Facebook Comments Box
ဗုဒ္ဓဟူးလက်စွတ်(သို့) ဗုဒ္ဓဟူးဂွင်း (Ring of Mercury)

ဗုဒ္ဓဟူးလက်စွတ်(သို့) ဗုဒ္ဓဟူးဂွင်း (Ring of Mercury)

လက်သန်းခြေရင်းတွင်တည်ရှိသော ဗုဒ္ဓဟူးဂြိုဟ်ခုံကို ဝိုက်ပြီးဖြစ်ပေါ်နေသည့် ဂွင်းကို ဗုဒ္ဓဟူးလက်စွတ်(Ring of Mercury) ဟု ခေါ်ကြသည်။ လက္ခဏာတွင် ဗုဒ္ဓဟူးလက်စွတ်ပါရှိသူကို ရှားပါးစွာတွေ့ရတတ်သည်။ ထိုလက်စွတ်တည်ရှိပုံ အမျိုးမျိုးကို မှီတည်ပြီး လက္ခဏာရှင်အတွက် ကောင်းကျိုး-ဆိုးပြစ်များကို ဟောချက်ထုတ်ရသည့် အမှတ်အသားဖြစ်သည်။ ထိုလက်စွတ်ပါရှိသူကို ဟောချက်ထုတ်ရန်အတွက် ဗုဒ္ဓဟူးလက်ချောင်းဖြစ်သည့် လက်သန်းသည်လည်း အရေးကြီးလှသည်။ လက်ပုံစံနှင့်လည်း တွဲဘက်ရသလို ဗုဒ္ဓဟူးဂြိုဟ်ခုံနှင့်လည်း သက်ဆိုင်လျှက်ရှိသည်။ ဂွင်းအမှတ်အသားသည် “ပ” ပုံတိတိရိရိ ဗုဒ္ဓဟူးဂြိုဟ်ခုံကို ပါတ်လျှက်ရှိတတ်သလို ဂြိုဟ်ခုံကို မျဉ်ကွေးပုံစံလေးဖြင့်လည်း ဖြတ်ပြီးရှိနေတတ်သည်။ တစ်ဆက်တည်းရှိနေတတ်သလို အဆက်အဆက်များဖြင့်လည်း ပါရှိတတ်သည်။ ပုံစံမျိုးစုံဖြင့် တွေ့ရတတ်သလို ထိုပုံစံတို့ကိုလိုက်၍လည်း ဟောချက်များ ပြောင်းလဲလေသည်။ အများအားဖြင့် ကံကောင်းစေသော အမှတ်အသားတစ်ခုအဖြစ် မှတ်ယူကြသည်။

အတတ်ပညာ၊အရောင်းအဝယ်၊ကုန်သွယ်စီးပွား၊အတွက်အချက်၊စကားပြောဆိုဆက်ဆံခြင်း တို့နှင့်သက်ဆိုင်သော အမှတ်အသားတစ်ခုအဖြစ်မှတ်ယူထားသော ထိုဗုဒ္ဓဟူးဂွင်းသည် လက္ခဏာရှင်၏ လက်တွင်ပါရှိလာသည့်အခါ စကားပရိယယ်ကြွယ်ဝခြင်း၊ချိုသာသော စကားကိုဆိုတတ်ခြင်း၊အလိုက်ကန်သိခြင်းစသည့် ထူးခြားခြင်းများ ရရှိလာမည် ဖြစ်သည်။မိမိပြောလိုရာ လိုရင်းကို အောင်မြင်သည်အထိရောက်အောင်ပြောဆိုနိုင်ခြင်း၊ နာလည်အောင်ရှင်းပြနိုင်ခြင်း တို့ရှိမည်။ ထို့ကြောင့် အလွန်အသင်အပြကောင်းသော ဆရာများ၊အဟောအပြောကောင်းသောဓမ္မကထိကများတွင် ထိုအမှတ်အသားပါရှိတတ်ကြသည်။ထင်ရှားသော နိုင်ငံရေးဟောပြောသူတို့တွင်လည်း ပါရှိတတ်သည်။ စေ့စပ်ညှိနှိုင်းရေးမှုးများ၊ သံတမံကြီးများတွင် ပါရှိပါက အလွန်ထူးချွန်မည်သာဖြစ်သည်။ ကုန်သွယ်ရေး၊ စီးပွားရေးတို့တွင်လည်း မိမိပစ္စည်းကို သူတပါး ဝယ်ချင်ရန်ပြောတတ်သူဖြစ်ပြီး ကုန်သွယ်စီးပွားမျက်စိရှိသူဖြစ်မည်။ စိတ်ရှည်သူများလည်းဖြစ်သည်။ ထိုအမှတ်အသားပါရှိသူတို့သည် စာရင်းများ၊တွက်ချက်ခြင်းနှင့်ဆိုင်သော ကိစ္စရပ်များတွင် ထူးချွန်ကြသည်။ သိပ္ပံပညာရပ်များတွင်လည်း အောင်မြင်တတ်ကြပြီး အသစ်အဆန်း တီထွင်ရာတွင် ဗုဒ္ဓဟူးလက်စွတ်ပါသူက ပိုပြီး ထူးချွန်ပြောင်မြောက်လိမ့်မည်။ဆိုခဲ့သည့်အတိုင်း ကောင်းသောအကြောင်းအရာများ ရရှိရန်အတွက် ကောင်းသော လက်ပုံစံနှင့် ကောင်းမွန်ပြီး စံချိန်မှီသော ဗုဒ္ဓဟူးလက်ချောင်း(လက်သန်း) ရှိရန်တော့လိုသည်။

အကယ်၍ စံမမှီသော လက်သန်းရှိခြင်း၊ လက်ပုံစံညံ့ခြင်း၊ဂြိုဟ်ခုံညံ့ခြင်းတို့ရှိပြီး ထိုဂြိုဟ်ခုံကို အကြောင်းပြုပြီး ဖြစ်ပေါ်လာသော ဗုဒ္ဓဟူးလက်စွတ်ပိုင်ရှင်တို့သည် ထိုအမှတ်အသား၏ ကောင်းကျိုးများစွာမခံစားရဘဲ ရှိတတ်သည်။ အချို့သော အလွန်ညံ့သည့်အခြေအနေတွင် ထိုလက်စွတ်၏ကောင်းကျိုးထက် ဆိုးကျိုးတွင် ပိုပြီး စွမ်းဆောင်နိုင်သူများဖြစ်လာတတ်ကြသည်။ သစ္စာမဲခြင်းများရှိလာသည်။ မိမိဇနီး၊ခင်မွန်းပေါ်တွင် သစ္စာမဲ့တတ်သည်၊ လိင်ကိစ္စတွင် အားသန်လာတတ်ကြသည်။ စကားပြောဆိုရာတွင်လည်း မှန်သောစကားထက် မမှန်သောစကားများကို လှလှပပဆိုပြီး လိမ်လည်ခြင်းများရှိလာမည်ဖြစ်သည်။ လက်သန်းညံ့ခြင်း၊လက်ပုံစံညံ့ခြင်းနှင့် ဂြိဟ်ခုံညံ့သဖြင့် ဖြစ်ပေါ်လာရသော လိမ်ညာတတ်သည့် အကျင့်ဆိုးကို ဗုဒ္ဓဟူးလက်စွတ်၏ အစွမ်းသတ္တိက တွန်းအားတစ်ခုကဲ့သို့ ပို့ဆောင်ပေးလိုက်သည့်အချိန်တွင် နာမည်ကျော်လူလိမ်ကြီးအထိပင် ဖြစ်သွားနိုင်ပေသည်။ အထူးသတိပြုရမည်ဖြစ်သည်။

အချုပ်အားဖြင့် ဆိုရပါက ဗုဒ္ဓဟူးလက်စွတ်(Ring of Mercury)ပါရှိပါက အကောင်းများပါသည်။ လက္ခဏာပညာတွင် လက်ပုံစံနှင့် အခြားသော အကြောင်းအချက်များစွာကို ပေါင်းစပ်ချင့်ချိန်ရသဖြင့် ဒီအမှတ်အသားပါရှိခြင်းက အလွန်ကောင်းလှသည်ဟု တစ်ထစ်ချမပြောနိုင်ပေ။ အားလုံးကို ပေါင်းစပ်ပြီးမှသာ အခြေထုတ်သင့်သည့် ပညာရပ်တစ်ခုဖြစ်သည်ကို လေ့လာမှတ်သားမိပါကြောင်းတင်ပြရပါသည်။

ကင်္ကသူ

ဗုဒၶဟူးလက္စြတ္(သို႔) ဗုဒၶဟူးဂြင္း (Ring of Mercury)

လက္သန္းေျခရင္းတြင္တည္ရွိေသာ ဗုဒၶဟူးၿဂိဳဟ္ခုံကို ဝိုက္ၿပီးျဖစ္ေပၚေနသည့္ ဂြင္းကို ဗုဒၶဟူးလက္စြတ္(Ring of Mercury) ဟု ေခၚၾကသည္။ လကၡဏာတြင္ ဗုဒၶဟူးလက္စြတ္ပါရွိသူကို ရွားပါးစြာေတြ႕ရတတ္သည္။ ထိုလက္စြတ္တည္ရွိပုံ အမ်ိဳးမ်ိဳးကို မွီတည္ၿပီး လကၡဏာရွင္အတြက္ ေကာင္းက်ိဳး-ဆိုးျပစ္မ်ားကို ေဟာခ်က္ထုတ္ရသည့္ အမွတ္အသားျဖစ္သည္။ ထိုလက္စြတ္ပါရွိသူကို ေဟာခ်က္ထုတ္ရန္အတြက္ ဗုဒၶဟူးလက္ေခ်ာင္းျဖစ္သည့္ လက္သန္းသည္လည္း အေရးႀကီးလွသည္။ လက္ပုံစံႏွင့္လည္း တြဲဘက္ရသလို ဗုဒၶဟူးၿဂိဳဟ္ခုံႏွင့္လည္း သက္ဆိုင္လွ်က္ရွိသည္။ ဂြင္းအမွတ္အသားသည္ “ပ” ပုံတိတိရိရိ ဗုဒၶဟူးၿဂိဳဟ္ခုံကို ပါတ္လွ်က္ရွိတတ္သလို ၿဂိဳဟ္ခုံကို မ်ဥ္ေကြးပုံစံေလးျဖင့္လည္း ျဖတ္ၿပီးရွိေနတတ္သည္။ တစ္ဆက္တည္းရွိေနတတ္သလို အဆက္အဆက္မ်ားျဖင့္လည္း ပါရွိတတ္သည္။ ပုံစံမ်ိဳးစုံျဖင့္ ေတြ႕ရတတ္သလို ထိုပုံစံတို႔ကိုလိုက္၍လည္း ေဟာခ်က္မ်ား ေျပာင္းလဲေလသည္။ အမ်ားအားျဖင့္ ကံေကာင္းေစေသာ အမွတ္အသားတစ္ခုအျဖစ္ မွတ္ယူၾကသည္။

အတတ္ပညာ၊အေရာင္းအဝယ္၊ကုန္သြယ္စီးပြား၊အတြက္အခ်က္၊စကားေျပာဆိုဆက္ဆံျခင္း တို႔ႏွင့္သက္ဆိုင္ေသာ အမွတ္အသားတစ္ခုအျဖစ္မွတ္ယူထားေသာ ထိုဗုဒၶဟူးဂြင္းသည္ လကၡဏာရွင္၏ လက္တြင္ပါရွိလာသည့္အခါ စကားပရိယယ္ႂကြယ္ဝျခင္း၊ခ်ိဳသာေသာ စကားကိုဆိုတတ္ျခင္း၊အလိုက္ကန္သိျခင္းစသည့္ ထူးျခားျခင္းမ်ား ရရွိလာမည္ ျဖစ္သည္။မိမိေျပာလိုရာ လိုရင္းကို ေအာင္ျမင္သည္အထိေရာက္ေအာင္ေျပာဆိုႏိုင္ျခင္း၊ နာလည္ေအာင္ရွင္းျပႏိုင္ျခင္း တို႔ရွိမည္။ ထို႔ေၾကာင့္ အလြန္အသင္အျပေကာင္းေသာ ဆရာမ်ား၊အေဟာအေျပာေကာင္းေသာဓမၼကထိကမ်ားတြင္ ထိုအမွတ္အသားပါရွိတတ္ၾကသည္။ထင္ရွားေသာ ႏိုင္ငံေရးေဟာေျပာသူတို႔တြင္လည္း ပါရွိတတ္သည္။ ေစ့စပ္ညႇိႏႈိင္းေရးမႈးမ်ား၊ သံတမံႀကီးမ်ားတြင္ ပါရွိပါက အလြန္ထူးခြၽန္မည္သာျဖစ္သည္။ ကုန္သြယ္ေရး၊ စီးပြားေရးတို႔တြင္လည္း မိမိပစၥည္းကို သူတပါး ဝယ္ခ်င္ရန္ေျပာတတ္သူျဖစ္ၿပီး ကုန္သြယ္စီးပြားမ်က္စိရွိသူျဖစ္မည္။ စိတ္ရွည္သူမ်ားလည္းျဖစ္သည္။ ထိုအမွတ္အသားပါရွိသူတို႔သည္ စာရင္းမ်ား၊တြက္ခ်က္ျခင္းႏွင့္ဆိုင္ေသာ ကိစၥရပ္မ်ားတြင္ ထူးခြၽန္ၾကသည္။ သိပၸံပညာရပ္မ်ားတြင္လည္း ေအာင္ျမင္တတ္ၾကၿပီး အသစ္အဆန္း တီထြင္ရာတြင္ ဗုဒၶဟူးလက္စြတ္ပါသူက ပိုၿပီး ထူးခြၽန္ေျပာင္ေျမာက္လိမ့္မည္။ဆိုခဲ့သည့္အတိုင္း ေကာင္းေသာအေၾကာင္းအရာမ်ား ရရွိရန္အတြက္ ေကာင္းေသာ လက္ပုံစံႏွင့္ ေကာင္းမြန္ၿပီး စံခ်ိန္မွီေသာ ဗုဒၶဟူးလက္ေခ်ာင္း(လက္သန္း) ရွိရန္ေတာ့လိုသည္။

အကယ္၍ စံမမွီေသာ လက္သန္းရွိျခင္း၊ လက္ပုံစံညံ့ျခင္း၊ၿဂိဳဟ္ခုံညံ့ျခင္းတို႔ရွိၿပီး ထိုၿဂိဳဟ္ခုံကို အေၾကာင္းျပဳၿပီး ျဖစ္ေပၚလာေသာ ဗုဒၶဟူးလက္စြတ္ပိုင္ရွင္တို႔သည္ ထိုအမွတ္အသား၏ ေကာင္းက်ိဳးမ်ားစြာမခံစားရဘဲ ရွိတတ္သည္။ အခ်ိဳ႕ေသာ အလြန္ညံ့သည့္အေျခအေနတြင္ ထိုလက္စြတ္၏ေကာင္းက်ိဳးထက္ ဆိုးက်ိဳးတြင္ ပိုၿပီး စြမ္းေဆာင္ႏိုင္သူမ်ားျဖစ္လာတတ္ၾကသည္။ သစၥာမဲျခင္းမ်ားရွိလာသည္။ မိမိဇနီး၊ခင္မြန္းေပၚတြင္ သစၥာမဲ့တတ္သည္၊ လိင္ကိစၥတြင္ အားသန္လာတတ္ၾကသည္။ စကားေျပာဆိုရာတြင္လည္း မွန္ေသာစကားထက္ မမွန္ေသာစကားမ်ားကို လွလွပပဆိုၿပီး လိမ္လည္ျခင္းမ်ားရွိလာမည္ျဖစ္သည္။ လက္သန္းညံ့ျခင္း၊လက္ပုံစံညံ့ျခင္းႏွင့္ ၿဂိဟ္ခုံညံ့သျဖင့္ ျဖစ္ေပၚလာရေသာ လိမ္ညာတတ္သည့္ အက်င့္ဆိုးကို ဗုဒၶဟူးလက္စြတ္၏ အစြမ္းသတၱိက တြန္းအားတစ္ခုကဲ့သို႔ ပို႔ေဆာင္ေပးလိုက္သည့္အခ်ိန္တြင္ နာမည္ေက်ာ္လူလိမ္ႀကီးအထိပင္ ျဖစ္သြားႏိုင္ေပသည္။ အထူးသတိျပဳရမည္ျဖစ္သည္။

အခ်ဳပ္အားျဖင့္ ဆိုရပါက ဗုဒၶဟူးလက္စြတ္(Ring of Mercury)ပါရွိပါက အေကာင္းမ်ားပါသည္။ လကၡဏာပညာတြင္ လက္ပုံစံႏွင့္ အျခားေသာ အေၾကာင္းအခ်က္မ်ားစြာကို ေပါင္းစပ္ခ်င့္ခ်ိန္ရသျဖင့္ ဒီအမွတ္အသားပါရွိျခင္းက အလြန္ေကာင္းလွသည္ဟု တစ္ထစ္ခ်မေျပာႏိုင္ေပ။ အားလုံးကို ေပါင္းစပ္ၿပီးမွသာ အေျခထုတ္သင့္သည့္ ပညာရပ္တစ္ခုျဖစ္သည္ကို ေလ့လာမွတ္သားမိပါေၾကာင္းတင္ျပရပါသည္။

ကကၤသူ

Facebook Comments Box

Be the first to comment

Leave a Reply

Your email address will not be published.


*


Facebook Comments Box