Facebook Comments Box
သုညကြွင်း မဟာဘုတ်ဖွားနေ့နံ တစ်ခုချင်း အသေးစိတ်ဟောကိန်း

သုညကြွင်း မဟာဘုတ်ဖွားနေ့နံ တစ်ခုချင်း အသေးစိတ်ဟောကိန်း

သုညကြွင်း .. တနင်္ဂနွေ ပုတိဖွား

ဖြန့်ဖြူးရေးလုပ်ငန်း ၊ ကုန်ထုတ်လုပ်ဖြန့်ဖြူးရေး ဖြန့်ချိရေး လုပ်ငန်းအမျိုးအစား တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်နိုင်သော ဖွားဇာတာမျိုးဖြစ်ပါတယ်။ တနင်္ဂနွေ ပုတိဖွား ဇာတာရှင်တွေဟာ …လူတစ်ကိုယ် အသွင်နှစ်မျိုး နဲ့ နေထိုင်တတ်ကြသူတွေလို့လည်း ဆိုနိုင်ပါတယ်။.
သူတို့ရဲ့ အဓိက အရည်အသွေးကတော့ ပြုပြင်နိုင်သော စွမ်းရည်ဖြစ်ပြီး … ပြုပြင်ရေးလုပ်ငန်းနယ်ပယ်များ၊ လက်မှုပညာရပ်နယ်ပယ်များမှာ ကောင်းစွာလုပ်ကိုင်နိုင်စွမ်း ရှိတတ်ကြသူတွေပါ။
အကယ်၍ နာမည်အဖျားစာလုံးကို ..ဗုဒ္ဓဟူးနံ (ယ၊လ၊ဝ) ဖြင့်မှည့်ခေါ်ထားမိမယ်ဆိုရင် …ပြုပြင်ရေးလုပ်ငန်းနယ်ပယ်တွင် ပိုမိုပြီး ကောင်းစွာ စွမ်းအားထုတ်လုပ်ဆောင်နိုင်မှာဖြစ်ပြီး အသက်မွေးရသည်အထိလည်း …ရောက်ရှိသွားနိုင်ပါတယ်။
အနေအထိုင်သိုသိပ်တတ်သော ဖွားဇာတာမျိုးဖြစ်ပြီး …အမျိုးသားဇာတာရှင်တွေမှာ ချစ်မှုရေးရာနဲ့လိင်ဆန္ဒ ပိုမို ထက်သန်တတ်ကြပါတယ်။
တနင်္ဂနွေ ပုတိဖွား ဇာတာရှင်တွေဟာ … ယဉ်ကားများနဲ့ပတ်သက်ရင် အများအားဖြင့် ကံကောင်းတတ်ကြလေ့ရှိပါတယ်။
အမျိုးသမီးအကြီးအကဲများရဲ့ အကျိုးကိုလည်း ခံစားရတတ်ပြီး…အမွေအနှစ်ခံစားခွင့်ကံမှာလည်း အခြားသူတွေထက် ပိုမို အားကောင်းတတ်ကြသူတွေဖြစ်ပါတယ်။
တနင်္ဂနွေပုတိဖွားတွေဟာ စပ်တူအစုစပ်ကဏ္ဍများမှာတော့ အလွန်ကံဆိုးတတ်ကြပြီး…၊ ဘဝမှာ သူတစ်ပါး စွပ်စွဲခံရခြင်းမျိုးကိုလည်း ကြီးကြီးမားမား မုချကြုံရတတ်သူတွေပါပဲ။
အခြားသူတွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ အတွက်ကတော့ အလွန်ညံ့ကြသူတွေလို့လည်း ..ဒီဇာတာဖွားတွေကို ဆိုနိုင်ပါလိမ့်မယ်။
တနင်္ဂနွေပုတိဖွား တစ်ယောက်ဘ၀ ရောက်ပြီဆိုတာနဲ့ …ကြာသာပတေးဂြိုဟ်ဟာ …ကောင်းကျိုးအပေးနိုင်ဆုံးဂြိုဟ်ဖြစ်ပြီး…အင်္ဂါဂြိုဟ်ကတော့ မိမိတို့ဘဝကံမှာ ဆိုးကျိုးအပေးနိုင်ဆုံးဂြိုဟ် ဖြစ်တယ်ဆိုတာကို သိရှိထားဖို့ရန် လိုအပ်ပါလိမ့်မယ်ခင်ဗျား။
လေးစားစွာဖြင့်
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။

သုညကြွင်း တနင်္လာ သိုက်ဖွား

လွယ်လွယ်လေးတွေကို ပစ်ပယ်ပြီး ခက်ခက်ခဲခဲလေး မှ လိုချင်တတ်သူတွေကို တနင်္လာသိုက်ဖွားတွေလို့ ခေါ်ရပါလိမ့်မယ်။
တနင်္လာသိုက်ဖွားတွေဟာ…နေရာထိုင်ခင်း ကံ နဲ့ ကျောထောက်နောက်ခံ အင်အား ရလွယ်သော ကံအနေအထား အလွန်ကောင်းတတ်ကြပါတယ်။
ဘဝမှာ သူတို့ဘယ်လောက်ပဲ ယိုင်လဲသွားသွား..အတိတ်ကုသိုလ်ကံအဟုန်ကြောင့်….ထောက်ပံ့ဖေးမပေးမယ့်သူတွေလည်း အလိုလိုပေါ်ပေါက်လာရတတ်စမြဲဖြစ်ပါတယ်။
နေရာကောင်း ဂွင်ကောင်း ..ဌာနကောင်း ရရှိတတ်ကြတာလည်း သူတို့ပါပဲ။
ချစ်မှုရေးရာကံမှာ ကပြောင်းတိ ကပြောင်းပြန်…မထင်တာတွေ ဖြစ်တတ်သော ကံကိုလည်း သူတို့မှာ တွေ့ရလေ့ရှိပါတယ်။
တနင်္လာသိုက်ဖွားတွေဟာ … မဟာဘုတ် ဥစ်ဖွား ဇာတာရှင်တွေလည်း ဖြစ်ပါတယ်။
သူတို့ဟာ …
လွယ်တာထက် ခက်တာ ..
နီးနီးလေးက အရာ ထက် အဝေးကအရာ ..
ဖြေရှင်းရလွယ်တာထက် …ဖြေရှင်းရခက်မှာတွေကို ပိုမိုလိုလားစိတ်လည်း ထူးဆန်းစွာရှိနေတတ်ကြသူတွေပါ။
အဝေးကို ကိုင်းညွတ်တတ်လွန်းတဲ့ စိတ်သဘာဝကြောင့်လည်းဘဲ…တစ်ခါတစ်ရံမှာ အနီးကအရာတွေကို ကျော်လွှားချန်ထားခဲ့မိပြီး လျစ်လျူ ရှုမိ …သလို ဖြစ်သွားတတ်ကြသူတွေပါ။
ထူးခြားချက် နောက်တစ်ခုကတော့ တနင်္လာသိုက်ဖွားတွေဟာ … အဝေးက ပစ်မှတ်ကို …ချိန်ဆပစ်ခတ်ရခြင်းမျိုး ၊ အဝေးက ပန်းတိုင်တစ်ခုကို ..ဦးတည်ပြီး ကွက်တိလုပ်ဆောင် လျှောက်လှမ်းရခြင်းမျိုးကို အထူးနှစ်သက်တတ်ခြင်းပါပဲ။
တနင်္လာသိုက်ဖွား ကလေးငယ်တွေဆိုရင်…စနိုက်ပါလို ဂိမ်း မျိုးတွေကို အထူးနှစ်သက်လေ့ရှိတတ်ကြပါတယ်။
သူတို့ဟာ တစ်စုံတစ်ခုကို အာရုံဆန္ဒကိုင်းညွတ်မိပြီဆိုရင်လည်း ..အလွန်အကျူး စိုက်မိတတ်ကြသူတွေ ဖြစ်ပါတယ်။ ဂရုစိုက်ချင်ပြီဆိုရင် အစွမ်းကုန် အသားကုန် ဂရုစိုက်ပြီး…ဒါမှဒါ လုပ်နေမှာဖြစ်သလို…၊ လျစ်လျူ ရှုလိုက်ပြီဆိုရင်လည်း …မေ့ကရော ဆိုတာမျိုး…လုံးဝကျောခိုင်းပစ်လိုက်မိတတ်ကြပါတယ်။
သူတို့ဟာ သူတို့ရဲ့ စွမ်းအင် ကို အလွန်အကျူး စိုက်တတ်သော သဘာ၀ ရှိကြပါတယ်။ သူတိုှ့စိတ်ပါဝင်စား ရာ ကဏ္ဍများနဲ့ ဘဝကို အချိန်ကုန်လွန် တစ်စိုက်စိုက် သွားနေတတ်ကြပြီး….ထိုအချင်းအရာကြောင့်ပဲ …အချို့သော ဘဝရဲ့ အားနဲချက်ကလေးတွေလည်း ဖြစ်တည်လာတတ်ကြပါတယ်။
တနင်္လာသိုက်ဖွားတွေအတွက် ..တနင်္လာဂြိုဟ်နဲ့ သောကြာဂြိုဟ်ဟာ အသန့်အစင် ကောင်းမွန်သော အကျိုးပေးဂြိုဟ်များ ဖြစ်ကြပြီး…ဗုဒ္ဓဟူး နဲ့ စနေကတော့ ..ဆိုးကျိုးပေးနိုင်သော ဂြိုဟ်များအဖြစ် ရပ်တည်ထားကြပါတယ်။
အသက် ၄၀တင်းတင်းပြည့်ပြီးချိန်ကနေ ….အသက် ၅၀အတွင်းမှာ …တနင်္လာသိုက်ဖွားတွေဟာ နာမ်ပိုင်းဆိုင်ရာဉာဏ်စဉ်နဲ့ ..ဘာသာရေးဆိုင်ရာ ဉာဏ်တို့ အထက်သန်ဆုံးတောက်ပလာပါတယ်။ ဘဝတစ်လျှောက်လုံးမှာလည်း …ထို ဆယ်နှစ်တာကာလသည်သူတို့ရဲ့ စွမ်းရည်အတောက်ပဆုံး ကာလဖြစ်ပြီး …တက်လာသမျှဉာဏ်စဉ်တွေကိုသာ အကျိုးရှိအောင် အသုံးချနိုင်မယ်ဆိုရင် …မြင့်မားတဲ့အသိဉာဏ်စဉ်ပိုင်းတွေကို ရရှိနိုင်မယ့်ကာလများလည်း ဖြစ်ပါလိမ့်မယ်။
ဘဝရဲ့ လောကီသုခ အရနိုင်ဆုံးကာလကတော့ …အသက် ၅၁နှစ်မှ…၆၉နှစ်ကြားလို့ ဆိုနိုင်ပြီး …အမည်ပေးမှည့်ခေါ်ပုံပါ သင့်တင့်ညီညွတ်ခဲ့မယ်ဆိုရင် မုချ ထိုကာလများသည် ….စိတ်ချမ်းသာစွာ မိသားစုများနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားရမယ့် တတိယအရွယ်အဖြစ် ပိုင်ဆိုင်နိုင်ခွင့်ကံ ရှိကြသော ကံဇာတာရှင်များပဲ ဖြစ်ကြပါကြောင်း။
လေးစားစွာဖြင့်..
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။

သုညကြွင်း အင်္ဂါ မရဏဖွား

အင်္ဂါမရဏဖွား ဇာတာရှင်တွေဟာ …မျိုးနွယ်စု ..မိသားစု ထံမှ..ဆိုးမွေရော ကောင်းမွေပါ …ရထိုက်သောကံပိုင်ရှင်တွေလို့ ဆိုနိုင်ပါတယ်။ အသက် ၃၆မှ ၅၄နှစ်ကြားမှာ …အမွေအနှစ်ကံ ပေါ်ပေါက်တတ်ကြပြီး …ကောင်းမြတ်သော မင်္ဂလာ အခမ်းအနားများ ဆင်ယင်ခွင့် ကျင်းပခွင့် ကိုလည်း ၎င်းကာလများမှာ ရရှိတတ်ကြပါတယ်။
အင်္ဂါမရဏဖွားတွေဟာ …မရည်ရွယ်မထင်မှတ်ဘဲ…စီးပွားဥစ္စာနှင့် ကံကောင်းမှု အစုလိုက်အပြုံလိုက်ကို …စိုင်ကော်ပြီး ခြုံပေါ်ရောက်သည့်နှယ်.. .ခံစားခွင့်ကံလည်း ပါရှိတတ်ကြသူတွေပါ။
သူတို့ဟာ…သူတို့ရဲ့ နေရာထိုင်ခင်း၊ အိုးအိမ် ၊ အခင်းအကျင်း အဆင်အပြင် ၊ အထားအသို ပိုင်းနဲ့ ပတ်သက်လို့ …စိတ်ကူးယဉ်လေ့ရှိတတ်ကြပြီး၊ ၎င်းတို့နဲ့ပတ်သက်ရင် နှမျောတွန့်တိုစိတ်လည်း ရှိတတ်ကြပါတယ်။ ကိုယ့်နေရာလေးကိုယ်ပဲ ချစ်တယ်။ ကိုယ့်နေရာမှာပဲ ကိုယ်နေချင်တယ် ဆိုတဲ့ စိတ်ဆန္ဒမျိုး များတတ်ကြသူတွေပါပဲ။
ထို့နှယ်တူစွာ….
သူတို့ဟာ ချစ်မှုရေးရာမှာလည်း ….ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်ရင် သဝန်တိုစိတ်များတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့သူတွေကို ဒီလိုနေ ဒီလိုထိုင် ..ဟိုလိုမနေနဲ့ ဟိုလိုမထိုင်နဲ့ စသည်ဖြင့် တွန့်တိုတတ်ကြသူတွေပါ။
ထူးထူးခြားခြားတွေ့မိတာလေး တစ်ခုကတော့ အင်္ဂါမရဏဖွားအချို့ဟာ ချစ်သူခင်သူ ဝိုင်းဝိုင်းလည် နေတတ်ကြတာကို တွေ့ရပါတယ်။ အများအားဖြင့်တော့ အင်္ဂါမရဏဖွားတွေဟာ …သူချစ်ကိုသာ ရွေးမိမယ်ဆိုရင် ကံကောင်းတတ်ကြတာတွေ့ရပါတယ်။
သူတို့ဟာ စွပ်စွဲပြောဆိုခံရခြင်းမျိုးကို အထူးမုန်းတီးတတ်ကြပြီး …. နက်နဲတဲ့အချင်းအရာတွေကိုလည်း စိတ်ဝင်စားတတ်ကြသူတွေ လို့ ဆိုနိုင်ပါတယ်။
အင်္ဂါမရဏဖွားတွေဟာ …မွေးစ မှ အသက် ၈နှစ်အတွင်း … အခြားကလေးငယ်များနဲ့မတူ…ကြီးပြင်းရှင်သန်ရပုံ ကွာခြားတတ်ကြပါတယ်။ အများနှင့်မတူ တစ်မူကွဲပြားမှုကို …ငယ်စဉ်ကာလ ကတည်းက စတင်ပြီး ပေါ်လွင်နေတတ်ကြသူတွေပါ။ သူတို့အတွက် အကောင်းဆုံးအကျိုးပေးကာလကို ….ယျေဘုယျအားဖြင့် အသက် ၃၆မှ…၅၄ လို့ သတ်မှတ်နိုင်ပြီး …နာမည်အရတော့ အကျိုးအပြစ်တွေ ကွာဟသွားမှာဖြစ်ပါတယ်ခင်ဗျား။
ချမ်းသာကြပါစေ။
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။

သုညကြွင်း ဗုဒ္ဓဟူး/ ရာဟု အဓိပတိဖွား

ဗုဒ္ဓဟူး/ရာဟု အဓိပတိဖွားတွေ ဟာ ဘဝမှာ အကျိုးစီးပွားကို ကျယ်ကျယ်ပြန့်ပြန့် … ရှာဖွေယူနိုင်စွမ်းရှိသော ဖွားဇာတာရှင်တွေပါ။ အထူးသဖြင့် ဗုဒ္ဓဟူးအဓိပတိဖွားဟာ အင်အားပိုမိုရှိပါတယ်။
ဗုဒ္ဓဟူး / ရာဟု ဖွားများအတွက် အကျိုးစီးပွား ရှာဖွေရရှိခွင့်ကံဟာ… သက်လတ်ပိုင်း ကာလ ၂၈ မှ….၄၆ ကြားမှာ နိုးထအသက်ဝင်လာတတ်ပါတယ်။
ဒီ့မတိုင်မီ…..အသက် ၁၈ မှ ..၂၇ ကြားကာလများကတော့ ….ပညာရပ်ဆိုင်ရာ အသိအမြင် အတိုးပွားဆုံးကာလများဖြစ်ပြီး ..အတန်းပညာပဲဖြစ်စေ…လက်မှုပညာပဲဖြစ်စေ….မည်သည့်ပညာရပ်မျိုးကိုမဆိုလေ့လာလိုက်စားလို့ အကောင်းဆုံးကာလများလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူး/ရာဟု အဓိပတိဖွားတွေဟာ …အများစုနဲ့ ရေရှည်လက်တွဲနိုင်ရေးမှာ ..အားနဲတတ်ကြပါတယ်။ သူတို့တွေဟာ ဘဝမှာ အရှက်ရတတ်သော ကံလည်း ရှိတတ်ကြသူတွေပါ။ အထူးသဖြင့် ဗုဒ္ဓဟူးအဓိပတိဖွားတွေဟာ အရှက်မကွဲဖူးသည် ဟူပြီး မရှိဟု ဆိုရလောက်အောင်ပင်…ဂုဏ်သိက္ခာညှိးနွမ်း ထိခိုက်တတ်သော ကံပိုင်းဆိုင်ရာ ပါလာကြသူတွေဖြစ်ပါတယ်။
ရာဟုအဓိပတိဖွားသည်လည်း ဗုဒ္ဓဟူးလောက်မညံ့သည့်တိုင်အောင် …သူလည်း မလွတ်ပါ။
အထူးသဖြင့် အမည်ကို …(ဗုဒ္ဓဟူးအစ + တနင်္လာအဆုံး) (ဗုဒ္ဓဟူးအစ + ဗုဒ္ဓဟူးအဆုံး) စသည်ဖြင့် …(အခြားအမည်တွဲများလည်း ရှိသေး) မှည့်ခေါ်ထားမိမယ်ဆိုရင်….အရှက်ရတတ်သောကံဟာ
ပြေးမလွတ်လောက်အောင်ကို သေချာသွားစေပါတယ်။
ဗုဒ္ဓဟူး/ရာဟု အဓိပတိဖွား တွေသည် ခြင်ဆီအားနဲမှု ကြောင့် ဖြစ်ပွားတတ်သော ရောဂါဝေဒနာများ …လေရှုပြွန် နှင့်ပတ်သက်သော ရောဂါဝေဒနာများ၊ အဆုတ်ရောဂါ ၊ လိင်တွင် ဖြစ်ပွားတတ်သော ရောဂါဘယများ ဖြစ်လွယ်တတ်ကြသူတွေပါ။
အမျိုးသားဇာတာရှင်အချို့မှာ…..လိင်ပိုင်းဆိုင်ရာ ..အားနဲချက် ဖြစ်ပွားတတ်ခြင်း၊ ကျားခွန်အား ပျောက်ဆုံးခြင်း ၊ လိင်ဖောက်ပြန်တတ်ခြင်း မျိုးကဲ့သို့… အခြေအနေလေးတွေလည်း ထူးထူးခြားခြား ခံစားကြရတာကိုတွေ့ရှိရပါတယ်။
လက်မှုပညာ မှာ ထူးချွန်တတ်ကြပြီး…ကြောင်းကျိုးဆက်စပ်ရာမှာ ထက်မြက်တဲ့ ဇာတာရှင်တွေပါ။ တစ်ခုနဲ့တစ်ခုကို …ကြားဝင်ဆက်စပ်ပေးတဲ့နေရာမှာ လည်း ထက်မြက်သူများ ဖြစ်ကြပြီး….အမြဲတမ်းလိုလို ..ရှေ့ကနေ ဝင်ပြီးဆောင်ရွက်ပေးရတတ်တဲ့ ဇာတာရှင်မျိုးတွေလည်း ဖြစ်ပါတယ်။
သူတို့ဟာ နေရာကောင်း ရလွယ်ကြပါတယ်။ ချစ်ခင်နေရာပေးခြင်း ၊ အထောက်အပံ့ပေးခြင်းကံမျိုးတွေကို …ဗုဒ္ဓဟူးအဓိပတိဖွားတွေဟာ ပိုမိုခံစားကြရပြီး ..ရာဟုအဓိပတိဖွားတွေကတော့ နေရာပေးခံရမှုမှာ အားနဲကြသူတွေပါ။
ဘာပဲဖြစ်ဖြစ်…ဗုဒ္ဓဟူး/ရာဟု အဓိပတိဖွား နှစ်မျိုးစလုံးအတွက် ကြာသာပတေးဂြိုဟ်ဟာ …အထူးကောင်းကျိုးပေးနိုင်သော ဂြိုဟ် အဖြစ် ရပ်တည်ပြီး….
အင်္ဂါဂြိုဟ်ကတော့ အဆိုးဆုံးအကျိုးပေးနိုင်စွမ်းရှိသည့် ဂြိုဟ်အဖြစ်ရပ်တည်နေတာကို ….ဖော်ပြပေးလိုက်ရပါတယ်ခင်ဗျား။
အားလုံးပဲ ချမ်းသာကြပါစေ။
ကိုဖုန်း။
သုတေသီဝေသာလီမောင်ဖုန်း။

သုညကြွင်း..ကြာသာပတေး ရာဇဖွား

အောင်မြင်ချိန် စောလျှင်တတ်သော …အကြွင်းဖွားတစ်မျိုးကို ပြပါဆိုရင်တော့…ကြာသာပတေး ရာဇဖွားတွေကို ပြရပါလိမ့်မယ်။
သူတို့တွေရဲ့ အောင်မြင်ချိန်ဟာ အသက် ၁၉နှစ်တင်းတင်းပြည့်ပြီးချိန်ကနေ စတင်လာပါတော့တယ်။
အလွန်နာမည်ပေးမှည့်ခေါ်ပုံ အားနဲလွန်းလှရင်သာ ….အခြေအနေဆိုးကောင်းဆိုးပါမယ်။ သာမန်အားဖြင့်ကတော့…ကြာသာပတေးရာဇဖွားတွေဟာ အသက် ၁၉နှစ်တင်းတင်းပြည့်ပြီး….ချိန်ကနေ…..အသက်အားဖြင့် ၃၁နှစ်အတွင်းမှာပဲ…သူတို့ရဲ့..ကိုယ်ပိုင်အောင်မြင်မှုတွေ စတင်လာတယ်လို့ မုချဆိုနိုင်တဲ့ အခြေအနေပါပဲ။
ကြာသာပတေးရာဇဖွားတွေဟာ အလွန်အမင်း အကဲစမ်းတတ်….ပါတယ်။
သူတို့ကို…ဘယ်သူက ဘယ်လောက်ချစ်သလဲ ဆိုတာကို အမြဲတမ်းအချစ်စမ်းနေတတ်တဲ့ …ဇာတာရှင်တွေလည်း ဖြစ်ပါတယ်။
အဲလို အစမ်းလွန်လွန်းလို့လည်း….တစ်ခါတစ်ရံမှာ …ဖူးစာဖက်တွေနဲ့ သဘောထားကွဲလွဲပြီး လမ်းခွဲရခြင်းတွေ ကြုံကြိုက်ကြရတတ်တဲ့ ဇာတာရှင်မျုးိလေးတွေပါ။
ကြာသာပတေး ရာဇဖွားတွေဟာ..အသက် …၃၂ကနေ ၅၂ အတွင်းမှာ …စိတ်လှုပ်ရှားစရာအကောင်းဆုံး စွန့်စားမှုတွေကို ပြုလုပ်ကြရတတ်ပါတယ်။
အမှားတွေကိုလည်း ပြုမိတတ်ကြချိန်တွေပါ။
တစ်ကယ့်ကို ..အမှားကြီးမှားမယ့် အမှားတွေကို ထိုအချိန်တွေမှာ ပြုမိတတ်ပါလိမ့်မယ်။ (ဗေဒင်ဟောစာတမ်းအဖြစ်သာ မဖတ်ပါနဲ့။ သေချာမှတ်ယူနိုင်ပါစေ။ )
ကြာသာပတေး ရာဇဖွားတွေဟာ …သူစိမ်းတွေအပေါ် အလွန်ရက်ရောတတ်ကြသူတွေလည်းဖြစ်ပါတယ်။
သွေတစ်စက်မှမတော်ပါစေဦး………………
သူတို့ရဲ့ ကြင်နာမှုနဲ့ ….စေတနာက..အံ့သြစရာကောင်းလောက်အောင်ကို…
သူတစ်ပါးအပေါ်မှာ စာနာတတ်ကြသူတွေပါ။
အဲ…..
သူတို့က
လှည့်မကြည့်တော့ဘူး။ ဂရုမစိုက်တော့ဘူးဆိုရင်လည်း….
အဲဒီ့ပုဂ္ဂိုလ်အဖို့…အရှင်လတ်လတ်ငရဲကျခြင်းပါပဲ။
ကြာသာပတေး ရာဇဖွားတွေဟာ …သဘောထားကြီးပါတယ်။ ထို့အတူ အရမ်းပေသီးလည်း ဆန်တတ်ပါတယ်။ အတိအကျတွေလည်း အရမ်းလုပ်တတ်သလို…မထင်မှတ်ဘဲလည်း အလွန်အမင်းရက်ရောတတ်ကြပြန်ပါတယ်။
ဘာပဲဖြစ်ဖြစ်…
ကြာသာပတေး ရာဇဖွားတွေအတွက် စိတ်လှုပ်ရှားစရာအကောင်ဆုံးကာလတွေကတော့….
အသက် 31နှစ်က နေ…..52 ကြားကာလများပဲ ဖြစ်ပါလိမ့်မယ်။
အဆုံးစွန်သော ဖြစ်စဉ်တွေ….
စိတ်လှုပ်ရှားမှုတွေနဲ့ …သက်လတ်ပိုင်းကာလများပဲဖြစ်ပါလိမ့်မယ်ခင်ဗျား။
လေးစားစွာဖြင့်
ကိုဖုန်း။
သုတေသီ ဝေသာလီမောင်ဖုန်း။

သုညကြွင်း သောကြာ အထွန်းဖွား

အကောင်းဆုံး နေရာပေးခံရတတ်သော ရှေးကုသိုလ်ကံ ရှိသူများကို ပြပါဆိုရင်…သောကြာအထွန်းဖွားတွေကိုလည်း ညွှန်ပြပေးရပါလိမ့်မယ်။
သြော်…အတိတ်..ဘဝဘဝတွေက…သိမ်ကျောင်းဇရပ် အမိုးအကာ တယ်လှုခဲ့သကိုးးး ၊ လမ်း တံတားတွေ တယ်ဆောက်ခဲ့ တယ်ဖောက်ခဲ့သကိုး လို့တောင် အတိတ်ဒါနကံ ပါရမီကို ချီးကျူ းချင်ဖွယ်ရာ။
ဒါကြောင့်လည်း မျက်မှောက်ဘဝမှာ အထောက်အပံ့ကောင်းများ ရခြင်း၊ နေရာကောင်းရခြင်း၊ ဌာနကောင်း ရခြင်း၊ ကျောထောက်နောက်ခံကောင်းများရတတ်ခြင်းကံတို့ နဲ့ …ကြုံကြိုက်ကြရတတ်သူတွေပါ။
(နာမည်အဖျားစာလုံး အဆုံးစာလုံးကို…တနင်္လာနံ နဲ့ မှည့်ထားမိရင်တော့…ထိုအတိတ်ကံအကျိုးပေးသည် ရမလိုလိုဖြစ်ပြီးနောက် …မရဘဲ အဟောသိကံ ဖြစ်ရတတ်ပါကြောင်း…) ။
သောကြာအထွန်းဖွားတွေကို မဟာဘုတ်ဥစ်ဖွားတွေလို့လည်းခေါ်ဆိုနိုင်ပါတယ်။
သောကြာအထွန်းဖွားတွေ ဟာ အနုစိတ် အသေးစိတ် တွက်ရမယ့် အလုပ်မျိုးတွေမှာ အောင်မြင်စွာလုပ်ကိုင်နိုင်စွမ်းရှိကြသူတွေပါ။
မေတ္တာရေးမှာ အပြိုင်အဆိုင် ကံ ၊ ရန်နှင့်ယှဉ်သောကံရှိတတ်ကြပြီး…၊ ဘဝလမ်းကြောင်းမှာလည်း ….ကိုယ်ထင်ထားတာတွေ တက်တက်စင်အောင်လွဲချော်မှုတွေ ကြုံပြီးမှ မထင်မှတ်ထားသော လမ်းကြောင်းသစ်ကို လျှောက်လှမ်းခွင့်ရတတ်ကြသူတွေလည်း ဖြစ်ပါတယ်။
သူတို့တွေဟာ….နောက်ကွယ်ကနေ ကြိုးကိုင် အမိန့်ပေးရခြင်းမျိုးကို အထူးနှစ်လိုတတ်ကြပြီး…ကန့်လန့်ကာနောက်ကွယ်က ကြိုးကိုင်ပုဂ္ဂိုလ်တွေလို့တောင် တင်စားနိုင်လောက်ပါတယ်။
သောကြာအထွန်းဖွား အများစုဟာ …နှလုံးနှင့်ဆိုင်သော ရောဂါဥပါဒ် စွဲကပ်လွယ်ကူတတ်ကြပါတယ်။
သူတို့အတွက် …ကောင်းကျိုးအပေးနိုင်ဆုံးကတော့ သောကြာဂြိုဟ်နဲ့ ကြာသာပတေးဂြိုဟ်တို့ပဲ ဖြစ်ပြီး….ဆိုးကျိုးအပေးနိုင်ဆုံးကတော့ တနင်္ဂနွေဂြိုဟ်ပဲဖြစ်ပါတယ်။
သောကြာအထွန်းဖွားတွေကို….လက်ေ်ဆာင်တစ်ခုပေးရမယ်ဆိုရင်တော့…
သံလိုက်တုံးလေးတစ်ခုကို အမြဲဆောင်ထားပါလို့သာ….။
ချမ်းမြေ့ကြပါစေ။
ကိုဖုန်း။
သုတေသီဝေသာလီမောင်ဖုန်း။

သုညကြွင်း စနေ ဘင်္ဂဖွား

သုညကြွင်း စနေ ဘင်္ဂဖွားတွေသည် …ရန်သူဟောင်းများ အမြဲရှိနေတတ်ကြပါတယ်။ ရန်ငြိုးဟောင်း ၊ ရန်စဟောင်းများ ..ကို အမြဲသတိပြုရမယ့် ဇာတာရှင်တွေပါ။ နေရာထိုင်ခင်းကံ နဲ့ ပတ်သက်ရင်လည်း ကံအားနဲတတ်ကြသူတွေပါ။
မေတ္တာရေးမှာတော့အများအားဖြင့်…မိမိတို့အထက် ဘဝအဆင့်အတန်း ၊ အခြေအနေ ၊ အလုပ်၊ ရာထူးစသဖြင့် သာလွန်တတ်သော အိမ်ထောင်ဖက်မျိုး ကြုံကြရလေ့ရှိပါတယ်။ ပုံသေမှတ်ယူလို့ မသင့်ပေမယ့်အများအားဖြင့် အိမ်ထောင်ရေးကံ အားသာချက် ရှိတတ်ကြပါတယ်။
စနေဘင်္ဂဖွားတွေ သည် …လက်မှုပညာ ၊ ဘာသာစကားပညာ နဲ့ ဘာသာပြန်လုပ်ငန်းမျိုးတွေမှာ ကောင်းစွာ …စွမ်းအားထုတ်လုပ်ကိုင်နိုင်စွမ်းလည်းရှိတတ်ကြသူတွေပါ။ အဟောင်းတွေကိုပြန်လည်ပြုပြင်ရသော လုပ်ငန်းနယ်ပယ်တွေမှာလည်း …ပါရမီရှိတတ်ကြသူတွေလို့ ဆိုနိုင်ပါတယ်။
ဘဝမှာ အသက်မွေးမှု မရေမရာဖြစ်ရတတ်ခြင်း၊ ရွေးရခက်ခဲမှု ..ဒွိဟဖြစ်မှု ကြုံရတတ်ခြင်း ကံ ရှိကြသူတွေလည်းဖြစ်ပါတယ်။ အောင်မြင်သူအချို့မှာတော့ …အသက်မွေးမှု တစ်ခုမက …ပိုင်ဆိုင်နေတတ်ကြပြီး အလုပ်အကိုင် နှစ်မျိုး သုံးမျိုး တစ်ပြိုင်နက်တည်းလုပ်ကိုင်နေကြရသူတွေလည်း ရှိကြပါတယ်။
စနေဘင်္ဂဖွား ဇာတာရှင်တွေ ဟာ ဘဝမှာ ရန်သူဟောင်းက ဂုဏ်သိက္ခာကို ထိုးနှက်တိုက်ခိုက်ခြင်းကံ ရင်ဆိုင်ကြရတတ်တာကို အထူးသတိပြုရမယ့် ဇာတာရှင်တွေပါ။
မွေးရပ်မြေနဲ့ ဝေးကွာသော အရပ်ဒေသတွေမှာ ခေါင်းချကြရတတ်ပြီး…စနေဘင်္ဂဖွားတွေအတွက် အကောင်းဆုံးအကျိုးပေးဂြိုဟ်ကတော့ ကြာသာပတေးဂြိုဟ်ပဲ ဖြစ်ပါတယ်။
အင်္ဂါဂြိုဟ်ဟာ ဂြိုဟ်ဆိုးအဖြစ် အကျိုးသက်ရောက်မှာဖြစ်ပြီး….အသက် အား ဖြင့် …၃၀ မှ ၄၁ အတွင်းမှာ …နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ..အခက်အခဲအလွန်များတတ်ခြင်း၊ မိမိနေရာကို ဆုံးရှုံးရတတ်ခြင်း၊ ရာထူးဌာန အတွက် စိတ်ပင်ပန်းရတတ်ခြင်း၊ မနေလိုသောနေရာမျိုးတွင်နေနေရတတ်ခြင်းကံတွေကိုလည်း ရင်ဆိုင်ကြရတတ်ပါတယ်။
ဒါကြောင့်….. ထိုအသက်ပိုင်းများ ရောက်ချိန်မှာ…ညောင်ထောက်ခြင်း၊ တံတားပြင်၊ လမ်းပြင်ခြင်း၊ သိမ်ကျောင်းဇရပ် လှုဒါန်းရာတွင် ကုသိုလ်ပါဝင်ခြင်းများ ပြုသင့်လှပါတယ်ခင်ဗျား။
စနေဘင်္ဂဖွားအပေါင်း ကျန်းမာချမ်းသာခြင်း ရှိကြပါစေသတည်း။
လေးစားစွာဖြင့်
ကိုဖုန်း။
သုတေသီဝေသာလီမောင်ဖုန်း။

မှတ်ချက် / မည်သည့် ဗေဒင် page . facebook account , blog . web page ၊ ဂျာနယ် နှင့် စာမျက်နှာများတွင်မဆို..စီးပွားဖြစ် အသုံးချ ကူးယူဖော်ပြနေခြင်းမျိုးကို ခွင့်မပြုပါ။ သာမန်စာဖတ်ပရိတ်သတ်အများ အတွက်သာ ရေးသားစုစည်း ဖော်ပြပေးထားခြင်းဖြစ်ပါသည်ခင်ဗျာ။

သုညႂကြင္း မဟာဘုတ္ဖြားေန႔နံ တစ္ခုခ်င္း အေသးစိတ္ေဟာကိန္း

သုညႂကြင္း .. တနဂၤေႏြ ပုတိဖြား

ျဖန႔္ျဖဴးေရးလုပ္ငန္း ၊ ကုန္ထုတ္လုပ္ျဖန႔္ျဖဴးေရး ျဖန႔္ခ်ိေရး လုပ္ငန္းအမ်ိဳးအစား တို႔ျဖင့္ က်ယ္က်ယ္ျပန႔္ျပန႔္ ေအာင္ျမင္ႏိုင္ေသာ ဖြားဇာတာမ်ိဳးျဖစ္ပါတယ္။ တနဂၤေႏြ ပုတိဖြား ဇာတာရွင္ေတြဟာ …လူတစ္ကိုယ္ အသြင္ႏွစ္မ်ိဳး နဲ႔ ေနထိုင္တတ္ၾကသူေတြလို႔လည္း ဆိုႏိုင္ပါတယ္။
သူတို႔ရဲ႕ အဓိက အရည္အေသြးကေတာ့ ျပဳျပင္ႏိုင္ေသာ စြမ္းရည္ျဖစ္ၿပီး … ျပဳျပင္ေရးလုပ္ငန္းနယ္ပယ္မ်ား၊ လက္မႈပညာရပ္နယ္ပယ္မ်ားမွာ ေကာင္းစြာလုပ္ကိုင္ႏိုင္စြမ္း ရွိတတ္ၾကသူေတြပါ။
အကယ္၍ နာမည္အဖ်ားစာလုံးကို ..ဗုဒၶဟူးနံ (ယ၊လ၊ဝ) ျဖင့္မွည့္ေခၚထားမိမယ္ဆိုရင္ …ျပဳျပင္ေရးလုပ္ငန္းနယ္ပယ္တြင္ ပိုမိုၿပီး ေကာင္းစြာ စြမ္းအားထုတ္လုပ္ေဆာင္ႏိုင္မွာျဖစ္ၿပီး အသက္ေမြးရသည္အထိလည္း …ေရာက္ရွိသြားႏိုင္ပါတယ္။
အေနအထိုင္သိုသိပ္တတ္ေသာ ဖြားဇာတာမ်ိဳးျဖစ္ၿပီး …အမ်ိဳးသားဇာတာရွင္ေတြမွာ ခ်စ္မႈေရးရာနဲ႔လိင္ဆႏၵ ပိုမို ထက္သန္တတ္ၾကပါတယ္။
တနဂၤေႏြ ပုတိဖြား ဇာတာရွင္ေတြဟာ … ယဥ္ကားမ်ားနဲ႔ပတ္သက္ရင္ အမ်ားအားျဖင့္ ကံေကာင္းတတ္ၾကေလ့ရွိပါတယ္။
အမ်ိဳးသမီးအႀကီးအကဲမ်ားရဲ႕ အက်ိဳးကိုလည္း ခံစားရတတ္ၿပီး…အေမြအႏွစ္ခံစားခြင့္ကံမွာလည္း အျခားသူေတြထက္ ပိုမို အားေကာင္းတတ္ၾကသူေတြျဖစ္ပါတယ္။
တနဂၤေႏြပုတိဖြားေတြဟာ စပ္တူအစုစပ္က႑မ်ားမွာေတာ့ အလြန္ကံဆိုးတတ္ၾကၿပီး…၊ ဘဝမွာ သူတစ္ပါး စြပ္စြဲခံရျခင္းမ်ိဳးကိုလည္း ႀကီးႀကီးမားမား မုခ်ႀကဳံရတတ္သူေတြပါပဲ။
အျခားသူေတြကို စည္း႐ုံးသိမ္းသြင္းႏိုင္ဖို႔ အတြက္ကေတာ့ အလြန္ညံ့ၾကသူေတြလို႔လည္း ..ဒီဇာတာဖြားေတြကို ဆိုႏိုင္ပါလိမ့္မယ္။
တနဂၤေႏြပုတိဖြား တစ္ေယာက္ဘ၀ ေရာက္ၿပီဆိုတာနဲ႔ …ၾကာသာပေတးၿဂိဳဟ္ဟာ …ေကာင္းက်ိဳးအေပးႏိုင္ဆုံးၿဂိဳဟ္ျဖစ္ၿပီး…အဂၤါၿဂိဳဟ္ကေတာ့ မိမိတို႔ဘဝကံမွာ ဆိုးက်ိဳးအေပးႏိုင္ဆုံးၿဂိဳဟ္ ျဖစ္တယ္ဆိုတာကို သိရွိထားဖို႔ရန္ လိုအပ္ပါလိမ့္မယ္ခင္ဗ်ား။
ေလးစားစြာျဖင့္
ကိုဖုန္း။
သုေတသီ ေဝသာလီေမာင္ဖုန္း။

သုညႂကြင္း တနလၤာ သိုက္ဖြား

လြယ္လြယ္ေလးေတြကို ပစ္ပယ္ၿပီး ခက္ခက္ခဲခဲေလး မွ လိုခ်င္တတ္သူေတြကို တနလၤာသိုက္ဖြားေတြလို႔ ေခၚရပါလိမ့္မယ္။
တနလၤာသိုက္ဖြားေတြဟာ…ေနရာထိုင္ခင္း ကံ နဲ႔ ေက်ာေထာက္ေနာက္ခံ အင္အား ရလြယ္ေသာ ကံအေနအထား အလြန္ေကာင္းတတ္ၾကပါတယ္။
ဘဝမွာ သူတို႔ဘယ္ေလာက္ပဲ ယိုင္လဲသြားသြား..အတိတ္ကုသိုလ္ကံအဟုန္ေၾကာင့္….ေထာက္ပံ့ေဖးမေပးမယ့္သူေတြလည္း အလိုလိုေပၚေပါက္လာရတတ္စၿမဲျဖစ္ပါတယ္။
ေနရာေကာင္း ဂြင္ေကာင္း ..ဌာနေကာင္း ရရွိတတ္ၾကတာလည္း သူတို႔ပါပဲ။
ခ်စ္မႈေရးရာကံမွာ ကေျပာင္းတိ ကေျပာင္းျပန္…မထင္တာေတြ ျဖစ္တတ္ေသာ ကံကိုလည္း သူတို႔မွာ ေတြ႕ရေလ့ရွိပါတယ္။
တနလၤာသိုက္ဖြားေတြဟာ … မဟာဘုတ္ ဥစ္ဖြား ဇာတာရွင္ေတြလည္း ျဖစ္ပါတယ္။
သူတို႔ဟာ …
လြယ္တာထက္ ခက္တာ ..
နီးနီးေလးက အရာ ထက္ အေဝးကအရာ ..
ေျဖရွင္းရလြယ္တာထက္ …ေျဖရွင္းရခက္မွာေတြကို ပိုမိုလိုလားစိတ္လည္း ထူးဆန္းစြာရွိေနတတ္ၾကသူေတြပါ။
အေဝးကို ကိုင္းၫြတ္တတ္လြန္းတဲ့ စိတ္သဘာဝေၾကာင့္လည္းဘဲ…တစ္ခါတစ္ရံမွာ အနီးကအရာေတြကို ေက်ာ္လႊားခ်န္ထားခဲ့မိၿပီး လ်စ္လ်ဴ ရႈမိ …သလို ျဖစ္သြားတတ္ၾကသူေတြပါ။
ထူးျခားခ်က္ ေနာက္တစ္ခုကေတာ့ တနလၤာသိုက္ဖြားေတြဟာ … အေဝးက ပစ္မွတ္ကို …ခ်ိန္ဆပစ္ခတ္ရျခင္းမ်ိဳး ၊ အေဝးက ပန္းတိုင္တစ္ခုကို ..ဦးတည္ၿပီး ကြက္တိလုပ္ေဆာင္ ေလွ်ာက္လွမ္းရျခင္းမ်ိဳးကို အထူးႏွစ္သက္တတ္ျခင္းပါပဲ။
တနလၤာသိုက္ဖြား ကေလးငယ္ေတြဆိုရင္…စႏိုက္ပါလို ဂိမ္း မ်ိဳးေတြကို အထူးႏွစ္သက္ေလ့ရွိတတ္ၾကပါတယ္။
သူတို႔ဟာ တစ္စုံတစ္ခုကို အာ႐ုံဆႏၵကိုင္းၫြတ္မိၿပီဆိုရင္လည္း ..အလြန္အက်ဴး စိုက္မိတတ္ၾကသူေတြ ျဖစ္ပါတယ္။ ဂ႐ုစိုက္ခ်င္ၿပီဆိုရင္ အစြမ္းကုန္ အသားကုန္ ဂ႐ုစိုက္ၿပီး…ဒါမွဒါ လုပ္ေနမွာျဖစ္သလို…၊ လ်စ္လ်ဴ ရႈလိုက္ၿပီဆိုရင္လည္း …ေမ့ကေရာ ဆိုတာမ်ိဳး…လုံးဝေက်ာခိုင္းပစ္လိုက္မိတတ္ၾကပါတယ္။
သူတို႔ဟာ သူတို႔ရဲ႕ စြမ္းအင္ ကို အလြန္အက်ဴး စိုက္တတ္ေသာ သဘာ၀ ရွိၾကပါတယ္။ သူတိုွ႔စိတ္ပါဝင္စား ရာ က႑မ်ားနဲ႔ ဘဝကို အခ်ိန္ကုန္လြန္ တစ္စိုက္စိုက္ သြားေနတတ္ၾကၿပီး….ထိုအခ်င္းအရာေၾကာင့္ပဲ …အခ်ိဳ႕ေသာ ဘဝရဲ႕ အားနဲခ်က္ကေလးေတြလည္း ျဖစ္တည္လာတတ္ၾကပါတယ္။
တနလၤာသိုက္ဖြားေတြအတြက္ ..တနလၤာၿဂိဳဟ္နဲ႔ ေသာၾကာၿဂိဳဟ္ဟာ အသန႔္အစင္ ေကာင္းမြန္ေသာ အက်ိဳးေပးၿဂိဳဟ္မ်ား ျဖစ္ၾကၿပီး…ဗုဒၶဟူး နဲ႔ စေနကေတာ့ ..ဆိုးက်ိဳးေပးႏိုင္ေသာ ၿဂိဳဟ္မ်ားအျဖစ္ ရပ္တည္ထားၾကပါတယ္။
အသက္ ၄၀တင္းတင္းျပည့္ၿပီးခ်ိန္ကေန ….အသက္ ၅၀အတြင္းမွာ …တနလၤာသိုက္ဖြားေတြဟာ နာမ္ပိုင္းဆိုင္ရာဉာဏ္စဥ္နဲ႔ ..ဘာသာေရးဆိုင္ရာ ဉာဏ္တို႔ အထက္သန္ဆုံးေတာက္ပလာပါတယ္။ ဘဝတစ္ေလွ်ာက္လုံးမွာလည္း …ထို ဆယ္ႏွစ္တာကာလသည္သူတို႔ရဲ႕ စြမ္းရည္အေတာက္ပဆုံး ကာလျဖစ္ၿပီး …တက္လာသမွ်ဉာဏ္စဥ္ေတြကိုသာ အက်ိဳးရွိေအာင္ အသုံးခ်ႏိုင္မယ္ဆိုရင္ …ျမင့္မားတဲ့အသိဉာဏ္စဥ္ပိုင္းေတြကို ရရွိႏိုင္မယ့္ကာလမ်ားလည္း ျဖစ္ပါလိမ့္မယ္။
ဘဝရဲ႕ ေလာကီသုခ အရႏိုင္ဆုံးကာလကေတာ့ …အသက္ ၅၁ႏွစ္မွ…၆၉ႏွစ္ၾကားလို႔ ဆိုႏိုင္ၿပီး …အမည္ေပးမွည့္ေခၚပုံပါ သင့္တင့္ညီၫြတ္ခဲ့မယ္ဆိုရင္ မုခ် ထိုကာလမ်ားသည္ ….စိတ္ခ်မ္းသာစြာ မိသားစုမ်ားနဲ႔ သိုက္သိုက္ဝန္းဝန္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ျဖတ္သန္းသြားရမယ့္ တတိယအ႐ြယ္အျဖစ္ ပိုင္ဆိုင္ႏိုင္ခြင့္ကံ ရွိၾကေသာ ကံဇာတာရွင္မ်ားပဲ ျဖစ္ၾကပါေၾကာင္း။
ေလးစားစြာျဖင့္..
ကိုဖုန္း။
သုေတသီ ေဝသာလီေမာင္ဖုန္း။

သုညႂကြင္း အဂၤါ မရဏဖြား

အဂၤါမရဏဖြား ဇာတာရွင္ေတြဟာ …မ်ိဳးႏြယ္စု ..မိသားစု ထံမွ..ဆိုးေမြေရာ ေကာင္းေမြပါ …ရထိုက္ေသာကံပိုင္ရွင္ေတြလို႔ ဆိုႏိုင္ပါတယ္။ အသက္ ၃၆မွ ၅၄ႏွစ္ၾကားမွာ …အေမြအႏွစ္ကံ ေပၚေပါက္တတ္ၾကၿပီး …ေကာင္းျမတ္ေသာ မဂၤလာ အခမ္းအနားမ်ား ဆင္ယင္ခြင့္ က်င္းပခြင့္ ကိုလည္း ၎ကာလမ်ားမွာ ရရွိတတ္ၾကပါတယ္။
အဂၤါမရဏဖြားေတြဟာ …မရည္႐ြယ္မထင္မွတ္ဘဲ…စီးပြားဥစၥာႏွင့္ ကံေကာင္းမႈ အစုလိုက္အၿပဳံလိုက္ကို …စိုင္ေကာ္ၿပီး ၿခဳံေပၚေရာက္သည့္ႏွယ္.. .ခံစားခြင့္ကံလည္း ပါရွိတတ္ၾကသူေတြပါ။
သူတို႔ဟာ…သူတို႔ရဲ႕ ေနရာထိုင္ခင္း၊ အိုးအိမ္ ၊ အခင္းအက်င္း အဆင္အျပင္ ၊ အထားအသို ပိုင္းနဲ႔ ပတ္သက္လို႔ …စိတ္ကူးယဥ္ေလ့ရွိတတ္ၾကၿပီး၊ ၎တို႔နဲ႔ပတ္သက္ရင္ ႏွေမ်ာတြန႔္တိုစိတ္လည္း ရွိတတ္ၾကပါတယ္။ ကိုယ့္ေနရာေလးကိုယ္ပဲ ခ်စ္တယ္။ ကိုယ့္ေနရာမွာပဲ ကိုယ္ေနခ်င္တယ္ ဆိုတဲ့ စိတ္ဆႏၵမ်ိဳး မ်ားတတ္ၾကသူေတြပါပဲ။
ထို႔ႏွယ္တူစြာ….
သူတို႔ဟာ ခ်စ္မႈေရးရာမွာလည္း ….ကိုယ္ခ်စ္တဲ့သူနဲ႔ ပတ္သက္ရင္ သဝန္တိုစိတ္မ်ားတတ္ၾကပါတယ္။ ကိုယ္ခ်စ္တဲ့သူေတြကို ဒီလိုေန ဒီလိုထိုင္ ..ဟိုလိုမေနနဲ႔ ဟိုလိုမထိုင္နဲ႔ စသည္ျဖင့္ တြန႔္တိုတတ္ၾကသူေတြပါ။
ထူးထူးျခားျခားေတြ႕မိတာေလး တစ္ခုကေတာ့ အဂၤါမရဏဖြားအခ်ိဳ႕ဟာ ခ်စ္သူခင္သူ ဝိုင္းဝိုင္းလည္ ေနတတ္ၾကတာကို ေတြ႕ရပါတယ္။ အမ်ားအားျဖင့္ေတာ့ အဂၤါမရဏဖြားေတြဟာ …သူခ်စ္ကိုသာ ေ႐ြးမိမယ္ဆိုရင္ ကံေကာင္းတတ္ၾကတာေတြ႕ရပါတယ္။
သူတို႔ဟာ စြပ္စြဲေျပာဆိုခံရျခင္းမ်ိဳးကို အထူးမုန္းတီးတတ္ၾကၿပီး …. နက္နဲတဲ့အခ်င္းအရာေတြကိုလည္း စိတ္ဝင္စားတတ္ၾကသူေတြ လို႔ ဆိုႏိုင္ပါတယ္။
အဂၤါမရဏဖြားေတြဟာ …ေမြးစ မွ အသက္ ၈ႏွစ္အတြင္း … အျခားကေလးငယ္မ်ားနဲ႔မတူ…ႀကီးျပင္းရွင္သန္ရပုံ ကြာျခားတတ္ၾကပါတယ္။ အမ်ားႏွင့္မတူ တစ္မူကြဲျပားမႈကို …ငယ္စဥ္ကာလ ကတည္းက စတင္ၿပီး ေပၚလြင္ေနတတ္ၾကသူေတြပါ။ သူတို႔အတြက္ အေကာင္းဆုံးအက်ိဳးေပးကာလကို ….ေယ်ဘုယ်အားျဖင့္ အသက္ ၃၆မွ…၅၄ လို႔ သတ္မွတ္ႏိုင္ၿပီး …နာမည္အရေတာ့ အက်ိဳးအျပစ္ေတြ ကြာဟသြားမွာျဖစ္ပါတယ္ခင္ဗ်ား။
ခ်မ္းသာၾကပါေစ။
ကိုဖုန္း။
သုေတသီ ေဝသာလီေမာင္ဖုန္း။

သုညႂကြင္း ဗုဒၶဟူး/ ရာဟု အဓိပတိဖြား

ဗုဒၶဟူး/ရာဟု အဓိပတိဖြားေတြ ဟာ ဘဝမွာ အက်ိဳးစီးပြားကို က်ယ္က်ယ္ျပန႔္ျပန႔္ … ရွာေဖြယူႏိုင္စြမ္းရွိေသာ ဖြားဇာတာရွင္ေတြပါ။ အထူးသျဖင့္ ဗုဒၶဟူးအဓိပတိဖြားဟာ အင္အားပိုမိုရွိပါတယ္။
ဗုဒၶဟူး / ရာဟု ဖြားမ်ားအတြက္ အက်ိဳးစီးပြား ရွာေဖြရရွိခြင့္ကံဟာ… သက္လတ္ပိုင္း ကာလ ၂၈ မွ….၄၆ ၾကားမွာ ႏိုးထအသက္ဝင္လာတတ္ပါတယ္။
ဒီ့မတိုင္မီ…..အသက္ ၁၈ မွ ..၂၇ ၾကားကာလမ်ားကေတာ့ ….ပညာရပ္ဆိုင္ရာ အသိအျမင္ အတိုးပြားဆုံးကာလမ်ားျဖစ္ၿပီး ..အတန္းပညာပဲျဖစ္ေစ…လက္မႈပညာပဲျဖစ္ေစ….မည္သည့္ပညာရပ္မ်ိဳးကိုမဆိုေလ့လာလိုက္စားလို႔ အေကာင္းဆုံးကာလမ်ားလည္း ျဖစ္ပါတယ္။
ဗုဒၶဟူး/ရာဟု အဓိပတိဖြားေတြဟာ …အမ်ားစုနဲ႔ ေရရွည္လက္တြဲႏိုင္ေရးမွာ ..အားနဲတတ္ၾကပါတယ္။ သူတို႔ေတြဟာ ဘဝမွာ အရွက္ရတတ္ေသာ ကံလည္း ရွိတတ္ၾကသူေတြပါ။ အထူးသျဖင့္ ဗုဒၶဟူးအဓိပတိဖြားေတြဟာ အရွက္မကြဲဖူးသည္ ဟူၿပီး မရွိဟု ဆိုရေလာက္ေအာင္ပင္…ဂုဏ္သိကၡာညႇိးႏြမ္း ထိခိုက္တတ္ေသာ ကံပိုင္းဆိုင္ရာ ပါလာၾကသူေတြျဖစ္ပါတယ္။
ရာဟုအဓိပတိဖြားသည္လည္း ဗုဒၶဟူးေလာက္မညံ့သည့္တိုင္ေအာင္ …သူလည္း မလြတ္ပါ။
အထူးသျဖင့္ အမည္ကို …(ဗုဒၶဟူးအစ + တနလၤာအဆုံး) (ဗုဒၶဟူးအစ + ဗုဒၶဟူးအဆုံး) စသည္ျဖင့္ …(အျခားအမည္တြဲမ်ားလည္း ရွိေသး) မွည့္ေခၚထားမိမယ္ဆိုရင္….အရွက္ရတတ္ေသာကံဟာ
ေျပးမလြတ္ေလာက္ေအာင္ကို ေသခ်ာသြားေစပါတယ္။
ဗုဒၶဟူး/ရာဟု အဓိပတိဖြား ေတြသည္ ျခင္ဆီအားနဲမႈ ေၾကာင့္ ျဖစ္ပြားတတ္ေသာ ေရာဂါေဝဒနာမ်ား …ေလရႈႁပြန္ ႏွင့္ပတ္သက္ေသာ ေရာဂါေဝဒနာမ်ား၊ အဆုတ္ေရာဂါ ၊ လိင္တြင္ ျဖစ္ပြားတတ္ေသာ ေရာဂါဘယမ်ား ျဖစ္လြယ္တတ္ၾကသူေတြပါ။
အမ်ိဳးသားဇာတာရွင္အခ်ိဳ႕မွာ…..လိင္ပိုင္းဆိုင္ရာ ..အားနဲခ်က္ ျဖစ္ပြားတတ္ျခင္း၊ က်ားခြန္အား ေပ်ာက္ဆုံးျခင္း ၊ လိင္ေဖာက္ျပန္တတ္ျခင္း မ်ိဳးကဲ့သို႔… အေျခအေနေလးေတြလည္း ထူးထူးျခားျခား ခံစားၾကရတာကိုေတြ႕ရွိရပါတယ္။
လက္မႈပညာ မွာ ထူးခြၽန္တတ္ၾကၿပီး…ေၾကာင္းက်ိဳးဆက္စပ္ရာမွာ ထက္ျမက္တဲ့ ဇာတာရွင္ေတြပါ။ တစ္ခုနဲ႔တစ္ခုကို …ၾကားဝင္ဆက္စပ္ေပးတဲ့ေနရာမွာ လည္း ထက္ျမက္သူမ်ား ျဖစ္ၾကၿပီး….အၿမဲတမ္းလိုလို ..ေရွ႕ကေန ဝင္ၿပီးေဆာင္႐ြက္ေပးရတတ္တဲ့ ဇာတာရွင္မ်ိဳးေတြလည္း ျဖစ္ပါတယ္။
သူတို႔ဟာ ေနရာေကာင္း ရလြယ္ၾကပါတယ္။ ခ်စ္ခင္ေနရာေပးျခင္း ၊ အေထာက္အပံ့ေပးျခင္းကံမ်ိဳးေတြကို …ဗုဒၶဟူးအဓိပတိဖြားေတြဟာ ပိုမိုခံစားၾကရၿပီး ..ရာဟုအဓိပတိဖြားေတြကေတာ့ ေနရာေပးခံရမႈမွာ အားနဲၾကသူေတြပါ။
ဘာပဲျဖစ္ျဖစ္…ဗုဒၶဟူး/ရာဟု အဓိပတိဖြား ႏွစ္မ်ိဳးစလုံးအတြက္ ၾကာသာပေတးၿဂိဳဟ္ဟာ …အထူးေကာင္းက်ိဳးေပးႏိုင္ေသာ ၿဂိဳဟ္ အျဖစ္ ရပ္တည္ၿပီး….
အဂၤါၿဂိဳဟ္ကေတာ့ အဆိုးဆုံးအက်ိဳးေပးႏိုင္စြမ္းရွိသည့္ ၿဂိဳဟ္အျဖစ္ရပ္တည္ေနတာကို ….ေဖာ္ျပေပးလိုက္ရပါတယ္ခင္ဗ်ား။
အားလုံးပဲ ခ်မ္းသာၾကပါေစ။
ကိုဖုန္း။
သုေတသီေဝသာလီေမာင္ဖုန္း။

သုညႂကြင္း..ၾကာသာပေတး ရာဇဖြား

ေအာင္ျမင္ခ်ိန္ ေစာလွ်င္တတ္ေသာ …အႂကြင္းဖြားတစ္မ်ိဳးကို ျပပါဆိုရင္ေတာ့…ၾကာသာပေတး ရာဇဖြားေတြကို ျပရပါလိမ့္မယ္။
သူတို႔ေတြရဲ႕ ေအာင္ျမင္ခ်ိန္ဟာ အသက္ ၁၉ႏွစ္တင္းတင္းျပည့္ၿပီးခ်ိန္ကေန စတင္လာပါေတာ့တယ္။
အလြန္နာမည္ေပးမွည့္ေခၚပုံ အားနဲလြန္းလွရင္သာ ….အေျခအေနဆိုးေကာင္းဆိုးပါမယ္။ သာမန္အားျဖင့္ကေတာ့…ၾကာသာပေတးရာဇဖြားေတြဟာ အသက္ ၁၉ႏွစ္တင္းတင္းျပည့္ၿပီး….ခ်ိန္ကေန…..အသက္အားျဖင့္ ၃၁ႏွစ္အတြင္းမွာပဲ…သူတို႔ရဲ႕..ကိုယ္ပိုင္ေအာင္ျမင္မႈေတြ စတင္လာတယ္လို႔ မုခ်ဆိုႏိုင္တဲ့ အေျခအေနပါပဲ။
ၾကာသာပေတးရာဇဖြားေတြဟာ အလြန္အမင္း အကဲစမ္းတတ္….ပါတယ္။
သူတို႔ကို…ဘယ္သူက ဘယ္ေလာက္ခ်စ္သလဲ ဆိုတာကို အၿမဲတမ္းအခ်စ္စမ္းေနတတ္တဲ့ …ဇာတာရွင္ေတြလည္း ျဖစ္ပါတယ္။
အဲလို အစမ္းလြန္လြန္းလို႔လည္း….တစ္ခါတစ္ရံမွာ …ဖူးစာဖက္ေတြနဲ႔ သေဘာထားကြဲလြဲၿပီး လမ္းခြဲရျခင္းေတြ ႀကဳံႀကိဳက္ၾကရတတ္တဲ့ ဇာတာရွင္မ်ဳးိေလးေတြပါ။
ၾကာသာပေတး ရာဇဖြားေတြဟာ..အသက္ …၃၂ကေန ၅၂ အတြင္းမွာ …စိတ္လႈပ္ရွားစရာအေကာင္းဆုံး စြန႔္စားမႈေတြကို ျပဳလုပ္ၾကရတတ္ပါတယ္။
အမွားေတြကိုလည္း ျပဳမိတတ္ၾကခ်ိန္ေတြပါ။
တစ္ကယ့္ကို ..အမွားႀကီးမွားမယ့္ အမွားေတြကို ထိုအခ်ိန္ေတြမွာ ျပဳမိတတ္ပါလိမ့္မယ္။ (ေဗဒင္ေဟာစာတမ္းအျဖစ္သာ မဖတ္ပါနဲ႔။ ေသခ်ာမွတ္ယူႏိုင္ပါေစ။ )
ၾကာသာပေတး ရာဇဖြားေတြဟာ …သူစိမ္းေတြအေပၚ အလြန္ရက္ေရာတတ္ၾကသူေတြလည္းျဖစ္ပါတယ္။
ေသြတစ္စက္မွမေတာ္ပါေစဦး………………
သူတို႔ရဲ႕ ၾကင္နာမႈနဲ႔ ….ေစတနာက..အံ့ၾသစရာေကာင္းေလာက္ေအာင္ကို…
သူတစ္ပါးအေပၚမွာ စာနာတတ္ၾကသူေတြပါ။
အဲ…..
သူတို႔က
လွည့္မၾကည့္ေတာ့ဘူး။ ဂ႐ုမစိုက္ေတာ့ဘူးဆိုရင္လည္း….
အဲဒီ့ပုဂၢိဳလ္အဖို႔…အရွင္လတ္လတ္ငရဲက်ျခင္းပါပဲ။
ၾကာသာပေတး ရာဇဖြားေတြဟာ …သေဘာထားႀကီးပါတယ္။ ထို႔အတူ အရမ္းေပသီးလည္း ဆန္တတ္ပါတယ္။ အတိအက်ေတြလည္း အရမ္းလုပ္တတ္သလို…မထင္မွတ္ဘဲလည္း အလြန္အမင္းရက္ေရာတတ္ၾကျပန္ပါတယ္။
ဘာပဲျဖစ္ျဖစ္…
ၾကာသာပေတး ရာဇဖြားေတြအတြက္ စိတ္လႈပ္ရွားစရာအေကာင္ဆုံးကာလေတြကေတာ့….
အသက္ 31ႏွစ္က ေန…..52 ၾကားကာလမ်ားပဲ ျဖစ္ပါလိမ့္မယ္။
အဆုံးစြန္ေသာ ျဖစ္စဥ္ေတြ….
စိတ္လႈပ္ရွားမႈေတြနဲ႔ …သက္လတ္ပိုင္းကာလမ်ားပဲျဖစ္ပါလိမ့္မယ္ခင္ဗ်ား။
ေလးစားစြာျဖင့္
ကိုဖုန္း။
သုေတသီ ေဝသာလီေမာင္ဖုန္း။

သုညႂကြင္း ေသာၾကာ အထြန္းဖြား

အေကာင္းဆုံး ေနရာေပးခံရတတ္ေသာ ေရွးကုသိုလ္ကံ ရွိသူမ်ားကို ျပပါဆိုရင္…ေသာၾကာအထြန္းဖြားေတြကိုလည္း ၫႊန္ျပေပးရပါလိမ့္မယ္။
ေၾသာ္…အတိတ္..ဘဝဘ၀ေတြက…သိမ္ေက်ာင္းဇရပ္ အမိုးအကာ တယ္လႈခဲ့သကိုးးး ၊ လမ္း တံတားေတြ တယ္ေဆာက္ခဲ့ တယ္ေဖာက္ခဲ့သကိုး လို႔ေတာင္ အတိတ္ဒါနကံ ပါရမီကို ခ်ီးက်ဴ းခ်င္ဖြယ္ရာ။
ဒါေၾကာင့္လည္း မ်က္ေမွာက္ဘဝမွာ အေထာက္အပံ့ေကာင္းမ်ား ရျခင္း၊ ေနရာေကာင္းရျခင္း၊ ဌာနေကာင္း ရျခင္း၊ ေက်ာေထာက္ေနာက္ခံေကာင္းမ်ားရတတ္ျခင္းကံတို႔ နဲ႔ …ႀကဳံႀကိဳက္ၾကရတတ္သူေတြပါ။
(နာမည္အဖ်ားစာလုံး အဆုံးစာလုံးကို…တနလၤာနံ နဲ႔ မွည့္ထားမိရင္ေတာ့…ထိုအတိတ္ကံအက်ိဳးေပးသည္ ရမလိုလိုျဖစ္ၿပီးေနာက္ …မရဘဲ အေဟာသိကံ ျဖစ္ရတတ္ပါေၾကာင္း…) ။
ေသာၾကာအထြန္းဖြားေတြကို မဟာဘုတ္ဥစ္ဖြားေတြလို႔လည္းေခၚဆိုႏိုင္ပါတယ္။
ေသာၾကာအထြန္းဖြားေတြ ဟာ အႏုစိတ္ အေသးစိတ္ တြက္ရမယ့္ အလုပ္မ်ိဳးေတြမွာ ေအာင္ျမင္စြာလုပ္ကိုင္ႏိုင္စြမ္းရွိၾကသူေတြပါ။
ေမတၱာေရးမွာ အၿပိဳင္အဆိုင္ ကံ ၊ ရန္ႏွင့္ယွဥ္ေသာကံရွိတတ္ၾကၿပီး…၊ ဘဝလမ္းေၾကာင္းမွာလည္း ….ကိုယ္ထင္ထားတာေတြ တက္တက္စင္ေအာင္လြဲေခ်ာ္မႈေတြ ႀကဳံၿပီးမွ မထင္မွတ္ထားေသာ လမ္းေၾကာင္းသစ္ကို ေလွ်ာက္လွမ္းခြင့္ရတတ္ၾကသူေတြလည္း ျဖစ္ပါတယ္။
သူတို႔ေတြဟာ….ေနာက္ကြယ္ကေန ႀကိဳးကိုင္ အမိန႔္ေပးရျခင္းမ်ိဳးကို အထူးႏွစ္လိုတတ္ၾကၿပီး…ကန႔္လန႔္ကာေနာက္ကြယ္က ႀကိဳးကိုင္ပုဂၢိဳလ္ေတြလို႔ေတာင္ တင္စားႏိုင္ေလာက္ပါတယ္။
ေသာၾကာအထြန္းဖြား အမ်ားစုဟာ …ႏွလုံးႏွင့္ဆိုင္ေသာ ေရာဂါဥပါဒ္ စြဲကပ္လြယ္ကူတတ္ၾကပါတယ္။
သူတို႔အတြက္ …ေကာင္းက်ိဳးအေပးႏိုင္ဆုံးကေတာ့ ေသာၾကာၿဂိဳဟ္နဲ႔ ၾကာသာပေတးၿဂိဳဟ္တို႔ပဲ ျဖစ္ၿပီး….ဆိုးက်ိဳးအေပးႏိုင္ဆုံးကေတာ့ တနဂၤေႏြၿဂိဳဟ္ပဲျဖစ္ပါတယ္။
ေသာၾကာအထြန္းဖြားေတြကို….လက္ေ္ဆာင္တစ္ခုေပးရမယ္ဆိုရင္ေတာ့…
သံလိုက္တုံးေလးတစ္ခုကို အၿမဲေဆာင္ထားပါလို႔သာ….။
ခ်မ္းေျမ့ၾကပါေစ။
ကိုဖုန္း။
သုေတသီေဝသာလီေမာင္ဖုန္း။

သုညႂကြင္း စေန ဘဂၤဖြား

သုညႂကြင္း စေန ဘဂၤဖြားေတြသည္ …ရန္သူေဟာင္းမ်ား အၿမဲရွိေနတတ္ၾကပါတယ္။ ရန္ၿငိဳးေဟာင္း ၊ ရန္စေဟာင္းမ်ား ..ကို အၿမဲသတိျပဳရမယ့္ ဇာတာရွင္ေတြပါ။ ေနရာထိုင္ခင္းကံ နဲ႔ ပတ္သက္ရင္လည္း ကံအားနဲတတ္ၾကသူေတြပါ။
ေမတၱာေရးမွာေတာ့အမ်ားအားျဖင့္…မိမိတို႔အထက္ ဘဝအဆင့္အတန္း ၊ အေျခအေန ၊ အလုပ္၊ ရာထူးစသျဖင့္ သာလြန္တတ္ေသာ အိမ္ေထာင္ဖက္မ်ိဳး ႀကဳံၾကရေလ့ရွိပါတယ္။ ပုံေသမွတ္ယူလို႔ မသင့္ေပမယ့္အမ်ားအားျဖင့္ အိမ္ေထာင္ေရးကံ အားသာခ်က္ ရွိတတ္ၾကပါတယ္။
စေနဘဂၤဖြားေတြ သည္ …လက္မႈပညာ ၊ ဘာသာစကားပညာ နဲ႔ ဘာသာျပန္လုပ္ငန္းမ်ိဳးေတြမွာ ေကာင္းစြာ …စြမ္းအားထုတ္လုပ္ကိုင္ႏိုင္စြမ္းလည္းရွိတတ္ၾကသူေတြပါ။ အေဟာင္းေတြကိုျပန္လည္ျပဳျပင္ရေသာ လုပ္ငန္းနယ္ပယ္ေတြမွာလည္း …ပါရမီရွိတတ္ၾကသူေတြလို႔ ဆိုႏိုင္ပါတယ္။
ဘဝမွာ အသက္ေမြးမႈ မေရမရာျဖစ္ရတတ္ျခင္း၊ ေ႐ြးရခက္ခဲမႈ ..ဒြိဟျဖစ္မႈ ႀကဳံရတတ္ျခင္း ကံ ရွိၾကသူေတြလည္းျဖစ္ပါတယ္။ ေအာင္ျမင္သူအခ်ိဳ႕မွာေတာ့ …အသက္ေမြးမႈ တစ္ခုမက …ပိုင္ဆိုင္ေနတတ္ၾကၿပီး အလုပ္အကိုင္ ႏွစ္မ်ိဳး သုံးမ်ိဳး တစ္ၿပိဳင္နက္တည္းလုပ္ကိုင္ေနၾကရသူေတြလည္း ရွိၾကပါတယ္။
စေနဘဂၤဖြား ဇာတာရွင္ေတြ ဟာ ဘဝမွာ ရန္သူေဟာင္းက ဂုဏ္သိကၡာကို ထိုးႏွက္တိုက္ခိုက္ျခင္းကံ ရင္ဆိုင္ၾကရတတ္တာကို အထူးသတိျပဳရမယ့္ ဇာတာရွင္ေတြပါ။
ေမြးရပ္ေျမနဲ႔ ေဝးကြာေသာ အရပ္ေဒသေတြမွာ ေခါင္းခ်ၾကရတတ္ၿပီး…စေနဘဂၤဖြားေတြအတြက္ အေကာင္းဆုံးအက်ိဳးေပးၿဂိဳဟ္ကေတာ့ ၾကာသာပေတးၿဂိဳဟ္ပဲ ျဖစ္ပါတယ္။
အဂၤါၿဂိဳဟ္ဟာ ၿဂိဳဟ္ဆိုးအျဖစ္ အက်ိဳးသက္ေရာက္မွာျဖစ္ၿပီး….အသက္ အား ျဖင့္ …၃၀ မွ ၄၁ အတြင္းမွာ …ေနရာထိုင္ခင္းနဲ႔ ပတ္သက္လို႔ ..အခက္အခဲအလြန္မ်ားတတ္ျခင္း၊ မိမိေနရာကို ဆုံးရႈံးရတတ္ျခင္း၊ ရာထူးဌာန အတြက္ စိတ္ပင္ပန္းရတတ္ျခင္း၊ မေနလိုေသာေနရာမ်ိဳးတြင္ေနေနရတတ္ျခင္းကံေတြကိုလည္း ရင္ဆိုင္ၾကရတတ္ပါတယ္။
ဒါေၾကာင့္….. ထိုအသက္ပိုင္းမ်ား ေရာက္ခ်ိန္မွာ…ေညာင္ေထာက္ျခင္း၊ တံတားျပင္၊ လမ္းျပင္ျခင္း၊ သိမ္ေက်ာင္းဇရပ္ လႈဒါန္းရာတြင္ ကုသိုလ္ပါဝင္ျခင္းမ်ား ျပဳသင့္လွပါတယ္ခင္ဗ်ား။
စေနဘဂၤဖြားအေပါင္း က်န္းမာခ်မ္းသာျခင္း ရွိၾကပါေစသတည္း။
ေလးစားစြာျဖင့္
ကိုဖုန္း။
သုေတသီေဝသာလီေမာင္ဖုန္း။

မွတ္ခ်က္ / မည္သည့္ ေဗဒင္ page . facebook account , blog . web page ၊ ဂ်ာနယ္ ႏွင့္ စာမ်က္ႏွာမ်ားတြင္မဆို..စီးပြားျဖစ္ အသုံးခ် ကူးယူေဖာ္ျပေနျခင္းမ်ိဳးကို ခြင့္မျပဳပါ။ သာမန္စာဖတ္ပရိတ္သတ္အမ်ား အတြက္သာ ေရးသားစုစည္း ေဖာ္ျပေပးထားျခင္းျဖစ္ပါသည္ခင္ဗ်ာ။

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box