မိန်းမ (၈) ယောက်ကို တစ်အိမ်တည်းမှာထားပြီး ညီတူမျှတူ ယူထားတဲ့အမျိုးသား နာမည်ကြီးနေ
ထိုင်းနိုင်ငံမှ အမျိုးသားတစ်ယောက်ဟာ မိန်းမ ၈ ယောက်ယူထားပြီး အားလုံးနှင့်အတူ တစ်အိမ်တည်းမှာနေနေတဲ့သတင်းဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ နာမည်ကြီးနေပါတယ်။ အဆိုပါ အမျိုးသားရဲ့ နာမည်ဟာ Nattapong လို့ သိရပြီး သူယူထားတဲ့ မိန်းမ ၈ ယောက်စလုံးဟာလည်း အချင်းချင်း ချစ်ချစ် ခင်ခင် ရှိကြတယ်လို့ သိရပါတယ်။ . Nattapong နှင့် သူ့အမျိုးသမီး ၈ ယောက်ရဲ့ မိသားစုနာမည်လေးကို Aongdam Family လို့ပေးထားတယ်လို့ သိရပြီး အခုအချိန်ထိ ပျော်ပျော်ရွှင်ရွှင်ချစ်ချစ်ခင်ခင်နေကြဆဲလို့ သိရပါတယ်။ မိန်းမ ၈ ယောက်တောင် ယူထားပေမယ့် ထိုင်းလူမျိုးတွေကတော့ Nattapong ကို အပြစ်တင်တာမျိုး မရှိဘဲ ဇနီးသည် ၈ ယောက်စလုံးနဲ့ တစ်အိမ်တည်း ချစ်ချစ်ခင်ခင် အတူတူနေနိုင်တာကြောင့် ဝိုင်းပြီး ချီးကျူးနေကြပါတယ် ။ Nattapong ဟာ ဘိုးတော်ဆေးဆရာလည်း ဖြစ်တာကြောင့် သူ့ဆီမှာ ဆေးကောင်းဝါးကောင်းတွေရှိလို့ အခုလိုမျိုးနေနိုင်တာဖြစ်နိုင်တယ်လို့လည်း ထိုင်း လူမျိုးတွေက ယူဆထားကြပါတယ်။ လက်ရှိမှာ Nattapong ရဲ့ ဇနီးသည် ၈ ယောက်ထဲက ၂ ယောက်မှာ ကိုယ်ဝန်ရှိနေပြီဖြစ်ပြီး ၂ ယောက်စလုံးအတူတူ ဆေးခန်း သွားပြကြတယ်လို့သိရပါတယ်။ သာမန်လူတွေ မိန်းမ တစ်ယောက်နဲ့တောင် ပြဿနာတတ်နေတဲ့