမဲကိုယ့္ကိုယ္ကို ယုံၾကည္မႈအျပည့္နဲ႔လည္း ေနတတ္ပါေသးတယ္။

credit to lotaya

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box